Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

အသုံးဝင်မည့် ၀က်ဆိုက်လေးများ

တင်ပြသူ Kyaw Htin Friday 26 September 2008

http://www.webmonkey.com
Webmonkey ဟာ webdesign နဲ့တခြား နည်းပညာပေါင်းမြောက်မြားစွာကိုစတင် လေ့လာမယ့်လူတွေအတွက်ရော၊ devoloper အတွက်ပါ အဆင်ပြေစေတဲ့ website တစ်ခုဖြစ်ပါတယ်။ Multimedia, programming, mobile techniques တွေနဲ့ server page တွေ အတွက်ပါ အထူးအားထားရတဲ့ tutorial ပေါင်းများစွာကို စုစည်းထားပါတယ်။ ဒါ့အပြင် blog ရေးသားသူတွေအတွက်ပါ RSS ကို ဘယ်လိုလေ့လာမလဲ။ Wordpress  ကိုစတင် တည်ဆောက်ခြင်း Adword နဲ့ blog ကိုချိတ်ဆက်ခြင်းတွေ အတွက်ပါ လေ့လာလို့ ရနိုင်စေပါတယ်။

http://www.digital-photography-school.com
Photoshop အတွက် အလွန်အသုံးဝင်တဲ့ shortcut key တွေကို စုစည်းထားပါတယ်၊ ဓာတ်ပုံပညာကို လေ့လာလိုက်စားလိုသူတွေအတွက် အကောင်းဆုံး website တစ်ခုလို့ ခေါ်ဆိုနိုင်မယ့်အချက်ကတော့ လူသစ်တန်းတွေအတွက် ဓာတ်ပုံပညာပေါင်းများစွာကိုစုစည်းပြီး သင်တန်းတစ်ခုအနေနဲ့ ဖွင့်လှစ်ပို့ချနေတဲ့ ရင်းမြစ်တစ်ခု ဖြစ်နေလို့ပါပဲ။ How to guide တွေထဲမှာ color ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ခုကို အဖြူအမည်းအသွင်ကူးပြောင်းတဲ့ နေရာမှာလိုအပ်တဲ့ အချက်အလက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို လေ့လာနိုင်စေပါတယ်။ အခကြေးငွေနဲ့ account ဖွင့်လှစ်ပြီး ပို့ချချက်တွေကို ရယူနိုင်သလို အခမဲ့အသုံးပြုသူတွေအတွက်လည်း အလွန်ကောင်းမွန်တဲ့ သင်ခန်းစားတွေ ရှိနေပါတယ်။

http://www.photoshop-lab.com
PNG format နဲ့တည်ရှိနေတဲ့ ဓာတ်ပုံတွေထဲက ပျော်ရွှင်စရာ၊ Image ပြုလုပ်နည်းတွေ၊ Pen tool ကိုကိုင်တွယ်အသုံးချနည်း၊ photoshop ရဲ့ အခြေခံအချက်အလက်တွေရယ် အပြင် Digital painting တွေကိုပါ ရယူနိုင်ပါတယ်။ Photoshop ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ၊ အကောင်းဆုံးစွမ်းဆောင်နိုင်မှုတွေရယ် ရယူရင်း Photoshop ဂုရုတစ်ယောက်ဖြစ်လာအောင် သင့်ကိုကူညီနိုင်ပါလိမ့်မယ်။

http://www.photoshop101.com
ဓာတ်ပုံလောကမှာ ပြုပြင်တည်းဖြတ်ခြင်းနဲ့ ပတ်သတ်လာရင် အကောင်းဆုံးဆော့ဝဲတစ်ခုဖြစ်တဲ့ Photoshop ရဲ့ photo mainipulation ကိုသင်ကြားပေးရင်း layouts နဲ့ interface ဒီဇိုင်းပညာတွေကို လေ့လာနိုင်ပါမယ်။ ဆောင်ရန် ၊ ရှောင်ရန်နဲ့ မှတ်ရန်လေးတွေကို ရရှိဖို့အတွက်တော့ 'tip and bsics' ထဲမှာ ကြည့်ရှုရင်း ကျွမ်းကျင်အောင် သင်ကြားနိုင်ပါတယ်။

http://www.forwebdesigners.com
အမျိုးမျိုးအစားစား မတူညီ ကွဲပြားတဲ့ subject တွေကို တည်ဆောက်ပြီး web page တစ်ခုကို အကောင်းဆုံး design နဲ့အလှဆင်နိုင်စေမယ့် tool တွေကို သင်ကြားပေးနေတဲ့ web စာမျက်နှာ တစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင် icon တစ်ခုဘယ်လိုပြုလုပ်မလဲဆိုတာကို သူ့ရဲ့ server ထဲမှာမရှိပေမယ့် color, css, fonts, freephoto, icons, inspirations, graphic စတဲ့ရှိရှိသမျှ လိုအပ်တဲ့နေရာတွေကို link တွေနဲ့ ချိတ်ဆက်တည်ဆောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ချင်စရာပါ။

http://www.11amdesign.com
Photoshop ရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် 101 ခု၊ photoshop မှာတိမ်မြုပ်နေတဲ့Action scription စတဲ့ ရှားပါးဆောင်းပါးတွေနဲ့ တွေ့ရခဲလှတဲ့ tool တွေရဲ့ အလုပ်လုပ်ပုံတွေကို တင်ပြထားတာမို့ 11amdesign ဟာလည်းပဲ လေ့လာနိုင်မယ်ဆိုရင် အကျိုးဖြစ်ထွန်းစေတာကို တွေ့ရပါမယ်။

http://www.worth1000.com
ထူးခြားဆန်းကြယ်တဲ့ website တစ်ခုဖြစ်ပါတယ်။ ခေတ်မီဆန်းပြားတဲ့ ဓာတ်ပုံတွေတိုင်းဟာ worth 1000 နဲ့ လွတ်ကင်းတယ်လို့မရှိရအောင် resources ကြွယ်ဝလွန်းတဲ့ site တစ်ခုဖြစ်ပါတယ်၊ ဓာတ်ပုံနှစ်ခုကို ပေါင်းစပ်အသုံးပြုနည်းဆိုတာဟာ worth 1000 အတွက် အနိမ့်စားသင်ခန်းစာ တစ်ခုသာဖြစ်ပါတယ်။ pdf ဖိုင်တွေနဲ့ သင်ခန်းစာတွေကိုပါ ရယူနိုင်သလို အံသြဘနန်းဆန်းကြယ်တဲ့ ဓာတ်ပုံပေါင်းများစွာကို စုစည်းထားတဲ့ စာမျက်နှာတစ်ခုဖြစ်တာမို့ ဓာတ်ပုံတစ်ပုံကို ကြည့်ရတာနဲ့တင် worth 1000 ကိုလည်ပတ်ရတာ ထိုက်တန်ပါတယ်။

http://www.elitebydesign.com
နှစ်လိုဖွယ် အကောင်းဆုံး သင်ခန်းစာ 25 ခု modern image ပြုလုပ်ခြင်း၊ refelction ပြုလုပ်ခြင်း၊ website ကို vector style နဲ့ cartoon layout တွေထည့်သွင်းခြင်း၊ icon နဲ့button ပြုလုပ်ခြင်း၊ blog စတိုင်ပြုလုပ်ခြင်းစတာတွေကို elitedesign မှာ ရရှိနိုင်ပါတယ်။ web 2.0 စတိုင်တည်ဆောက်ထားတဲ့ home page ကို မြင်ရတာနဲ့တင် သင်ခန်းစားတွေဟာ ဘယ်လောက်ကောင်းမွန်သလဲဆိုတာကို နားလည်သဘောပေါက်သွားမှာပါ။

www.photoshopcafe.com
Photoshop ကို ကျွမ်းကျင်တဲ့သူဖြစ်ဖို့ဆိုတာ layer တွေကို ဘယ်လိုကိုင်တွယ်နိုင်သလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ Photoshopcafe မှာ layer တွေကို ကျွမ်းကျင်စွာ အသုံးချနိုင်တဲ့ နည်းလမ်းတွေကို စာအုပ်စာတမ်းအမျိုးစုံထဲကနေ ကောက်နုတ်တင်ပြထားပါတယ်။ Photoshop နဲ့ပတ်သတ်တဲ့ စာအုပ်တွေကိုလည်း အမြည်းအစမ်းသဘောမျိုးရယူခွင့်ပေးထားတဲ့အပြင် တခြားရှိသင့်တဲ့ သင်ခန်းစာလေးတွေလည်း အများအပြားရှိနေပါတယ်။

http://www.watchandlearnphotoshop.com
Photoshop သင်ခန်းစာတွေကို video file တွေနဲ့ download ရယူခွင့်ပေးထားပါတယ်။ Email နဲ့ user name ကို ဖြည့်စွက်ပြီး register လုပ်လိုက်တာနဲ့ vedio file တွေအတွက် access လုပ်ခွင့် ရရှိလာပါလိမ့်မယ်။ ဒါ့အပြင် အခုခေတ်ပေါ် CS3 Version ရဲ့ tips and tricks တွေကို ရရှိနိုင်ပြီး photoshop နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေကိုပါ ဖော်ပြပေးနေတဲ့ စာမျက်နှာတစ်ခု ဖြစ်ပါတယ်

Folder option ပျောက်နေရင်

တင်ပြသူ Kyaw Htin Thursday 25 September 2008

Folder option ပျောက်နေတဲ့အကြောင်းအရင်းကအများကြီးပါ။  အဖြစ်အများဆုံးက virus ကြောင့်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်အောက်ဖော်ပြပါနည်းများနဲ့ ဖော်ထုတ်ကြည့်ရအောင်။
1. start > Run ကိုဖွင့်ပြီး regedit လို့ရိုက်ထည့်ပါ။
2. HKEY_CURRENT_USER ကနေတဆင့်ချင်း  Software\Microsoft\Windows\Current Version\Policies\Explorer သို့ ရောက်အောင် Folder ငယ်များဖွင့်ပါ။ Explorer ကိုကလစ်လုပ်ပြီး ပေါ်လာသော တစ်ဖက်မြင်ကွင်းမှ 'NoFolderOption' ၏ DWORD Value ကို00000000 ဟုပြင်ကြည့်ပါ။
3. computer ကို restart ပြန်လုပ်ပါ။

Window XP တွင် Control Panel ထဲ၌ Folder Option ပျောက်နေပါက
1. ၄င်းသည် Group Policy setting ကြောင့်ဖျောက်ထားခြင်းဖြစ်နိုင်သည်။
2. Computer ကို Administrator အနေနှင့်ဖွင့်ပါ။ သို့မဟုတ် ဖွင့်ထားသည့် အနေအထားသည် Administrator အဖြစ်သုံးနိုင်ရပါမည်။
3. Start > Run ကိုဖွင့်ပြီး gpedit.msc လို့ရိုက်ထည့်လိုက်ပါ။ ၄င်းသည် Group Policy ကိုဖွင့်ခြင်းဖြစ်သည်။
4. Group Policy (Box)  အတွင်း Local Computer Policy\User Configuration\Administrative Templates\Control Panel တို့ကို တစ်ဆင့်ချင်း ဖွင့်ပါ။
5. ၄င်းမြင်ကွင်းတစ်ဖက်တွင် 'Hide Specified Control Panel Applets' ကိုစစ်ကြည့်ပါ။ ၄င်းတွင် Enabled ဖြစ်နေပါက ကလစ်နှစ်ချက်နှိပ်ပြီး Disabled ဟုပြင်လိုက်ပါ။ OK ကိုနှိပ်ပါ။
6. ထို့အတူ 'Show Only Specified Control Panel Applets' ကိုစစ်ပြီး enabled ဖြစ်နေပါက Disabled ကိုရွေးချယ်ကာ ok နှိပ်ပါ။ Group Policy မှပြန်ထွက်လိုက်ပါ။
7. Control Panel ကိုဖွင့်ပါ။ Menu မှ View ကိုဖွင့်ပြီး Refresh ကိုClick လုပ်ပါ။ ထိုသို့ဆောင်ရွက်ရာမှာ Group Policy (Box) အတွင်း enabled စသည်မတွေ့ပါက Folder Option ပျောက်ရခြင်းသည် အခြားသောအကြောင်းများကြောင့်လို့ မှတ်ယူရပါမယ်။
Window XP Home ကဲ့သို့စနစ်Software မျိုးမှာ Group Policy Editor မပါတာမျိုးရှိပါတယ်။ ၄င်းအတွက် regedit ကိုသုံးပြီး registry ကိုဖွင့်ပါ။ ၄င်းတွင် HKEY_CURRENT_USER ကနေ Software\Microsoft\Windows\Current Version\Policies\Explorer သို့တစ်ဆင့်ချင်းဝင်ပါ။ ၄င်းမှ Dis-allowCpl ရဲ့တန်ဖိုးကို စစ်ကြည့်ရပါမယ်။ တန်ဖိုး 0 ဆိုရင် policy disabled နဲ့ 1 ဆိုရင် policy enabled ဖြစ်ပါတယ်။  တကယ်တော့ registry မှာ ၀င်ပြင်တဲ့နည်းလမ်းများသည် အဆင်မပြေရင် စနစ်အတွက် ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။

အမေး

ပုံ သို့မဟုတ် ဖိုင်တစ်ဖိုင်ကို မောက်စ် ညာကလစ် နှိပ်ပြီး ပေါ်လာတဲ့ menu များထဲက Sent To ကို ရွေးချယ်ကာ တစ်နေရာကို တိုက်ရိုက် ပို့နိုင်တာကို သိပါတယ်။ ကျွန်တော် တွေ့တာက Desktop, My Documents, CD drive စသည် ပို့စရာနည်းနည်းပဲ ရှိနေပါတယ်။ ဆိုလိုတာက ကျွန်တော် တည်ဆောက်ထားတဲ့ ကိုယ်ပိုင် ဖိုလ်ဒါ တစ်ခုခုသို့ Send To နဲ့ ပို့ချင်ပါတယ်။ နည်းလမ်း ရေးပေးပါခင်ဗျား။

အဖြေ

နည်းလမ်းက လွယ်ပါတယ်။ ကိုယ်ပိုင် ဖိုလ်ဒါ တစ်ခုကို တည်ဆောက်ထားပါ။
- Start/Run… ကနေ တစ်ဆင့် sendto လို့ရိုက်ထည့်ပေးပါ။ OK ကို နှိပ်လိုက်ပါ။
- ပေါ်လာတဲ့ box မှ File ကို ကလစ်လုပ်ပြီး New ကို ရွေးချယ်ပါ။
- Shortcut ကို ကလစ်လုပ်ပါ။
- ပေါ်လာတဲ့ box ကနေ တည်ဆောက်ထားတဲ့ ဖိုလ်ဒါ ရှိရာသို့ ညွှန်းလိုက်ပါ။ Next ကိုနှိပ်ပါ။
- Shortcut အမည်ပေးပြီး Finish ကို နှိပ်လိုက်ပါ။ Send To ထဲမှာ ကိုယ်ပိုင် ဖိုလ်ဒါသို့ ပို့နိုင်တဲ့ shortcut ရောက်လာပါလိမ့်မယ်။
အခု ပုံ၊ ဖိုင် စသည်တို့ကို မောက်စ် ညာကလစ်နှိပ်ပြီး မိမိရဲ့ ကိုယ်ပိုင် ဖိုလ်ဒါ သို့ တိုက်ရိုက် Send To နှိုင်ပါပြီ။ အခြား နေရာများသို့ လည်း shortcut များ တည်ဆောက်ပြီး ပို့နိုင်ပါတယ်။
ကွန်ပျူတာဂျာနယ် ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ၊ အမှတ် ၁၇၅

ပဒုမ္မာ.အဂ်လိပ်မြန်မာအဘိဓာန်

တင်ပြသူ Kyaw Htin Thursday 11 September 2008


အင်္ဂလိပ်စာနှင့်မကင်းနိုင်သော ကျွန်တော်တို့ ကျောင်းသားများအတွက် Mouse-over အဘိဓာန်တစ်ခု ထွက်ရရှိလာပါတယ်။ ဘေဘီလုံဆော့ဖ်ဝဲလ်ပေါ် အခြေခံထားပြီး language package bgl ကိုတော့ မြန်မာစာအဖွဲ့ မှ ထုတ်ဝေသော အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို အခြေခံထားပါတယ်။ ဖောင့်ကိုတော့ ဇော်ဂျီယူနီကုတ်ကို အသုံးပြုထားပါတယ်။

ယခုအဘိဓာန်ကို ပဒုမ္ပာဖိုရမ် မှ MonsterOfRock ရေးသားတာဖြစ်ပြီးအခမဲ့ဖြန့်ဝေတာဖြစ်ပါတယ်။

babylon - 6 ဆော့ဖ်ဝဲလ်ကို ဒီမှာ ဒေါင်းလုပ်ရယူပါ။ language package bgl ကိုတောဒီမှာ ဒေါင်းလုပ်ရယူပါ။

တပ်ဆင်ပုံမှာ ပထမဦးစွာ ဘေဘီလုံ ဆော့ဖ်ဝဲလ်ကို အရင်ဒေါင်းလုပ်ပြုလုပ်ပါ။ Babylon6_setup.exe ကို run ၍ install ပြုလုပ်ပါ။ installation ပြီးသောအခါ task bar ညာဘက် အောက်ချေရှိ system tray ထဲမှ babylon ကို right-click လုပ်၍ exit လုပ်ပါ။ patch ကို run ရန်အတွက် babylon ကိုအရင်ပိတ်ဖို့လိုအပ်လို့ဖြစ်ပါတယ်။ အဲဒီနောက် ပထမ ဒေါင်းလုပ်ဆွဲထားသော Rar ဖိုင်ထဲမှ babylon.6.0.3.4.pro-patch.exe ကို babylon installation folder ထဲသို့ကူးထည့်ပါ။ ၄င်းနောက် အဲဒီ patch.exe ကို run လိုက်ပါ။ ၄င်းအဆင့်များပြီးဆုံးပါက language package bgl ဖိုင်ကို double click လုပ်၍ install လုပ်ပါ။

အသုံးပြုပုံမှာ web browser တွင်ဖြစ်စေ၊ notepad၊ wordpad ၊ documents ဖိုင်များတွင်ဖြစ်စေ၊ Gtalk တွင်ဖြစ်စေ ကိုသိချင်သောစကားလုံးပေါ်တွင် Mouse တင်(point လုပ်) ပါ၊ ၄င်းနောက် Ctrl key ကိုဖိထား၍ Right-Click နှိပ်ချင်းဖြင့် အဓိပ္ပာယ်များကိုရှာဖွေလို့ရပါတယ်။ တစ်ချို့ သောစကားလုံးများအတွက် မြန်မာပြန်မပါဝင်သော်လည်း တော်တော်လေးပြည့်စုံတဲ့အဘိဓာန်ဖြစ်ပါတယ်။ အင်တာနက်ကော်နက်ရှင်ရှိပါက အွန်လိုင်း အဘိဓာန်များဖြစ်သော ၀ီကီအဘိဓာန်မှသော်လည်းကောင်း၊ အောက်စဖို့ဒ်အဘိဓာန်မှသော်လည်းကောင်း၊ ၄င်းတို့ထဲရှိ အဓိပ္ပာယ်များကိုလည်းတစ်လက်စတည်း babylon ကရှာပေး၍ဖော်ပြပေးပါတယ်။

http://www.english4myanmar.com/ မှ ကူးယူးဖော်ပြသည်။

အသုံးတည့် browsers Shortcuts များ

တင်ပြသူ Kyaw Htin Wednesday 10 September 2008

အကယ်၍သင်ဟာအင်တာနက်ကိုကွန်ပျူတာဖွင့်တိုင်းသုံးဖြစ်နေမယ်ဆိုရင်၊အခြားပရိုဂရမ် တွေထက် အင်တာနက် browsers တွေကိုအများဆုံးသုံးဖြစ်နေမှာဖြစ်ပါတယ်။အဲဒီလိုအသုံး ပြုလေ့ပြုထရှိသူတွေအတွက်အများဆုံးအသုံးများတဲ့ ကီးဘုတ် အတိုကောက် (shortcuts) များကိုဖော်ပြလိုက်ပါတယ်။ အခုဖော်ပြထားတဲ့အတိုကောက်တွေကတော့ IE (Internet Explorer) မှာရော Firefox မှာပါသုံးလို့ရပါတယ်။ Alt + D = browsers ရဲ့ လိပ်စာရိုက်တဲ့နေရာ(address bar)ကို cursor သွားထားတာပါ။ အဲလိုသွားတဲ့နေရာမှာလိပ်စာကို ပြင်ရိုက်ဖို့အရန်သင့် select မှတ်ပြီးသားဖြစ်မှာပါ။ Ctrl + Enter = browsers ရဲ့ လိပ်စာရိုက်တဲ့နေရာ (address bar) မှာ URL address ရိုက်တဲ့နေရာမှာ၊ ၀က်ဆိုဒ် address ရိုက်ရာမှာ ရှေ့ က www. နဲ့ နောက်က .com ကို အလိုအလျောက်ထည့်ပေးပါတယ်။ ဥပမာ- google လို့ရိုက်ပြီး Ctrl + Enter ဆိုလျင် browsers က www.google.com ဆိုပြီးအလိုအလျောက်ပြင်ပေးသွားမှာပါ။ (.blogspot.com အော်တို ထည့်ပေးတဲ့ shortcut ရှိရင်ကောင်းမှာ :D ) Alt + Enter = address bar မှာ လိပ်စာအသစ်ရိုက်ပြီး Alt + Enter ရိုက်လျင် အဲဒီလိပ် စာကို browsers က Tab အသစ်တစ်ခုနဲဖွင့်ပေးမှာဖြစ်ပါတယ်။ Ctrl + T = Tab အသစ်တစ်ခုထပ်ယူတာပါ။ Ctrl + Tab (Ctrl + Shift + Tab = ပြောင်းပြန်အတွက်) = Tabs များအတွင်း navigate (Tab တစ်ခုနဲ့တစ်ခုကြားရွေ့ လျားဖို့) ဖြစ်ပါတယ်။ ဒါကတော့ window tab တွေနဲ့တူတူပါပဲ။ Ctrl + D = ကိုယ့်စက်ထဲက browser ရဲ့ bookmark သို့ favorite ထဲကို လိပ်စာမှတ်လို လျင်သုံးပါတယ်။ F11 = Screen ကို အကျယ် full screen ကြည့်တာပါ။ အကျဉ်းကိုပြန်ပြောင်းချင်လျင် F11 ကိုပဲပြန်နှိပ်ရပါတယ်။

၁။ သင်ဒေါင်းလုပ်ချချင်သော မီဂါအပ်လုပ် ဒေါင်းလုပ်လင့်ကို ကလစ်လုပ်ပါ။

၂။ တစ်ကယ်လို့ သင့်မှာ မီဂါအပ်လုပ်တူးဘား မရှိလျှင် မီဂါအပ်လုပ်တူးဘား ကို ဒေါင်းလုပ်ချပြီး အင်စတော လုပ်ပါ။

၃။ ပြီးနောက် လော့အင်ဝင်ပါ။ လော့အင်ဝင်ခြင်းဟာ လော့အင်မဝင်ခြင်းထက် ဒေါင်းလုပ်ချရတာ ပိုမိုလွယ်ကူစေပါတယ်။ တစ်ကယ်လို့ သင်ဟာ မီဂါအပ်လုပ်မှာ ရီဂျစ်စတာ မလုပ်ချင်ဘူးဆိုရင် ဒီယူဇာအကောင့်ကို အသုံးပြုနိုင်ပါတယ်။
(user name : mmebooks | password : forall )

၎။ ပေးထားသော အက္ခရာကို ရိုက်ထည့်ပြီး ဒေါင်းလုပ်ကို ကလစ်လုပ်ပါ။

၅။ ၂၅ စက္ကန်ခန့် စောင့်ပါ။

၆။ Clike here to Download ကို ကလစ်လုပ်ပြီး ကြိုက်သလို ဒေါင်းလုပ်ချနိုင်ပါပြီ။


ဒီဆိုဒ်မှာ တင်ထားတဲ့ အခွေတွေကို ဖိုင်ဆိုဒ်ချုံ့တဲ့အနေနဲ့ mp3 ဖိုင်ကို zip (သို့) rar
ဖိုင်ပြောင်းပြီး တင်ထားပါတယ်။ ဒေါင်းလုပ်ချပြီးတဲ့အခါ mp3 ဖိုင်ရရှိဖို့ အတွက် zip (သို့) rar
ဆော့ဝဲ နဲ့ပဲ ပြန်ဖြေရတယ်။ Zip သို့ Rar ကိုဖြေဖို့အတွက် အောက်မှာရှင်းပြထားပါတယ်။

၁။ ဖိုင်ဖြေဖို့အတွက် 7-zip ဆော့ဝဲကို အရင်ဆုံး ဒီမှာ ဒေါင်းလုပ် လုပ်ပါ။

၂။ အောက်တွင်ရှိသော ဗီဒီယို ကျူတိုရီရယ်အတိုင်း ဆက်လုပ်ပါ။


Zip tutorial
�аг��жено mmablog


Microsoft ရဲ့ OS တွေမှာ Default ပါဝင်တဲ့ Note Pad ကို အားမရသူများ၊ HTML, C/C++, စသည်ဖြင့် Code တွေရေးသားနေကြတဲ့ Programmer များ ပိုမို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် Free ရယူနိုင်မယ့် Notepad လေးတွေ လမ်းညွှန်ပေးထားပါတယ်ခင်ဗျာ။

Notepad ++

EditPad Lite

Crimson Editor

XML Notepad 2007http://myatlone.blogspot.com/2007/05/xml-notepad-2007.html

Imeem ကနေသီချင်းတွေ ချရအောင်

တင်ပြသူ Kyaw Htin Tuesday 2 September 2008

Imeem ကနေသီချင်းတွေ download ချလို့ရတဲ့နည်း စဉ်းစားနေတာကြာပါပြီ။ အဆင်ပြေတဲ့နည်း အခုမှတွေ့တယ်။ လွယ်လွယ်လေးပါပဲ ။
Orbit ဆိုတဲ့ software တစ်ခုနဲ့ ချရင် flv ဖိုင်နဲ့ ရပါတယ်။ အဲဒါကို freez flv to mp3 converter နဲ့ ပြောင်းယူလိုက်တာပါပဲ။
အောက်မှာ download ချလိုက်ပါ။

Orbit Downloader


Image Hosting by Picoodle.com

freez flv to mp3 converter
Image Hosting by Picoodle.com

ပြီးရင် run လိုက်ပါ။ orbit ကို run ပြီးရင် IE (internet explorer) ဖွင့်လိုက်ပါ ။


ဒီအတိုင်း ပုံလေး ၃ ခုကိုမြင်ရမှာပါ။ ၁ - download file တွေ့၊ ၂ -download ချနေသောဖိုင်၊ ၃ -complete ဖြစ်ပါတယ်။

IE နဲ့ပဲ www.imeem.com ကိုဝင် ပြီးသီချင်းတစ်ပုဒ် ကိုဖွင့်လိုက်တာနဲ့ ၁ icon မှာ 1 လို့ပြနေပါလိမ့်မယ်။

အဲနေရာလေးကို နှိပ်လိုက်ပါ။ pop up box လေး တစ်ခုပေါ်လာပါတယ်။ Download it ဆိုတာကို နိုပ်လိုက်ပါ။
 

download စပြီးချနေတာကို တွေ့ပါလိမ့်မယ်။ * ( သီချင်း မပိတ် လိုက်ပါနဲ့ ) * ။

ခဏလောက်ကြာရင် complete ဖြစ်သွားတာကို မြင်ရပါလိမ့် မယ်။

အဲဒါလေးကို click ပြီး Open folder ဆိုတာကို ဆက် click ပါတယ်။ download ချထားတဲ့ flv ဖိုင်ကို တွေ့ရမှာပါ။ cut လုပ်လာပြီး Desktop ပေါ်မှာ paste ပါတယ်။

freez flv to mp3 converter ကို run လိုက်ပါ။ ပြီးရင် Add Flv file(s) ဆိုတာနိုပ်ပြီး ခုန က Desktop ပေါ်မှာ ထားထားတဲ့ ဖိုင်ကို ယူလိုက်ပါတယ် ။
Start Converting ဆိုတာနိုပ်လိုက်ပါ။
 
  
 


ပြီးသွားရင် မိမိ ပေးထားတဲ့ အတိုင်း save လိုက်တဲ့ နေရာမှာ သွားကြည့်ပြီးဖွင့်လိုက်ပါ။

နားဆင်နိုင်တဲ့ MP3 တစ်ပုဒ် ရပါပြီ။ အဆင်ပြေကြပါစေ ။

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar