Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

Portable.Home.Plan.Pro.5.2.23.10

တင်ပြသူ Kyaw Htin Wednesday 22 September 2010





















ဒီဆော့လ်ဝဲလေးက ညီတစ်ယောက်ကရှာခိုင်းလို့ စမ်းကြည့်မိတဲ့ဆော့လ်ဝဲလေးပါ
အသုံးတည့်မဲ့သူတွေအထူးသဖြင့် ပိသုကာ အင်ဂျင်နီယာပိုင်းဆိုင်ရာအတွက်တော်တော်အသုံးဝင်ပါလိမ့်မယ်
Software ကိုညွှန်းထားတာကတော့ အင်ဂျင်နီယာသမားတွေဟာ Design project တစ်ခုကိုတည်ဆောက်ဖို့
အတွက် Auto CAD အစရှိတဲ့ CAD ဆော့လ်ဝဲတွေကို ဈေးကြီးပေးပြီး ခက်ခက်ခဲခဲဖန်တီးနေရပါတယ်တဲ့။
ဒီဆော့လ်ဝဲကတော့ ပေါ့ပေါ့ပါးပါးရှိတဲ့အပြင် ဖန်တီးရတာလည်း လွယ်ကူသက်သာစေပါတယ်.။ကောင်းမွန်တဲ့ဒီဇိုင်းများကိုလည်း ဖန်တီးနိုင်ပါတယ်တဲ့.။
သူ့ရဲ့ Features နှင့် Easy Plan Pro includes the home design tools you need ကိုအောက်မှာဖော်ပြပေးပါမယ်..။

Features:
- The integrated on-line help assures quick answers to any questions that arise.
- You can download this software at here .And updates are FREE.
- You can use the built-in fax driver to fax your plans anywhere in the world.
- Attach plans to email messages and send them with the built-in email server.
- Export plans to DXF or bitmap files.

Easy Plan Pro includes the home design tools you need:
- Easily draw arcs, rectangles, circles, lines, and so forth.
- Use the mouse, keyboard, or a combination of both.
- Add scaled dimensions with two clicks.
- Insert doors and windows with equal ease.
- Zoom in or out with a click to work on detailed parts of the plan or to see the whole of it.
- Create Layers that you can make invisible or visible at a click
- Draw a plot plan using metes & bounds. Calculate the area and acreage.


Thank u ! see u
refer: Nokia Software


VB 6.0 Portable and Ebook

တင်ပြသူ Kyaw Htin Tuesday 21 September 2010


















ဒီနေ့တော့ programming စာအုပ်ဖြစ်တဲ့ Vistual Basic portable လေးကို
အလွယ်တကူအသုံးပြုလေလ့လာနိုင်အောင်လို့ရယ် စာအုပ်နဲ့တကွ ပို့စ်တစ်ခုအနေနဲ့
တင်ပြပေးလိုပါတယ်.။ VB ကိုစတင်လေ့လာလိုသူတွေအတွက်တော့အဆင်ပြေမှာပါ.။
ကိုယ်တိုင်လည်း ဒီအကြောင်းကို တင်မယ် တင်မယ်နဲ့ မတင်ဖြစ်ခဲ့ဘူး ဒီနေ့တော့အချိန်လေးရတုန်း
ကောက်တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်းရှာဖွေထားသမျှလေး တင်ပေးတာပါ။။
ခုနောက်ပိုင်း နည်းပညာစာအုပ်တွေရှာရတာ ပိုခဲယဉ်းလာသလိုရှိနေပါတယ် အထူးသဖြင့်မြန်မာလိုပေါ့
မရှိလို့လား ဆိုတော့မဟုတ်ဘူး ရှိတယ် ဒါပေမဲ့ Upload တင်တဲ့ ဆိုက်က Out of date ဖြစ်ကုန်တော့ uploading ဖိုင်ကို မတွေ့ရတော့ဘူး အထူးသဖြင့် သာမန်ဘလော့ဂ်တွေထက်စာရင် ဖိုရမ်ကြီးတွေမှာ ပြန်လည်ပြီးတော့ Upload လုပ်ပေးစေချင်ပါတယ်.။ ခေတ်တွေ စနစ်တွေ ဘယ်လိုပြောင်းလဲ တိုးတက်တက် နောက်ကနေလိုက်နေရတဲ့သူတွေ ရှိတုန်းပါ။ အချိန်ရတုန်းမှာ သိသမျှ တွေ့သမျှလေးကို ဝေမျှပေးချင်ပါတယ်။
အဖိုးတန် နည်းပညာတွေကိုဝေမျှပေးနေတဲ့ သူငယ်ချင်းများ ဘော်ဒါများ ညီငယ် အကို အမ များကိုလေးစားလျှက်ပါ။
စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာပို့စ်လေးဖြစ်ဖို့ သာမန်လေ့လာမှုမျိုးနဲ့ မရနိုင်ပါဘူး။
စေတနာ့နည်းပညာဘလောံဂ်ဂါ များကို အမြဲတမ်းအားပေးနေလျှက်ပါ။ စကားကြောရှည်သွားပြီ
စာအုပ်နဲ့ ဆော့လ်ဝဲက အောက်မှာပါဗျာ။ ကျွန်တော့်ဆီမှာတော့ VB စာအုပ်လေးတွေတော့ရှိတယ်ဗျ
တောင်းရင်တော့ မပေးနိုင်သေးဘူး လူရှိန်အောင် စင်ပေါ်တော့တင်ထားလိုက်အုံးမယ်..ဟီး။

စာအုပ် ( Download )
Software ( Download)

နောက်ဆက်လက်ပြီး VBA အကြောင်းကိုသိသလောက်တင်ပြပေးချင်ပါတယ်..။အားလုံးဘဲ ကောင်းကျိုးလိုရာ ဆန္ဒပြည့်စုံနိုင်ကြပါစေ ။




notesbrowser and scanner driver

တင်ပြသူ Kyaw Htin Wednesday 15 September 2010

























notesbrowser ဆိုတဲ့ဆော့လ်ဝဲအကြောင်းကိုတော့
Gtalk ကညီလေးတစ်ယောက်က ဘာလုပ်လို့ရလဲဆိုတာကိုမေးလို့
ပြန်လည်ပြီးစုံစမ်းလေ့လာကြည့်လို့ သိရတာလေးပါ။
ဒီဆိုက် မှာလည်း ဒေါင်းလွတ်ချပြီးလေ့လာစမ်းသပ်ကြည့်လို့ရပါတယ်။
မိမိသုံးကြည့်သလောက်တော့ Notebook အနေနဲ့ မှတ်စုတစ်ခုအဖြစ်
browser ပုံစံပြုလုပ်ထားခြင်းမှာ Futrue plan ချပြီးအလုပ်လုပ်လိုသူများအတွက်အသုံးဝင်ပါလိမ့်မယ်
ကိုညီနေမင်း ဘလော့ဂ်က ဒီပို့စ် ထဲက calender ထည့်ပြီးမှတ်သားနိုင်တဲ့ပုံစံနဲ့လည်းခပ်ဆင်ဆင်တူပါတယ
ရက် (၆၀) free ပေးထားပါတယ် စမ်းကြည့်ကြပေါ့ဗျာ..။
နောက်တစ်ခုကတော့ scan driver လေးတွေတင်ထားတဲ့ဆိုက်ကို
ဖော်ပြပေးချင်တာပါ အထူးသဖြင့် scannner တစ်လုံးဝယ်ပြီး driver မရှိတာတို့ ဖျက်မိတာတို့ဖြစ်ရင်
ပြန်ရှာပြီးသုံးနိုင်အောင်ရယ်ပါ..။
ကျွန်တော့်အမျိုးအစားက CanonScan LIDE 25 အမျိုးအစားပါ
လင့်တွေက ဒီမှာတွေပါ..
DriverFile.net
http://software.canon-europe.com/
Toggle.com
အသုံးတည့်နိုင်ကြပါစေ။



Return from myanmar

တင်ပြသူ Kyaw Htin Friday 10 September 2010

ဒီရက်ပိုင်းတွင်းပို့မရေးဖြစ်တာကအမိမြေကို ၂လလောက် ခွင့်ပြန်နေလို့ပါ။
အဝေးမှာ (၃)နှစ်နီးပါးလောက်နေပြီးအမိမြေကိုပြန်ရတော့ တော်တော်လေးကိုပျော်ရွှင်မိတယ်။
ိ(၂)လကျော်ကျော်လောက်နေခွင့်ရပေမဲ့ အမှတ်တရတွေတော့အများကြီးကျန်ခဲ့တယ်။
အင်တာနက်လည်းသိပ်မ၀င်ဖြစ်တာရယ်ကြောင့် နည်းပညာရပ်ပိုင်းဆိုင်ရာတွေနဲ့ကင်းကွာခဲ့ရပါတယ်။
ဝင်ဖြစ်လည်းချက်လောက်ဘဲ သုံးဖြစ်တာမို့ရယ် မိမိဘလော့လ်တွေ တိုက်ရိုက်ကြည့်ဖို့ခက်တာရယ်ကြောင့်
ဆိုက်ကိုမလာဖြစ်တာပါ စီဘောက်မှာအားပေးထားတဲ့ သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်။
အင်တာနက်ဆိုင်ဝင်လိုက်ရင် လူငယ်တော်တော်များများတော့ နည်းပညာဆိုက်တွေလေ့လာတာနည်းတာကို
တွေ့မိပါတယ်။ Galk နဲ့အနုပညာ ၀က်ဆိုက်လောက်ဘဲ
ကြည့်တာကို မြင်ရတယ်။ အင်တာနက်အမြန်နှုန်းကလည်းတော်တော်လေးကိုနှေးလို့လည်းဖြစ်မယ်ထင်တယ်။
အမိမြေကနေ ဘလော့ဂ်ပုံမှန်ရေးနေတဲ့သူကို လေးစားမိပါတယ်။ ကျွန်တော်ဒီတစ်ခေါက်ပြန်လာတာ
ဒီမှာ ၃နှစ်ကျော်လောက်နေဖြစ်မှာက ရည်ရွှယ်ချက်ကတော့ ယနေ့မြန်မာ့လူငယ်ပညာတက်ကြားမှာ
ရေပန်းစားတဲ့ Ph D (ဒေါက်တို :) ဘွဲ့ကိုဆက်ယူနိုင်အောင်လို့ လာဖြစ်ခဲ့တာပါ။ အချိန်အားရင် ရသလောက်လေးနည်းပညာရပ်ဆိုင်ရာတွေကို ပို့စ်တင်ပေးပါမယ်။ခုလောလောဆယ်တော့
အမိမြေမှာလည်မိမိလည်ပတ်ခဲ့တဲ့နေရာလေးကို အမှတ်တရ တင်ပြလိုက်ပါရစေ။။


































ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar