Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

What is Google play store?

တင်ပြသူ Kyaw Htin Sunday 4 November 2012




Google play store သည် Multimedia content များကို ရောင်းချသည့် Google ၏ online store ဖြစ်သည်။ ဤ store မှ နေ၍ သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂိမ်း၊ စာအုပ်နှင့် ဆော့ဖ်ဝဲများကို အခပေး၍ ဝယ်ယူနိုင်သည်။ သို့သော် အခမဲ့ရသည်တို့လည်း ရှိပါသည်။ သို့ရာတွင် Google play store သို့ ဝင်ရန် Google play store application ရှိရန်လိုသည်။ ထို application ကို မိမိ၏ tablet သို့မဟုတ် phone ပေါ်တွင် Install လုပ်ထားရန်လည်း လိုပါသည်။

Google play store ၏ အစသည် Google Market ဖြစ်သည်။ ယခင်က ဝယ်ယူထားသော Android tablet များနှင့် Smart phone များပေါ်တွင် Android market application အဟောင်း ရှိကောင်းရှိနေနိုင်ပါသည်။ Google သည် 2008 ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် Android market ကို ကြေညာလျက် online digital store လောကသို့ ဝင်ရောက်လာခဲ့သည်။

သို့ရာတွင် Phone နှင့် Tablet သုံးစွဲသူများ စတင် အသုံးပြုနိုင်သည်မှာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင်မှ ဖြစ်ပါသည်။ အခပေး ဆော့ဖ်ဝဲရောင်းချခြင်းကိုမူ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ပါသည်။ ထိုစဉ်က ဆောဖ့်ဝဲရေးသူ အများစုမှာ အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်မှ ဖြစ်သည်။ သို့သော် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အခြားသောနိုင်ငံ ၂၉ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများအတွက် လမ်းဖွင့်ပေးခဲ့ပါသည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလထဲသို့ ရောက်သည့်အခါ Google သည် Android market ၌ content filtering စနစ်ကို ထည့်သွင်းခဲ့သည်။ ထို့ပြင် Android market မှ ဝယ်ယူသော Application များကို မကြိုက်လျှင် ၂၄ -၄၈ နာရီအတွင်း ငွေပြန်းအမ်း ယူနိုင်သော စနစ်အစား ၁၅ မိနစ်အတွင်း ငွေပြန်အမ်းယူနိုင်သည့် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလသို့ ရောက်သည့် အခါတွင်မူ Android market သည် smart phone နှင့် tablet ပေါ်မှသာ ဝင်ရောက်နိုင်သော အရာမဟုတ်တော့။ Web client ကိုသုံးပြီး PC မှ ဝင်ရောက်နိုင်သော နေရာလည်း ဖြစ်လာပါသည်။ Android market webpage ထဲဝင်၍ request လုပ်သော Application များ (အခပေးနှင့်အခမဲ့) တို့ကို download ဆွဲချခွင့်ပြုပါသည်။ သို့သော် Android market ၌ မှတ်ပုံတင်ထားသော device တစ်ခုအား အထောက်အထားကို တောင်းပါမည်။ Download ဆွဲထားသော application တို့ကို ယင်း device တွင်း၌သာ Install လုပ်နိုင်ပါသည်။

၂၀၁၁ ခုနှစ် မတ်လသို့ ရောက်သည့်အခါ Android market သည် အဆင့်ထပ်၍ မြင့်လာပြန်သည်။ Android market တွင် Add-in application တစ်ခုထပ်ထည့်ပြီး ယင်းမှနေ၍ ငွေလက်ခံကာ Application ရောင်းချသော အဆင့်သို့ တက်လာခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် မေလကား Android market ပုံစံပြောင်းသော ကာလဟု ဆိုနိုင်ပါသည်။ New application list ကို သီးခြားဖော်ပြသည်။ အရောင်းရဆုံး application၊ အရောင်းရဆုံး ဆော့ဖ်ဝဲရေးဆွဲသူတို့ကို သာမက အယ်ဒီတာ စိတ်ကြိုက် application တို့ကို သီးခြားစာရင်းများဖြင့် ဖော်ပြလာပါသည်။ ရည်ရွယ်ချက်မှာ Smart phone နှင့် Tablet သုံးစွဲသူတို့အား application များနိုင်သမျှ များအောင် ပြသရန်ဟု ဆိုသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လအရောက်တွင်မူ Google သည် Android market တစ်ခုလုံး၏ interface ကို ပြန်လည် ပြင်ဆင်ရေးဆွဲသည်။ အပြင်အဆင်သစ်တွင် content feature ကို ပိုမိုအလေးပေးလာသည့်ပြင် screen filter များကိုလည်း ပိုမိုထည့်သွင်းလာပါသည်။ အမေရိကန်ပြည်ထောင်စု ဈေးကွက်အတွင်း အွန်လိုင်း စာအုပ်ရောင်းချမှုနှင့် ရုပ်ရှင်ငှားရမ်းမှုကို ဖြည့်စွက် ထည့်သွင်းလာပါသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် Android market ထဲ၌ music store တစ်ခု အသစ်တိုးလာသည်။ ၂၀၁၂ ခုနှစ် မတ်လတွင် Apk application ဖိုင်တစ်ခုအား အမြင့်ဆုံး ခွင့်ပြုအရွယ်အစား 50mb မှအထက်သို့ မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့် 50Mb ရှိသော Apk ဖိုင်အပြင် အပိုဆောင်းဖိုင်နှစ်ခုကို တစ်ခုလျှင် 2Gb နှုန်းဖြင့် ထပ်မံဖြည့်စွက်ခွင့် ပေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့ အရောက်တွင်မူ Android market ကို Google play store အဖြစ်သို့ အမည်ပြောင်းလဲခဲ့ပါသည်။ ၂၀၁၂ မေလတွင် Google play store တွင် ငွေပေးချေရာ၌ application သုံးပြီး ပေးချေစေသော စနစ်ကို စတင်ကျင့်သုံးခဲ့ပါသည်။

Google play application သည် open source မဟုတ်ပါ။ Google ကသတ်မှတ်ထားသော Compatibility လိုအပ်ချက်နှင့် ကိုက်ညီသော Android device များတွင်သာ ယင်းကို install လုပ်ခွင့်ပြုပါသည်။ ယင်း application ကို သုံး၍သာ Google play store သို့ အခမဲ့ ဝင်ရောက်ခြင်း application များ ရယူခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် google နှင့် လိုင်စင်ဆိုင်ရာ သဘောတူညီချက် ပြုလုပ်ဖို့လည်း လိုအပ်ပါသည်။ အစောပိုင်းတွင် Apple ၏ iPod touch နှင့် ယှဉ်ပြိုင်နိုင်စေရန် Google play နှင့် ချိတ်ဆက်သည့် Android device သည် 3G သို့မဟုတ် 4G ချိတ်ဆက်နိုင်စွမ်းရှိရမည်ဟု သတ်မှတ်ခဲ့သော်လည်း Samsung မှ Galaxy player ထွက်လာချိန်တွင် ယင်းသတ်မှတ်ချက်ကို လျှော့ပေါ့ ပေးခဲ့ပါသည်။

Google play store ၏ အဓိကလုပ်ငန်းမှာ Tablet နှင့် smart phone သုံး Application များရောင်းချရန် ဖြစ်ပါသည်။ သို့သော် Google play သည် application install လုပ်မပေးပါ။ Android device တွင်ပါသော Package Manager Service ကိုသာ install လုပ်ပေးရန် တောင်းဆိုပါသည်။ Apk ဖိုင်တစ်ခုအား device အတွင်းသို့ download ဆွဲချပြီးသည့်အခါ Pack Manager ကို တွေ့မြင်ရပါမည်။ Application များကို များသောအားဖြင့် ဖုန်း၏ Internal storage ထဲတွင် Install လုပ်သော်လည်း အချို့သော အခြေအနေများတွင် external storage card ထဲတွင် install လုပ်ပေးပါသည်။

ယနေ့အချိန်တွင် Google play store သည် အဓိကအားဖြင့် Application များကို ရောင်းချပေးနေပါသည်။ Google play မတိုင်မီ Android market အမည်ဖြင့် စတင်ချိန်က ၂၀၀၉ ခုနှစ် မတ်လ ရောက်ချိန်အထိ application စုစုပေါင်း ၂၃၀၀ သာရှိပါသည်။ ၂၀၁၂ ခုနှစ် ဇွန်လကုန်ဆုံးချိန်တွင် application နှင့် ဂိမ်းပေါင်း ငါးသိန်းအထိရှိနေပြီး download ဆွဲချမှု ၂၀ ဘီလျံ ရှိနေပါသည်။ Google play application ကို အသုံးပြုပြီး Google နှင့် ချိတ်ဆက်မှတ်ပုံတင်ထားသော device မှန်သမျှသည် (အီရန်နိုင်ငံမှလွဲ၍) Google play store မှ အခမဲ့ application နှင့် game များကို ရရှိနိုင်ပါသည်။ အခပေး Application များကိုမူ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၉ နိုင်ငံတွင်သာ တိုက်ရိုက် ရောင်းချနိုင်ပါသေးသည်။

Install လုပ်ပြီးသား application များကို အလိုအလျောက် update လုပ်လိုလျှင်လည်း user က ကြိုတင်ရွေးချယ် သတ်မှတ်ထားနိုင်ပါသည်။ Google play သည် user device နှင့် ကိုက်ညီသော application ကိုသာ download ချနိုင်သည့် filter ထည့်ပေးထားသဖြင့် မိမိစက်နှင့် မကိုက်ညီသော application ကို install မလုပ်မိစေရန် အကူအညီ ပေးနိုင်ပါသည်။ သို့သော် မကောင်းသည့် အချက်မှာ ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု ပေးသူတို့အား tethering application များကို တားမြစ်ခွင့်ပြုထားခြင်း ဖြစ်ပါသည်။

၂၀၁၂ ခုနှစ် ဇွန်လထဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများသည် Google play store သို့ အခပေး application များ တင်ပို့ရောင်းချနိုင်ကြပါပြီ။ သို့ရာတွင် မှတ်ပုံတင်ကြေး ၂၅ ဒေါ်လာပေးရန် လိုအပ်ပါသည်။ Application တစ်ခု၏ ရောင်းချတန်ဖိုးမှ ၇၀ ရာခိုင်နှုန်းကို ဆော့ဖ်ဝဲရေးသူက ရရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းကို ဖုန်းဝန်ဆောင်မှု ပေးသူနှင့် ငွေကြေး စီမံခန့်ခွဲပေးသူများက ရရှိပါသည်။ Google က အကျိုးအမြတ် ရာခိုင်နှုန်း ခံစားခြင်းမရှိပါ။ ဆော့ဖ်ဝဲရေးသူများသည် Google checkout merchant account သို့မဟုတ် google adsense account မှ တစ်ဆင့် ငွေလက်ခံရရှိပါမည်။

Google play store သည် application နှင့် ဂိမ်းများသာ ရောင်းသည်မဟုတ်ပါ။ ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ထောင်ပေါင်းများစွာအား ငှားရမ်းကြည့်ရှုခြင်း (သို့မဟုတ်) အပြီးအပိုင် ဝယ်ယူခြင်း ဝန်ဆောင်မှုကိုလည်း ပေးပါသည်။ ထိုရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများအား ကြည့်ရှုရန် Google play movie application လိုပါသည်။

တေးသီချင်း ရောင်းချရေး ဝန်ဆောင်မှုမှာမူ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် music store အမည်ဖြင့် စတင်ခဲ့သည်။ Music store သည် Google+ ၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။ တေးသီချင်းတစ်ပုဒ်ကို ရောင်းချရာ၌ ၁.၂၉ ဒေါ်လာ၊ ၀.၉၉ ဒေါ်လာ၊ ၀.၆၉ ဒေါ်လာနှင့် အခမဲ့ဟူ၍ အတန်းအစား လေးမျိုး ခွဲခြားထားပါသည်။ ယခုအချိန်တွင် Music store ၌ Universal Music Group, EMI နှင့် Sony Music Entertainment တို့မှ အဓိက ပါဝင်ရောင်းချလျက် ရှိပါသည်။

Google play store ၏ အထင်ကရ မဟုတ်သော လုပ်ငန်းတွင် စာအုပ်ရောင်းချခြင်း ပါဝင်ပါသည်။ Google play store တွင် အခမဲ့ စာအုပ်ပေါင်း ၃ သန်းခန့်ရှိပြီး အခပေး ရောင်းချသည့် စာအုပ်ပေါင်း ထောင်ချီ၍ရှိပါသည်။ Google play website ထဲဝင်၍ စာအုပ်ဖတ်နိုင်သလို Android application သုံး၍ offline လည်း ဖတ်နိုင်ပါသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် Google သည် Nexus device များရောင်းချခြင်းကို Google play store မှနေ၍ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။...

Credit---->>>>  http://www.myanmarmobileapp.com

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar