Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

VGA Graphics Problem

တင်ပြသူ Kyaw Htin Wednesday 30 December 2009






အားလုံးဘဲ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြည်နှုးနိုင်ကြပါစေလို့ဆုတောင်း ပနာမ ခွန်းဆက်ပါရစေ..။
ကဲဒီနေ့တော့ ကိုယ်တိုင်ကြုံတွေဖြေရှင်းခဲ့ရတဲ့ Graphics VGA ပြဿနာလေးကို
အမှတ်တရအဖြစ်တင်ပြပေးချင်ပါတယ်..
ပထမဦးဆုံးအနေနဲ့ .ကြွားတယ်လို့မထင်စေလိုပါ..
ကျွန်တော့်ဆီမှာ လက်ရှိကွန်ပျူတာစက်နှစ်လုံးဆင်ထားပါတယ်
တစ်လုံးကချက်တက်ဖို့ လက်တော့ တစ်လုံးကလျှောက်ကလိဖို့ Desktop ပေါ့ ကြော်ငြာဝင်တာတော့ဟုတ်ဖူးနော်..:)
ပြဿနာဖြစ်တာတော့ကြာပါပြီ ဘယ်စက်လဲဆိုတော့ Deskstop စက်မှာဖြစ်နေတာ
ကွန်ပျူတာ CPU ကအားလုံးအလုပ်လုပ်ရဲ့သားနဲ့ Flash screen မှာ အပျောက်ပျောက်တွေဖြစ်သွားတယ်
Window အသစ်တင်ကြည့်ပြန်ကောင်းမလားလို့စမ်းကြည့်တယ်မရဘူး
စာမေးပွဲတွင်းဆိုတော့ စက်ကိုပစ်ထားပြီးလက်တော့နဲ့သုံးနေမိတယ်
ကိုကလည်းကလိချင်နေတဲ့သူဆိုတော့ Deskstop မကောင်းရင်မနေနိုင်ပြန်ဘူးအမျိုးမျိုးစမ်းကြည့်တယ်
ကျွန်တော့်အနေနဲ့ကောက်ချကြည့်တာတော့ VGA လစ်သွားတယ်ဆိုတာဘဲ
VGA အသစ်မတင်ခင်မှာ ဘာWindow စမ်းသုံးထားလဲဆိုတော့ ခုခေတ်ကာလပြောနေကြလို့ပေါ့
ခေတ်မှီသူတိုင်း Window 7 သုံးကြသည်တယ်လေ...ကျွန်တော်လည်းအားကျမခံ သူများ 7 ကိုလည်း 7ပေါ့
စတင်တုန်းကတော့ ဘာမှပြဿနာမဖြစ်ပါဘူး ၂လသုံးလလောက်နေတော့ အော်တို Shutdows တွေစဖြစ်နေပြီ
အဲဒါတော့သတိထားမိတယ် Window 7 ရဲ့စွမ်းပကားလို့ဘဲသဘောထားနေမိတယ် နောက်ပိုင်းတော့
VGA လစ်ပြီး Screen ပါတက်မလာတော့ဘူး..ဟီး
ကောက်ချက်တစ်ခုအနေနဲ့ကော သတိပေးတဲ့အနေနဲ့ကောပါ
Window 7 ကြောင့်မို့ဒီပြဿနာဖြစ်သွားတယ်လို့ထင်ပါတယ်..ဒါကကျွန်တော့်စက်အနေနဲ့ပါ
ကျွန်တော့်စက် က Ram ၁ဂစ်ဘဲစိုက်ထားတော့ Windows 7 ကနိုင်ပေမဲ့တစ်ခြား Application တွေ Run တော့
Ran ကမနိုင်တော့ဘူး VGA ရဲ့ support ကိုယူရပြန်ရော အဲဒီမှာ VGA ကလည်း 256 ဘဲရှိတော့လစ်တာပေါ့
VGA လစ်သွားတာ ကျန်တာတွေမလစ်လို့တော်သေး စိတ်ထဲမှာဆုတောင်းနေမိတာက ဒီရုရှားရောက်တုန်းစုထားတဲ့
Hard disk က DATA တွေမဆုံးပါစေနဲ့လို့ဆုတောင်းနေမိတယ်...
ကဲအဓိကပြောချင်တာကတော့ မိတ်ဆွေတို့လည်း Window7 တင်ချင်ရင်အနည်းဆုံး Memory ၂ဂစ်လောက်ရှိမှတင်စေချင်
စမ်းစေချင်တယ် ကျွန်တော့်လို VGA Graphic Card ပျက်မှာစိုးလို့ပါ...
Motherboard မှာ VGA စိုက်ထားရင် အဲဒီ VGA ကထွက်တဲ့ Monitor Port အပေါက်နဲ့ဘဲ Monitor ကို
တွဲဖက်အသုံးပြုလို့ရပါတယ် Motherboard ကအပေါက်နဲ့တွဲချင်ရင်တော့ VGA ကိုဖြုတ်မှဘဲရမယ်
ဒါပေမဲ့ ကြာကြာသုံးရင်တော့ မျက်လုံးထိမယ်ထင်တယ်.. Graphic မပါတော့
ကာလာကမကြည်ဘူးလေ...
ကျွန်တော့် ဂရစ်ဖစ်ကညံ့လို့ပျက်သွားတာလားဆိုတော့ မဟုတ်ပြန်ဘူး
တော်တော်ကောင်းတဲ့ ဈေးကြီးပေးရတဲ့ ဂ၇စ်ဖစ်မျိုးမှာ
Designer တွေ ဂရစ်ဖစ်တည်ဆောက်သူတွေသုံးတဲ့ Apple Notebook တွေမှာသုံးတဲ့ MSI ကထုတ်တဲ့ NVidia GeForce အမျိုးအစား Graphics Card ဖြစ်ပါတယ်..
ကဲဒီပို့စ်ရဲ့ လိုရင်းကတော့ မိတ်ဆွေတို့အနေနဲ့ Window 7 သုံးမယ်ဆိုရင်တောင်
Memory နိုင်မှသုံးကြဖို့နဲ့ VGA ဂရစ်ဖစ်အကြောင်းဗဟုသုတအနေနဲ့တင်ပြရင်းကော
Hardware သမားများအတွက် ဗဟုသုတဖြစ်စေလိုခြင်း
ကျွန်တော်ဖြစ်ခဲ့တဲ့ အမှတ်တရအဖြစ်အပျက်လေးကို တင်ပြရင်းအနေနဲ့ပါ..
နောက်နေ့မှာတော့ ဘယ်လိုဖြေရှင်းလိုက်သလဲဆိုတာကိုစောင့်ဖတ်ကြည့်ရှုပေးကြပါလို့..
ပြောကြားရင်း ကျွန်တော့်အတွက် ဒီနေ့ပို့စ်ကိုအဆုံးသတ်ပါရစေ..။
မောင်ပညာကို အားပေးတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းကို ချစ်ခင်လေးစားလျှက် အမှားပါရင်ခွင့်လွတ်ပေးပါလို့ပန်ကြားရင်း

နည်းပညာချစ်သူများရဲ့
မောင်ပညာ (MIET)



Type the rest of your post here.

Picture for Letter and postcard

တင်ပြသူ Kyaw Htin Sunday 27 December 2009

ဒီနေ့တော့ ပျင်းပျင်းရှိတုန်း စိတ်ကူတည့်ရာလေးတွေ ရေးရင်းနဲ့ ဓာတ်ပုံလေးတွေလည်းပေးရင်းပေါ့..။
အခုတလော စာမေးပွဲတွေကလည်းနီးလာပြီဆိုတော့ စိတ်ကလည်းနည်းနည်းလေချင်နေမိတယ်
ဘာဆို ဘာမှမလုပ်ဖြစ်ဘူးပို့စ်အသစ်မတင်ဖြစ်တာတောင် တစ်ပတ်လောက်ရှိရောပေါ့..။
အခုတစ်လော အချစ်ရေးအဆင်မပြေကြတဲ့သူတွေပေါနေလားမသိဘူး
ကျွန်တော်ဆီကို လာပြီးအကြံဥာဏ်လာတောင်းကြတယ်
ဒီတော့လည်း ကဗျာသံ စာသံနဲ့သိသလိုလို တက်သလိုလို ဂုရုကြီးပုံဖမ်းပြီး
အားပေးလိုက် အကြဥာဏ်တွေပေးလိုက်တာဘဲ :)
ဘယ်ရမလဲ မောင်ပညာတို့က ဒါမျိုးဆိုကျွမ်းပြီးသား :)
ကိုယ်ဖြစ်ကိုယ်ခံလောကဓံကြီးမှာ အကြောင်းမလှခဲ့သည်ရှိသော် ကံ ကံ၏အကျိုးလို့သာ မှတ်ပေတော့သူငယ်ချင်းတို့ရေ :)
ကဲဒီနေ့တော့ ဆန်းဆန်းလေးလုပ်မိတာလေး တစ်ခုပြမလို့ပါ..
ဘာလဲဆိုတော့ ပေးစာပုံစံရေးလို့ရတဲ့ Picture လေးတွေပါ
ကျွန်တော်လည်း တွေ့တုန်းစိတ်ကူးရလို့ပေးလိုက်ပါတယ်း
Writing bag လို့ခေါ်တဲ့ပေးစာဒီဇိုင်းပုံတွေပါ၊ စာအိတ်တွေလည်းပါတယ်
ဒါလေးတွေကို အဝေးရောက်နေတဲ့သူတွေအတွက်ပရင့်ထုတ်ပြီး စာပို့ကြရင်သက်သာလောက်မယ်ထင်တာဘဲ ချွေတာရေးတွေပြောပြနေတာ :)
ကဗျာမကျ စာမကျတစ်ပုဒ်လောက်တောင် ကောက်စပ်လိုက်တယ်
ဖိုတိုလျော့စမ်းရင်းနဲ့ ရေးစပ်မိတာလေးပါ...









ကဗျာရေးတာတော့ ငယ်ငယ်ကတည်းက ၀ါသနာပါတယ်.။အဖြစ်မရှိတာလား အဲဒီဘက်တွေမှာ ကဗျာ Sense
မရှိတာလားမသိဘူး အားပေးခံရတော်တော်နည်းတယ်..တော်တာများပြောပါတယ်. :P
ကဲ အပြောလေးတွေရပ်ပြီး လိုချင်တဲ့သူများအတွက် ပုံတွေကို Rar ဖိုင်နဲ့ပေးလိုက်မယ်..
ချစ်ရေးအဆင်မပြေသူများ ဒီစာရွှက်တွေပေါ်မှာ ချစ်ကြောင်းတွေသိဖွဲ့ပြီး
မဟေသီတွေဆီ အရောက်ပို့ပေအုံးတော့...
"အဆင်ပြေသွားရင်တော့ ကျေးဇူးဆပ်ဖို့ မမေ့ကျေးနော် " :P

DOWNLOAD


(အားလုံးကို ခင်မင်လေးစားလျှက်
မောင်ပညာ )

Type the rest of your post here.

Saytime Alarm

တင်ပြသူ Kyaw Htin Friday 18 December 2009









Saytime Alarm ဆော့လ်ဝဲလေးဖြစ်ပါတယ်
ကွန်ပျူတာကနေ ဘယ်နာရီရှိပါပြီလို့ ပြောပေးပါလိမ့်မယ်
Alarm လိုမျိုးလည်းထားလို့ရပါတယ်
ဆော့လ်ဝဲလေးကတော့ အောက်မှာပါ
အဆင်ပြေပါစေ
Download

Type the rest of your post here.

Teracopy 1.22

တင်ပြသူ Kyaw Htin Sunday 13 December 2009





Teracopy 1.22 ဆိုတဲ့ဆော့လ်ဝဲလေးဖြစ်ပါတယ်..။
မိမိစက်မှာဘဲဖြစ်ဖြစ် Local Network မှာဘဲဖြစ်ဖြစ် ဖိုင်တွေကိုတစ်နေရာနဲ့တစ်နေရာ
မြန်မြန်ဆန်ဆန်နဲ့ high max speed ဖြင့် Copy ကူးနိုင်ဖို့အတွက်
အသုံးပြုနိုင်တဲ့ဆော့လ်ဝဲအမျိုးအစားဖြစ်ပါတယ်
Portable ဆော့လ်ဝဲဖြစ်တဲ့အတွက် အသုံးပြုရတာလည်းလွယ်ကူပါတယ်
င်္File ကိုCopy လုပ်တဲ့အခါမှာ File ကို Select --> Right Click ပေးပြီး
tearcopy ပေးလိုက်ပါ ပြီးရင် Copy to ကိုကလစ်ပြီးရွှေ့လိုတဲ့နေရာကို
ရွှေးပြီး ok ပေးလိုက်ရင် အမြန်ဆုံးရွှေ့ပြောင်းပေးသွားမှာဖြစ်ပါတယ်
ကဲ စမ်းသပ်လိုသူများအတွက်
လင့် ပေးလိုက်ပါတယ်..

DOWNLOAD


Type the rest of your post here.

NOD32 Antivirus 3.0.642(with unlimited update fix)

တင်ပြသူ Kyaw Htin Friday 11 December 2009






ပို့စ်အသစ်မတင်ဖြစ်တာတောင် တော်တော်ကြာနေပြီ ဒီနေ့တော့
အရင်ကဖော်ပြထားတဲ့ Laptop သမားများအတွက်ထားရှိသင့်တဲ့
Antivirous အမျိုးအစားဖြစ်တဲ့ NOD32 antivirous လေး
လက်ဆောင်ပေးလိုက်မယ် အောက်မှာဒါယူကြပေတော့ဗျာ
ခရစ်စမတ် လက်ဆောင်ပေါ့ :P

DOWNLOAD





Type the rest of your post here.

Should be use antivirous software for Window7

တင်ပြသူ Kyaw Htin Friday 4 December 2009










Windows 7 တွင်လုံခြုံရေးဆိုင်ရာ feature အသစ်တွေပါဝင်လာပေမယ့် Antivirus ပရိုဂရမ် များကိုတော့တွဲဖက်အသုံးပြုဖို့လိုအပ်ပါတယ်။ အောက်ဖော်ပြပါ Antivirus ပရိုဂရမ် ၁၀ခု ကတော့ Windows 7 နဲ့တွဲဖက်အသုံးပြုသင့်တဲ့ Antivirus ပရိုဂရမ်များ ဖြစ်ပါတယ်။


1: AVG
AVG 9.0 ကိုအခမဲ့ဗားရှင်း AVG Antivirus Free ဖြင့်ရရှိ နိုင်သလို AVG Antivirus, AVG Internet Security, AVG Internet Security Business Edition စတဲ့ပုံမှန်နှစ်စဉ်ကြေး (Subscription edition) ဖြင့် လည်းရရှိနိုင်ပါတယ်။ Free edition မှာ antivirus နဲ့ anti-spyware တွေကိုအသုံးပြုနိုင်ပေ မယ့်အလိုအလျောက် update ပြု လုပ်ပေးနိုင်မယ့်စနစ်တော့ပါဝင် လာခြင်းမရှိပါဘူး။ Update ပြု လုပ်လိုတဲ့အခါမှာတော့ manual ဖြင့်ပြုလုပ်နိုင်ပါတယ်။ Subscription edition မှာတော့ Free edition မှာပါဝင်တဲ့ feature များကို အသုံးပြုနိုင်သလို phishing နဲ့ anti-rookit ကာကွယ်မှုစတဲ့ feature တွေကိုအသုံးပြုနိုင်မှာဖြစ်ပါ တယ်။

2: avast!
လက်ရှိ avast! ဗားရှင်းဟာ ၄.၈ ဖြစ်ပြီး ဗားရှင်း ၅.၀ ကိုတော့ မကြာခင်အသုံးပြုနိုင်တော့မှာဖြစ်ပါ တယ်။ အခမဲ့အသုံးပြုနိုင်တဲ့ Home Edition နဲ့ နှစ်စဉ်ကြေးပေးသွင်း ကာအသုံးပြုနိုင်တဲ့ Professional Edition ဆိုပြီးရရှိနိုင်ပါတယ်။ Home Edition မှာ antivirus, anti-spyware, anti-rookit, automatic update စတာတွေကို အသုံးပြုနိုင်ပြီး Professional Edition မှာတော့ Free Edition မှာပါဝင်တဲ့ feature အပြင်အခြား feature မြောက်များစွာဖြင့်အသုံး ပြုနိုင်မှာဖြစ်ပါတယ်။

3: McAfee
McAfee 2010 ကို Virus-Scan Plus, Internet Security, Total Protection စသည့် Home Edition သုံးမျိုးဖြင့်ရရှိနိုင်ပြီး Edition တစ်ခုစီတွင် antivirus, anti-spyware, anti-phishing နဲ့ firewall protection စတဲ့ feature တွေပါဝင်ပါတယ်။

4: Norton
Norton 2010 ကို Internet Security, AntiVirus စတဲ့ဗား ရှင်းနှစ်မျိုးဖြင့်ရရှိနိုင်ပါတယ်။ ၎င်းင်း ဗားရှင်းနှစ်မျိုးစလုံးတွင် virus, spyware, Trojan horse, worm, rookit တို့ဝင်ရောက်ခြင်း မှကာကွယ်ပေးနိုင်မယ့်အချက်တွေ ပါဝင်ပါတယ်။ Internet Security ဗားရှင်းမှာတော့ firewall အ တွက်နည်းလမ်းနှစ်မျိုးပါဝင်ပြီးအ ခြားလုံခြုံရေး feature များလည်း ပါဝင်လာပါတယ်။

5: Kaspersky
Kaspersky ရဲ့ Antivirus 2010 နဲ့ Internet Security 2010 တို့ကို download ပြုလုပ် ကာ ရက် ၃၀ စမ်းသပ်သုံးစွဲနိုင်ပါ တယ်။ ၎င်းင်းဗားရှင်းနှစ်ခုစလုံးတွင် virus, spyware, Trojan, worm, bot စသည်တို့ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အချက်တွေပါ ၀င်သည့်အပြင် phishing နဲ့ identity theft ကာကွယ်မှုစနစ်တွေ လည်းပါဝင်လာပါတယ်။ Internet Security ဗားရှင်းမှာတော့ applicaton နဲ့ browser တို့ မှအချက်အလက်များကိုကာကွယ် ပေးနိုင်တဲ့ Safe Run လိုအဆင့် မြင့် feature တွေပါဝင်လာသည့် အပြင် application တွေရဲ့လုံခြုံ မှုကိုစစ်ဆေးပေးနိုင်တဲ့ Security Analyzer စတဲ့ feature တွေပါ ၀င်လာပါတယ်။


6: Trend Micro
Trend Micro ကထုတ်လုပ် တဲ့ Antivirus + Antispyware, Internet Security, Internet Security Pro တို့ကို အခမဲ့စမ်းသပ်အသုံးပြုနိုင်ပါတယ်။ ဗားရှင်းတစ်ခုစီမှာ antivirus နဲ့ anti-spyware ကာကွယ်မှုဖြင့် အသုံးပြုနိုင်ပြီး Internet Security ဗားရှင်းတွင် ၀က်ဘ်၊ အီးမေးလ်နဲ့ parental ကာကွယ်မှုစနစ်များကို အသုံးပြုနိုင်ပါတယ်။

7: Panda Security
Panda 2010 မှာတော့ Anti-virus Pro, Internet Security, Global Protection စတဲ့ဗားရှင်းများဖြင့်ရရှိနိုင်ပြီး antivirus, anti-spyware, anti-phishing, firewall protection တို့ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Internet Security ဗားရှင်းတွင် anti-spam, parental control, backup စသည့် feature များထပ်ပေါင်းပါဝင်ပြီး Global Protection ဗားရှင်းမှာတော့ backup နဲ့ PC Tuneup feature များပါဝင်လာပါတယ်။

8: PC Tools
Spyware Doctor ပါဝင်တဲ့ Antivirus 2010 ဟာ virus, spyware, Trojan, adware, worm, keylogger စသည်များကို ဖယ်ရှားပေးနိုင်ပါတယ်။

9: Sunbelt Software
Sunbelt Software ရဲ့ VIPRE (Virus Intrusion Protection Remendation Engine) ဟာ Windows 7 နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ Antivirus + Antispyware ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Windows 7 ရဲ့ XP Mode ဖြင့်လည်း အသုံးပြုနိုင်ပြီး အဲ့ဒီအတွက်လိုင်စင်ကြေးထပ်မံပေးသွင်းဖို့မလိုပါဘူး။

10: Microsoft Security Essentials
Microsoft Security Essentials ဟာအခမဲ့ download ပြုလုပ်ကာအသုံးပြုနိုင်တဲ့ Antivirus ပရိုဂရမ်ဖြစ်ပါတယ်။ Virus, spyware အပြင်အခြားအန္တရာယ်ရှိတဲ့ rookit, Trojan စတဲ့ ဆော့ဖ်ဝဲတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် သံသယဖြစ်ဖွယ်ဖိုင်များနဲ့ပရိုဂရမ်များလုပ်ရှားမှုကိုလည်း စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး download ဖိုင်များနဲ့ attach ဖိုင်များကိုလည်းစစ်ဆေးပေးနိုင်ပါတယ်။

(မှတ်ချက် :source by internetjournal
အရင်ကပေးခဲ့ Avast Attivirous သည် Lastest Virsion ဖြစ်ပါတယ်နောက်ထပ်လည်း
Ativirous ဆော့ဝဲလ်များတွေ့ရင်တင်ပေးသွားပါမယ်)

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar