Adobe Acrobat Reader 8.x and 9.x,10.x version တွေမှာ PDF ဖိုင်ကိုဖွင့်လိုက်တိုင်း
ပုံမှာပြထားတဲ့အတိုင်း ပေါ်နေတာလေးကို မပေါ်အောင် Disable လုပ်နည်းလေးပါ..။ Content Preparation Progress လုပ်နေရင် စောင့်ရတာမျိုးတို့ PDF လေးသွားတာမျိုးမဖြစ်စေဖို့ပါ..။ Accessibility purpose အတွက် ဒီ operation ကပေါ်နေတာဘဲဖြစ်ပါတယ်။ Adobe Reader ကို install ပြီးတိုင်းမှာ Accessibilities ကို enabled ဖြစ်ဖို့ plug-ins လိုအပ်ပါတယ်။။ တကယ်လို့ လိုအပ်တဲ့ Accessibility options က သင့်စက်ထဲမှာ မရှိဘူးဆိုရင် PDf ဖွင့်တိုင်း “Content Preparation Progress” process ကြီးက ကြေငြာနေမှာဘဲဖြစ်ပါတယ်...။ ဒီတော့ accessibility plug-ins ကို Disable ပေးဖို့ အတွက်.. အောက်ဖော်ပြပါလေးတွေကို လုပ်ဆောင်ပေးရင် အဆင်ပြေနိုင်မှာပါ..။ အောက်ပါဖိုင်လေးတွေကို Cut နဲ့ကူးလိုက်ပါ..ဘယ်နားမှာရှိလဲဆိုတော့
1) C:\Program File\Adobe\Reader\plug_ins\Accessibility.api
2) C:\Program File\Adobe\Reader\plug_ins\ReadOutLoud.api
အဲဒီ နှစ်ဖိုင်ကို Ctrl+X နဲ့ကူးပြီးရင် optinal folder ထဲထည့်ပါ..မရှိရင် newfolder ကနေOptionalလို့ rename ပေးပြီး create လုပ်လိုက်ပါ..။ ဘယ်မှာလုပ်ရမလဲဆိုတော့ Reader folder ထဲမှာပါ လုပ်ပြီးရင်တော့ C:\Program File\Adobe\\Reader\Optional ထဲသွားထည့်လိုက်ပါတော့..။ PDf တွေကို ပြန်စဖွင့်တဲ့ အချိန် dialog box နဲ့ reader ကနေ accessibility options ကို ထည့်ဖို့လိုသေးတာတို့ တစ်ခုခု သတိပေးစာ ပြပါမယ်..။ No ဆိုတာကို ပေးပြီး not show this message anymore ဆိုတာကို check လုပ်ပြီး click ပေးလိုက်ရင်။ နောက်ကို “Content Preparation Progress” လည်းမပေါ်တော့ဘူး.. msg dialog box လည်းတက်မလာတော့ပါဘူး..။ ဖြစ်လာရင် အသုံးချနိုင်အောင် ဝေမျှခြင်းပါ..။ ကျေးဇူးအထူးတင်ပါတယ်........ မောင်ပညာ
0 ယောက်ကဒီလိုပြောကြတယ်