Talk.to ဆိုတဲ့application for Androidလေးပါ။ဒီapplication လေးက သင့်ရဲ့ Gtalk and Facebook chatတွေကို တနေရာထဲ ကနေပြီး chatting လုပ်လို့ရတဲ့အတွက် ဟိုဝင်ဒီထွက် အလုပ်မရှုပ်တော့ဘူးပေါ့ ။/ dropbox နဲ့ ရှယ်ပေးလိုက်ပါတယ်။။ Download ဒါကတော့ Google Play ကနေ free ပေးထားတဲ့လင့်ပါ။။ https://play.google.com/store/apps/details?id=to.talk&feature=search_result#?t=W251bGwsMSwxLDEsInRvLnRhbGsiXQ..
Disable the “Content Preparation Progress” in Adobe Reader
Adobe Acrobat Reader 8.x and 9.x,10.x version တွေမှာ PDF ဖိုင်ကိုဖွင့်လိုက်တိုင်း
ပုံမှာပြထားတဲ့အတိုင်း ပေါ်နေတာလေးကို မပေါ်အောင် Disable လုပ်နည်းလေးပါ..။ Content Preparation Progress လုပ်နေရင် စောင့်ရတာမျိုးတို့ PDF လေးသွားတာမျိုးမဖြစ်စေဖို့ပါ..။ Accessibility purpose အတွက် ဒီ operation ကပေါ်နေတာဘဲဖြစ်ပါတယ်။ Adobe Reader ကို install ပြီးတိုင်းမှာ Accessibilities ကို enabled ဖြစ်ဖို့ plug-ins လိုအပ်ပါတယ်။။ တကယ်လို့ လိုအပ်တဲ့ Accessibility options က သင့်စက်ထဲမှာ မရှိဘူးဆိုရင် PDf ဖွင့်တိုင်း “Content Preparation Progress” process ကြီးက ကြေငြာနေမှာဘဲဖြစ်ပါတယ်...။ ဒီတော့ accessibility plug-ins ကို Disable ပေးဖို့ အတွက်.. အောက်ဖော်ပြပါလေးတွေကို လုပ်ဆောင်ပေးရင် အဆင်ပြေနိုင်မှာပါ..။ အောက်ပါဖိုင်လေးတွေကို Cut နဲ့ကူးလိုက်ပါ..ဘယ်နားမှာရှိလဲဆိုတော့
1) C:\Program File\Adobe\Reader\plug_ins\Accessibility.api
2) C:\Program File\Adobe\Reader\plug_ins\ReadOutLoud.api
အဲဒီ နှစ်ဖိုင်ကို Ctrl+X နဲ့ကူးပြီးရင် optinal folder ထဲထည့်ပါ..မရှိရင် newfolder ကနေOptionalလို့ rename ပေးပြီး create လုပ်လိုက်ပါ..။ ဘယ်မှာလုပ်ရမလဲဆိုတော့ Reader folder ထဲမှာပါ လုပ်ပြီးရင်တော့ C:\Program File\Adobe\\Reader\Optional ထဲသွားထည့်လိုက်ပါတော့..။ PDf တွေကို ပြန်စဖွင့်တဲ့ အချိန် dialog box နဲ့ reader ကနေ accessibility options ကို ထည့်ဖို့လိုသေးတာတို့ တစ်ခုခု သတိပေးစာ ပြပါမယ်..။ No ဆိုတာကို ပေးပြီး not show this message anymore ဆိုတာကို check လုပ်ပြီး click ပေးလိုက်ရင်။ နောက်ကို “Content Preparation Progress” လည်းမပေါ်တော့ဘူး.. msg dialog box လည်းတက်မလာတော့ပါဘူး..။ ဖြစ်လာရင် အသုံးချနိုင်အောင် ဝေမျှခြင်းပါ..။ ကျေးဇူးအထူးတင်ပါတယ်........ မောင်ပညာ
ဖုန်းထဲကနေ ဗီဒီယိုတွေ သီချင်းတွေ ယူချင်ရင် ကောင်းမွန်တဲ့ဆော့ဝဲလေးတစ်ခုပါ ဒီဟာလေးထည့်ထားလိုက် ။Youtube က သီချင်းတွေကို အလွယ်တကူ ယူနိုင်ပါပြီ လိုင်းကောင်းဖို့ တော့လိုတယ်နော ။ စက်ရုံက ၀ိုင်ဖိုင်ရသူတွေအတွက် အဆင်ပြေ လွယ်ကူပါတယ် စမ်းဒေါင်းကြည့်တာ အဆင်ပြေလို့  မျှဝေလိုက်ပါတယ်............။ MP3 အဖြစ်လည်း ဒေါင်းလုပ်ယူနိုင်ပါသေးတယ် တကယ့် ဖလမ်းဖလမ်းလေးပါ ဒီလင့်မှာ ယူပါ - http://www.mediafire.com/youtube downloader
ဒီလင့်မှာ ယူပါ - http://www.androidfreeware.net. credit====မောင် (စွယ်စုံကျမ်း)
How can slove! If you forget your andorid phone Pattern Lock password ?
အထူးသဖြင့် SAMSUNG Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင် မကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ … အဲ ဒါပေ မယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲ ဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ… ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင် ထား ဖို့လိုပါတယ် … အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ … Wi-Fi ချိတ်ထားဖို့ လို ပါ တယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်း တစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ … Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add Account ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ … ပြီးတော့ ဖုန်းချလိုက်ပါ … အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ … Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် … OK နှိပ်လိုက်ပါ။ စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ ... သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ … ဝင်သွားပြီ ဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် … ပြီးရင် Continue နှိပ်ပါ … Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် … ပြီးရင် Confirm နှိပ်ပါ … ဒါဆိုရင်ေ တာ့ သင် ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် … အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် … အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည် တာပဲဖြစ်ပါတယ်။ ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???
https://play.google.com/store/apps/details?id=net.thomascannon.screenlockbypass.fix&feature=search_result#?t=W251bGwsMSwyLDEsIm5ldC50aG9tYXNjYW5ub24uc2NyZWVubG9ja2J5cGFzcy5maXgiXQ.. PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ … Ref: Software မြို့တော် Yatanarpon Call Center
တဟုန်ထိုး တိုးတက်နေတဲ့ သိပ္ပံနည်းပညာ ခေတ်မှာ သူများနဲ့ တန်းတူ လိုက်နိုင်ဖို့ နည်းပညာသစ်များကို အမြဲမပျက် လေ့လာနေဖို့တော့ လိုနေမှာဘဲဖြစ်ပါတယ်..။ ခေတ်သစ်နည်းပညာ များကို လေ့လာ သင်ကြားရာတွင် သင်ထောက်ကူ ပစည်းများက အဓိက ကျလျက်ရှိနေပါတယ်။ ထို့အတွက်ကြောင့်လည်း ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်က နိုင်ငံတော်မှ မာလ်တီမီဒီယာစာသင်ခန်းများကို ကျောင်းတိုင်းမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်..။ သို့သော် ယနေ့နည်းပညာခေတ်မှာ ထိုပစ္စည်းများ နှင့် နည်းပညာသစ်များကို လေ့လာသင်ယူရန် မပြည့်စုံ မလုံလောက်တော့ချေ။ အယ်ဒီတာ(itizen) မှ ရေးသားထားတဲ့ ဆောင်းပါးထဲက ကောက်နှုတ်ချက်လေးက မှတ်သားဖွယ်ပါ။ နည်းပညာသစ်များသည် စိတ်ဝင်စားစွာ လေ့လာလိုက်စားရန်မှာ အထွေအထူး ကြိုးစားရန် မလိုပါ။ အင်တာနက်ရှိသည် မီဒီယာများရှိပါသည်။ သတင်းမီဒီယာ၊ ဂျာနယ် တိုင်းလိုလိုတွင် အိုင်စီတီဆိုင်ရာ နည်းပညာသစ်များကို အလုအယက်ဖော်ပြနေကြ သည်။ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ကျောင်းသားများ အိုင်စီတီ (အထူးသဖြင့် အင်တာနက်) နှင့် ထိတွေ့နိုင်ရေးအတွက် ကြိုးပမ်းနေကြသည်။ အထူးသဖြင့် ကျောင်းသားများကို အင်တာနက် အသုံးပြုနိုင်ရေး အတွက် Tablet ကွန်ပျူတာများကို ကျောင်းသားတိုင်းလက်သို့ရောက်ရှိရေး အစိုးရကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်နေသည်များကို မပြတ်ဖော်ပြပေးနေကြသည်။ တနေ့တချိန်မှာ မိမိတို့ ဆီမှာလည်း ဖြစ်လာမှာကိုတော့ ကြိုတွေးနေချင်မိသည်..။ ပညာရေးအကြောင်း ခဏလောက် ချရေးကြည့်မိခြင်းပါ....ကဲ ဒီတစ်ခါတော့ ပြည်တွင်း ပြည်ပမှာ ပညာသင်ကြားနေတဲ့ Andriod phone နဲ့ Tablet ရှိတဲ့ ကျောင်းသားများအတွက် အသုံးဝင်မဲ့ ပညာရေး သင်ထောက်ကူ Apk လေးတွေကို ဝေမျှပေးလိုက်ပါတယ်..။ Tablet PC ကို ဂိမ်းအတွက်နဲ့ ဇာတ်ကားကြည့်ဖို့ အင်တာနက် ချက်တင် အတွက်ဘဲ အသုံးချပြီး အချိန်တွေကို မကုန်ဆုံးစေချင်ပါဘူး...။ မိမိရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို တဖက်တလမ်းက အထောက်အကူပေးနိုင်မဲ့ ပညာရေးဆိုင်ရာတွေ နည်းပညာပိုင်းဆိုင်ရာတွေကို လေ့လာဖတ်ရှုသင့်လှပြီး၊ နည်းပညာ နဲ့ ဗဟုသုတ Ebook စာအုပ်ကောင်းကောင်းများကို လည်း ဖတ်ရှုလေ့လာ သင့်လှပါတယ်....။ အောက်ဖော်ပြပါ Apk လေးတွေကတော့ ပညာရေးနယ်ပယ် အထက်တန်း နှင့် တက္ကသိုလ် အဆင့်ထိ ပါ အကျိုးပြုနိုင်မဲ့ free andriod application လေးတွေပါ.....။ သက်ဆိုင်ရာ နယ်ပယ်များအတွက် အထောက်အကူပေးနိုင်ပါလိမ့်မယ်လို့ ယုံကြည်မိပါတယ်......။ (၁) Math Formulas
Math Formulas လို့ခေါ်တဲ့ အခြခံ သချာင်္ပုံသေနည်းတွေကို စုစည်းထားရှိတဲ့ Apk လေးပါ.။ Algebra၊ Geometry နှင့် Trigo စသဖြင့် ခေါင်းစဉ်တစ်ခုခြင်းစီမှာ Formula တွေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ပေါင်းစည်းထားတဲ့ apk လေးပါ..။ သချာင်္သမားများအတွက် Formula မေ့နေရင်တောင် ပြန်ပြန်ကြည့်လို့ရတဲ့ အိမ်ဆောင် apk လေးတစ်ခုပါလို့လည်း ညွှန်းလိုက်ပါရစေ.....။။DOWNLOAD FROM GOOGLE PLAY STORE
(၂) Matlab Graphing Calculator နောက်တစ်ခုကတော့ Matlab.apk လေးပါ။ scientific, algebra and graphing calculator လေးလို့လည်းပြောနိုင်ပါတယ်..။ http://www.facebook.com/mathlabcalc မှာလည်း မသိတာ မရှင်းတာမျိုးကို စုံစမ်းမေးမြန်းနိုင်ပါသေးတယ်။ အောက်ကတော့ သူရဲ့ function လေးတွေပါ......။။ 1. Scientific calculator - arithmetic expressions +,-,*,/ (/ is for both fraction and division) - square root, cube and higher roots (hold root key) - exponent, logarithms (ln, log) - trigonometric functions sin π/2, cos 30°, ... - hyperbolic functions sinh, cosh, tanh, ... (hold "e" key to switch) - inverse functions (hold direct function key) - complex numbers, all functions support complex arguments - derivatives sin x' = cos x, ... (hold x^n key) - fractions 1/2 + 1/3 = 5/6, use space to enter mixed values 3 1/2 - linear equations x + 1 = 2 -> x = 1 - quadratic equations x^2 - 1 = 0 -> x = -1, 1 - approximate roots of higher polynomials - systems of linear equations, write one equation per line, x1+x2=1, x1-x2=2 2. Graphing calculator - multiple functions - implicit functions up to 2nd degree (ellipse 2x^2+3y^2=1, etc.) - function roots and critical points on a graph, tap legend to turn on and off (top left corner) - scrollable and resizable - tracing function values and slopes - fullscreen graph in landscape orientation - save graphs as images 3. Function tables - multiple functions - scrollable and resizable - adjustable precision and step - save tables as csv DOWNLOAD FROM MEDIAFIRE DOWNLOAD FROM GOOGLE PLAY STORE (၃)EveryCircuit Free နောက်ဆုံး တစ်ခုပေးချင်တာကတော့ အီလက်ထရောနစ် သမားများအတွက် EveryCircuit ဆိုတဲ့ apk လေးပါ စမ်းသပ်ပြီး ထွက်ရှိလာတာ သိပ်မကြာသေးပါဘူး..။ လုပ်ပုံလုပ်နည်း ကို youtube နဲ့ရှင်းထားပါတယ်.။ Electronic circuits အလုပ်လုပ်ပုံတွေကို ကောင်းစွာ သိရှိနားလည်စေပြီးတော့၊ Andriod ဖုန်းထဲမှာ ဘဲ တိုက်ရိုက် Simulate လုပ်နိုင်ပါတယ်.။ DOWNLOAD FROM MEDIAFIRE DOWNLOAD FROM GOOGLE PLAY STORE အထက်ပါလင့် GOOGLE PLAY STORE မှာလည်း youtube နဲ့တကွ လုပ်ပုံလုပ်နည်းလေးတွေရှင်းလင်းထားပါတယ်..။ ဒါတွေက ဥပမာအနေနဲ့ ရှာတွေ့မိတာလေးတွေပါ.....မိမိနဲ့သက်ဆိုင်တဲ့အပိုင်းကို ရှာဖွေလေ့လာပြီး မိမိရဲ့ Andriod ဖုန်း (သို့) Tablet Pc ကို ကောင်းစွာ အသုံးချနိုင်ကြပါစေလို့ တိုက်တွန်းနိုးဆော်ရင်း ကဲ အားလုံးဘဲ စမ်းသပ်ကြည့် လေ့လာကြည့်ပြီး အောင်မြင်တဲ့ ကျောင်းသားများ ပညာရှင်များဖြစ်နိုင်ပါစေ..။အင်တာနက် နှင့် အီးမေးလ် အဆင့်မြင့် လက်တွေ့အသုံးပြုနည်း စာအုပ်လေးပါ..။ အခြေခံသမားများအတွက်ကော ဗဟုသုတရစေရန် အတွက်ပါ ဖတ်ရှုလေ့လာဖို့ကောင်းတဲ့စာအုပ်လေးပါ..။ Internet speed ကိုမြန်အောင်လုပ်ခြင်း၊ Myanmar font Download နှင့် install လုပ်ခြင်း။ Gmail အကြောင်းစသဖြင့် ရှင်းလင်းထားတဲ့ စာအုပ်လေးပါ ..... DOWNLOAD
BEST Computer Service Center( PYAY) မှဖန်တီးတဲ့ Myanmar typing tutor ဆော့လ်ဝဲလေးပါ။်မြန်မာလက်ကွက်လေ့ကျင့်လိုသူတွေအတွက် အသုံးဝင်တဲ့ Typing tutor လေးပါ.....။ DOWNLOAD
4 shared နဲ့ တင်ထားတဲ့ ဖိုင်တွေကို file ဒေါင်းလုပ်ချနည်းကို ဖော်ပြချင်ပါတယ်..။
အချို့ဘလော့ဂ်မှာ တခြားသူတွေ ဖော်ပြထားတာကို တွေ့နိုင်ပါတယ်..။ ဒါပေမဲ့ လက်ရှိ နည်းပညာ ခေတ်မှာ
နည်းလမ်းတွေဟာ တစ်နှစ်ထက် တစ်နှစ် အသစ်သစ်တွေဘဲ ပြုလုပ်ဖန်တီးလာနေကြပါတယ်..။
ဥပမာ facebook ဆိုရင်လည်း တစ်နှစ်ပြီး တစ်နှစ် componet တွေ Facture အသစ် တွေ timelines တွေ Advertising တွေထည့်တာကအစ
တိုးတက်ပြောင်းလာတာကို တွေ့ရပါတယ်...။ အရင်ကနဲ့ တူတော့ တူတယ် တချို့နေရာတွေကျတော့ ကွဲလွဲချက်တွေရှိပါတယ်......။
ဒါမို့ ပြောင်းလဲလာတဲ့ https://www.4shared.com/ ရဲ့ လက်ရှိ Download နည်းလေးကို ကြည့်ကြရအောင်..
http://www.4shared.com/zip/yS5xMUjw/Adobe_Photoshop_CS3_-_Crack.html
ဒီလင့်လေးကို ဒေါင်းကြည့်ရအောင်ပါ..။
4 shared ထဲကို အရင်ဆုံးဝင်ထားတာက ပိုပြီးအဆင်ပြေစေမှာပါ..။
Account မရှိသေးရင် sign up လုပ် ဒါမှမဟုတ် Facebook, twitter, gmail တစ်ခုခုနဲ့ ၀င်ပြီး register လုပ်ထားလိုက်ပါ..
facebook နဲ့လုပ်ထားတာက ပိုအဆင်ပြေဆုံးဖြစ်မှာပါ။ ၀င်ထားလိုက်ပြီးပြီဆိုရင်
DOWNLOAD ကို click လိုက်ပါ..။ ပြီးရင် ပုံပါအတိုင်း Free download ကိုနှိပ်ပြီး
စက္ကန့် (၂၀) လောက်စောင့်လိုက်ပါ...။
ပြီးတာနဲ့ Downloadfile ဆိုတာ ပေါ်လာပြီး Download လုပ်လို့ရပါပြီ။။
Adobe_Photoshop_CS3 လေးကို Graphic သမားများအတွက် Share လုပ်လိုက်ပါတယ်..။
အရင်ကဆိုရင် free ရှာရခက်တဲ့ Adobe ဆော့လ်ဝဲ လေးပါ..။ အခုနောက်ပိုင်း craker တွေရဲ့
အကျိုးကျေးဇူးများကြောင့် Cs 5 လောက်ထိ ကောင်းကောင်းသုံးလာနိုင်ကြပါပြီ။
ကျွန်တော့် စက်မှာတော့ CS 5 run ပြီး အသုံးပြုနေတာပါ။ ပြန်တင်ပေးဖို့ကျတော့ ဖိုင်ဆိုက်က အရမ်းကြီးနေတော့
အဆင်မပြေဘူး ဖြစ်နေပါတယ်... ဒေါင်းလွတ်ယူနိုင်မဲ့ Website လေးတွေတွေ့ရင် ပြောပြ ဝေမျှပေးပါအူံးမယ်..။
အခုလင့်က 4shared ကနေဘဲ ပေးထားပါတယ်..။
DOWNLOAD
Download နည်းကိုလည်းပြောပြထားပါမယ်။။။
အခုလင့်ကတော http://www.adobe.com ကနေ Adobe CS2 အမျိုးအစားတွေကို Download ယူနိုင်ပါတယ်..။
Acrobat 3D 1.0 for Windows၊ Audition 3.0၊ Illustrator CS2၊ Photoshop CS2၊ InDesign CS2၊ Adobe Premiere Pro 2.0၊ စတဲ့ Graphic နဲ့ Audio ဆော့ဝဲလ်မျိုးစုံကို
Serial number ပေးထားပါတယ်..။
ကျွန်တော်ကတော့ Adobe Illustrator CS2 လေးကို စမ်းသုံးကြည့်နေပါတယ်..။
http://www.adobe.com/downloads/cs2_downloads/index.html
*#*#4636#*#* -Phone information\ Battery information\ Battery history\Usage statistics\Wi-Fi information
*#*#7594#*#* - End Call / Power
*#*#7780#*#* - factory data reset
*2767*3855# - factory format
*#*#34971539#*#* - information about phone camera
*#*#273283*255*663282*#*#* - File copy / backup data (For e.g.: – Images, Sounds, Music, and Voices.)
*#*#197328640#*#* - Service mode.
WLAN, GPS နှင့် Bluetooth Test ကုဒ်များ -
*#*#232339#*#* သို့မဟုတ် *#*#526#*#* သို့မဟုတ် *#*#528#*#* - WLAN test (Use "Menu" button to start various tests)
*#*#232338#*#* - Shows WiFi MAC address
*#*#1472365#*#* - GPS test
*#*#1575#*#* - Another GPS test
*#*#232331#*#* - Bluetooth test
*#*#232337#*# - Shows Bluetooth device address
*#*#8255#*#* - This code can be used to launch GTalk Service Monitor.
Firmware ဗားရှင်း အချက်အလက်ကြည့်ရန် -
*#*#4986*2650468#*#* - PDA, Phone, H/W, RFCallDate
*#*#1234#*#* - PDA and Phone
*#*#1111#*#* - FTA SW Version
*#*#2222#*#* - FTA HW Version
*#*#44336#*#* - PDA, Phone, CSC, Build Time, Changelist number
Factory test လုပ်ရန် ကုဒ်များ
*#*#0283#*#* - Packet Loopback
*#*#0*#*#* - LCD test
*#*#0673#*#* သို့မဟုတ် *#*#0289#*#*- Melody test
*#*#0842#*#* - Device test (Vibration test and BackLight test)
*#*#2663#*#* - Touch screen version
*#*#2664#*#* - Touch screen test
*#*#0588#*#* - Proximity sensor test
*#*#3264#*#* - RAM version
Android ဗားရှင်းအလိုက် ပြောင်းလဲမှု ရှိကောင်းရှိနိုင်ပါတယ်။
အချို့ ကုဒ်များ အသုံးပြုလျှင် သတိထားဖို့လိုပါတယ်။
ဒီတခါတော့ Database သမားတွေအတွက် Programming Access 2010 Database စာအုပ်လေး share ပေးလိုက်ပါတယ်။
အဆင်ပြေကြပါစေ။။။။။။
Download
ရန်ကုန်မှာတုန်းက ပြဿနာက Ubuntu နဲ့ Widows အတွက် File sharing လုပ်ရတာ Windows မပိတ်ခင် stick နဲ့ကူး .. ။ ပြီးရင် Ubuntu ပြောင်း .. ။ ဒါပေမယ့် C: က ဟာတွေကို Ubuntu access ရတဲ့ D: ကို ရွှေ့ပြီးတော့ access လုပ်ရတာပေါ့ .. ။ အဲ Mac book ၀ယ်ဝယ်ချင်းမှာ ပြဿနာတစ်ခု ထပ်ရှိသေးတယ် .. ။ စက်တစ်လုံးထဲမှာ OS 3-ခု .. ။ Windows နဲ့ Ubuntu က Parallel နဲ့ run တာ .. ။ အဲဒီအတွက် file sharing က တော်တော်ဆိုးတာ .. ။ နောက်တော့ Dropbox တင်ထားလိုက်တယ် .. ။ အချို့ file တွေကို iPhone, iPodTouch, iPad, Android တွေကနေ Internet ရှိရင် လှမ်းပြီး access လုပ်လို့ရသေးတယ်။ Dropbox ကို ကိုယ့် စက်မရှိလည်း website ကနေ လှမ်းပြီး လိုတာတွေကို download ဆွဲလို့ရသေးတယ်။
ကျွန်တော့် အကြိုက်ဆုံး feature က Public folder ထဲထည့်လိုက်ရင် right click > Dropbox > copy public link လုပ်ပြီး တစ်ခါတည်း link ကို ရယူလို့ရတယ်။ Direct Link ထွက်တော့ အခြား file host တွေထက် ပိုသဘောကျတယ်။
အခုလက်ရှိတော့ သီချင်းတွေကို Facebook မှာ တင်ချင်ရင် အဲနည်းလေး သုံးတယ်။ အရင်က ကိုယ့် server မှာ တင်ရင် upload တင်ဖို့ ftp ဝင် .. ။ ပြီးရင် link ကို ကိုယ့်ဘာသာ ကိုယ် ရိုက်တာနဲ့ တော်တော်အလုပ်ရှုပ်တယ်။ နောက်တချက်က Image တွေ share တာပဲ .. ။ MZ Edu မှာ ပုံတွေထည့်ဖို့ Dropbox က public folder ထဲမှာ ထည့်ပြီး ပုံတွေ public link ကနေ ပုံတွေ ထည့်ပြီး သုံးနေတယ်။ သူက free ရပါတယ် .. ။
လူတစ်ယောက်ကို 8 GB ထိ free ရနိုင်တယ်။ 2GB က စပြီး free ပေးတာ။ သူ ပြောထားတဲ့ အဆင့်လေးတွေပြီးရင် 250 MB free ထပ်ရတယ်။ သူငယ်ချင်းတွေကို invite လုပ်လိုက်ပြီး အဲဒီ referrals link ကနေ တဆင့် register လုပ်ပြီးတဲ့အခါ သူခိုင်းတဲ့ အဆင့်ပြီးရင် ထုံးစံအတိုင်း သူ့ကို 250 MB free ပေးပါတယ်။ သူ 250 MB free ရသွားခဲ့ရင် ကိုယ်လည်း 250 MB free ရပါတယ်။ အဲလိုမျိုး invite ကနေ 8 GB ထိ ရနိုင်တယ်။ ကဲ.. register လုပ်ဖြစ်တယ်ဆိုရင်လည်း ကျွန်တော့် referrals link ကနေ register လုပ်ပေးကြဗျာ။ အခုတော့ 4 GB ထိပဲ ရသေးတယ်။ 2 GB နီးပါးလောက်တော့ Dropbox ထဲမှာရှိတယ် ..(၂) ။
ကိုးကား
(၁) https://www.dropbox.com/about
(၂) http://www.saturngod.net
ကျွန်တော်ကတော့ ပုံမှန်အားဖြင့် Mediafire ကနေဘဲ တင်ပါတယ်။
ဘယ်လို download လုပ်မလဲ ?
Download လုပ်လို့လဲမရဘူးလည်းပြောကြပါတယ်။
တကယ်တော့ Download မလုပ်တတ်တာပါ။ Download လုပ်မရတာမဟုတ်ပါဘူး။
ဒါကြောင်မို့ ဘယ်လို Download လုပ်ရမလဲပြောပြပါ့မယ်။
အောက်မှာပြထားတဲ့ နမူနာပုံစံထဲမှာကြည့်ပါ။
အဲ့ဒါဆိုရင် မိမိ Download လုပ်လိုတဲ့ ဆိုက်ထဲကိုရောက်သွားပါပြီ။
လွယ်ကူလေ့လာ PC Computer Management စာအုပ်လေးဖြစ်ပါတယ်။။
ဒီစာအုပ်မှာ Part One ကနေ Part Four အထိ လေးပိုင်းပါဝင်ပြီး၊ ရည်ရွှယ်တာက ကွန်ပျူတာသုံးသူတိုင်း ကြုံရလေ့ရှိတဲ့ အဖြစ်များသော ပြဿနာများကို
ကိုယ်တိုင်ဖြေရှင်းနိုင်အောင်၊ မိမိတို့ရဲ့ လိုအပ်ချက်နှင့် ကိုက်ညီသော သင့်တင့်လျောက်ပတ်သော tools တွေကို ရွှေးချယ်သုံးနိုင်အောင်၊ virous တို့ရန်မှ ကာကွယ်နိုင်အောင်
ရှင်းလင်းဖယ်ရှားနိုင်အောင် ဖြစ်ပါတယ်.။ အဲ့ဒီလုပ်ငန်းစဉ်များအား ဖော်ပြတဲ့နေရာမှာ Windows7 နှင့် Windows XP နှစ်မျိုးစလုံးမှာသုံးနိုင်အောင် ဖော်ပြထားပါတယ်။
အဓိကအားဖြင့် Windows7 ကိုဦးစားပေးဖော်ပြမှာဖြစ်ပြီး Windows XP ဖြင့်ကွဲလွဲမှု ရှိတဲ့နေရာလေးတွေကို တက်နိုင်သမျှထုတ်နှုတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်..လို့ စာရေးသူ
ကိုမြတ်သူရက စာအုပ်အကြောင်းကို ဖော်ညွှန်းထားပါတယ်...။ စိတ်ဝင်စားကြရင် ဒေါင်းပြီးကြည့်ကြရအောင်လားးးးး
DOWNLOAD
မြန်မာလို Microsoft Word 2010 အတွက် Ebook လေးကို
တွေ့မိလို့ ပြန်ပြီး Share ပေးလိုက်ပါတယ်..
နည်းပညာစာအုပ်မှန်သမျှ စုစည်းထားရင်
တချိန်တချိန်မှာ အကျိုးအများကြီးဖြစ်ထွန်းနိုင်မယ် အသုံးချနိုင်မယ်လို့ ထင်ပါတယ်...။
လင့်လေးတွေမသေခင်လေး Download ဆွဲထားလိုက်ပါအုံး
DOWNLOAD
Credit - www.it4monswan.com
နောက်ပြီး Skype အသုံးပြုနည်း E book လေးပါ ဝေမျှလိုက်ပါတယ်...။
Download
CamStudio Software လေးကတော့ မိမိ Destop ပေါ်က ဟာကို screenshots လုပ်ပြီး
Movies file တို့ SWF file တို့ ပြောင်းနိုင်တဲ့ ဆော့လ်ဝဲလ်လေးပါ....။
ဥပမာ အနေနဲ့ Destop ပေါ်က Movies ဘဲ ဖြစ်ဖြစ် Powerpoint ဘဲဖြစ်ဖြစ် ဖွင့်ထားပြီး
ဒီ CamStudio အကူအညီနဲ့ Movies ကိုဖြတ်နိုင် PPT file ကို movies type အဖြစ်ပြောင်းလဲနိုင်ဖို့အတွက်သုံးနိုင်ပါတယ်..။
ပြီးတော့ AVI file type နဲ့ထုတ်ပေးပါတယ်..
စမ်းကြည့်ချင်က နောက်ဆုံး version လေး ဝေဌပေးလိုက်ပါတယ်...
DOWNLOAD
အောက်မှာ သူ့နည်းလမ်းတွေကို Youtube နဲ့ရှင်းထားတာလေးပါ ထည့်ပေးလိုက်ပါတယ်...
THANK ALL
အားလုံးဘဲ မင်္ဂလာ နှစ်သစ် ၂၀၁၃မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်းးး
မောင်ပညာ