Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com
Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts

About Samsung Galaxy Grand

တင်ပြသူ Kyaw Htin Tuesday, 5 March 2013




Samsung ကုမ္ပဏီမှ SIII ပြီးနောက် Galaxy Grand ဟု အမည် ပေးထားသော Android စမတ်ဖုန်းသစ် တစ်မျိုးကို မိတ်ဆက် ပေးခဲ့ပြီး


Network

GSM ကွန်ရက်စနစ်သုံးဖုန်းဖြစ်ပါတယ်။ Dual Sim စနစ်သုံးဖုန်းအမျိုးအစားဖြစ်တဲ့အတွက်  Sim Card နှစ်ကတ်တစ်ပြိုင်နက်
အသုံးပြုနိုင်မှာဖြစ်ပြီး နှစ်ကတ်စလုံးအတွက် Stand-by အခြေအနေမျိုးမှာ ထားပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Sim Card ကတော့ ရိုးရိုး Mini Sim စနစ်ပဲဖြစ်ပါတယ်. 2G,3G ကွန်ရက်စနစ် နှစ်ခုစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး2G အတွက်တော့
GSM 850 / 900 / 1800 / 1900 တွေမှာ Sim ကတ် ၂ ခုလုံးအသုံးပြုနိုင်မှာဖြစ်ပြီး၊ 3G အတွက်ကတော့
HSDPA 850 / 1900 / 2100 တွေမှာ SIM ကတ် ၁ ခုတည်းကသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြားအသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်းအင်တာနက်
စနစ်အတွက် EDGE, GPRS, နဲ့ Speed အနေနဲ့ Speed HSDPA, 21 Mbps; HSUPA, 5.76 Mbps
 အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး Wireless အတွက်လည်း Wi-Fi စနစ်ပါပါတယ်။
Wi-Fi အတွက်ကတော့ Wi-Fi 802.11 a/b/g/n, dual-band, Wi-Fi hotspot စနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။
Bluetooth စနစ်ကတော့ Bluetooth 4.0 with AZDP, LE, EDR စနစ်ဖြစ်ပြီး USB ကတော့ 2.0 ဖြစ်ပါတယ်။

Sensors & Chipset

ဖုန်းကိုခိုင်းစေတဲ့နေရာမှာ ဖုန်းကနေ အလိုအလျောက် သိရှိတုံ့ပြန်နိုင်ဖို့အတွက် Sensors စနစ်တွေကို အသုံးပြုတဲ့နေရာမှာလည်း
ပြည့်ပြည့်စုံစုံအသုံးပြုထားတာတွေ့ရပါတယ်။ Screen ကို အလိုအလျောက် လှည့်ပေးနိုင်မယ့် Accelerometer Sensor ဖုန်းပြောချိန်မှာ
Screen့ို ပိတ်ထားပေးနိုင်မယ့် proximity sensor ဖုန်းရဲ့ တိမ်းစောင်းမှုတွေကို တွက်ချက်ပေးမယ့် gyro, compass sensors အစရှိတဲ့
Sensor စနစ်တွေပါဝင်ပါတယ်။ Chipset အတွက်ကတော့ Chipset  အနေနဲ့ သီးသန့်ထည့်သွင်းအသုံးပြုထားတာမျိုးမတွေ့ရဘဲ
ပုံမှန် Board မှာပါဝင်တဲ့ Chipset အတိုင်းဘဲဖြစ်ပါတယ်။

OS

Android OSစနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Version ကတော့  v4.1.2 (Jelly Bean) ကိုအသုံးပြုထားတာပါ.
ဗားရှင်းမြှင့်တင်နိုင်ဖို့အတွက်တော့ Upgrade ပေးထားတာမတွေ့ရပါဘူး။

Multimedia

- Active noise cancellation with dedicated mic/ SNS integration/ MP4/WMV/H.264/H.263 player
/MP3/WAV/eAAC+/AC3/FLAC player/ Organizer/Image/video editor/Document viewer/Google Search, Maps, Gmail,
/YouTube, Calendar, Google Talk, Picasa/ Voice memo/dial/commands/Predictive text input အစရှိတဲ့
Samsung feature
များလည်း ထည့်သွင်းပေးထားသည်။

CPU & GPU
CPU ကတော့ Galaxy Grand တွင် dual-core 1.2GHz ပရိုဆက်ဆာ ထည့်သွင်းတပ်ဆင်ပေးထားတာဖြစ်ပြီး ဖုန်းရဲ့ Screen ပုံရိပ်တွေနဲ့
မြင်ကွင်းတွေ ရုပ်ရှင်ပိုင်း ဆိုင်ရာ နဲ့ ဓာတ်ပုံပိုင်းဆိုင်ရာ ရုပ်ထွက်တွေအပြင် ဖုန်းထဲမှာ ရှိတဲ့ game စနစ်အတွက်တော့
Graphic GPU ကိုထည့်သွင်းပေးထားတာတွေ့ရပါတယ်။ ဂရမ်ဖစ် စနစ်အတွက်တော့ ဖုန်းထဲမှာ ပါဝင်တဲ့ Board အတိုင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်.။

Camera
ကင်မရာအတွက်ကတော့ 8 megapixel ရှိတဲ့ ကင်မရာကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။
အသုံးပြုနိုင်မဲ့ ကင်မရာ စနစ်တွေအနေနဲ့ကတော့ ပုံရိပ်ကို အလိုအလျောက်ဖမ်းယူပေးနိုင်မဲ့ autofocus နဲ့
ဓာတ်ပုံတည်နေရာကို တွဲဖက်မှတ်သားနိုင်မယ့် LED flash Geo-tagging။
2 megapixel front-facing ကင်မရာလည်း ထည့်သွင်းထုတ်လုပ်ထားပြီး dual ကင်မရာစနစ်ပါ။
 ဓာတ်ပုံရိုက်ခံသူရဲ့ မျက်နှာနဲ့ အပြုံးတွေကို တိတိကျကျမှတ်သားထားနိုင်မဲ့face and smile detection, touch focus,
image stabilization အစရှိတဲ့ စနစ်တွေပါဝင်ပါတယ်။  ပြီးတော့ Videoရိုက်နိုင်တဲ့ စနစ်လည်းပါဝင်ပြီး 1080p@30fps ဖြစ်ပါတယ်.။

Screen

Screen စနစ်ပိုင်းမှာတော့ ဒီဖုန်းက အနည်းငယ်လျှော့ချထားမှုတွေရှိပြီး တန်ဖိုးသက်သက်သာသာနဲ့ Performance ကောင်းကောင်း
အသုံးးပြုနိုင်ဖို့ ရည်ရွှယ်ထားတဲ့ဖုန်းပါ။ Screen Size ကတော့  800x480 resolution
ဖြင့် အသုံးပြု နိုင်မည့် ၅ လက်မ အရွယ် LCD display တပ်ဆင် ထားသည်။


Memory

ဖုန်းတွင်းမှတ်ဥာဏ်စနစ်အတွက်ကတော့  internal memory 8GB ထည့်သွင်းထားကာ 1 GB RAM စနစ်ပါဝင်ပါတယ်။
မှတ်ဥာဏ်ထပ်တိုးနိုင်ဖို့လည်း micro slot လည်း ပါဝင်သည်။ Micro SD Card 64 GB ထိထောက်ပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။

Dimension

ဖုန်းရဲ့ ဘေးတိုက် အကျယ်ကတော့ 76.9 mm ရှိပြိး အပေါ်အောက်အရှည်ကတော့ 143.5 mm ရှိပါတယ်။ ဖုန်းအထူကတော့
9.6mm ရှိပါတယ်။ ဒါကတော့ ဖုန်းတစ်ခုလုံးရဲ့ အရွှယ်အစားအကျယ်အ၀န်းဘဲဖြစ်ပါတယ်။


ယခုဆိုရင် ဒီဖုန်းကို Samsung Galaxy Grand I9082 နဲ့ Samsung Galaxy Grand I9080 ဆိုပြီး
ဈေးကွက်သို့ ဖြန့်ချီလိုက်ပြီ ဖြစ်ပြီး ပြည်တွင်းဈေးကွက်သို့ လည်း ၀င်ရောက်လာပြီဖြစ်ပါသည်။

မောင်ပညာ

ကိုးကား : myanmarinternetjournal & မြ၀တီ

What is Galaxy SIII and Galaxy Note II (mm) ?

တင်ပြသူ Kyaw Htin Friday, 1 February 2013

မြန်မာလိုရေးထားတာလေးဆိုတော့ ဗဟုသုတအဖြစ်ပေါ့ဗျာ....
 Galaxy SIII
၂၀၁၂ ခုနှစ်ရဲ့  ကမ္ဘာ့ရောင်းအား အကောင်းဆုံး ဖုန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ လယ်လောက်ထိ စစ်တမ်းအရ စုစုပေါင်း အလုံးရေ သန်း ၄၀ ကျော် ရောင်းချရပြီး ဖြစ်ပါတယ်။ မထွက်ရှိခင်ကတည်းက အော်ဒါမှာသူ ၉ သန်းကျော်တယ်ဆိုတော့ ဒီရောင်းအား ရှိလာမယ်ဆိုတာ အားလုံး ခန့်မှန်း ပြီးသား ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ဈေးသက်သက်သာသာနဲ့ ရရှိနေပါပြီ။ ယခု ဇန်နဝါရီလ လယ်နောက်ပိုင်း ဈေးအရ ကျပ် ၃ သိန်းခွဲ ဝန်းကျင်သာ ရှိပါတော့တယ်။ ဈေးနှုန်းသင့်တင့်ပြီး ကမ္ဘာ့လူကြိုက်များဖုန်း ဆိုတော့ မြန်မာပြည်မှာလည်း ရေပန်းစားတဲ့ ဖုန်း ဖြစ်ပါတယ်။
 Network
GSM ဆို 2G, HSDPA မှာ 3G, LTE ထောက်ပံ့တဲ့ 4G အစရှိသဖြင့် Network အားလုံးနဲ့အဆင်ပြေပါတယ်။ မြန်မာပြည်မှာလည်း လိုင်းစွဲအား ကောင်းတဲ့ ဖုန်း ဖြစ်ပါတယ်။ 

ဆင်းကဒ်
 မိုက်ခရိုဆင်းကဒ်ထည့်ရပြီး ကဒ်ချိုးရပါတယ်။ သို့ပေမယ့် ဒါဟာလည်း ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ မိုက်ခရိုဖြစ်အောင် ဆိုင်တိုင်းက ဝန်ဆောင်မှု ပေးလို့ ချိုးပေးပါတယ်။

 Announced
 2012, May Status Available.
Released 2012, May


 Operating System

 Android 4.0.4 နဲ့ထုတ်ပေမယ့် အချိန်နဲ့ တပြေးညီ Upgrade လုပ်နိုင်ပါတယ်။ ယခုဆိုရင် Jelly Bean ဗားရှင်းနဲ့ ရရှိနေပြီ ဖြစ်ပါတယ်။

 မျက်နှာပြင်

 Super AMOLED ထိတွေ့မျက်နှာပြင်ဖြစ်ပြီး Samsung ရဲ့  ကောင်းချက် တွေထဲမှာ ရုပ်ထွက် ကြည်လင်ပြတ်သားတာလည်း ပါဝင်ပါတယ်။ ၄.၈ လက်မ screen မှာ Pixel က 720 x 1280 ရှိပါတယ်။

 အရွယ်အစား
 ၅.၃၈ လက်မ အရှည်၊ ၂.၇၈ လက်မ ဗျက်၊ ၀.၃၄ လက်မ အထူ ဆိုတော့ အရွယ်ကြီးတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။

 အလေးချိန်
 ၁၃၃ ဂရမ်ပဲ ရှိပါတယ်။ ဝိတ်သိပ်မစားပါဘူး။

 Processor
 GUP က Mali-400 MP (ကိုရီးယားဗားရှင်း နဲ့ နိုင်ငံတကာဗားရှင်း)- Qualcomm Snapdragon S4 MSM8960 (ဂျပန်နဲ့ မြောက်အမေရိက ဗားရှင်းဆိုပြီး ထပ်ကွဲနေပါသေးတယ်။ CPU ကတော့ 1.5 GHz dual-core Krait နဲ့ 1.4 Ghz quad core Coretex-A9 ဆိုပြီး နှစ်မျိုးရောက်ပါသေး တယ်။ 

မှတ်ဥာဏ်
 RAM 1GB ရှိပြီး 16GB နဲ့ 32 GB storage နှစ်မျိုးထုတ်ပါတယ်။ micro SD နဲ့က 64GB အထိတောင် ထပ်ဆိုက်နိုင်ပါသေးတယ်။

 ဘက်ထရီ
 ဘက်ထရီကောင်းတဲ့ ဖုန်းပါပဲ။ 2,100 mAh, 7.98 Wh, 3.8 V ရှိပါတယ်။

 ကင်မရာ
 နောက်မှာ 8 megapixel ရှိပြီး autfocus, flash light တို့ပါဝင်ပါတယ်။ HD Video တောင် recording လုပ်နိုင်ပါတယ်။ အခြားသော Feature များလည်း ပါဝင်နေပါသေးတယ်။ ရှေ့ မှာကတော့ Video calling အတွက် 1.9 megapixel ထောက်ပံ့ထားပါတယ်။

 အခြား Feature များ
 Wi-Fi, Bluetooh, NFC, Data switch အစရှိသဖြင့် စုံစုံလင်လင် ပါရှိပြီး အင်တာနက် သုံးလို့ကောင်းတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။

Application
အနေနဲ့ Android app များကို up to date သုံးစွဲနိုင်ပါတယ်။ Samsung မှထည့်သွင်း ပေးထားတဲ့ Feature အသစ်များကြောင့် အင်တာနက် ချိတ်တဲ့ အခါ Service ပေါင်းများစွာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ပြီး ချက်ချင်း Google မေးလ်ပို့တာမျိုးကတော့ ဒီနောက်ပိုင်း ဖုန်းတော်တော်များများမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။

 Samsung Galaxy S3 နှင့် အနာဂတ်ဈေးကွက်

 Samsung Galaxy S4 ထွက်တော့မယ် ဆိုတဲ့ သတင်းကြောင့်မို့ S3 အရောင်းကျမယ်လို့ ထင်နေကြပါတယ်။ အမှန်တော့ မကျသေးပါဘူး။ ပြီးတော့ S4 ထွက်ဖို့ကလည်း လိုပါသေးတယ်။ S4 ထွက်ရင်တောင် S3 ရဲ့  အသုံးဝင်မှုက ကောင်းကောင်းတည်ရှိနေအုံးမှာ ဖြစ်ပါတယ်။ အခုဆို Samsung Galaxy S3 mini ဆိုပြီး မှုရင်း S3 ထက် ဈေးနှုန်းသက်သာစွာဖြင့် ထွက်ရှိလို့လာခဲ့ပြီးပါပြီ နောက် ၂ နှစ် ထက်မက ကာကလတွေမှာ Samsung Galaxy S3 ဆိုတာ high class ဖုန်း အနေနဲ့ တည်ရှိနေအုံးမှာ ဖြစ်ပါတယ်။

  Samsung Galaxy Note 2
Samsung Galaxy Note 2 ကတော့ လက်ရှိ ကမ္ဘာ့ Note ဖုန်း ဈေးကွက်မှာ နံပါတ် ၁ ပါပဲ။ နံပါတ် ၁ ဆိုလို့ Note Smartphone ထုတ်လုပ်တဲ့ ကုမ္မဏီတွေနည်းနေပါသေးတယ်။ Samsung မှ အကောင်းဆုံ ဖန်တီးတား တဲ့ Note ကတော့ ပထမ Note ကော၊ နောက်ဆုံးထွက် Note 2 ပါ အောင်မြင်ပါတယ်။ လက်ရှိ မြန်မာပြည်မှာလည်း လူကြိုက်များနေတဲ့ မစတ်ဖုန်း တစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့ရဲ့  အတွင်းပိုင်း Specification များ မြင့်မားပြီး Samsung Galaxy S3 ထက်တောင် Memory ရော၊ Processor အပြင် အခြားသော spec. များမှာ သာလွန်နေပါသေးတယ်။ ကင်မရာလည်း ကောင်းပါတယ်။ Samsung Galaxy Note နဲ့ ကွာခြားမှုကတော့ Software များ Update ဖြစ်ပြီး CPU,GPU များ ထပ်တိုးလာခြင်း ဖြစ်ပါတယ်။

 Processor
 1.6 GHz quad-core Cortex-A9 ကို အသုံးပြုထားပါတယ်။ လုပ်ဆောင်ချက် မြန်ဆန်တာကို လက်တွေ့ အသုံးပြုသူများ ပိုသိမှာ ဖြစ်ပါတယ်။

 ကင်မရာ
8 megapixel နောက်ကျော ကင်ရာမှာ ဒစ်ဂျစ်တယ် ကင်မရာ တစ်လုံးနီးနီး ဖြစ်လာဖို့ ထောက်ပံ့ပေးထားတဲ့ အခြားသော အစိတ်အပိုင်းနဲ့ ဆော့ဖ်ဝဲများစွာ ပါဝင်နေပါသေးတယ်။ flash light, auto focus, HDR mode တို့က ပရော်ဖက်ရှင်နယ် Photographer များ အကြိုက်ပဲ ဖြစ်ပါတယ်။ ရှေ့ မှာက 1.9 megapixel ကင်မရာကောင်း ပါရှိပါသေးတယ်။

 Operating System

 Samsung ရဲ့  မိုဘိုင်းတိုင်းက Android update လုပ်ဖို့ အရမ်းလွယ်ကူပါတယ်။ လက်ရှိ Samsung Galaxy Note 2 ကို Android 4.1.1 / 4.1.2 - Jelly Bean ဗားရှင်းများ ထည့်သွင်းပေးထားပြီး အသစ်ထွက်တိုင်း Upgrade အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

 Memory
 RAM 2 GB ရှိပါတယ်။ 16 GB, 32GB, 64 GB အစရှိသဖြင့် Internal memory သုံးမျိုးနဲ့ ထုတ်လုပ်ပြီး ရွေးချယ်စရာ စုံစုံလင်လင် ရှိပါတယ်။ နောက်ထပ် 64GB တောင်ထပ်ဆိုက်နိုင်သေးတယ်ဆိုတာ့ External Hard Disk ကြီး တစ်လုံးနီးနီးပါပဲ။

 Feature
 app အသစ်များ အချိန်နဲ့ တစ်ပြေးညီဒေါင်းလို့ရအောင် Samsung app ဆိုတာလေး ပါရှိပါတယ်။ အခြားသော အသုံးဝင်မယ့် app အပြင် Up to dae ဖြစ်တဲ့ app များကို အလွယ်တကူ ရရှိနိုင်ပါတယ်။ Samsung Galaxy Note 2 ရဲ့  အားသာချက်က အရွယ်ကြီးချင်း ဖြစ်ပါတယ်။ အချို့ က ဒါကို မကြိုက်ပါဘူး။ သို့ပေမယ့် ဂိမ်းကောင်းကောင်းဆော့ချင် သူ တွေ၊ အင်တာနက်ကောင်းကောင်း သုံးချင် သူတွေ၊ app များများ အသုံးပြု ချင်သူတွေ အတွက် အကြိုက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခု အားသာချက်က ကင်မရာ ဖြစ်ပါတယ်။ Note 2 ကင်မရာကို ပရော်ဖက်ရှင် သမား တစ်ယောက်အနေနဲ့ အသုံးပြုလို့ရတဲ့အထိကို result ကောင်းပါတယ်။ မြန်မာပြည် ဈေးနှုန်း လက်ရှိ မြန်မာမှာ ဈေးက အတည်တကျ မရှိပါဘူး။ စင်္ကာပူဒေါ်လာ အတက် အကျကြောင့် ဈေးက ငါးသိန်းဝန်းကျင်မှာတော့ ရှိနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝယ်ပြီးရင်တော့ မတန်ဘူးလို့ ထင်သူ မရှိပါဘူး။ ဈေးကြီး သလောက် ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမှုများတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Samsung Galaxy Note II ကိုအောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ http://www.samsung.com/global/microsite/galaxynote/note2/index.html?type=find Reference = ရိုးရာလေး (yoyarlay.com)

Science Education andriod application for our student

တင်ပြသူ Kyaw Htin Tuesday, 22 January 2013

တဟုန်ထိုး တိုးတက်နေတဲ့ သိပ္ပံနည်းပညာ ခေတ်မှာ သူများနဲ့ တန်းတူ လိုက်နိုင်ဖို့ နည်းပညာသစ်များကို အမြဲမပျက် လေ့လာနေဖို့တော့ လိုနေမှာဘဲဖြစ်ပါတယ်..။ ခေတ်သစ်နည်းပညာ များကို လေ့လာ သင်ကြားရာတွင် သင်ထောက်ကူ ပစည်းများက အဓိက ကျလျက်ရှိနေပါတယ်။ ထို့အတွက်ကြောင့်လည်း ၂၀၀၀ ပြည့်နှစ်ဝန်းကျင်လောက်က နိုင်ငံတော်မှ မာလ်တီမီဒီယာစာသင်ခန်းများကို ကျောင်းတိုင်းမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်..။ သို့သော် ယနေ့နည်းပညာခေတ်မှာ ထိုပစ္စည်းများ နှင့် နည်းပညာသစ်များကို လေ့လာသင်ယူရန် မပြည့်စုံ မလုံလောက်တော့ချေ။ အယ်ဒီတာ(itizen) မှ ရေးသားထားတဲ့ ဆောင်းပါးထဲက ကောက်နှုတ်ချက်လေးက မှတ်သားဖွယ်ပါ။ နည်းပညာသစ်များသည် စိတ်ဝင်စားစွာ လေ့လာလိုက်စားရန်မှာ အထွေအထူး ကြိုးစားရန် မလိုပါ။ အင်တာနက်ရှိသည် မီဒီယာများရှိပါသည်။ သတင်းမီဒီယာ၊ ဂျာနယ် တိုင်းလိုလိုတွင် အိုင်စီတီဆိုင်ရာ နည်းပညာသစ်များကို အလုအယက်ဖော်ပြနေကြ သည်။ အိမ်နီးချင်း ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ကျောင်းသားများ အိုင်စီတီ (အထူးသဖြင့် အင်တာနက်) နှင့် ထိတွေ့နိုင်ရေးအတွက် ကြိုးပမ်းနေကြသည်။ အထူးသဖြင့် ကျောင်းသားများကို အင်တာနက် အသုံးပြုနိုင်ရေး အတွက် Tablet ကွန်ပျူတာများကို ကျောင်းသားတိုင်းလက်သို့ရောက်ရှိရေး အစိုးရကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်နေသည်များကို မပြတ်ဖော်ပြပေးနေကြသည်။ တနေ့တချိန်မှာ မိမိတို့ ဆီမှာလည်း ဖြစ်လာမှာကိုတော့ ကြိုတွေးနေချင်မိသည်..။ ပညာရေးအကြောင်း ခဏလောက် ချရေးကြည့်မိခြင်းပါ....ကဲ ဒီတစ်ခါတော့ ပြည်တွင်း ပြည်ပမှာ ပညာသင်ကြားနေတဲ့ Andriod phone နဲ့ Tablet ရှိတဲ့ ကျောင်းသားများအတွက် အသုံးဝင်မဲ့ ပညာရေး သင်ထောက်ကူ Apk လေးတွေကို ဝေမျှပေးလိုက်ပါတယ်..။ Tablet PC ကို ဂိမ်းအတွက်နဲ့ ဇာတ်ကားကြည့်ဖို့ အင်တာနက် ချက်တင် အတွက်ဘဲ အသုံးချပြီး အချိန်တွေကို မကုန်ဆုံးစေချင်ပါဘူး...။ မိမိရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကို တဖက်တလမ်းက အထောက်အကူပေးနိုင်မဲ့ ပညာရေးဆိုင်ရာတွေ နည်းပညာပိုင်းဆိုင်ရာတွေကို လေ့လာဖတ်ရှုသင့်လှပြီး၊ နည်းပညာ နဲ့ ဗဟုသုတ Ebook စာအုပ်ကောင်းကောင်းများကို လည်း ဖတ်ရှုလေ့လာ သင့်လှပါတယ်....။ အောက်ဖော်ပြပါ Apk လေးတွေကတော့ ပညာရေးနယ်ပယ် အထက်တန်း နှင့် တက္ကသိုလ် အဆင့်ထိ ပါ အကျိုးပြုနိုင်မဲ့ free andriod application လေးတွေပါ.....။ သက်ဆိုင်ရာ နယ်ပယ်များအတွက် အထောက်အကူပေးနိုင်ပါလိမ့်မယ်လို့ ယုံကြည်မိပါတယ်......။ (၁) Math Formulas

Math Formulas လို့ခေါ်တဲ့ အခြခံ သချာင်္ပုံသေနည်းတွေကို စုစည်းထားရှိတဲ့ Apk လေးပါ.။ Algebra၊ Geometry နှင့် Trigo စသဖြင့် ခေါင်းစဉ်တစ်ခုခြင်းစီမှာ Formula တွေ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ပေါင်းစည်းထားတဲ့ apk လေးပါ..။ သချာင်္သမားများအတွက် Formula မေ့နေရင်တောင် ပြန်ပြန်ကြည့်လို့ရတဲ့ အိမ်ဆောင် apk လေးတစ်ခုပါလို့လည်း ညွှန်းလိုက်ပါရစေ.....။။

DOWNLOAD FROM MEDIAFIRE

DOWNLOAD FROM GOOGLE PLAY STORE

(၂) Matlab Graphing Calculator
နောက်တစ်ခုကတော့ Matlab.apk လေးပါ။ scientific, algebra and graphing calculator လေးလို့လည်းပြောနိုင်ပါတယ်..။ http://www.facebook.com/mathlabcalc မှာလည်း မသိတာ မရှင်းတာမျိုးကို စုံစမ်းမေးမြန်းနိုင်ပါသေးတယ်။ အောက်ကတော့ သူရဲ့ function လေးတွေပါ......။။ 1. Scientific calculator - arithmetic expressions +,-,*,/ (/ is for both fraction and division) - square root, cube and higher roots (hold root key) - exponent, logarithms (ln, log) - trigonometric functions sin π/2, cos 30°, ... - hyperbolic functions sinh, cosh, tanh, ... (hold "e" key to switch) - inverse functions (hold direct function key) - complex numbers, all functions support complex arguments - derivatives sin x' = cos x, ... (hold x^n key) - fractions 1/2 + 1/3 = 5/6, use space to enter mixed values 3 1/2 - linear equations x + 1 = 2 -> x = 1 - quadratic equations x^2 - 1 = 0 -> x = -1, 1 - approximate roots of higher polynomials - systems of linear equations, write one equation per line, x1+x2=1, x1-x2=2 2. Graphing calculator - multiple functions - implicit functions up to 2nd degree (ellipse 2x^2+3y^2=1, etc.) - function roots and critical points on a graph, tap legend to turn on and off (top left corner) - scrollable and resizable - tracing function values and slopes - fullscreen graph in landscape orientation - save graphs as images 3. Function tables - multiple functions - scrollable and resizable - adjustable precision and step - save tables as csv DOWNLOAD FROM MEDIAFIRE DOWNLOAD FROM GOOGLE PLAY STORE (၃)EveryCircuit Free
နောက်ဆုံး တစ်ခုပေးချင်တာကတော့ အီလက်ထရောနစ် သမားများအတွက် EveryCircuit ဆိုတဲ့ apk လေးပါ စမ်းသပ်ပြီး ထွက်ရှိလာတာ သိပ်မကြာသေးပါဘူး..။ လုပ်ပုံလုပ်နည်း ကို youtube နဲ့ရှင်းထားပါတယ်.။ Electronic circuits အလုပ်လုပ်ပုံတွေကို ကောင်းစွာ သိရှိနားလည်စေပြီးတော့၊ Andriod ဖုန်းထဲမှာ ဘဲ တိုက်ရိုက် Simulate လုပ်နိုင်ပါတယ်.။ DOWNLOAD FROM MEDIAFIRE DOWNLOAD FROM GOOGLE PLAY STORE အထက်ပါလင့် GOOGLE PLAY STORE မှာလည်း youtube နဲ့တကွ လုပ်ပုံလုပ်နည်းလေးတွေရှင်းလင်းထားပါတယ်..။ ဒါတွေက ဥပမာအနေနဲ့ ရှာတွေ့မိတာလေးတွေပါ.....မိမိနဲ့သက်ဆိုင်တဲ့အပိုင်းကို ရှာဖွေလေ့လာပြီး မိမိရဲ့ Andriod ဖုန်း (သို့) Tablet Pc ကို ကောင်းစွာ အသုံးချနိုင်ကြပါစေလို့ တိုက်တွန်းနိုးဆော်ရင်း ကဲ အားလုံးဘဲ စမ်းသပ်ကြည့် လေ့လာကြည့်ပြီး အောင်မြင်တဲ့ ကျောင်းသားများ ပညာရှင်များဖြစ်နိုင်ပါစေ..။

List of Secret codes for Android OS

တင်ပြသူ Kyaw Htin Thursday, 17 January 2013


*#*#4636#*#* -Phone information\ Battery information\ Battery history\Usage statistics\Wi-Fi information
 *#*#7594#*#* - End Call / Power
*#*#7780#*#*  - factory data reset
*2767*3855#  - factory format
*#*#34971539#*#* -  information about phone camera
*#*#273283*255*663282*#*#* - File copy / backup data (For e.g.: – Images, Sounds, Music, and Voices.)
*#*#197328640#*#* - Service mode.
WLAN, GPS နှင့် Bluetooth Test ကုဒ်များ -
*#*#232339#*#* သို့မဟုတ် *#*#526#*#* သို့မဟုတ် *#*#528#*#* - WLAN test (Use "Menu" button to start various tests)
*#*#232338#*#* - Shows WiFi MAC address
*#*#1472365#*#* - GPS test
*#*#1575#*#* - Another GPS test
*#*#232331#*#* - Bluetooth test
*#*#232337#*# - Shows Bluetooth device address
*#*#8255#*#* - This code can be used to launch GTalk Service Monitor.
Firmware ဗားရှင်း အချက်အလက်ကြည့်ရန် -
*#*#4986*2650468#*#* - PDA, Phone, H/W, RFCallDate
*#*#1234#*#* - PDA and Phone
*#*#1111#*#* - FTA SW Version
*#*#2222#*#* - FTA HW Version
*#*#44336#*#* - PDA, Phone, CSC, Build Time, Changelist number
Factory test လုပ်ရန် ကုဒ်များ
*#*#0283#*#* - Packet Loopback
*#*#0*#*#* - LCD test
*#*#0673#*#* သို့မဟုတ် *#*#0289#*#*- Melody test
*#*#0842#*#* - Device test (Vibration test and BackLight test)
*#*#2663#*#* - Touch screen version
*#*#2664#*#* - Touch screen test
*#*#0588#*#* - Proximity sensor test
*#*#3264#*#* - RAM version
Android ဗားရှင်းအလိုက် ပြောင်းလဲမှု ရှိကောင်းရှိနိုင်ပါတယ်။
အချို့ ကုဒ်များ အသုံးပြုလျှင် သတိထားဖို့လိုပါတယ်။

About Dropbox

တင်ပြသူ Kyaw Htin Tuesday, 15 January 2013

 Dropbox အကြောင်းကို စိတ်ဝင်စားလို့ ဗဟုသုတ အနေနဲ့ ဖော်ပြလိုက်ပါတယ်..။ Dropbox ဟာ free services တစ်ခုဖြစ်ပြီး ဓာတ်ပုံတွေ၊ document file တွေ videos တွေကို ဘယ်နေရာဘဲရောက်ရောက် ယူနိုင် ရှာနိုင်ပြီး လွယ်ကူစွာဘဲ ပြန် share လုပ်နိုင်ပါတယ်..။ Dropbox ကို ၂၀၀ရ မှာ MIT ကျောင်းသားနှစ်ယောက်ဖြစ်တဲ့ Drew Houston နဲ့ Arash Ferdowsi တို့ နှစ်ဦးကနေပြီး သူတို့ရဲ့ အလုပ်ကနေပြီး အခြားစက်တွေဆီကို ကွန်ပျူတာတစ်လုံးထက် မက Emailing လုပ်ဖို့ ကြိုးစားရာကနေ စပြီး foundation စခဲ့တာဘဲဖြစ်ပါတယ်..(၁)။ Dropbox က Cloud ဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းပုံဖော်ပေးနိုင်တယ် .. ။ မြန်မာနိုင်ငံမှာကတော့ လူသုံးနည်းမယ် ထင်ပါတယ် .. ။ အင်တာနက် connection အမြဲရှိတယ် (သို့မဟုတ်) အင်တာနက် ကောင်းတယ်ဆိုရင် သုံးသင့်တဲ့ Software လေး တစ်ခုပါပဲ .. ။ Dropbox က computer တစ်ခုကနေ တစ်ခု File တွေကို stick တွေနဲ့ သယ်နေစရာမလိုပဲ sync လုပ်ပေးနိုင်ပါတယ် .. ။ ဥပမာ - ဆိုကြပါစို့။ ရုံးတစ်ခုမှာ computer ရှိတယ် .. ။ အိမ်မှာ computer ရှိတယ် .. ။ ၂ ခုလုံးမှာ internet connection ရတယ် .. ။ ဟိုးအရင်တုန်းကဆို email လှမ်းပို့ထားရင် ပို့။ ဒါမှမဟုတ် stick လေးနဲပ ရုံးက file တွေကို အိမ် သယ်တာပဲ ဖြစ်ဖြစ်၊ အိမ်က file တွေကို ရုံးသယ်တာပဲ ဖြစ်ဖြစ်၊ လုပ်နေရပါတယ် .. ။ နောက်ပြီးတော့ Laptop ကနေ Desktop ကို ပြောင်းရင်လည်း အဲလိုပဲ .. ။ စဉ်းစားကြည့် .. ။ စက် ၃ လုံးကို ၁ ယောက်တည်း သုံးနေတယ် .. ။ stick တစ်ချောင်းနဲ့ ဟိုသယ် ဒီသယ် (သို့မဟုတ်) e-mail တွေနဲ့ အလုပ်ကို ရှုပ်နေတာပါပဲ .. ။ ဒီလိုမျိုး ကိစ္စကို လွယ်လွယ်ကူကူ file တွေကို sync လုပ်လို့မရဘူးလား .. ။ အဲလို ပြဿနာကို Dropbox က ဖြေရှင်းပေးနိုင်ပါတယ် .. ။ Dropbox ကို သုံးတာက ရုံးတစ်ရုံးလုံးက Dropbox ကို သုံးတယ် .. ။ File sharing ကို Network File sharing မသုံးဘူး .. ။ Dropbox ကိုပဲ သုံးတယ် .. ။ ဒီ Project အတွက် လိုအပ်တာတွေကို PM က Project Folder ကို share ပေးလိုက်တယ် .. ။ Accept လုပ်လိုက်ပြီးရင်တော့ ကိုယ့် Dropbox ထဲ sync လုပ်ပြီး ၀င်လာပြီ .. ။ တကယ်လို့ ကိုယ့်မှာ စက် ၃ လုံး ရှိတယ်ဆိုရင်လည်း အဲဒီစက်တွေမှာ Dropbox on တာနဲ့ sync လုပ်သွားပြီလေ .. ။

 ရန်ကုန်မှာတုန်းက ပြဿနာက Ubuntu နဲ့ Widows အတွက် File sharing လုပ်ရတာ Windows မပိတ်ခင် stick နဲ့ကူး .. ။ ပြီးရင် Ubuntu ပြောင်း .. ။ ဒါပေမယ့် C: က ဟာတွေကို Ubuntu access ရတဲ့ D: ကို ရွှေ့ပြီးတော့ access လုပ်ရတာပေါ့ .. ။ အဲ Mac book ၀ယ်ဝယ်ချင်းမှာ ပြဿနာတစ်ခု ထပ်ရှိသေးတယ် .. ။ စက်တစ်လုံးထဲမှာ OS 3-ခု .. ။ Windows နဲ့ Ubuntu က Parallel နဲ့ run တာ .. ။ အဲဒီအတွက် file sharing က တော်တော်ဆိုးတာ .. ။ နောက်တော့ Dropbox တင်ထားလိုက်တယ် .. ။ အချို့ file တွေကို iPhone, iPodTouch, iPad, Android တွေကနေ Internet ရှိရင် လှမ်းပြီး access လုပ်လို့ရသေးတယ်။ Dropbox ကို ကိုယ့် စက်မရှိလည်း website ကနေ လှမ်းပြီး လိုတာတွေကို download ဆွဲလို့ရသေးတယ်။


ကျွန်တော့် အကြိုက်ဆုံး feature က Public folder ထဲထည့်လိုက်ရင် right click > Dropbox  > copy public link လုပ်ပြီး တစ်ခါတည်း link ကို ရယူလို့ရတယ်။ Direct Link ထွက်တော့ အခြား file host တွေထက် ပိုသဘောကျတယ်။

အခုလက်ရှိတော့ သီချင်းတွေကို Facebook မှာ တင်ချင်ရင် အဲနည်းလေး သုံးတယ်။ အရင်က ကိုယ့် server မှာ တင်ရင် upload တင်ဖို့ ftp ဝင် .. ။ ပြီးရင် link ကို ကိုယ့်ဘာသာ ကိုယ် ရိုက်တာနဲ့ တော်တော်အလုပ်ရှုပ်တယ်။ နောက်တချက်က Image တွေ share တာပဲ .. ။ MZ Edu မှာ ပုံတွေထည့်ဖို့ Dropbox က public folder ထဲမှာ ထည့်ပြီး ပုံတွေ public link ကနေ ပုံတွေ ထည့်ပြီး သုံးနေတယ်။ သူက free ရပါတယ် .. ။



လူတစ်ယောက်ကို 8 GB ထိ free ရနိုင်တယ်။ 2GB က စပြီး free ပေးတာ။ သူ ပြောထားတဲ့ အဆင့်လေးတွေပြီးရင် 250 MB free ထပ်ရတယ်။ သူငယ်ချင်းတွေကို invite လုပ်လိုက်ပြီး အဲဒီ referrals link ကနေ တဆင့် register လုပ်ပြီးတဲ့အခါ သူခိုင်းတဲ့ အဆင့်ပြီးရင် ထုံးစံအတိုင်း သူ့ကို 250 MB free ပေးပါတယ်။ သူ 250 MB free ရသွားခဲ့ရင် ကိုယ်လည်း 250 MB free ရပါတယ်။ အဲလိုမျိုး invite ကနေ 8 GB ထိ ရနိုင်တယ်။ ကဲ.. register လုပ်ဖြစ်တယ်ဆိုရင်လည်း ကျွန်တော့် referrals link ကနေ register လုပ်ပေးကြဗျာ။ အခုတော့ 4 GB ထိပဲ ရသေးတယ်။ 2 GB နီးပါးလောက်တော့ Dropbox ထဲမှာရှိတယ် ..(၂) ။


ကိုးကား
(၁)  https://www.dropbox.com/about
(၂) http://www.saturngod.net 

About New Add in Facebook privacy shortcuts

တင်ပြသူ Kyaw Htin Tuesday, 25 December 2012



Facebook ဟာ သုံးစွဲသူများရဲ့ မျှဝေတဲ့ ဓာတ်ပုံတွေ နှင့် update status လုံခြုံရေးကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအထောက်အကူပြုနိုင်မဲ့ privacy shortcuts များကို ထည့်သွင်းပေးထားတာတွေ့ရမှာပါ။
ဒီလို privacy shortcuts များကို  US က user များထံ စတင်ထည့်သွင်းပေးခဲ့ပြီး အခုအချိန်မှာတော့ ကမ္ဘာတစ်ဝန်းလုံးမှာ ရှိတဲ့ user တွေအတွက်ပါ ထည့်သွင်းပေးလိုက်ပါပြီ။
ဒါကြောင့် အသစ်ထည့်သွင်းထားတဲ့ Facebook privacy shortcuts တွေရဲ့ အသုံးဝင်မှုတွေကို NOM Fans တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
-Blocking
Facebook မှာ မိမိကို စိတ်အနှောက်အယှက်ဖြစ်နေတဲ့ သူတွေ၊အဆက်အသွယ်မလုပ်လိုတဲ့ သူတွေကို
Block ချင်ရင် အရင်လို setting ထဲကနေ အရှည်ကြီး ၀င်နေစရာ မလိုတော့ပါဘူး။



Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး တတိယအကြောင်းမှာ  မိမိ Block လိုတဲ့ user ရဲ့ နာမည်(သို့)သူ့ရဲ့ email လိပ်စာကို ရိုက်ထည့်လိုက်ရုံပါပဲ။
ဒါ့အပြင် သင်ယခင်က block ထားတဲ့ သူတွေရဲ့ စာရင်းကိုကြည့်နိုင်ဖို့ View All Blocked Users ဆိုတာကိုပါ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။
-Privacy Shortcuts




Facebook Privacy shortcuts pop-up box ရဲ့ ပထမအကြောင်းဖြစ်တဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းကို click နှိပ်လိုက်ပါ။
Who can see my future posts? ဆိုတဲ့ နေရာမှာ သင့်ရဲ့ post အသစ်အကုန်လုံးကို ဘယ်လို လုံခြုံရေးထားချင်သလဲဆိုတာကို မူတည်ပြီး လွယ်ကူစွာ ထိန်းချုပ်နိုင်အောင် လုပ်ထားပေးတာဖြစ်ပါတယ်။
နောက် Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ ဒုတိယ အကြောင်းဖြစ်တဲ့ Where can I review all my posts and things I’m tagged in? ဆိုတဲ့နေရာမှာတော့ သင်မတင်ခဲ့ဘဲ Tag လုပ်ခံထားရတဲ့ ပုံတွေ စာသားတွေကို ပါ ထိန်းချုပ်တာဖျက်ပစ်လို့ရမှာဖြစ်ပါတယ်။

ပြီးတော့ သင်မလိုတော့တဲ့ အတိတ်က ပိုစ့်အကုန်လုံးကို တစ်နေရာထဲကနေ ဖျက်ပစ်နိုင်မှာပါ။
Facebook Privacy shortcuts pop-up box ရဲ့ “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ဆိုတဲ့ လုံခြုံရေးအတွက် အသုံးဝင်ပုံအကြောင်းကို ရှင်းပြသွားပါမယ်။


မိမိရဲ့ Profile ကို မည်သူက ၀င်ကြည့်ရင် ဘယ်လိုပေါ်နေလဲ ဆိုတာ သိချင်ကြပါတယ်။ ဒါကြောင့် “who can see my stuff?” ဆိုတဲ့ စာကြောင်းမှာရှိတဲ့ တတိယ အကြောင်းဖြစ်တဲ့What do other people see on my timeline? ကိုဝင်ပြီး View As ကို နှိပ်လိုက်ပါ။
ဒါဆိုရင် သင့်ရဲ့  profile ကို ပေါ်လာပြီး This is what your timeline looks like to: ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ သူငယ်ချင်းနာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။
အခုပြောပြမှာကတော့ နောက်ဆုံးအချက်ပါ။
Facebook Privacy shortcuts pop-up box ကလေးကို နှိပ်ပြီး ဒုတိယအကြောင်းဖြစ်တဲ့ “who can contact me” ကို click လိုက်ပါ။


ပထမဆုံးအကြောင်းဖြစ်တဲ့ Whose messages do I want filtered into my Inbox? ဆိုတာကတော့ မိမိကို message ပေးပို့နေတဲ့ သူတွေကို ထိန်းချုပ်နိုင်ဖို့ ထည့်သွင်းပေးထားတာပါ။
ဒုတိယအကြောင်းဖြစ်တဲ့ Who can send me friend requests? ဆိုတာကတော့ ဘယ်သူတွေက သူငယ်ချင်းဖြစ်ခွင့် ပို့လို့ရအောင် ထိန်းချုပ်မလဲဆိုတာပဲဖြစ်ပါတယ်။
ဥပမာအနေနဲ့ ပြောရရင် မိမိနဲ့ သူငယ်ချင်းဖြစ်လိုသူကြားမှာ ကြားခံသူငယ်ချင်း(Mutual) မရှိရင် friend request ဆိုတဲ့ button ကို နှိပ်ခွင့်ပေးဖို့ နေနေသာသာ တဘက်လူက ရှာလို့ ရမှာတောင်မဟုတ်ပါဘူး။
××××××××××××××××××××××××××××××××××××××
ဓါတ်ပုံများတင်သောအခါ add photos/video ဆိုတာကို နှိပ်စရာမလိုတော့ပါဘူး။ သင် တင်လိုသောပုံကို drag ဆွဲ၍ what on your mind ဆိုတဲ့ status မှာ drag ဆွဲပြီးထည့်လိုက်ပါ။ပြီးလျှင် ခုနစောင့်ပါ။ မိမိပုံပေါ်လာပြီဆိုလျှင် post အားနှိပ်လိုက်လျှင် ဓါတ်ပုံတင်ပြီးသားဖြစ်သွားပါလိမ့်မယ်။
အားလုံးပဲနှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ….
____________________________________
Credit By KaungMyatOo[Admin-Team,NewsOfMyanmar]

NewsOfMyanmar








To make faster shutdown

တင်ပြသူ Kyaw Htin Sunday, 16 December 2012







Computer ကိုပိတ်ရင်  Windows က Shutdown ချတတ်တဲ့ သူတွေ
အတွက်က ကိုယ့်ကွန်ပျူတာ Shutdown  မကျမချင်းကို စောင့်ပေးရပါတယ်။
အဲ့ဒီလိုမျိုးShutdown အချိန်ကြာနေ တဲ့အတွက် တစ်ခါတလေ အရေးကြီး
အပြင်သွားစရာရှိတယ်ဆိုရင် UPS ကို မပိတ်ခဲ့ရဘဲ ထွက်သွားပြီး မီးပျက်သွား
ရင်လည်း UPS ကိုဖွင့်ထားမိတဲ့အတွက် UPS ပျက်တာတွေရှိတတ်ပါတယ်။
အဲဒီ လိုမျိုး တစ်ခါတစ်ရံ အရေးကြီးလို့ အပြင် ထွက်စရာရှိတဲ့သူတွေရော
Computer Shutdown  လုပ်တဲ့အချိန်ကို မစောင့် နိုင်တဲ့သူတွေအတွက်ရော
Computer Shutdown Time  မြန်အောင် လုပ်နည်းလေး ပြောပြပေးချင်ပါတယ်။
အဓိကကတော့  Registry Editor  ထဲမှာ ၀င်ပြင်ရတာပါပဲ။ လုပ်ပုံလုပ်နည်း
လေးကတော့ အရင်ဆုံး Windows +R  ကို နှိပ်ပါ။ ဘယ်ဘက်ထောင့်မှာ Run Box ကျလာပါလိမ့်မယ်။
Run Box ပေါ်လာရင် အဲဒီအထဲမှာ Regedit   ရိုက်ထည့်ပေးပါ။ အဲဒါဆိုရင် Regisrty
Editor ကျလာပါလိမ့်မယ်။ ပြီးရင် Regisrty Editor အောက်က HKEY_LOCAL_MACHINE
နှိပ်ပေးပါ။ ပြီးရင်   SYSTEM  ဆိုတဲ့ဖိုင် ကို ထပ်နှိပ်ပေးပါ။   SYSTEM  အောက်
က Current Control Set  ကိုဝင်ပေးပါ။ ပြီးရင် Current Control Set အောက်က
Control ဆိုတာကို ထပ်ဝင်ပေးပါ။ Control ဆိုတဲ့  Folder  ကိုနှိပ်လိုက်တာ
နဲ့ ဘေးနားက Box ဖိုင်လေးကိုးခုကျ လာပါလိမ့်မယ်။ အဲဒီအထဲမှာ Wait
To Kill Service Timeout ဆိုတာလေး ကို Double Click နှိပ်ပေးပါ။ ပြီးရင်
Value Data ကို ၂၀၀ လို့ပြောင်းပေး လိုက်ပါ။ ပြီးရင်  Shutdown ချကြည့်
တာနဲ့ သိသိသာသာ  Shutdown အချိန် က မြန်လာပါလိမ့်မယ်။


Crd : The Voice_8-50

What is Google play store?

တင်ပြသူ Kyaw Htin Sunday, 4 November 2012




Google play store သည် Multimedia content များကို ရောင်းချသည့် Google ၏ online store ဖြစ်သည်။ ဤ store မှ နေ၍ သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂိမ်း၊ စာအုပ်နှင့် ဆော့ဖ်ဝဲများကို အခပေး၍ ဝယ်ယူနိုင်သည်။ သို့သော် အခမဲ့ရသည်တို့လည်း ရှိပါသည်။ သို့ရာတွင် Google play store သို့ ဝင်ရန် Google play store application ရှိရန်လိုသည်။ ထို application ကို မိမိ၏ tablet သို့မဟုတ် phone ပေါ်တွင် Install လုပ်ထားရန်လည်း လိုပါသည်။

Google play store ၏ အစသည် Google Market ဖြစ်သည်။ ယခင်က ဝယ်ယူထားသော Android tablet များနှင့် Smart phone များပေါ်တွင် Android market application အဟောင်း ရှိကောင်းရှိနေနိုင်ပါသည်။ Google သည် 2008 ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် Android market ကို ကြေညာလျက် online digital store လောကသို့ ဝင်ရောက်လာခဲ့သည်။

သို့ရာတွင် Phone နှင့် Tablet သုံးစွဲသူများ စတင် အသုံးပြုနိုင်သည်မှာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင်မှ ဖြစ်ပါသည်။ အခပေး ဆော့ဖ်ဝဲရောင်းချခြင်းကိုမူ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ပါသည်။ ထိုစဉ်က ဆောဖ့်ဝဲရေးသူ အများစုမှာ အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်မှ ဖြစ်သည်။ သို့သော် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အခြားသောနိုင်ငံ ၂၉ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများအတွက် လမ်းဖွင့်ပေးခဲ့ပါသည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလထဲသို့ ရောက်သည့်အခါ Google သည် Android market ၌ content filtering စနစ်ကို ထည့်သွင်းခဲ့သည်။ ထို့ပြင် Android market မှ ဝယ်ယူသော Application များကို မကြိုက်လျှင် ၂၄ -၄၈ နာရီအတွင်း ငွေပြန်းအမ်း ယူနိုင်သော စနစ်အစား ၁၅ မိနစ်အတွင်း ငွေပြန်အမ်းယူနိုင်သည့် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလသို့ ရောက်သည့် အခါတွင်မူ Android market သည် smart phone နှင့် tablet ပေါ်မှသာ ဝင်ရောက်နိုင်သော အရာမဟုတ်တော့။ Web client ကိုသုံးပြီး PC မှ ဝင်ရောက်နိုင်သော နေရာလည်း ဖြစ်လာပါသည်။ Android market webpage ထဲဝင်၍ request လုပ်သော Application များ (အခပေးနှင့်အခမဲ့) တို့ကို download ဆွဲချခွင့်ပြုပါသည်။ သို့သော် Android market ၌ မှတ်ပုံတင်ထားသော device တစ်ခုအား အထောက်အထားကို တောင်းပါမည်။ Download ဆွဲထားသော application တို့ကို ယင်း device တွင်း၌သာ Install လုပ်နိုင်ပါသည်။

၂၀၁၁ ခုနှစ် မတ်လသို့ ရောက်သည့်အခါ Android market သည် အဆင့်ထပ်၍ မြင့်လာပြန်သည်။ Android market တွင် Add-in application တစ်ခုထပ်ထည့်ပြီး ယင်းမှနေ၍ ငွေလက်ခံကာ Application ရောင်းချသော အဆင့်သို့ တက်လာခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် မေလကား Android market ပုံစံပြောင်းသော ကာလဟု ဆိုနိုင်ပါသည်။ New application list ကို သီးခြားဖော်ပြသည်။ အရောင်းရဆုံး application၊ အရောင်းရဆုံး ဆော့ဖ်ဝဲရေးဆွဲသူတို့ကို သာမက အယ်ဒီတာ စိတ်ကြိုက် application တို့ကို သီးခြားစာရင်းများဖြင့် ဖော်ပြလာပါသည်။ ရည်ရွယ်ချက်မှာ Smart phone နှင့် Tablet သုံးစွဲသူတို့အား application များနိုင်သမျှ များအောင် ပြသရန်ဟု ဆိုသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လအရောက်တွင်မူ Google သည် Android market တစ်ခုလုံး၏ interface ကို ပြန်လည် ပြင်ဆင်ရေးဆွဲသည်။ အပြင်အဆင်သစ်တွင် content feature ကို ပိုမိုအလေးပေးလာသည့်ပြင် screen filter များကိုလည်း ပိုမိုထည့်သွင်းလာပါသည်။ အမေရိကန်ပြည်ထောင်စု ဈေးကွက်အတွင်း အွန်လိုင်း စာအုပ်ရောင်းချမှုနှင့် ရုပ်ရှင်ငှားရမ်းမှုကို ဖြည့်စွက် ထည့်သွင်းလာပါသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် Android market ထဲ၌ music store တစ်ခု အသစ်တိုးလာသည်။ ၂၀၁၂ ခုနှစ် မတ်လတွင် Apk application ဖိုင်တစ်ခုအား အမြင့်ဆုံး ခွင့်ပြုအရွယ်အစား 50mb မှအထက်သို့ မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့် 50Mb ရှိသော Apk ဖိုင်အပြင် အပိုဆောင်းဖိုင်နှစ်ခုကို တစ်ခုလျှင် 2Gb နှုန်းဖြင့် ထပ်မံဖြည့်စွက်ခွင့် ပေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့ အရောက်တွင်မူ Android market ကို Google play store အဖြစ်သို့ အမည်ပြောင်းလဲခဲ့ပါသည်။ ၂၀၁၂ မေလတွင် Google play store တွင် ငွေပေးချေရာ၌ application သုံးပြီး ပေးချေစေသော စနစ်ကို စတင်ကျင့်သုံးခဲ့ပါသည်။

Google play application သည် open source မဟုတ်ပါ။ Google ကသတ်မှတ်ထားသော Compatibility လိုအပ်ချက်နှင့် ကိုက်ညီသော Android device များတွင်သာ ယင်းကို install လုပ်ခွင့်ပြုပါသည်။ ယင်း application ကို သုံး၍သာ Google play store သို့ အခမဲ့ ဝင်ရောက်ခြင်း application များ ရယူခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် google နှင့် လိုင်စင်ဆိုင်ရာ သဘောတူညီချက် ပြုလုပ်ဖို့လည်း လိုအပ်ပါသည်။ အစောပိုင်းတွင် Apple ၏ iPod touch နှင့် ယှဉ်ပြိုင်နိုင်စေရန် Google play နှင့် ချိတ်ဆက်သည့် Android device သည် 3G သို့မဟုတ် 4G ချိတ်ဆက်နိုင်စွမ်းရှိရမည်ဟု သတ်မှတ်ခဲ့သော်လည်း Samsung မှ Galaxy player ထွက်လာချိန်တွင် ယင်းသတ်မှတ်ချက်ကို လျှော့ပေါ့ ပေးခဲ့ပါသည်။

Google play store ၏ အဓိကလုပ်ငန်းမှာ Tablet နှင့် smart phone သုံး Application များရောင်းချရန် ဖြစ်ပါသည်။ သို့သော် Google play သည် application install လုပ်မပေးပါ။ Android device တွင်ပါသော Package Manager Service ကိုသာ install လုပ်ပေးရန် တောင်းဆိုပါသည်။ Apk ဖိုင်တစ်ခုအား device အတွင်းသို့ download ဆွဲချပြီးသည့်အခါ Pack Manager ကို တွေ့မြင်ရပါမည်။ Application များကို များသောအားဖြင့် ဖုန်း၏ Internal storage ထဲတွင် Install လုပ်သော်လည်း အချို့သော အခြေအနေများတွင် external storage card ထဲတွင် install လုပ်ပေးပါသည်။

ယနေ့အချိန်တွင် Google play store သည် အဓိကအားဖြင့် Application များကို ရောင်းချပေးနေပါသည်။ Google play မတိုင်မီ Android market အမည်ဖြင့် စတင်ချိန်က ၂၀၀၉ ခုနှစ် မတ်လ ရောက်ချိန်အထိ application စုစုပေါင်း ၂၃၀၀ သာရှိပါသည်။ ၂၀၁၂ ခုနှစ် ဇွန်လကုန်ဆုံးချိန်တွင် application နှင့် ဂိမ်းပေါင်း ငါးသိန်းအထိရှိနေပြီး download ဆွဲချမှု ၂၀ ဘီလျံ ရှိနေပါသည်။ Google play application ကို အသုံးပြုပြီး Google နှင့် ချိတ်ဆက်မှတ်ပုံတင်ထားသော device မှန်သမျှသည် (အီရန်နိုင်ငံမှလွဲ၍) Google play store မှ အခမဲ့ application နှင့် game များကို ရရှိနိုင်ပါသည်။ အခပေး Application များကိုမူ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၉ နိုင်ငံတွင်သာ တိုက်ရိုက် ရောင်းချနိုင်ပါသေးသည်။

Install လုပ်ပြီးသား application များကို အလိုအလျောက် update လုပ်လိုလျှင်လည်း user က ကြိုတင်ရွေးချယ် သတ်မှတ်ထားနိုင်ပါသည်။ Google play သည် user device နှင့် ကိုက်ညီသော application ကိုသာ download ချနိုင်သည့် filter ထည့်ပေးထားသဖြင့် မိမိစက်နှင့် မကိုက်ညီသော application ကို install မလုပ်မိစေရန် အကူအညီ ပေးနိုင်ပါသည်။ သို့သော် မကောင်းသည့် အချက်မှာ ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု ပေးသူတို့အား tethering application များကို တားမြစ်ခွင့်ပြုထားခြင်း ဖြစ်ပါသည်။

၂၀၁၂ ခုနှစ် ဇွန်လထဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများသည် Google play store သို့ အခပေး application များ တင်ပို့ရောင်းချနိုင်ကြပါပြီ။ သို့ရာတွင် မှတ်ပုံတင်ကြေး ၂၅ ဒေါ်လာပေးရန် လိုအပ်ပါသည်။ Application တစ်ခု၏ ရောင်းချတန်ဖိုးမှ ၇၀ ရာခိုင်နှုန်းကို ဆော့ဖ်ဝဲရေးသူက ရရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းကို ဖုန်းဝန်ဆောင်မှု ပေးသူနှင့် ငွေကြေး စီမံခန့်ခွဲပေးသူများက ရရှိပါသည်။ Google က အကျိုးအမြတ် ရာခိုင်နှုန်း ခံစားခြင်းမရှိပါ။ ဆော့ဖ်ဝဲရေးသူများသည် Google checkout merchant account သို့မဟုတ် google adsense account မှ တစ်ဆင့် ငွေလက်ခံရရှိပါမည်။

Google play store သည် application နှင့် ဂိမ်းများသာ ရောင်းသည်မဟုတ်ပါ။ ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ထောင်ပေါင်းများစွာအား ငှားရမ်းကြည့်ရှုခြင်း (သို့မဟုတ်) အပြီးအပိုင် ဝယ်ယူခြင်း ဝန်ဆောင်မှုကိုလည်း ပေးပါသည်။ ထိုရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများအား ကြည့်ရှုရန် Google play movie application လိုပါသည်။

တေးသီချင်း ရောင်းချရေး ဝန်ဆောင်မှုမှာမူ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် music store အမည်ဖြင့် စတင်ခဲ့သည်။ Music store သည် Google+ ၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။ တေးသီချင်းတစ်ပုဒ်ကို ရောင်းချရာ၌ ၁.၂၉ ဒေါ်လာ၊ ၀.၉၉ ဒေါ်လာ၊ ၀.၆၉ ဒေါ်လာနှင့် အခမဲ့ဟူ၍ အတန်းအစား လေးမျိုး ခွဲခြားထားပါသည်။ ယခုအချိန်တွင် Music store ၌ Universal Music Group, EMI နှင့် Sony Music Entertainment တို့မှ အဓိက ပါဝင်ရောင်းချလျက် ရှိပါသည်။

Google play store ၏ အထင်ကရ မဟုတ်သော လုပ်ငန်းတွင် စာအုပ်ရောင်းချခြင်း ပါဝင်ပါသည်။ Google play store တွင် အခမဲ့ စာအုပ်ပေါင်း ၃ သန်းခန့်ရှိပြီး အခပေး ရောင်းချသည့် စာအုပ်ပေါင်း ထောင်ချီ၍ရှိပါသည်။ Google play website ထဲဝင်၍ စာအုပ်ဖတ်နိုင်သလို Android application သုံး၍ offline လည်း ဖတ်နိုင်ပါသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် Google သည် Nexus device များရောင်းချခြင်းကို Google play store မှနေ၍ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။...

Credit---->>>>  http://www.myanmarmobileapp.com

China established the world record speed of a passenger train

တင်ပြသူ Kyaw Htin Friday, 3 December 2010


ကမ္ဘာအမြန်ဆုံးရထား တရုတ်တည်ဆောက်


အလင်းကဲ့သို့ လျှင်မြန်တဲ့ အရှိန်နဲ့ ဘေဂျင်းက နေ ရှန်ဟိုင်း သို့ပြေးဆွဲမည့် ရထားဖြစ်ပါတယ်။ အသံထက်မြန်တဲ့အင်ဂျင်နဲ့ "Harmony" ရထားအသစ် ဟာ
ကမ္ဘာ့အမြန်ဆုံး ရထားအဖြစ် မှတ်တမ်းဝင် ရထားတစ်စီးဖြစ်လာပါတယ်.။
(၃)ကြိမ်တိုင်တိုင် ဘေဂျင်း နဲ့ ရှန်ဟိုင်း သွားမဲ့ ရထားလမ်းကြောင်းမှာ စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး
ရထားဟာ တစ်နာရီကို ကီလို ၄၀၀ ကျော်နီးပါး ခရီးပေါက်မှာဖြစ်ပါတယ်.။
မီးရထား တည်ဆောက်မှုသမိုင်းမှာ တန်ဖိုးအကြီးမားဆုံး ကုန်ကျခဲ့တဲ့ ရထားတစ်စင်းဖြစ်ပြီး
တန်ဖိုးငွေ ဒေါ်လာ ၁၆ မီလီယံ လောက်ကုန်ကျခဲ့ပါတယ်.။ ဘေဂျင်းမှာ အိုလံပစ် ပြိုင်ပွဲကျင်းပစဉ် ကတည်းက ဒီအထူးအမြန် (superexpress) ရထားစီမံကိန်းကို အကောင်ထည်ဖော်ခဲ့တာပါ။


ဓာတ်ပုံ မှတ်တမ်းတွေက ဒီမှာပါ ..
အချိန်ပိုနေတုန်းလေး ဘာသာပြန်လေး လုပ်မိခြင်းပါ...။
ဒီလင့် မှာလည်းလေ့လာနိုင်ပါတယ်..







Picture for Letter and postcard

တင်ပြသူ Kyaw Htin Sunday, 27 December 2009

ဒီနေ့တော့ ပျင်းပျင်းရှိတုန်း စိတ်ကူတည့်ရာလေးတွေ ရေးရင်းနဲ့ ဓာတ်ပုံလေးတွေလည်းပေးရင်းပေါ့..။
အခုတလော စာမေးပွဲတွေကလည်းနီးလာပြီဆိုတော့ စိတ်ကလည်းနည်းနည်းလေချင်နေမိတယ်
ဘာဆို ဘာမှမလုပ်ဖြစ်ဘူးပို့စ်အသစ်မတင်ဖြစ်တာတောင် တစ်ပတ်လောက်ရှိရောပေါ့..။
အခုတစ်လော အချစ်ရေးအဆင်မပြေကြတဲ့သူတွေပေါနေလားမသိဘူး
ကျွန်တော်ဆီကို လာပြီးအကြံဥာဏ်လာတောင်းကြတယ်
ဒီတော့လည်း ကဗျာသံ စာသံနဲ့သိသလိုလို တက်သလိုလို ဂုရုကြီးပုံဖမ်းပြီး
အားပေးလိုက် အကြဥာဏ်တွေပေးလိုက်တာဘဲ :)
ဘယ်ရမလဲ မောင်ပညာတို့က ဒါမျိုးဆိုကျွမ်းပြီးသား :)
ကိုယ်ဖြစ်ကိုယ်ခံလောကဓံကြီးမှာ အကြောင်းမလှခဲ့သည်ရှိသော် ကံ ကံ၏အကျိုးလို့သာ မှတ်ပေတော့သူငယ်ချင်းတို့ရေ :)
ကဲဒီနေ့တော့ ဆန်းဆန်းလေးလုပ်မိတာလေး တစ်ခုပြမလို့ပါ..
ဘာလဲဆိုတော့ ပေးစာပုံစံရေးလို့ရတဲ့ Picture လေးတွေပါ
ကျွန်တော်လည်း တွေ့တုန်းစိတ်ကူးရလို့ပေးလိုက်ပါတယ်း
Writing bag လို့ခေါ်တဲ့ပေးစာဒီဇိုင်းပုံတွေပါ၊ စာအိတ်တွေလည်းပါတယ်
ဒါလေးတွေကို အဝေးရောက်နေတဲ့သူတွေအတွက်ပရင့်ထုတ်ပြီး စာပို့ကြရင်သက်သာလောက်မယ်ထင်တာဘဲ ချွေတာရေးတွေပြောပြနေတာ :)
ကဗျာမကျ စာမကျတစ်ပုဒ်လောက်တောင် ကောက်စပ်လိုက်တယ်
ဖိုတိုလျော့စမ်းရင်းနဲ့ ရေးစပ်မိတာလေးပါ...









ကဗျာရေးတာတော့ ငယ်ငယ်ကတည်းက ၀ါသနာပါတယ်.။အဖြစ်မရှိတာလား အဲဒီဘက်တွေမှာ ကဗျာ Sense
မရှိတာလားမသိဘူး အားပေးခံရတော်တော်နည်းတယ်..တော်တာများပြောပါတယ်. :P
ကဲ အပြောလေးတွေရပ်ပြီး လိုချင်တဲ့သူများအတွက် ပုံတွေကို Rar ဖိုင်နဲ့ပေးလိုက်မယ်..
ချစ်ရေးအဆင်မပြေသူများ ဒီစာရွှက်တွေပေါ်မှာ ချစ်ကြောင်းတွေသိဖွဲ့ပြီး
မဟေသီတွေဆီ အရောက်ပို့ပေအုံးတော့...
"အဆင်ပြေသွားရင်တော့ ကျေးဇူးဆပ်ဖို့ မမေ့ကျေးနော် " :P

DOWNLOAD


(အားလုံးကို ခင်မင်လေးစားလျှက်
မောင်ပညာ )

Type the rest of your post here.

How to delete file not to reach Recycle Bin

တင်ပြသူ Kyaw Htin Saturday, 4 July 2009


ကျွန်တော်မလိုတဲ့ဖိုင်တွေကို အမှိုက်ပုံး (Recycle Bin) ထဲထည့်ရာမှာ၊တနည်းအားဖြင့် ဖျက်(Delete) လုပ်တဲ့အခါမှာ (Comfirm file Delete) ဆိုပြီး box ပေါ်ပါတယ်။

၎င်းအဆင့်ကိုကျော်ပြီး တစ်ခါတည်းဖျက်ချင်ပါတယ်။ ဘယ်မှာသွားပြင်ရမည်ဆိုတာပါ

ဖော်ပြပါပေးပါ။A: ၄င်းအတွက် အမှိုက်ပုံး (Recycle Bin )ကိုမောက်စ်ညာကလစ်နဲ့ ဖွင့်လိုက်ပါ။

ပြီးရင် Properties ကနေတဆင့် Global tab ကိုနှိပ်ပါ။ အဲဒီမှာMaximum size of Recycle Bin မှာpercent ကို 0%ထားပေးပြီး “Display delete confirmation dialog? ကိုcheck လုပ်ထားခြင်းမှဖြုတ်လိုက်ပါ။ ၄င်း dialog box တွင် အမှိုက်ပုံးရဲ့ အရွှယ်အစားကိုပြောင်းလဲပေးနိုင်သလို အခြား settings လုပ်နိုင်တဲ့အချက်များ

လည်းရှိပါတယ်။။။




Type the rest of your post here.

Run Box ထဲမှာ နောက်ထပ်ရိုက်လို့ရတဲ့ Command လေးတွေပါ
မိုက္ကရိုဆော့ဖ်ဝင်းဒိုးမှာ Environment Variables လို့လည်း ခေါ်ပါတယ်
• %allusersprofile%
• ကွန်ပျုတာကို သုံးနေတဲ့သူ အားလုံးရဲ့ Profile တွေရှိနေတဲ့ နေရာကို ပြပေးပါတယ်။
• %appdata%
• အသုံးချဆော့ဖ်ဝဲတွေရဲ့ အချက်အလက်တွေ သိမ်းထားတဲ့ နေရာပါ။
• %comspec%
• Command shell တကယ် အလုပ်လုပ်နေတဲ့ နေရာ။
• %homedrive%
• လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive နေရာ။
• %homepath%
• လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive လမ်းကြောင်း။
• %logonserver%
• လက်ရှိဝင်သုံးနေတဲ့သူရဲ့ Domain Controller
• %programfiles%
• ဆော့ဖ်ဝဲတွေ ထည့်သွင်းထားတဲ့ နေရာ
• %systemdrive%
• ၀င်းဒိုးရဲ့ ပင်မ Directory
• %systemroot%
• ၀င်းဒိုးရဲ့ ပင်မ Root Directory
• %tmp% သို့မဟုတ် %temp%
• လက်ရှိသုံးနေတဲ့ ဆော့ဖ်ဝဲတွေ အလုပ်လုပ်လက်စ ဖိုင်တွေရှိရာနေရာ
• %username%
• လက်ရှိသုံးနေတဲ့သူ အမည်
• %userdomain%
• လက်ရှိသုံးနေတဲ့ Domain အမည်
• %userprofile%
• လက်ရှိသုံးနေတဲ့သူရဲ့ Profile ရှိရာနေရာ
• %windir%
• OS တင်ထားတဲ့ နေရာ

Type the rest of your post here.

Own social Network and me

တင်ပြသူ Kyaw Htin Monday, 1 December 2008

ကျွန်တော်နဲ့ social Network ခေါ် ning.com အကြောင်းလေး
ပြောချင်ပါတယ်..Social Networkဟာခုနောက်ပိုင်းမှာတော်တော်များများလုပ်လာကြတာကို
တွေ့ရပါတယ်..တော်တော်များများလည်း ဒီဆိုက်မျိုးကိုတွေ့ဖူးမြင်ဖူးကြမှာပါ
လုပ်ရတာလည်းလွယ်ပါတယ် သူ့ Function တွေကတော့ကို့ဆိုက်ထဲမှာဘဲ
Forumတွေဆောက်နိုင်တယ် Groupတွေဖွဲ့နိုင်တယ်ကို Freindတွေအချင်းချင်း စုစုစည်းစည်းနဲ့
တွေ့နိုင် Invite လုပ်နိုင်ပါတယ် Videoတွေထည့်နိုင်စုစည်းထားနိုင်ပါတယ်..
ဒီထက်ပိုပြီး ပြည့်စုံချင်ရင်တော့ Domain တွေတခြားလိုအပ်တဲ့ Badage တွေကိုPayment နဲ့ဝယ်ပြီး ဆိုက်ကို တကယ့်ဝက်ဆိုက်ကြီးဖြစ်အောင်လုပ်နိုင်ပါတယ်..သူငယ်ချင်းတွေကို Member ၀င်ခိုင်းပြီး
အချင်းချင်း Command ပေးနိုင် Blogတွေရေးနိုင်ပါတယ်..
ကိုယ်ပိုင်စာမျက်နှာကိုလည်း Zopia တို့ Friendster တို့လိုပြုပြင်အလှဆင်နိုင်ပါတယ်..
စိတ်ဝင်စားရင်တော့ လင့်လေးကဒီမှာပါ...အောက်ကပုံလေးအတိုင်းအဆင့်ဆင့် Register လုပ်ပြီး
ုကိုယ်တိုင်လုပ်နိုင်ပါတယ်...






ကဲအားလုံးစိတ်ဝင်စားရင်တော့ လုပ်ကြည့်ကြပေါ့ အခက်အခဲရှိရင်မေးလ်နဲ့ဘဲ ဖြစ်ဖြစ်Command နဲ့ဘဲဖြစ်ဖြစ်မေးမြန်းနိုင်ပါတယ်...
ကြုံတုန်းကျွန်တော်လုပ်ထားတဲ့ Soical Network မှနေအကိုအမတွေကိုဖိတ်ပါတယ်..
ဆိုက်နာမည်ကတော့ စာပေချစ်သူပါ ကဗျာစာတွေ ဆွေးနွေးကြတာပေါ့လင့်ကတော့ဒီမှာပါ
http://myanmarbook.ning.com/
လာလည်ကြပေါ့ဗျာ အားရင်တော့....
အားလုံးကို ချစ်ခင်လေးစားလျှက်
(မောင်ပညာ )
Type the rest of your post here.

Windows XP မှာ device တစ်ခုကို install လုပ်တဲ့အခါ ကွန်ပျူတာ boot လုပ်တိုင်း ဒီ driver ကို Operating System က load လုပ်ပေးပါတယ်။ ဒီ driver ကို သုံးတဲ့ device မရှိတော့လည်း OS က driver ကို load လုပ် ပြီး resource တွေကို အလဟဿ ဖြစ်စေတာကြောင့် စက်မှာမရှိတော့တဲ့ device တွေရဲ့ driver တွေကို ဖယ်ရှားပစ်သင့်ပါတယ်။မလိုအပ်တော့တဲ့ device driver တွေကို ဖယ်ရှားပစ်ဖို့ အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်-
My Computer ကို right click လုပ်ပါ။


အဲဒီက Properties ကို click လုပ်ပါ။ (win+pause break) System Properties dialoag box တက်လာပါမယ်။ Advance tab ကိုရွေးပါ။ Advance tab က Environment Variables button ကို နှိပ်ပါ။ အဲဒီက System Variable panel အောက်ရှိ New ကိုနှိပ်ပါ။ ပေါ်လာတဲ့ New System Variable dialog box မှ Variable name မှာ devmgr-show-nonpresent-devices လို့ ရေးထည့်ပေးပါ။ Variable Value မှာ (1) တစ်လို့ရေးထည့်ပေးပါ။ OK ကိုနှိပ်ပါ။ System Properties dialog box ကိုပြန်ရောက်သွားမယ်။ OK ကိုပဲဆက်နှိပ်ပါ။ Hardware tab ကို ရွေးပါ။ Device Manager button ကိုနှိပ်ပါ။ Device Manager မှာ View menu မှတစ်ဆင့် Show Hidden Devices ကိုသွားပါ။ ပြီးရင် Device tree မှာရှိတဲ့ + ကလေးတွေကိုနှိပ်ပြီးဖြန့်ထုတ်လိုက်ပြီး မှိန်နေတဲ့ Icon တွေကိုရှာပါ။ မှိန်နေတာဟာ အသုံးမပြုတော့လို့ဖြစ်ပါတယ်။ အဲဒီ အသုံးမပြုတော့တဲ့ Device ရဲ့ Driver ကို ဖယ်ရှားချင်ရင် အဲဒီ Icon ပေါ်မှာ Right click လုပ်ပြီး uninstall ကိုရွေးချယ်ပေးလိုက်ပါ။

တစ်ခါတစ်ရံ file တစ်ခုခုကိုရှာတော့မယ်လုပ်တော့မှ Search ကိုဖွင့်လို့မရတာကိုသတိထားမိတတ်ကြပါတယ်။ search တို့ folder option တို့ Task manger တို့ဆိုတာ virus ကြောင့်ပဲပျောက်နေကြတာပါ။ ရှာရှည်နေရင်ကြာမှာစိုးလို့ လိုရင်းကိုပဲ ပြောတော့မယ်။ Search နဲ့ Folder Option ပျောက်နေတာ ကိုဖေါ်ချင်ရင်--Start >> Run ကိုဖွင့်ပါ။ (win+R)-regedit လို့ရိုက်ထည့်ပြီး OK/ Enter လုပ်ပါ။

Registry Editor ပေါ်လာပါလိမ့်မယ်။အဲဒီကလေHKEY_Current_User\Software\Microsoft\Windows\CurrentVersion\Politicies\Explorerအဲဒီအတိုင်း tree တွေကိုဖြေသွားပြီး နောက်ဆုံးက Explorer ကို select လုပ်ထားပါ။ညာဘက်က NoFind and NoFolder Options နှစ်ခုရဲ့ data မှာကြည့်လိုက်ပါ။ 0x00000000(1) တွေဖြစ်နေပါလိမ့်မယ်။အဲဒီ Nofine and NoFolder Options ကို Double Click လုပ်ပါ။Edit DWORD Value dialog box ပေါ်လာပါလိမ့်မယ်။ အဲဒိက Value Data နေရာက 1 ကို 0 ပြင်လိုက်ပါ။ပြီးရင် OK ကိုနှိပ်ပါ။ ကွန်ပျူတာကို restart လုပ်ပါ။ Window ပြန်တက်လာတာနဲ့ အားလုံးကောင်းသွားမှာပါ။

Timer Shutdown

တင်ပြသူ Kyaw Htin Wednesday, 29 October 2008

ကျွန်တော် ခုတလော web တွေလိုက် ဖတ်ရင် နဲ့ မှတ်သား မိတာလေး တွေ ပြန်ရေးတာပါ။hacker မဟုတ်ပါဘူး။ သိပြီသားဆိုရင် ပြန်မှတ်မိအောင် မသိသေးရင် သိအောင် ပါ။


နည်း(၁)

၁. မိမိ deskstop ပေါ်မှာ right click ပေးပြီ “new > shortcuts” သို့သွားပါ

၂. creat shortcut box မှာ shutdown -s -t 3600 လို့ရေးလိုက်ပြီ next ကို click လိုက်ရင် ok ပါပြီ..

မှတ်ချက်။ ။ ၃၆၀၀ ဆိုတာ စက္ကန့် ကိုပြောတာပါ..

(ကိုအောင်)



၆၀စက္ကန့်*၆၀မိနစ်=၃၆၀၀စက္ကန့်

၃. icon ကိုပြောင်းခြင်ရင် icon ပေါ် right click > properties > change icon > browse ကိုသွားပြီး ပြောင်းနိုင်ပါတယ်..

လုပ်ထားသော command ကိုဖြတ်ရန်
အဆင့် (၁) အတိုင်းလုပ်ပြီ creat shortcut box မှာ shutdown -a လို့ ရေး ပြီ shortcut လုပ်ထားယုံပါပဲ

နည်း(၂)

start > run သွားပြီ at 11:35 shutdown -s လို့ရေး ယုံပါပဲ

လုပ်ထားသော command ကိုဖြတ်ရန်
start > run သွားပြီ shutdown -a လို့ရေး ရင် ok ပြီ

မှတ်ချက်။ ။ အချန်တွေရေးရင် ၂၄ နာရီ နဲ့ ပဲရေးရပါမယ် ။ ဥပမာ။။။။ ၈း၃၀ pm မှာ shutdown ပေးမယ် ဆိုရင်
at 20:30 shutdown -s လို့ရေးရ ပါ မယ်။

ဆော့ဝဲလေးတွေယူကြရအောင်

တင်ပြသူ Kyaw Htin Thursday, 9 October 2008

ကျွန်တော်ကတော့ ဆော့ဝဲလေးတွေ ရှာဖွေစုဆောင်းရတာကို
ဝါသနာပါတယ် အချိန်အားနေရင် ..internet မှာဆော့ဝဲလေးတွေရှာပြီး
ဒေါင်းလုတ်ချသိမ်းထားလေ့ရှိပါတယ် ..ခုလည်းတွေ့မိတာလေးတွေဝေဌပေးပါအုံးမယ်.....

ဒါကတော့ ph ring tone လေးတွေကိုကိုယ်တိုင်လုပ်လို့ရတဲ့
ဆော့ဝဲလေးပါ...
ကဲဒေါင်းလုပ်လင့်လေးက ဒီမှာ..
မိမိတို့ကြိုက်နှစ်သက်တဲ့ ဗွီစီဒီ သီချင်းလေးတွေကို MP3 ပြောင်းချင်ရင်တော့ ဒီဆော့လ်ဝဲလေးကိုသုံးပါခင်ဗျာ..
ဒီမှာဒေါင်းလုပ်ချပါ

မောက်စ်မြှားလေးကိုလည်း Print Screen ဖမ်းချင်ပါတယ်
အမေး

ကျွန်တော်သည် ကွန်ပျူတာ သင်ခန်းစာများကို ရေးသားနေသူ ဖြစ်ပါတယ်။ အဲဒီလိုရေးရာမှာ ကွန်ပျူတာနဲ့ ဒီဇိုင်းထုတ်ထားတဲ့ ပုံများကို Print Screen ဖမ်းရပါတယ်။ ဒါပေမယ့် မြှားဦးလေး ပါမလာပါ။ ၎င်းအတွက် သုံးနိုင်တဲ့ Print Screen ဆော့ဖ်ဝဲ တစ်ခုခုကို ညွှန်ပေးစေလိုပါတယ်။
အဖြေ

Print Screen ဖမ်းယူရာမှာ လှုပ်ရှားနေတဲ့ အရာများ မပါတတ်ပါ။ တစ်ချို့ က Alt ကီးကို နှိပ်ထားပြီး ဖမ်းတတ်ကြပါတယ်။ သေချာတာကတော့ သီးခြားဆော့ဖ်ဝဲ တစ်ခုခုကို သုံးရပါမယ်။ ဥပမာ Gadwin Print Screen ဆိုပါတော့။ ၎င်းကို အင်တာနက်ကနေ အခမဲ့ ရယူနိုင်ပါတယ်။လိပ်စာက http://www.gadwin.com/printscreen/ ဖြစ်ပါတယ်။ ဗီဒီယိုလို လှုပ်ရှားနေတဲ့ ပုံကို ဖမ်းချင်ရင် CyberLink PowerDVD သို့မဟုတ် Screen Video Recorder ကို သုံးနိုင်ပါတယ်။ Print ScreenDeluxe 6.0(American Systems), CaptureEze Pro ကဲ့သို့ အခြား ဆော့ဖ်ဝဲ များလည်း ရှိပေမယ့် မသုံးဖူးပါ။


အမေး

ပုံ သို့မဟုတ် ဖိုင်တစ်ဖိုင်ကို မောက်စ် ညာကလစ် နှိပ်ပြီး ပေါ်လာတဲ့ menu များထဲက Sent To ကို ရွေးချယ်ကာ တစ်နေရာကို တိုက်ရိုက် ပို့နိုင်တာကို သိပါတယ်။ ကျွန်တော် တွေ့တာက Desktop, My Documents, CD drive စသည် ပို့စရာနည်းနည်းပဲ ရှိနေပါတယ်။ ဆိုလိုတာက ကျွန်တော် တည်ဆောက်ထားတဲ့ ကိုယ်ပိုင် ဖိုလ်ဒါ တစ်ခုခုသို့ Send To နဲ့ ပို့ချင်ပါတယ်။ နည်းလမ်း ရေးပေးပါခင်ဗျား။

အဖြေ

နည်းလမ်းက လွယ်ပါတယ်။ ကိုယ်ပိုင် ဖိုလ်ဒါ တစ်ခုကို တည်ဆောက်ထားပါ။
- Start/Run… ကနေ တစ်ဆင့် sendto လို့ရိုက်ထည့်ပေးပါ။ OK ကို နှိပ်လိုက်ပါ။
- ပေါ်လာတဲ့ box မှ File ကို ကလစ်လုပ်ပြီး New ကို ရွေးချယ်ပါ။
- Shortcut ကို ကလစ်လုပ်ပါ။
- ပေါ်လာတဲ့ box ကနေ တည်ဆောက်ထားတဲ့ ဖိုလ်ဒါ ရှိရာသို့ ညွှန်းလိုက်ပါ။ Next ကိုနှိပ်ပါ။
- Shortcut အမည်ပေးပြီး Finish ကို နှိပ်လိုက်ပါ။ Send To ထဲမှာ ကိုယ်ပိုင် ဖိုလ်ဒါသို့ ပို့နိုင်တဲ့ shortcut ရောက်လာပါလိမ့်မယ်။
အခု ပုံ၊ ဖိုင် စသည်တို့ကို မောက်စ် ညာကလစ်နှိပ်ပြီး မိမိရဲ့ ကိုယ်ပိုင် ဖိုလ်ဒါ သို့ တိုက်ရိုက် Send To နှိုင်ပါပြီ။ အခြား နေရာများသို့ လည်း shortcut များ တည်ဆောက်ပြီး ပို့နိုင်ပါတယ်။
ကွန်ပျူတာဂျာနယ် ၂၀၀၈ခုနှစ်၊ စက်တင်ဘာလ၊ အမှတ် ၁၇၅


Microsoft ရဲ့ OS တွေမှာ Default ပါဝင်တဲ့ Note Pad ကို အားမရသူများ၊ HTML, C/C++, စသည်ဖြင့် Code တွေရေးသားနေကြတဲ့ Programmer များ ပိုမို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရန် Free ရယူနိုင်မယ့် Notepad လေးတွေ လမ်းညွှန်ပေးထားပါတယ်ခင်ဗျာ။

Notepad ++

EditPad Lite

Crimson Editor

XML Notepad 2007http://myatlone.blogspot.com/2007/05/xml-notepad-2007.html

Restart and shoutdown shortcut လေးတွေလုပ်ကြမယ်

တင်ပြသူ Kyaw Htin Sunday, 24 August 2008

ကျနော် အရင်ပို့စ်မှာ shutdown shortcut ကို virus တစ်ခုအနေနဲ့ ပြောခဲ့ပါတယ်။ အပြောင်အပျက် လုပ်လို့ရရုံပါ။ အခု အဲဒါလေးတွေ ပြန်သုံးပြီး မိမိ အတွက် အသုံးတည့်တဲ့ shortcut လေး အဖြစ်ထား ထားရအောင် ။ window ကို shutdown လုပ်ဖို့ restart လုပ်ဖို့ တွေအတွက် start ကိုသွား ဟိုနိုပ် ဒီနိုပ် လုပ်နေရတာနဲ့ စာရင် shortcut ကြိုက်တဲ့ သူတွေ အတွက် အဆင်ပြေပါတယ်။

Desktop ပေါ်မှာ R-Click လုပ် New - shortcut ကိုနိုပ် ။ ပေါ်လာတဲ့ box မှာ

shutdown.exe -s -t 0 လို့ရေးပါ။


Image Hosting by Picoodle.com

ှShutdown အတွက် - shutdown.exe -s -t 0
Restart အတွက် - shutdown.exe -r -t 0
Logoff အတွက် - shutdown.exe -l -t 0
For hibernation အတွက် - rundll32.exe PowrProf.dll, SetSuspendState Hibernate

t နောက်က 0 နေရာမှာ shutdown ကျစေချင် တဲ့ စက္ကန့် ထည့်ရေးနိုင်ပါတယ် ။(ဥပမာ- t 60 ဆိုရင် ၆၀ စက္ကန့်ကြာ မှ shutdown ကျမှာဖြစ်ပါတယ်။)

အပေါ်ကအတိုင်းရေးပြီးရင် Next ။ ပေါ်လာတဲ့ box မှာ ဖိုင်နာမည်ပေး ပြီး finish နိုပ်ပေါ့ ။

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar