တောင်ကိုရီးယားနိုင်ငံ Gretech Corporation ကနေ တီထွင်ထုတ်လုပ်ထားတဲ့ 32 bit Ms Windows တွေအတွက် Media Player တစ်မျိုဖြစ်ပါတယ်.။
အကိုတစ်ယောက်က ဘယ်Player အမျိုးအစားကောင်းလဲလို့မေးလာတော့ မိမိလက်ရှိသုံးနေတဲ့ Gom Player ကိုတင်ပေးလိုက်ပါတယ်.။
External codes run စရာမလိုဘဲနဲ့ Player ကဘယ် fiormat တွေကို support လုပ်သလဲဆိုရင်...
Video formats
MPEG-1, MPEG-4 Part 2, MS MPEG4 V1/2/3, MJPEG, H.263(+), H.264 (MPEG-4 AVC), FLV1, MSVIDC
Audio formats
WAV, MP3, AAC, Vorbis, AMR, QCELP, EVRC တို့ဖြစ်ပါတယ်.။
မိမိ Downlload လုပ်ထားတဲ့ file လေးပေးလိုက်ပါတယ်..။
Programm ဖိုင် ၂ခုထည့်ပေးထားပါတယ်..တစ်ခုက Set up ဖိုင်
တစ်ခုက FLV ဖိုင်ဖွင့်မရရင် Code programm လေးပါ စမ်းသုံးကြည့်ပေါ့
အဆင်ပြေကြပါစေ.
မှုရင်းဆိုက်သို့
မှုရင်းဆိုက်ကနေ သွားယူလည်းရပါတယ်.....
Mediratire နဲ့တင်ပေးလိုက်ပါတယ်
DOWNLOAD
The first GOLD prize of Myanmar at sepaktakaw in Asian Game
ဒီနေ့ မနက်စောစောမအိပ်ခင် Sop Cast ကနေ TV ကြည့်ဖြစ်တယ်
Guangzhou မှာကျင်းပတဲ့ အာရှအားကစားပွဲတော်လည်းကြည့်ရင်းပေါ့
ကြည့်တာတော့ကြာပါပြီ ၂ ရက် ၃ ရက်လောက်ရှိပြီ
ဒီနေ့တော့ ပိုက်ကျော်ခြင်း ဖိုင်နယ် Regu Permiliry (နှစ်ယောက်တွဲ) Myanmar နဲ့ Korea နဲ့ရှိတော့ မအိပ်သေးဘဲစောင့်ကြည့်နေလိုက်တယ်
ဘောလုံးပွဲတွေ ကြည့်ရသလိုနီးပါး ပိုက်ကျော်ခြင်းပွဲကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်
စိတ်လှုပ်ရှားစရာလည်း တော်တော်ကောင်းပါ.အထူးသဖြင့်မြန်မာချစ်စိတ်ကြောင့်လားမသိ
ကို့မြန်မာကိုဘဲ နိုင်စေချင်တယ်..ထူးထူးခြားခြား ဖိုင်နယ်ပွဲ မြန်မာပါတာလေးကိုလွင့်ပေးတဲ့ တီဗီလိုင်းလေးကိုလည်းကျေးဇူးတင်ပါတယ်
ဓာတ်ပုံ PrtSc ရိုက်ထားတဲ့ပုံတွေကိုလည်းတင်ပြပေးပါမယ်
ပွဲကတော့ ပထမပိုင်းမှာ တစ်ဖက်နဲ့တဖက် အမှတ်က သိပ်မပြတ်ဘူး မြန်မာဘက်က ဆာဗင်ရလိုက်
ကိုရီးယားက ရလိုက်နဲ့ဘဲ မြန်မာက ပွဲအစမှာ အမှတ်ပိုယူထားတော့ ပထမပွဲမှာ ၂၁ -၁၈ နဲ့နိုင်လိုက်ပါတယ်..။
ဒုတိယပွဲမှာ ကိုရီးယားက အမှတ်အရင်စီးထားပေမဲ့ အဓိကထားတဲ့ Fighter သမားက ၁၆မှတ်လောက်ရောက်ခါနီးမှာနာသွားတယ်
မြန်မာကလည်းအခွင့်ကောင်းကိုအသုံးချပြီး အမှတ်ဖြတ်နိုင်တဲ့အတွက် ၂၁-၁၈ နဲ့ဘဲထပ်နိုင်ခဲ့ပါတယ်..။
ကိုရီးယားရှုံးရတဲ့ အကျိုးဆက်ကတော့ သန်မာမှုမရှိတာရယ် အဓိကထားတဲ့ကစားသမား မရှိတော့တဲ့အခါမှာ စိတ်ဓာတ်ကျတာရယ်ကြောင့်ဖြစ်မယ်ထင်တယ်
ဘာဘဲ ဖြစ်ဖြစ် ကို့မြန်မာ ရွှေရတော့ အတိုင်းထက်အလွန်ပါဘဲ......
နေ့လယ်တော့ မြန်မာ အမျိုးသမီးနဲ့ တရုတ်မတွေရဲ့ ဖိုင်နယ်ပွဲ ပိုက်ကျော်ခြင်းတော့ ရှိသေးတယ် မြန်မာနိုင်ပါစေ..............
နောက်ဆုံးဗိုလ်လုပွဲယှဉ်ပြိုင်ပုံပါ......။ မြန်မာဘက်မှ အမှတ်ရစဉ်
နောက်ဆုံးရလဒ်ဖြစ်ပါတယ်....
Myanmar 2 21 21 0 42
KOR Korea 0 18 18 0 36
အောင်ပွဲခံဆင်
မြန်မာ့ ဂုဏ်ဆောင် ပိုက်ကျော်ခြင်းအားကစားအဖွဲ့ကို ဂုဏ်ပြုလျှက်......