ကွန်ပြူတာ တစ်လုံးအတွင်း Media Entertainment များ၏ ကဏ္ဍကလည်း အရေးပါလှသည်။ အဓိကအားဖြင့် ယခု ပြောဆိုလိုသည်မှာ End User များအတွက် သာဖြစ်ပြီး Advance User, Creator , Musician များ အတွက် အထူးတလည်တော့ သက်ဆိုင်လှမည် မဟုတ်ပါ။ “အကောင်းဆုံး ဆော့ဖ်ဝဲရ် သည် အခမဲ့ ဖြစ်၏” ဟူသော ဆောင်ပုဒ်အတိုင်းပင် ယခု ကဏ္ဍ အတွက်လည်း အကောင်းဆုံး Media Player ဆုကိုရရှိသွားသူမှာ VLC Player တည်းဟူသော “အခမဲ့” ၊ Opensource ဆော့ဖ်ဝဲရ် တစ်ခုဖြစ်၏။ ကျွန်ုပ်၏ အတွေ့အကြုံ အရလည်း ၎င်း VLC Media Player သည် အခြား Player Software များဖြစ်ကြကုန်သော Winamp, Jetaudio, Windows Media Player အစရှိသည့် အများစု ရင်းနှီးကျွမ်းဝင်သည့် Player များ နှင့် ဖွင့်မရသော Meida File Type အားလုံး နီးပါးကို ဖွင့်နိုင်ပြီး ကောင်းစွာ အလုပ်လုပ်ကို တွေ့ရှိရ၏။
>>Download VLC Desktop Media Player
0 ယောက်ကဒီလိုပြောကြတယ်