Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

web page တွေူloading time မြန်လာအောင် လုပ်တဲ့နည်းပါ။ တစ်ကယ်လည်းမြန်လာပါတယ်။
ISP က သာ မကောင်းနေရင်တော့ စိတ်လျှော့လိုက်ပေါ့။ သူတင်ကိုယ်တင် ပြိုင်ဆွဲရတာမျိုးဆို နှာတစ်ဖျားသာသွားတယ်။
ပထမဦးဆုံး start\run\regedit ရိုက် ပြီးရင် enter နှိပ်ပေါ့။
HKEY LOCAL MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider ကို အဆင့်ဆင့်သွားလိုက်ပါ။

အောက်မှာ ပေးထားတဲ့ ငါးခုရဲ့ hexadecimal value ကို 1 လို့ ပြောင်းပေးလိုက်ပါ။
1.Class=1
2.DnsPriority=1
3.HostsPriority=1
4.LocalPriority=1
5.NetbtPriority=1
ပြီးရင် reboot လုပ်ပေါ့။ အပျံစား နဲ့ အမြန်သွားနိုင်ပါပြီ။

Type the rest of your post here.

welcome screen မတက်ခင်တောင်းလာတဲ့ password ကိုဘယ်လို hack ကြမလည်း
ကဲ startkey password ပေးကြမယ်ဂျာ.......
* start-->Run--> syskey ကိုရိုက်ထည့်ပါ......
* Securing the windows XP account Database box ကျလာပါမယ်
ပြီးရင်Encryption Enabled က check ပေးထားတယ်...update ကို click ပေးရပါမယ်..
Startup Key box ကျလာပါမယ်........
* Password Startup ကို check လုပ်ပါ........ မိမိပေးလိုသော password ကို
password box နှင့် confirm box တွင်ဖြည့်ပါ.......
*password ကိုတော့သေချာမှတ်ထားကြပါ ခင်ဗျာ......ကျေးဇူးတင်ပါတယ်ခင်ဗျ
အားလုံးအဆင်ပြေနိုင်ကြပါစေ


Type the rest of your post here.

Windows XP မှာ device တစ်ခုကို install လုပ်တဲ့အခါ ကွန်ပျူတာ boot လုပ်တိုင်း ဒီ driver ကို Operating System က load လုပ်ပေးပါတယ်။ ဒီ driver ကို သုံးတဲ့ device မရှိတော့လည်း OS က driver ကို load လုပ် ပြီး resource တွေကို အလဟဿ ဖြစ်စေတာကြောင့် စက်မှာမရှိတော့တဲ့ device တွေရဲ့ driver တွေကို ဖယ်ရှားပစ်သင့်ပါတယ်။မလိုအပ်တော့တဲ့ device driver တွေကို ဖယ်ရှားပစ်ဖို့ အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်-
My Computer ကို right click လုပ်ပါ။


အဲဒီက Properties ကို click လုပ်ပါ။ (win+pause break) System Properties dialoag box တက်လာပါမယ်။ Advance tab ကိုရွေးပါ။ Advance tab က Environment Variables button ကို နှိပ်ပါ။ အဲဒီက System Variable panel အောက်ရှိ New ကိုနှိပ်ပါ။ ပေါ်လာတဲ့ New System Variable dialog box မှ Variable name မှာ devmgr-show-nonpresent-devices လို့ ရေးထည့်ပေးပါ။ Variable Value မှာ (1) တစ်လို့ရေးထည့်ပေးပါ။ OK ကိုနှိပ်ပါ။ System Properties dialog box ကိုပြန်ရောက်သွားမယ်။ OK ကိုပဲဆက်နှိပ်ပါ။ Hardware tab ကို ရွေးပါ။ Device Manager button ကိုနှိပ်ပါ။ Device Manager မှာ View menu မှတစ်ဆင့် Show Hidden Devices ကိုသွားပါ။ ပြီးရင် Device tree မှာရှိတဲ့ + ကလေးတွေကိုနှိပ်ပြီးဖြန့်ထုတ်လိုက်ပြီး မှိန်နေတဲ့ Icon တွေကိုရှာပါ။ မှိန်နေတာဟာ အသုံးမပြုတော့လို့ဖြစ်ပါတယ်။ အဲဒီ အသုံးမပြုတော့တဲ့ Device ရဲ့ Driver ကို ဖယ်ရှားချင်ရင် အဲဒီ Icon ပေါ်မှာ Right click လုပ်ပြီး uninstall ကိုရွေးချယ်ပေးလိုက်ပါ။

တစ်ခါတစ်ရံ file တစ်ခုခုကိုရှာတော့မယ်လုပ်တော့မှ Search ကိုဖွင့်လို့မရတာကိုသတိထားမိတတ်ကြပါတယ်။ search တို့ folder option တို့ Task manger တို့ဆိုတာ virus ကြောင့်ပဲပျောက်နေကြတာပါ။ ရှာရှည်နေရင်ကြာမှာစိုးလို့ လိုရင်းကိုပဲ ပြောတော့မယ်။ Search နဲ့ Folder Option ပျောက်နေတာ ကိုဖေါ်ချင်ရင်--Start >> Run ကိုဖွင့်ပါ။ (win+R)-regedit လို့ရိုက်ထည့်ပြီး OK/ Enter လုပ်ပါ။

Registry Editor ပေါ်လာပါလိမ့်မယ်။အဲဒီကလေHKEY_Current_User\Software\Microsoft\Windows\CurrentVersion\Politicies\Explorerအဲဒီအတိုင်း tree တွေကိုဖြေသွားပြီး နောက်ဆုံးက Explorer ကို select လုပ်ထားပါ။ညာဘက်က NoFind and NoFolder Options နှစ်ခုရဲ့ data မှာကြည့်လိုက်ပါ။ 0x00000000(1) တွေဖြစ်နေပါလိမ့်မယ်။အဲဒီ Nofine and NoFolder Options ကို Double Click လုပ်ပါ။Edit DWORD Value dialog box ပေါ်လာပါလိမ့်မယ်။ အဲဒိက Value Data နေရာက 1 ကို 0 ပြင်လိုက်ပါ။ပြီးရင် OK ကိုနှိပ်ပါ။ ကွန်ပျူတာကို restart လုပ်ပါ။ Window ပြန်တက်လာတာနဲ့ အားလုံးကောင်းသွားမှာပါ။

Peekaboo ပို့စ်ခေါက်ခြင်း ကို ဘလော့ဂါအမတစ်ယောက်ဆီကတွေ့မိတာပါ
သူပိုစ်ထဲအတိုင်း လုပ်ကြည့်တာ အဆင်ပြေပါတယ်..
ပို့စ်အရှည်ကြီးရေးသားသူတွေအတွက် ပို့စ်ကိုတပိုဒ်လောက်ဖော်ပြပြီး
ကျန်တဲ့စာသားကို ၀ှက်ပြီးဖော်ပြနိုင်ရန်အတွက်Peekaboo ပို့စ်ခေါက်နည်းလမ်းကို
တင်ပြလိုပါတယ်။
အဆင့်၁။ ။ပထမဦးဆုံး ..
(ဒီဖိုင်ထဲက ကုဒ်လေးကို )
လေးကို
Layout >> Edit HTML ထဲက
(/HEAD)TAG မဆုံးခင်မှာထည့်ပေးပါ


အဆင့်၂။ ။
(အဆင့် (၂) အတွက် မိမိရဲ့ ဘလော့ဂ်ဟာ New Blogger Template ကို သုံးနေတာ ဖြစ်ရပါမယ်. Template Tab မှာ Expand Widgets ဆိုတဲ့ Box လေးကို Tick လုပ်ပေးခဲ့ဖို့လည်း မမေ့ပါနဲ့ခင်ဗျာ. လိုချင်တဲ့ ကုဒ်လေးတွေကို အလွယ်တကူရှာတွေ့ချင်ရင်တော့ Template ကို ကော်ပီကူးယူပြီး Microsoft Word ထဲမှာပဲ ဖြစ်ဖြစ်၊ Notepad ထဲမှာပဲ ဖြစ်ဖြစ် Paste ပြန်လုပ်ပါ. ပြီးရင် Ctrl+F ကိုနှိပ်ပြီး လိုချင်တဲ့ စာလုံးလေးတွေကို လိုက်ရှာယူပါ. )
ပြီးရင်Template ထဲမှာ includable id=’post’ ဆိုတာလေးကို ရှာပါ။ ပြီးရင includable id=’post’ ဆိုတဲ့ code ကနေ
(div style='clear: both;'/)
(!-- clear for photos floats --)အထိ (ဒီဖိုင်ထဲကကုဒ်ကိုထည့်ပြီး) တွေကို အစအဆုံး အစားသွင်းလိုက်ပါ...
ပြီးရင် တန်းပလိတ်ကို save လိုက်ပါ။

အဆင့် (၃)။ ။
Setting ထဲက Formatting Tab ကိုသွားပြီး Post-Template နေရာမှာ အောက်ပါစာသားလေးများကို ရိုက်ပါ။


Type your summary here.
(span id="fullpost")
Type the rest of your post here.
(/span)


Save လုပ်ပါ။ပြီးရင်နောက်ထပ်ရိုက်မဲ့ postတွေမှာ Type your summary here.
(span id="fullpost")
Type the rest of your post here.
(/span)ဆိုပြီးပေါ်နေမယ်...
Type your summary here. ဆိုတဲ့နေရာမှာ ဖော်ပြလိုတဲ့ အပိုဒ်ကိုရိုက်မယ်..Type the rest of your post here.
ဆိုတဲ့နေရာမှာတော့ ၀ှက်လိုခေါက်ထားလိုတဲ့ စာပိုဒ်ကိုရိုက်ပေးရမှာဘဲဖြစ်ပါတယ်။။။
ဒါဆိုရင်တော့ အားလုံးအဆင်ပြေလောက်ပြီလို့ထင်ပါတယ်
အခက်အခဲရှိက မေးမြန်းနိုင်ပါတယ်
(မှတ်ချက်အနေနဲ့ HTML ကုဒ်ထည့်သွင်းတဲ့နေရာမှာ "(" ဆိုတဲ့နေရာမှာ "<"လို့ပြောင်းပေးပါ ")" နေရာမှာ ">"လို့ပြောင်းလဲပြီးအစားသွင်းရှာဖွေသွားကြရန် .ပန်ကြားလိုပါတယ် )

Timer Shutdown

တင်ပြသူ Kyaw Htin Wednesday 29 October 2008

ကျွန်တော် ခုတလော web တွေလိုက် ဖတ်ရင် နဲ့ မှတ်သား မိတာလေး တွေ ပြန်ရေးတာပါ။hacker မဟုတ်ပါဘူး။ သိပြီသားဆိုရင် ပြန်မှတ်မိအောင် မသိသေးရင် သိအောင် ပါ။


နည်း(၁)

၁. မိမိ deskstop ပေါ်မှာ right click ပေးပြီ “new > shortcuts” သို့သွားပါ

၂. creat shortcut box မှာ shutdown -s -t 3600 လို့ရေးလိုက်ပြီ next ကို click လိုက်ရင် ok ပါပြီ..

မှတ်ချက်။ ။ ၃၆၀၀ ဆိုတာ စက္ကန့် ကိုပြောတာပါ..

(ကိုအောင်)



၆၀စက္ကန့်*၆၀မိနစ်=၃၆၀၀စက္ကန့်

၃. icon ကိုပြောင်းခြင်ရင် icon ပေါ် right click > properties > change icon > browse ကိုသွားပြီး ပြောင်းနိုင်ပါတယ်..

လုပ်ထားသော command ကိုဖြတ်ရန်
အဆင့် (၁) အတိုင်းလုပ်ပြီ creat shortcut box မှာ shutdown -a လို့ ရေး ပြီ shortcut လုပ်ထားယုံပါပဲ

နည်း(၂)

start > run သွားပြီ at 11:35 shutdown -s လို့ရေး ယုံပါပဲ

လုပ်ထားသော command ကိုဖြတ်ရန်
start > run သွားပြီ shutdown -a လို့ရေး ရင် ok ပြီ

မှတ်ချက်။ ။ အချန်တွေရေးရင် ၂၄ နာရီ နဲ့ ပဲရေးရပါမယ် ။ ဥပမာ။။။။ ၈း၃၀ pm မှာ shutdown ပေးမယ် ဆိုရင်
at 20:30 shutdown -s လို့ရေးရ ပါ မယ်။

POWER လားSquare root လား

တင်ပြသူ Kyaw Htin

မေး ....Excel မှာ ပါဝါတင်တာနဲ့ square root ရှာတာကိုရောနေပါတယ် ခွဲခြားဖော်ပြပေးပါ။
ဖြေ...2 to the power 5 ကိုတွက်ချင်ရင် =2^5လို့ဖော်မြူလာရေးပေးပါ။ ^အမှတ်အသားက(carat)
လို့ခေါ်ပြီး ကီးဘုတ်ကဏ္ဏန်း ၆မှာရှိပါတယ်။။ To the power ကိုယ်စားပြုတယ် ဒါမှမဟုတ်လည်း
=POWER (2,5)ဆိုပြီး
ရေးနိုင်ပါတယ်။
Square rootအတွက်square root of 25် ဆိုပါတော့။။။

ဖော်မြူလာမှာ 25 ^(1/2)ဆိုပြီးရေးပါ။ သို့မဟုတ် လို့ရေးနိုင်ပါတယ်။
နောက် Cube root ဆိုတာရှိပါသေးတယ်။ ၄င်းအတွက် =25^(1/3) သို့မဟုတ်
=POWER (25,1/3)လို့ဖော်မြူလာ ထုတ်နိုင်ပါတယ်။။
(ကွန်ပျုတာ ဂျာနယ်)

Type the rest of your post here.

ကိုကြိုက်တဲ့ Flash Files တွေရပြီ ဆိုတော့ မိမိ ဘလော့မှာ Flash image တွေကို ထည့်ကြည့် ရအောင်။ ပထမဆုံး မိမိ ထည့်လိုတဲ့ Flash Image File ကို uplode လုပ်ထားရ ပါမယ်။http://h1.ripway.com မှား upload လုပ်နိုင် ပါတယ်။ ripway.com မှာကိုယ်ပိုင်Page ကိုGmail username နဲ့ password အသုံးပြုပြီး Registar လုပ်ကာဝင်ရောက် နိုင်ပါတယ်။ upload လုပ်ပြီး File link ရပြီဆိုရင် မိမိ ထည့်လိုတဲ့ Flash File ကိုထည့်ဖို့ အောက်ပါ html coding အား ကူးယူ၍ မိမိ ထည့်လိုသည့် နေရာတွင် paste လုပ်ပါ။

code လေးက ဒီမှာ ပါ...

ANIMATION NAME နေရာတွင် မိမိ Flash File name ကိုထည့်ပါ။ THE WIDTH HERE နှင့် THE HEIGHT HERE တွင် မိမိပုံ ပေါ်လိုသည့် အရွယ်အစား ကိုထည့်ပါ။ YOUR FLASH ANIMATION LINK HERE.swf တွင် မိမိ Flash File Link ကို ထည့်ပါ။ ဒါဆိုရင် မိမိထည့်လိုတဲ့ Flash File လေးအား မိမိရဲ့ ဘလော့မှာ တွေ့မြင် နိုင်ပြီ ဖြစ်ပါတယ်။
အားလုံးကို လေးစားလျက်……

myanmar website

တင်ပြသူ Kyaw Htin Friday 24 October 2008

http://www.sharbar.net

‘ရှာပါ’ လို့အဓိပ္ပါယ်ရတဲ့ website ဖြစ်ပါတယ်။ ပေါ်ထွက်လာတာ သိပ်မကြာသေးပင်မယ့် သုံးစွဲရတာ မြန်ဆန်တဲ့အတွက် သဘောကျမိပါတယ်။ အထူးသဖြင့်လှပတဲ့ homepage ဟာ user တွေကို ဆွဲဆောင် နိုင်စွမ်း အပြည့်အဝရှိနေပြီးdatabaseကိုအချိန်ပေးပြီးတည်ဆောက်ခဲ့ပုံရတာကို result မှာ တွေ့နိုင် ပါ တယ်။

စောင့်ကြည့်ရန်


http://search.mymyanmar.net

00000000000000000000000000000000000000000

Tutorial

http://blog.mghla.com

မန္တလေးသားတွေအတွက် ဂုဏ်ယူ စရာ အကြောင်းအရာ အများအပြား ရှိတဲ့ အထဲမှာ ‘မောင်လှ’ ဟာ ဂုဏ်ယူခွင့် အသစ်တစ်ခု ဖြစ်ပါ တယ်။ သု့ရဲ့web မှာ တခြား အကြောင်းအရာတွေ အမျိုးအစ ပါရှိပေမယ့် အဓိကကတော့ သူတက်မြောက်ထားတဲ့ ပညာရပ်တွေကို ဆရာစားမချန်ဘဲပြန်လည် ဝေမျှပေးနေတဲ့ အတွက် tutorial subject ထဲကို ထည့်သွင်းရွေးချယ် ခဲ့ပါတယ်။userတစ်ယောက် အတွက် အဖိုးတန် နည်း ပညာအကူအည်ီနဲ့ပတ်သက်ပြီးတော့အများအပြားရရှိနိုင်တဲ့နေရာတစ်ခုပါ။



http://www.phpmyanmar.com

Php နဲ့ mysql ကိုတကူးတကလေ့လာလိုက်စားလိုသူတွေအတွက်တန်ဖိုးရှိတဲ့သင်ခန်း စာတွေ coding လမ်းညွှန်ပြသမှုတွေနဲ့အတူ programming ပညာရပ်ကို စူးစမ်းလေ့နေတဲ့ လူငယ်တိုင်း လေ့လာကြည့် သင့်တဲ့စာမျက်နှာတစ်ခုဖြစ်ပါတယ်။ forum တည်ဆောက် ပေးထား လို့ အလွယ်တကူပဲကိုယ်လိုချင်တဲ့ အကူအညီတွေကို အဖွဲ့ဝင်တွေ အချင်းချင်းအဖြေရှာတိုင်ပင် လို့ရနိုင်ပါတယ်။

စောင့်ကြည့်ရန်

http://www.sixblade.net

00000000000000000000000000000000000000000

Ebook

http://www.myanmarelibrary.com

အသစ်ထွက်ပေါ်လာတဲ့ elibrary ဟာ online စာကြည့်တိုက်ဆိုတာထက် community သဘော ပိုမို အသက်ဝင်နေတာဟာ သိပ် ကောင်း ပါတယ်။ ဒါမှလည်းစာအုပ်ချစ်တဲ့အဖွဲ့ဝင်တွေဟာ အချင်းချင်း တိုင်ပင် ဆွေးနွေးရင်း ဗဟုသုတတွေကိုနှီးနှောဖလှယ် နိုင်ကြမှာ ဖြစ်ပါတယ်။ မြန်မာလူငယ်တွေအတွက် ဗဟုသုတ ရစေမယ့် စာအုပ်စာတမ်းတွေ အများအပြားကို sever ထိန်းသိမ်းပေးထားပါတယ်။

http://www.mmblog.net

အင်တာနက်ထဲမှာ အခမဲ့ ရနိုင်တဲ့ ebook တွေအများအပြားရှိပါတယ် တချို့စာအုပ်တွေဟာ ကျောင်းသား ကျောင်းသုတွေ အတွက် အလွန် အဖိုးတန်ပေမယ့် မရှာဖွေနိုင်ဘူး ဖြစ်နေခဲ့ရင် “MMblogs” ၀င်ရောက် ကြည့်နိုင်ပါတယ်။ အလွန်ရှားပါးတဲ့ programming ebook တွေကစလို့ တခြား upload တင်ထားတဲ့ နည်းပညာစာအုပ် တွေပါ တပုံတပင် ရနိုင်ပါတယ်။ အလွယ်တကူ ‘download’ ချနိုင်တဲ့ site တွေကိုပါ link ချိတ်ပေးထားတဲ့အတွက် ကျေးဇူးတင်စရာပါ။

http://www.foreverspace.com.mm

forever ကတော့ အခမဲ့၊ အခပေး နှစ်မျိုးစလုံးအတွက် ebook တွေကို တည်ဆောက် ထားပါတယ်။

စောင့်ကြည့်ရန်

http://www.all-channel.com

http://www.swanbros.blog-spot.com/2005/11/free-myanmar-ebooks.html

00000000000000000000000000000000000000000000

COMPUTER BUYING

http://www.alpha.com.mm

ကွန်ပြူတာတစ်လုံးစာကို ဝယ်ယူဖို့အတွက် ကိုယ့်မှာရှိတဲ့ ငွေကြေးနဲ့ မလောက်မင ဖြစ်နေတာကို စိုးရွံ့နေစရာ မလိုတော့ပါ။ Alpha ရဲ့ caculate machine နဲ့ onlioe ပေါ်မှာ တွက်ချက်လို့ရပါတယ်။ ဒီနေ့အကောင်းဆုံးဆိုတဲ့ ပစ္စည်းတွေကို ထည့်သွင်း ပေးထားတဲ့အတွက် အလွယ်တကူတွက်ချက်ပြီး ဖြေရှာနိုင်မှာပါ။Alpha အနေနဲ့ တချို့မလိုချင်တဲ့ ပစ္စည်းတွေကို ဘေးဖယ်ထားနိုင်တဲ့ None button တစ်ခုနဲ့ဈေးနှုန်းတွေကို update လုပ်ပေးနိုင်မှုကိုသာ ထည့်သွင်းလိုက်မယ်ဆိုရင် အကောင်းဆုံး လမ်းညွှန် ဖြစ်သွားမှာ သေချာပါတယ်။

http://www.myanmarcomputermarket.com

ဒီဇိုင်းအသစ်ကို ပြန်လည်ပြင်ဆင်လိုက်တဲ့ myanmar computer market ဟာ user တွေအဖို့အားကိုး အားထားပြုနိုင်စရာ အချက် အလက်တွေ အများအပြား စုဆောင်းထားပါတယ်။ ဒီနေ့ရန်ကုန်မှာရောင်းချ တဲ့ ကွန်ပြူတာနဲ့အပို ပစ္စည်းတွေရဲ့ဈေးနှုန်းတွေနဲ့ new product တွေကို တစ်နေရာတည်းမှာ အစုံ အလင် ရရှိနိုင်တဲ့အပြင် ဆိုင်လိပ်စာတွေနဲ့ကွန်ပြူတာ ကုမ္ပဏီ တွေရဲ့ contact address တွေကိုပါ ထည့် သွင်း ပေးအပ်ထား ပါသေးတယ်။

စောင့်ကြည့်ရန်

http://www.luckybird.myanmar.com

00000000000000000000000000000000000000000

EDUCATION

http://www.studying-singapore.com

စင်ကာပူနိုင်ငံမှာ ကျောင်းသွား တက်ဖို့အတွက် ဘာတွေ လိုအပ်ပါသလဲ။ ဘယ်လို ပညာ အရည်အချင်း၊ မည်သည့်ထောက်ခံချက်၊ အသက်အရွယ် အတိုင်းအတာတွေနဲ့ကျောင်းတွေ ရဲ့လိပ်စာ၊ တည်နေရာ တွေကစလို့ လူငယ်တွေအတွက် တန်ဖိုးအရှိဆုံး ပညာရေး ဝန်ဆောင်မှု website ဖြစ်ပါ တယ်။ ဒီ website ကို အသေအချာ လေ့လာထားမယ်ဆိုရင် စင်ကာပူတင်မကဘဲ တခြားနိုင်ငံ တွေ မှာပါ ကျောင်း တက်ဖို့စိုင်းပြင်းနေတဲ့ပညာသင်တွေအတွက်အလွန်ကောင်းမွန်တဲ့ အကြံပေး ဩဝါဒ တွေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ အပြည့် အစုံ ရှိနေပါတယ်။

http://www.myanmartraining.com

စင်ကာပူ၊ဩစတြေးလျ၊ မလေးရှား၊ အင်္ဂလန်၊ ယိုးဒယားစတဲ့နိုင်ငံတွေကို ပညာသင် သွားမဲ့ လူတွေ အတွက် ဆောင်ရန်၊ ရှောင်ရန် အကြံပေး လမ်းညွှန်မှုတွေကိုဖော်ပြထားပါတယ်။ ကွန်ပြူတာ skill အနေနဲ့လည်း မြန်မာပြည်တွင်းမှာရှိတဲ့ KMD, Informatics, Ocean Gate စတဲ့ သင်တန်းကြီးတွေနဲ့ သင်ကြားနေတဲ့ Programme တွေကိုပါ ဖော်ပြထားပြီး ကိုရီးယား တက္ကသိုလ်ကို စရိတ်ငြိမ်း ပညာ သင် ဆု လျှောက်ထားနိုင်ဖို့ကိစ္စရပ်တွေကအစဖော်ပြထားပါတယ်။

http://www.cetana.com

‘စေတနာ’ လိုအမည်ရှိတဲ့ website ဟာမြန်မာလူငယ်တွေအတွက် ‘ပညာသင်ဆု’ တွေ ရရှိနိင်မဲ့ အခွင့် အလမ်းနဲ့နည်းလမ်းတွေနဲ့ နည်းလည်းတွေကို ကူညီ လမ်းညွှန်ပေးပါတယ်။ ကျောင်း တစ်ခုရဲ့ scholarship လျှောက်တဲ့ နေရာမှာ လိုအပ်တဲ့ အချက်အလက် တွေကို online ပေါ်မှာ အသေအချာ ရေးသား ပြသပေးရုံ သာမကဘဲ offline အနေနဲ့အခက်အခဲရှိလို့ အကူအညီ တစ်စုံတစ်ရာ လိုခဲ့ရင် ဆက်သွယ် နိုင်အောင်တိကျတဲ့ လိပ်စာတွေ ပေးထားပါတယ်။ တကယ်လို့ ကိုယ်ဟာ ’scholarship gramme’ ကို စိတ်ဝင်စားရင်တော့ ‘cetana’ နဲ့ ဆက်သွယ်မှကို ဖြစ်မှာပါ။

စောင့်ကြည့်ရန်

http://www.studying-malaysia.com/

http://www.thanlwinsoft.org/

0000000000000000000000000000000000000000000

Easy Photo Frame

တင်ပြသူ Kyaw Htin Tuesday 21 October 2008

Easy Photo Frame 6.05A tool easily and quickly frame your photos with 440+ included frames.

Download now

Greeting Card Editor
Greeting Card Editor 2008.2.10Greeting Card Editor is an easy-to-use greeting card editing software.



download now




ကျွန်တော်တို့ ရုရှားနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သူငယ်ချင်း ညီအကိုများအတွက် အသုံးဝင်တဲ့ ၀က်ဆိုဒ်များကို လမ်းညွန်ပေးပါရစေ။ ရုရှားနိုင်ငံမှာ ပညာသင်နေတဲ့ ကျောင်းသားအများစု အမြဲကြုံတွေ့နေရတဲ့ ပြသနာကတော့ russian language ပဲဖြစ်ပါတယ်။ အဓိကအဆိုးဆုံးပြသနာကတော့ ဆရာက သက်ဆိုင်ရာဘာသာရပ်အလိုက် referat တွေ၊ term paper တွေ၊ Home work တွေ ၊ assignment တွေ ပေးလိုက်ပြီး russian language နဲ့ theory တွေ ရှင်းလင်းချက်တွေကို ပြန်လည်ရေးသားကြရတဲ့ အချိန်မှာပါပဲ။ russian languange မှာ နေ့စဉ်သုံးစကား နဲ့ Technical Terms တွေဟာ မတူကြပါဘူ။ နေစဉ်သုံးစကားတွေက လွယ်ပေမဲ့ Technical Terms တွေကို ရေးသားကြရာမှာတော့ grammer forms တွေရှုပ်ထေွးလို့ ဖတ်ရှုရေးသားရတာမှာ အရမ်းခက်ပါတယ်။ ကျွန်တော်တို့ မြန်မာကျောင်းသားအများစုကလည်း ငယ်စဉ်ကတည်းက အင်္ဂလိပ်လိုသင်လာရတာ အကျင့်ပါနေတော့ မှီကျမ်းစာအုပ်တွေ ဖတ်ရှုရင်လည်း အင်္ဂလိပ်လို အဖတ်များကြပါတယ်။ အင်တာနက်မှာ ရုရှားလိုရှာရတာ ခက်ခဲတာကြောင့်လည်း ပါပါတယ်။ ဒါပေမဲ့ ရုရှားလို စာပြန်ရေးတဲ့ အချိန်မှာတော့ အင်္ဂလိပ်ကနေ မြန်မာလိုဘာသာပြန်၊ မြန်မာလိုကနေ အင်္ဂလိပ်လိုထပ်ပြန်၊ ပြီးရင် Prompt၊ Lingvo ၊ Magic Goddy ၊ S-translator စတဲ့ software တွေကိုသုံးပြီးတော့ ရုရှားလို ပြန်လည်ရေးသားရနဲ့ တော်တော် အလုပ်ရှုပ်ပါတယ်။ အဆိုးဆုံးကတော့ ရှုရှားလို Technical Terms တွေပြန်ရေးရတာမှာ Grammer တွေနဲ့ မပိုင်နိုင်ကြတာပါပဲ။ အခုကျွန်တော်လမ်းညွန်ပေးလိုတဲ့ website တွေကတော့ ရုရှားဘာသာနဲ့ ရေးသားထားတဲ့ referat ၊ Homework ၊ assignment နဲံ့ Thesis တွေကို သက်ဆိုင်ရာ ဘာသာရပ်တွေအလိုက် အလွယ်တကူ ရှာဖွေ Dwonload လုပ်နိုင်ပြီး ဖတ်ရှုလေ့လာ မှီကျမ်းကိုကားနိုင်ကြပါတယ်။ တစ်ချိုနေရာတွေမှာ Master ဘွဲ့အတွက် ဘွဲ့ယူစာတမ်းတွေကိုတောင် freedownload ပေးထားတာကို တွေ့ရပါတယ်။
(၁) www.yandex.ru
ဒီဝက်ဆိုဒ်ကတော့ google search လိုပဲ အလွယ်တကူ ရှာဖွေနိုင်တဲ့ russian search engine ဆိုဒ်လေးပါ။ မိုးလေ၀သ သတင်းတွေ၊ စီးပွားရေးသတင်းတွေနဲ့ ဒေါ်လာဈေးအတက်အကျကို ဒီနေရာကနေ ကြည့်ရှုလို့ရပါတယ်။
(၂) www.referat.ru
ဒီနေရာလေးမှာတော့ ရုရှားလိုရေးသားထားတဲ့ referat တွေ၊ assignment တွေ ၊ thesis တွေကို အလွယ်တကူ dwonload လုပ်လို့ရပါတယ်။ ရှာဖွေရတာ လွယ်ကူအောင် သက်ဆိုင်ရာ သာသာရပ်တွေအလိုက် စုံလင်စွာ ခွဲပေးထားပါတယ်။ မိမိသက်ဆိုင်ရာသာသာရပ်ထဲကို ၀င်ပြီး အလိုရှိရာကို Download လုပ်လို့ရပါတယ်။ Download လုပ်တဲ့ ပုံစံကတော့ မိမိအလိုရှိရာကို ၀င်လိုက်ပါ။ ပြီးရင် document ခေါင်းစဉ်တွေ၊ ရေးသားသူတွေ ဖော်ပြထားတဲ့ ဇယားရဲ့ အပေါ်ဖက် ညာဘက်ထောင့်မှာ Скачать(dwonload) ဆိုတာပါပါတယ်။ click လိုက်ပါ။ ပြီးရင် ပေါ်လာတဲ့ code နံပါတ်ကို ရိုက်ထည့်ပြီး Далее ပေးလိုက်ပါ။ ပြီးရင် Скачать ကို click လိုတာနဲ့ download လုပ်လို့ရပါပြီ။



(၃) www.bankreferatov.ru
ဒီဝက်ဆိုဒ်ကလည်း www.referat.ru လိုပဲ referat ၊ assignment နဲ့ thesis တွေကို သက်ဆိုင်ရာ ဘာသာအရအလိုက် download ပြုလုပ်လို့ရပါတယ်။ download ပြုလုပ်တဲ့ပုံစံကလည်း referat.ru ပုံစံအတိုင်း ပြုပ်ရမှာ ဖြစ်ပါတယ်။ သာသာရပ်တွေလည်း အတော်စုံလင်ပါတယ်။
(၄) www.5ballov.r
ဒီဝက်ဆိုဒ်မှာလည်း referat နဲ့ Thesis တွေကို အစုံအလင် download ရယူနိုင်ပါတယ်။ download ပြုလုပ်တဲ့ ပုံစံကလည်း www.referat.ru ပုံစံအတိုင်း ပြုလုပ်နိုင်ပါတယ်။
သူငယ်ချင်း ညီအကိုများအားလုံး russian language ကြောင့် ခေါင်းစားခြင်း ကင်းဝေးကြပါစေ။

IDM ကနေ နောက်ဆုံးဗားရှင်းအဖြစ် IDM v.5.11-3 ကိုထုတ်လုပ်လိုက်ပါပြီ. သူရဲ့အားသာချက်ကတော့ youtube နဲ့ google video က FLV (Flash Video) ဖိုင်တွေကို အလွယ်တတူ IE browser တိုက်ရိုက်Download ချနိုင်ခြင်း ဖြစ်ပါတယ်။ အရင်က FLV ဖိုင်တွေကို Download လုပ်ချင်ရင် IDM option ထဲက File Type မှာ FLV ဖိုင်ကို assign လုပ်ပေးရပါတယ်.. အသေးစိတ်ပြုလုပ်ကို အင်တာနက်ပေါ်က movies တွေကိုဘယ်လို Download လုပ်မလဲ ဆိုတာမှာ ဖတ်ရှုလို့ရပါတယ်.. IDM 5.11-3 မှာတော့ ပုံမှာပြထားတဲ့ အတိုင်း browser ပေါ်မှာ right click လုပ်လိုက်တာနဲ့ Download FLV video content with IDM ဆိုတာကို click လိုက်ပြီး အလွယ်တကူ Download လုပ်လို့ရပါတယ်.. IDM 5.11-3 ကို ဒီနေရာ ကနေ Download လုပ်လို့ရပါတယ်။ patcher ကိုလည်း တစ်ခါထဲ ထည့်ပေးထားပါတယ်.. IDM ကို install လုပ်ပြီးတာနဲ့ restart အရင်ဆုံးလုပ်လိုက်ပါ။ ပြီးတာနဲ့ patcher ကို Drive C ထဲက IDM folder ထဲမှာသွားထည့်လိုက်ပါ.. ပြီးရင် Click လုပ်တာနဲ့ ok သွားပါပြီ…


Type the rest of your post here.

သီချင်းတွေကို record လုပ်ချင်ရင်

တင်ပြသူ Kyaw Htin Friday 17 October 2008


Free Sound Recorder






Free Sound Recorder is free software program that lets you record any sounds from your sound card and save the recording directly into MP3, WMA or WAV files.

Free Sound Recorder is a perfect audio recorder to record your own voice, music or any other sound by working directly with your sound card. It supports the record input/source from a microphone, streaming audio from the Internet, external input devices (e.g. CDs, LP, music cassettes, phone line etc.) as well as other applications like Winamp, Media Player, etc. With built-in advanced audio record engine, the recorder produces high quality recordings.



Features:

* Allows you to record audio into MP3, WMA or WAV format directly.
* Allows you to pre-define audio recording qualities to help quickly set and manage recording parameters.
* Built-in advanced audio record engine to produce high quality recording.
* Allows you to preset/preview your audio recording device before starting record.
* Build-in WMA WAV MP3 decoder.

Publisher : Visit Website

DOWNLOAD NOW (12.7 MB)

run boxပျောက်သွားရင်

တင်ပြသူ Kyaw Htin Sunday 12 October 2008

How to recover run option in start menu and folder option if they are missing !

Step 1 : Go to C drive

Step 2 : Open Windows folder

Step 3 : Open System32 folder

Step 4 : Click on gpedit.msc

Step 5 : click User Configuration

Step 6 : Click administrative template

Step 7 : Click Start Menu and Taskbar

Step 8 : Double-click ( Remove Run Menu from start Menu) in Setting lists .

And then you’ll see that arrives( Remove Run menu from Start Menu Properties box).

Step 9 : first click enabled and apply and ok

step 10 : again cick disabled and apply and ok

Type the rest of your post here.

ဆော့ဝဲလေးတွေယူကြရအောင်

တင်ပြသူ Kyaw Htin Thursday 9 October 2008

ကျွန်တော်ကတော့ ဆော့ဝဲလေးတွေ ရှာဖွေစုဆောင်းရတာကို
ဝါသနာပါတယ် အချိန်အားနေရင် ..internet မှာဆော့ဝဲလေးတွေရှာပြီး
ဒေါင်းလုတ်ချသိမ်းထားလေ့ရှိပါတယ် ..ခုလည်းတွေ့မိတာလေးတွေဝေဌပေးပါအုံးမယ်.....

ဒါကတော့ ph ring tone လေးတွေကိုကိုယ်တိုင်လုပ်လို့ရတဲ့
ဆော့ဝဲလေးပါ...
ကဲဒေါင်းလုပ်လင့်လေးက ဒီမှာ..
မိမိတို့ကြိုက်နှစ်သက်တဲ့ ဗွီစီဒီ သီချင်းလေးတွေကို MP3 ပြောင်းချင်ရင်တော့ ဒီဆော့လ်ဝဲလေးကိုသုံးပါခင်ဗျာ..
ဒီမှာဒေါင်းလုပ်ချပါ

မောက်စ်မြှားလေးကိုလည်း Print Screen ဖမ်းချင်ပါတယ်
အမေး

ကျွန်တော်သည် ကွန်ပျူတာ သင်ခန်းစာများကို ရေးသားနေသူ ဖြစ်ပါတယ်။ အဲဒီလိုရေးရာမှာ ကွန်ပျူတာနဲ့ ဒီဇိုင်းထုတ်ထားတဲ့ ပုံများကို Print Screen ဖမ်းရပါတယ်။ ဒါပေမယ့် မြှားဦးလေး ပါမလာပါ။ ၎င်းအတွက် သုံးနိုင်တဲ့ Print Screen ဆော့ဖ်ဝဲ တစ်ခုခုကို ညွှန်ပေးစေလိုပါတယ်။
အဖြေ

Print Screen ဖမ်းယူရာမှာ လှုပ်ရှားနေတဲ့ အရာများ မပါတတ်ပါ။ တစ်ချို့ က Alt ကီးကို နှိပ်ထားပြီး ဖမ်းတတ်ကြပါတယ်။ သေချာတာကတော့ သီးခြားဆော့ဖ်ဝဲ တစ်ခုခုကို သုံးရပါမယ်။ ဥပမာ Gadwin Print Screen ဆိုပါတော့။ ၎င်းကို အင်တာနက်ကနေ အခမဲ့ ရယူနိုင်ပါတယ်။လိပ်စာက http://www.gadwin.com/printscreen/ ဖြစ်ပါတယ်။ ဗီဒီယိုလို လှုပ်ရှားနေတဲ့ ပုံကို ဖမ်းချင်ရင် CyberLink PowerDVD သို့မဟုတ် Screen Video Recorder ကို သုံးနိုင်ပါတယ်။ Print ScreenDeluxe 6.0(American Systems), CaptureEze Pro ကဲ့သို့ အခြား ဆော့ဖ်ဝဲ များလည်း ရှိပေမယ့် မသုံးဖူးပါ။


ကြည့်မိသောဝက်ဆိုက်လေးများ

တင်ပြသူ Kyaw Htin Tuesday 7 October 2008

ဒီနေ့ပျင်းပျင်းရှိတုန်း website လေးတွေကြည့်မိတယ်...
ကျွန်တော်ကြည့်ခဲ့တဲ့ website လေးများထဲမှ download ချလို့ရတဲ့
site လေးတွေကိုညွှန်းလိုက်မယ်...
Download manager ရှိတဲ့သူတွေအတွက်ကတော့
အဆင်ပြေမှာပါ....

ဒါကတော့ ဂိမ်းတွေ..Design software တွေချလို့ရတဲ့ဆိုက်တွေပါ..
ဒီမှာကလစ်လိုက်
http://www.softfolder.com/index.html

အသုံးဝင် website links

တင်ပြသူ Kyaw Htin Sunday 5 October 2008

http://www.photoshopcandy.com
Photoshop ကို အသုံးပြုပြီး usb strick တစ်ခုကို ဘယ်လိုရေးဆွဲဖန်တီးမလဲ။ သစ်ရွက်အစိမ်းရောင်လေးတွေကို ဘယ်လိုရေးဆွဲမလဲ။ iPod ပုံစံ image ဘယ်လိုပြုလုပ်မလဲ စသဖြင့် သင်ခန်းစာကောင်းလေးတွေ အများအပြားရှိနေပြီး သင်ခန်းစာတွေရဲ့ source ဖိုင် (psd format) တွေကို download ရယူခွင့်ပြုထားပါတယ်။ ငွေကြေးချီးမြှင့်မယ့် ဒီဇိုင်းပြိုင်ပွဲတွေလည်းရှိနေပြီး account လုပ်ဖို့အတွက်တစ်ခုပဲ လိုအပ်ပါတယ်။
http://uncyclopedia.org
google ကနေ ကုမ္ပဏီကိုအလုပ်လာရှောက်တဲ့ လူတွေကို မေးခွန်းတွေမေးပါတယ်။ ထင်ရှားတဲ့ မေးခွန်းက ““နပိုလီယန် စီးခဲ့တဲ့ မြင်းဖြူကြီးက ဘာအရောင်လဲတဲ့” အဲဒီလိုမျိုး ကြံကြံဖန်ဖန် ကတ်သီးကတ်သတ်တွေကို ရေးသားဖော်ပြထားပြီး ဟာသစွယ်စုံကျမ်းတစ်ခု တည်ဆောက်ထားပါတယ်။ Logo ဒီဇိုင်းယူထားတဲ့ ပုံသဏ္ဍာန်ကိုက WiKi ရဲ့ logo ကို အချိုးဖျက်ပြီး ရေးဆွဲထားတာဖြစ်တဲ့အပြင် နည်းပညာ၊ လူမှုရေး၊ စီးပွားရေးနဲ့ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖြစ်အပျက်မှန်သမျှကို ဟာသအမြင်နဲ့ သရော်တော်တော်ဖော်ပြ တင်ဆက်နေတာမို့ စွယ်စုံကျမ်းစာမျက်နှာတွေမှာ WiKi ပြီးရင် လူကြိုက်အများဆုံး စာမျက်နှာတစ်ခု တစ်မုဟုတ်ချင်း ဖြစ်တည်လာပါတယ်။ ခင်ဗျားရဲ့ ဟာသဥာဏ်တွေကို တစ်ကမ္ဘာလုံးကို ဖြန့်ဝေဖို့အတွက် အခမဲ့ရေးသားတည်းဖြတ်နိုင်ခွင့်လည်း ရရှိပါဦးမယ်။

http://www.geekpedia.com
နည်းပညာနဲ့ပတ်သတ်သမျှ “ဟင်းလေးအိုးကြီးလို့“ အဆိုရှိပါတယ်။ Geek pedia ဟာ သူ့ရဲ့စာမျက်နှာမှာ တင်ထားတဲ့ သူ့ကိုယ်ပိုင်အကြောင်းအရာက နည်းပါးလှပေမယ့် သူကနေ ရှာဖွေချိတ်ဆက်ထားတဲ့ ကွန်ပျူတာနည်းပညာ လုပ်ကိုင်နည်းတွေကတော့ အလွန်ပေါများပြီး ထိရောက်မှုရှိပါတယ်။ Tips and tricks တွေနဲ့ How to guide line ကိုဦးတည်ဖော်ပြပေးနေတာမို့ ၀င်ရောက်လည်ပတ်တဲ့ လူအဖို့အကျိုးကျေးဇူး တစ်စုံတစ်ရာ ဖြစ်ထွန်းမယ်ဆိုတာ သေချာလှပါတယ်။

http://www.iconspedia.com
Destop အတွက်ပဲဖြစ်စေ၊ ကိုယ်web စာမျက်နှာကို အလှဆင်ဖို့ပဲဖြစ်စေ လိုအပ်တဲ့ icon လေးတွေကို ရရှိနိုင်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ Windows, Apple, Linux platform အတော်များများမှာ သုံးစွဲနိုင်စေမယ့် icon တွေကို server ကနေ တိုက်ရိုက် download ချပြီး ရယူနိုင်ပါတယ်။ စတင်တည်ထောင်ထားခဲ့တဲ့ အချိန်မကြာလှသေးတဲ့အတွက် တည်ရှိနေတဲ့ icon လေးတွေကတော့ စုံလင်မှုအားနည်းနေသေးပါတယ်။


http://www.photoshop.dady.com
wordpress ကို အခြေခံတည်ဆောက်ထားပြီး illustrator နဲ့အလှဆင်တဲ့ web စာမျက်နှာလှလှလေးမှာတော့ 3D effects, drawing effect, texture နဲ့ pattern သုံးစွဲပုံ၊ digital painting စသဖြင့် သူသည်လည်းပဲ ဒီဇိုင်းသင်ခန်းစာ ကောင်းကောင်းလေးတွေ ရရှိနိုင်ပါတယ်။
http://www.softpedia.com
Freeware ကိုရှာနေသလား၊ Shareware ကိုပဲစမ်းသုံကြည့်ချင်ပါသလား။ ကမ္ဘာအနှံ့မှာရှိနေတဲ့ commercial နဲ့ noncommercial စတဲ့ရှိရှိသမျှ software မျိုးစုံကို server မှာသိမ်းဆည်းပေးထားပြီး “မရ” ဆိုတာမရှိရလေအောင် ၀န်ဆောင်မှုပေးနေတဲ့ “ဆော့ဖ်ဝဲစွယ်စုံကျမ်းကြီး” တစ်ခုဟာ softpedia ဖြစ်ပါတယ်။ အသစ်ရောက်ရှိလာတဲ့ ဆော့ဖ်ဝဲတွေကိုလည်း subscribe လုပ်ပြီး ကိုယ့်အီးမေးလ်ထဲကို အချိန်မှန် သတင်းတစ်ခုအနေနဲ့ ရောက်ရှိနေစေဖို့ ညွှန်ကြားထားနိုင်ပါတယ်။

http://en.wikipedia.org
ကျောင်းသား လူငယ်တွေကစလို့ ပါမောက္ခချုပ်တွေအဆုံး၊ မဂ္ဂဇင်း အယ်ဒီတာတွေကစလို့ ရုပ်သံလွှင့်လုပ်ငန်းရှင်တွေအထိ အထူးအားကိုးကြတဲ့ “ဂျင်မီးဝေးလ်စ်” ရဲ့ “၀ီကီပီးဒီးယား” ကတော့ အထင်ကရမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါ။ ပြည့်စုံကုံလုံတဲ့ အချက်အလက်တွေ၊ လုံလောက်တဲ့ အကိုးအကားတွေနဲ့ ဒီဘက်ဆယ်စုနှစ်တွေအတွင်းမှာ ထင်ရှားလာတဲ့ online စွယ်စုံကျမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ဘာသာစကားအတော်များများနဲ့ ဖတ်ရှုလို့ရတဲ့အပြင် ကိုယ်ကိုယ်တိုင် ဆောင်းပါးတွေကို ပါဝင်ရေးသားခွင့်နဲ့ တည်းဖြတ်ခွင့်ပေးထားတဲ့အပြင် နှစ်စဉ်နှစ်တိုင်း အကောင်းဆုံးဖြည့်စွက်ရေးသားနိုင်တဲ့ လူကိုဆုချီးမြှင့်လေ့ရှိတာဟာ ၀ီကီရဲ့ အစဉ်အလာတစ်ခုပါပဲ။

http://www.gadgetspedia.com
ဖုန်း၊ နာရီ၊ ဟန်းဆက်စတဲ့ accessories များနဲ့ နည်းပညာအသုံးပြုထားတဲ့ တခြားထွေထွေရာရာ gadget လေးတွေကို စုပေါင်း ပြီးဖော်ပြထားပါတယ်။ ဥပမာအားဖြင့် ကမ္ဘာအကြီးဆုံး plasma တီဗွီအသံကို ပြောင်းလဲပေးနိုင်တဲ့ တယ်လီဖုန်း electronic paper။ အိမ်မွေးတိရစ္ဆာန်ငယ်ကလေးများအတွက် အသုံးဝင်တဲ့ ပစ္စည်းလေးတွေနဲ့ လူငယ်လူရွယ်တွေအတွက်သာမကပဲ လူကြီးပိုင်းအရွယ်တွေအထိပါ အသုံးပြုနိုင်တဲ့ နည်းပညာပစ္စည်းငယ်လေးများတို့ရဲ့ စွယ်စုံကျမ်းတစ်ခု ဖြစ်ပါတယ်။

http://www.artcyclopedia.com
အနုပညာစွယ်စုံကျမ်းကြီးတစ်ခု ဖြစ်ပါတယ်။ အနုပညာရှင်ပေါင်း 8700 ကျော်ကို စုစည်းထားပါတယ်။ ဥပမာအားဖြင့် ဗင့်ဆင့်ဗန်ဂိုးဆိုပြီး search box မှာရှာဖွေလိုက်တာနဲ့ ဗန်ဂိုးရဲ့ အတ္ထုပ္ပတ္တိ၊ ဗန်ဂိုးရဲ့ပန်းချီကားများကို အစုံအလင်ရရှိခံစားနိုင်ပါတယ်။ အနုပညာသတင်းတွေနဲ့ အတူ အနယ်နယ်အရပ်ရပ်မှာရှိတဲ့ Museum တွေကိုပါ link ပေါင်း မြောက်မြားစွာနဲ့ ချိတ်ဆက်ဖော်ပြထားပါတယ်။





http://www.iyiz.com
ဓာတ်ပုံ တည်းဖြတ်ပြုပြင်တဲ့ software မျိုးစုံတွေအတွက် အဆင့်မြင့်အသုံးချနိုင်တဲ့ သင်ခန်းစာမျိုးစုံပြီး စုစည်းပေးထားပါတယ်။ Tool and tips တွေဟာ စုံလင်များပြားလွန်းတဲ့အတွက် ယခုလတ်တလောမှာ အားကိုးအခံရဆုံးနဲ့ User စိတ်ဝင်စားမှုမရှိဆုံး photoshop tutorial website တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်လာနေခဲ့ပါပြီ။ ဒါ့အပြင်တခြား software တွေဖြစ်တဲ့ dreamwaver, flash စတဲ့ program တွေရဲ့ သင်ခန်းစာဖိုင်တွေကိုပါ ရရှိနိုင်ပါသေးတယ်။

http://www.noupe.com
Design အနုပညာလောကအတွက် တန်ဖိုးအရှိဆုံး ဆော့ဖ်ဝဲနှစ်ခုဖြစ်တဲ့ Photoshop နဲ့ illustrator တို့ရဲ့ လျှို့ဝှက်ချက်၊ ဆောင်ရန်၊ ရှောင်ရန်တွေကို အဓိကဇောင်းပေးပြီး ဖော်ပြထားပါတယ်။ Blog ဆန်ဆန်တင်ပြထားတဲ့အတွက် ငြီးငွေ့စရာမရှိဘဲ လေ့လာချင်တဲ့ catyegory တစ်ခုချင်းအလိုက် စိတ်တိုင်းကျ လေ့လာလို့ရနိုင်ပါတယ်။ ဆောင်းပါးကောင်းတွေထဲမှာ ဥပမာအားဖြင့် '53 killer illustrator tips' တို့လိုနမူနာကောင်းကောင်းတွေ ပါဝင်ပါတယ်။

http://pstutorialblog.com
ခေတ်မီတဲ့ blog တစ်ခုဖြစ်ပါတယ်။ Photoshop သင်ခန်းစာတွေကို internet ထဲကနေ search engine ပေါင်းများစွာကို အသုံးပြုပြီး ရှာဖွေတင်ဆက်ပေးထားတဲ့အတွက် အဖိုးတန်ရင်းမြစ်တွေကို တစ်ထိုင်တည်းနဲ့ ရယူခံစားနိုင်တဲ့အပြင် design လောကမှာ ဖြစ်ပျက်သမျှ သတင်းအချုပ်တွေကိုပါ ပုံမှန်တင်ဆက်ပေးလေ့ရှိပါတယ်။

http://www.planetphotoshop.com
သင်ခန်းစာရင်းမြစ်တွေနဲ့ အဓိကလိုက်နာသင့်တဲ့ အချက်အလက်တွေကို ဦးတည်ဖော်ပြပေးထားပါတယ်။ Planet ဆိုတဲ့အတိုင်း ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ Photoshop သင်ခန်းစာဖိုင်တွေကို ချိတ်ဆက်တင်ပြပေးထားတဲ့ totorial စုံလင်လှတဲ့ စာမျက်နှာတစ်ခုပါ။

http://www.psdtuts.com
အခုနောက်ပိုင်း photoshop သင်ခန်းစာတွေကို တင်ဆက်ထားတဲ့ website တွေဟာ သူတို့ရဲ့ကိုယ်ပိုင် သင်ခန်းစာတွေ များစွာရှိလာအောင် အားထုတ်ကြိုးပမ်းလာကြပါတယ်။ အဲဒီကိုယ်ပိုင် သင်ခန်းစာတွေနဲ့ PCworld မဂ္ဂဇင်းနဲ့ ကွန်ပြူတာဂျာနယ်တွေမှာ အမှတ်တရဖော်ပြပြီး နေရာပေးခံလာရတဲ့ psd tuts မှာ အလွန်ကောင်းမွန်တဲ့ သင်ခန်းစာပေါင်းများစွာ ရှိပါတယ်။ တကယ်လို့ user ဟာ ကိုယ်ပိုင်သင်ခန်းစာတစ်ခု ရှိတယ်ဆိုရင်လည်း psdtuts ကို ပို့ခဲ့မယ်ဆိုရင်လည်း အနိမ့်ဆုံး $30 ကနေ စတင်ချီးမြှင့်ပေးပါလိမ့်မယ်။ psd file တွေကို အခမဲ့ရယူနိုင်တဲ့ source တစ်ခုလည်းဖြစ်ပါတယ်။

http://www.3dtotal.com
အခမဲ့ရယူနိုင်တဲ့ ebook တွေရယ်၊ သင်ခန်းစာ sample ဖိုင်တွေရယ်၊ ရှုမငြီးဖွယ် ရေးခြစ်တည်းဖြတ်တဲ့ 3d image တွေရယ်ပေါင်းစုပြီး user ကို ဆွဲဆောင်နေလေ့ရှိတာကတော့ 3D total ပဲဖြစ်ပါတယ်။ အခမဲ့ရယူဖို့အတွက် 'free stuff' section တစ်ခု ပါဝင်ပါတယ်။ တကယ်လို့ 3d image ပြုလုပ်တဲ့ ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက်လည်း link တွေ ပေးထားပါသေးတယ်။

http://www.photoshoptalent.com
ဒီ webpage ကတော့သမားရိုးကျသင်ခန်းစာ web စာမျက်နှာတွေကနေ ခွဲထွက်သွားပြီး အဖွဲ့အစည်းတစ်ခု အသွင်တည်ရှိစေပါတယ်။ Register လုပ်ပြီးတဲ့ အဖွဲ့အ၀င်တွေဟာ ကိုယ့်ရဲ့ photoshop အရည်အသွေးတွေကို မှတ်ကျောက်တင်ပြီး စမ်းသပ်နိုင်ပါတယ်။ ပထမဆုံး အပျော်တမ်းပြိုင်ပွဲတွေမှာ ကိုယ့်ရဲ့လက်ရာ (ရင်တွင်းဖြစ်) တွေကို တင်ပို့ပေးလိုက်ပါ။ အဖွဲ့ဝင်အချင်းချင်းတွေဆီကနေ အကြံဥာဏ်နဲ့ ထင်မြင်ချက်တွေ ပြန်ရောက်ရှိလာပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချပြီဆိုရင်တော့ အနိမ့်ဆုံး ဒေါ်လာ 3000 ချီးမြှင့်မယ့် ပြိုင်ပွဲအစီအစဉ်တွေကို စတင်နိုင်ပါတယ်။


ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar