Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

VGA Graphics Problem

တင်ပြသူ Kyaw Htin Wednesday 30 December 2009






အားလုံးဘဲ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြည်နှုးနိုင်ကြပါစေလို့ဆုတောင်း ပနာမ ခွန်းဆက်ပါရစေ..။
ကဲဒီနေ့တော့ ကိုယ်တိုင်ကြုံတွေဖြေရှင်းခဲ့ရတဲ့ Graphics VGA ပြဿနာလေးကို
အမှတ်တရအဖြစ်တင်ပြပေးချင်ပါတယ်..
ပထမဦးဆုံးအနေနဲ့ .ကြွားတယ်လို့မထင်စေလိုပါ..
ကျွန်တော့်ဆီမှာ လက်ရှိကွန်ပျူတာစက်နှစ်လုံးဆင်ထားပါတယ်
တစ်လုံးကချက်တက်ဖို့ လက်တော့ တစ်လုံးကလျှောက်ကလိဖို့ Desktop ပေါ့ ကြော်ငြာဝင်တာတော့ဟုတ်ဖူးနော်..:)
ပြဿနာဖြစ်တာတော့ကြာပါပြီ ဘယ်စက်လဲဆိုတော့ Deskstop စက်မှာဖြစ်နေတာ
ကွန်ပျူတာ CPU ကအားလုံးအလုပ်လုပ်ရဲ့သားနဲ့ Flash screen မှာ အပျောက်ပျောက်တွေဖြစ်သွားတယ်
Window အသစ်တင်ကြည့်ပြန်ကောင်းမလားလို့စမ်းကြည့်တယ်မရဘူး
စာမေးပွဲတွင်းဆိုတော့ စက်ကိုပစ်ထားပြီးလက်တော့နဲ့သုံးနေမိတယ်
ကိုကလည်းကလိချင်နေတဲ့သူဆိုတော့ Deskstop မကောင်းရင်မနေနိုင်ပြန်ဘူးအမျိုးမျိုးစမ်းကြည့်တယ်
ကျွန်တော့်အနေနဲ့ကောက်ချကြည့်တာတော့ VGA လစ်သွားတယ်ဆိုတာဘဲ
VGA အသစ်မတင်ခင်မှာ ဘာWindow စမ်းသုံးထားလဲဆိုတော့ ခုခေတ်ကာလပြောနေကြလို့ပေါ့
ခေတ်မှီသူတိုင်း Window 7 သုံးကြသည်တယ်လေ...ကျွန်တော်လည်းအားကျမခံ သူများ 7 ကိုလည်း 7ပေါ့
စတင်တုန်းကတော့ ဘာမှပြဿနာမဖြစ်ပါဘူး ၂လသုံးလလောက်နေတော့ အော်တို Shutdows တွေစဖြစ်နေပြီ
အဲဒါတော့သတိထားမိတယ် Window 7 ရဲ့စွမ်းပကားလို့ဘဲသဘောထားနေမိတယ် နောက်ပိုင်းတော့
VGA လစ်ပြီး Screen ပါတက်မလာတော့ဘူး..ဟီး
ကောက်ချက်တစ်ခုအနေနဲ့ကော သတိပေးတဲ့အနေနဲ့ကောပါ
Window 7 ကြောင့်မို့ဒီပြဿနာဖြစ်သွားတယ်လို့ထင်ပါတယ်..ဒါကကျွန်တော့်စက်အနေနဲ့ပါ
ကျွန်တော့်စက် က Ram ၁ဂစ်ဘဲစိုက်ထားတော့ Windows 7 ကနိုင်ပေမဲ့တစ်ခြား Application တွေ Run တော့
Ran ကမနိုင်တော့ဘူး VGA ရဲ့ support ကိုယူရပြန်ရော အဲဒီမှာ VGA ကလည်း 256 ဘဲရှိတော့လစ်တာပေါ့
VGA လစ်သွားတာ ကျန်တာတွေမလစ်လို့တော်သေး စိတ်ထဲမှာဆုတောင်းနေမိတာက ဒီရုရှားရောက်တုန်းစုထားတဲ့
Hard disk က DATA တွေမဆုံးပါစေနဲ့လို့ဆုတောင်းနေမိတယ်...
ကဲအဓိကပြောချင်တာကတော့ မိတ်ဆွေတို့လည်း Window7 တင်ချင်ရင်အနည်းဆုံး Memory ၂ဂစ်လောက်ရှိမှတင်စေချင်
စမ်းစေချင်တယ် ကျွန်တော့်လို VGA Graphic Card ပျက်မှာစိုးလို့ပါ...
Motherboard မှာ VGA စိုက်ထားရင် အဲဒီ VGA ကထွက်တဲ့ Monitor Port အပေါက်နဲ့ဘဲ Monitor ကို
တွဲဖက်အသုံးပြုလို့ရပါတယ် Motherboard ကအပေါက်နဲ့တွဲချင်ရင်တော့ VGA ကိုဖြုတ်မှဘဲရမယ်
ဒါပေမဲ့ ကြာကြာသုံးရင်တော့ မျက်လုံးထိမယ်ထင်တယ်.. Graphic မပါတော့
ကာလာကမကြည်ဘူးလေ...
ကျွန်တော့် ဂရစ်ဖစ်ကညံ့လို့ပျက်သွားတာလားဆိုတော့ မဟုတ်ပြန်ဘူး
တော်တော်ကောင်းတဲ့ ဈေးကြီးပေးရတဲ့ ဂ၇စ်ဖစ်မျိုးမှာ
Designer တွေ ဂရစ်ဖစ်တည်ဆောက်သူတွေသုံးတဲ့ Apple Notebook တွေမှာသုံးတဲ့ MSI ကထုတ်တဲ့ NVidia GeForce အမျိုးအစား Graphics Card ဖြစ်ပါတယ်..
ကဲဒီပို့စ်ရဲ့ လိုရင်းကတော့ မိတ်ဆွေတို့အနေနဲ့ Window 7 သုံးမယ်ဆိုရင်တောင်
Memory နိုင်မှသုံးကြဖို့နဲ့ VGA ဂရစ်ဖစ်အကြောင်းဗဟုသုတအနေနဲ့တင်ပြရင်းကော
Hardware သမားများအတွက် ဗဟုသုတဖြစ်စေလိုခြင်း
ကျွန်တော်ဖြစ်ခဲ့တဲ့ အမှတ်တရအဖြစ်အပျက်လေးကို တင်ပြရင်းအနေနဲ့ပါ..
နောက်နေ့မှာတော့ ဘယ်လိုဖြေရှင်းလိုက်သလဲဆိုတာကိုစောင့်ဖတ်ကြည့်ရှုပေးကြပါလို့..
ပြောကြားရင်း ကျွန်တော့်အတွက် ဒီနေ့ပို့စ်ကိုအဆုံးသတ်ပါရစေ..။
မောင်ပညာကို အားပေးတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းကို ချစ်ခင်လေးစားလျှက် အမှားပါရင်ခွင့်လွတ်ပေးပါလို့ပန်ကြားရင်း

နည်းပညာချစ်သူများရဲ့
မောင်ပညာ (MIET)



Type the rest of your post here.

Picture for Letter and postcard

တင်ပြသူ Kyaw Htin Sunday 27 December 2009

ဒီနေ့တော့ ပျင်းပျင်းရှိတုန်း စိတ်ကူတည့်ရာလေးတွေ ရေးရင်းနဲ့ ဓာတ်ပုံလေးတွေလည်းပေးရင်းပေါ့..။
အခုတလော စာမေးပွဲတွေကလည်းနီးလာပြီဆိုတော့ စိတ်ကလည်းနည်းနည်းလေချင်နေမိတယ်
ဘာဆို ဘာမှမလုပ်ဖြစ်ဘူးပို့စ်အသစ်မတင်ဖြစ်တာတောင် တစ်ပတ်လောက်ရှိရောပေါ့..။
အခုတစ်လော အချစ်ရေးအဆင်မပြေကြတဲ့သူတွေပေါနေလားမသိဘူး
ကျွန်တော်ဆီကို လာပြီးအကြံဥာဏ်လာတောင်းကြတယ်
ဒီတော့လည်း ကဗျာသံ စာသံနဲ့သိသလိုလို တက်သလိုလို ဂုရုကြီးပုံဖမ်းပြီး
အားပေးလိုက် အကြဥာဏ်တွေပေးလိုက်တာဘဲ :)
ဘယ်ရမလဲ မောင်ပညာတို့က ဒါမျိုးဆိုကျွမ်းပြီးသား :)
ကိုယ်ဖြစ်ကိုယ်ခံလောကဓံကြီးမှာ အကြောင်းမလှခဲ့သည်ရှိသော် ကံ ကံ၏အကျိုးလို့သာ မှတ်ပေတော့သူငယ်ချင်းတို့ရေ :)
ကဲဒီနေ့တော့ ဆန်းဆန်းလေးလုပ်မိတာလေး တစ်ခုပြမလို့ပါ..
ဘာလဲဆိုတော့ ပေးစာပုံစံရေးလို့ရတဲ့ Picture လေးတွေပါ
ကျွန်တော်လည်း တွေ့တုန်းစိတ်ကူးရလို့ပေးလိုက်ပါတယ်း
Writing bag လို့ခေါ်တဲ့ပေးစာဒီဇိုင်းပုံတွေပါ၊ စာအိတ်တွေလည်းပါတယ်
ဒါလေးတွေကို အဝေးရောက်နေတဲ့သူတွေအတွက်ပရင့်ထုတ်ပြီး စာပို့ကြရင်သက်သာလောက်မယ်ထင်တာဘဲ ချွေတာရေးတွေပြောပြနေတာ :)
ကဗျာမကျ စာမကျတစ်ပုဒ်လောက်တောင် ကောက်စပ်လိုက်တယ်
ဖိုတိုလျော့စမ်းရင်းနဲ့ ရေးစပ်မိတာလေးပါ...









ကဗျာရေးတာတော့ ငယ်ငယ်ကတည်းက ၀ါသနာပါတယ်.။အဖြစ်မရှိတာလား အဲဒီဘက်တွေမှာ ကဗျာ Sense
မရှိတာလားမသိဘူး အားပေးခံရတော်တော်နည်းတယ်..တော်တာများပြောပါတယ်. :P
ကဲ အပြောလေးတွေရပ်ပြီး လိုချင်တဲ့သူများအတွက် ပုံတွေကို Rar ဖိုင်နဲ့ပေးလိုက်မယ်..
ချစ်ရေးအဆင်မပြေသူများ ဒီစာရွှက်တွေပေါ်မှာ ချစ်ကြောင်းတွေသိဖွဲ့ပြီး
မဟေသီတွေဆီ အရောက်ပို့ပေအုံးတော့...
"အဆင်ပြေသွားရင်တော့ ကျေးဇူးဆပ်ဖို့ မမေ့ကျေးနော် " :P

DOWNLOAD


(အားလုံးကို ခင်မင်လေးစားလျှက်
မောင်ပညာ )

Type the rest of your post here.

Saytime Alarm

တင်ပြသူ Kyaw Htin Friday 18 December 2009









Saytime Alarm ဆော့လ်ဝဲလေးဖြစ်ပါတယ်
ကွန်ပျူတာကနေ ဘယ်နာရီရှိပါပြီလို့ ပြောပေးပါလိမ့်မယ်
Alarm လိုမျိုးလည်းထားလို့ရပါတယ်
ဆော့လ်ဝဲလေးကတော့ အောက်မှာပါ
အဆင်ပြေပါစေ
Download

Type the rest of your post here.

Teracopy 1.22

တင်ပြသူ Kyaw Htin Sunday 13 December 2009





Teracopy 1.22 ဆိုတဲ့ဆော့လ်ဝဲလေးဖြစ်ပါတယ်..။
မိမိစက်မှာဘဲဖြစ်ဖြစ် Local Network မှာဘဲဖြစ်ဖြစ် ဖိုင်တွေကိုတစ်နေရာနဲ့တစ်နေရာ
မြန်မြန်ဆန်ဆန်နဲ့ high max speed ဖြင့် Copy ကူးနိုင်ဖို့အတွက်
အသုံးပြုနိုင်တဲ့ဆော့လ်ဝဲအမျိုးအစားဖြစ်ပါတယ်
Portable ဆော့လ်ဝဲဖြစ်တဲ့အတွက် အသုံးပြုရတာလည်းလွယ်ကူပါတယ်
င်္File ကိုCopy လုပ်တဲ့အခါမှာ File ကို Select --> Right Click ပေးပြီး
tearcopy ပေးလိုက်ပါ ပြီးရင် Copy to ကိုကလစ်ပြီးရွှေ့လိုတဲ့နေရာကို
ရွှေးပြီး ok ပေးလိုက်ရင် အမြန်ဆုံးရွှေ့ပြောင်းပေးသွားမှာဖြစ်ပါတယ်
ကဲ စမ်းသပ်လိုသူများအတွက်
လင့် ပေးလိုက်ပါတယ်..

DOWNLOAD


Type the rest of your post here.

NOD32 Antivirus 3.0.642(with unlimited update fix)

တင်ပြသူ Kyaw Htin Friday 11 December 2009






ပို့စ်အသစ်မတင်ဖြစ်တာတောင် တော်တော်ကြာနေပြီ ဒီနေ့တော့
အရင်ကဖော်ပြထားတဲ့ Laptop သမားများအတွက်ထားရှိသင့်တဲ့
Antivirous အမျိုးအစားဖြစ်တဲ့ NOD32 antivirous လေး
လက်ဆောင်ပေးလိုက်မယ် အောက်မှာဒါယူကြပေတော့ဗျာ
ခရစ်စမတ် လက်ဆောင်ပေါ့ :P

DOWNLOAD





Type the rest of your post here.

Should be use antivirous software for Window7

တင်ပြသူ Kyaw Htin Friday 4 December 2009










Windows 7 တွင်လုံခြုံရေးဆိုင်ရာ feature အသစ်တွေပါဝင်လာပေမယ့် Antivirus ပရိုဂရမ် များကိုတော့တွဲဖက်အသုံးပြုဖို့လိုအပ်ပါတယ်။ အောက်ဖော်ပြပါ Antivirus ပရိုဂရမ် ၁၀ခု ကတော့ Windows 7 နဲ့တွဲဖက်အသုံးပြုသင့်တဲ့ Antivirus ပရိုဂရမ်များ ဖြစ်ပါတယ်။


1: AVG
AVG 9.0 ကိုအခမဲ့ဗားရှင်း AVG Antivirus Free ဖြင့်ရရှိ နိုင်သလို AVG Antivirus, AVG Internet Security, AVG Internet Security Business Edition စတဲ့ပုံမှန်နှစ်စဉ်ကြေး (Subscription edition) ဖြင့် လည်းရရှိနိုင်ပါတယ်။ Free edition မှာ antivirus နဲ့ anti-spyware တွေကိုအသုံးပြုနိုင်ပေ မယ့်အလိုအလျောက် update ပြု လုပ်ပေးနိုင်မယ့်စနစ်တော့ပါဝင် လာခြင်းမရှိပါဘူး။ Update ပြု လုပ်လိုတဲ့အခါမှာတော့ manual ဖြင့်ပြုလုပ်နိုင်ပါတယ်။ Subscription edition မှာတော့ Free edition မှာပါဝင်တဲ့ feature များကို အသုံးပြုနိုင်သလို phishing နဲ့ anti-rookit ကာကွယ်မှုစတဲ့ feature တွေကိုအသုံးပြုနိုင်မှာဖြစ်ပါ တယ်။

2: avast!
လက်ရှိ avast! ဗားရှင်းဟာ ၄.၈ ဖြစ်ပြီး ဗားရှင်း ၅.၀ ကိုတော့ မကြာခင်အသုံးပြုနိုင်တော့မှာဖြစ်ပါ တယ်။ အခမဲ့အသုံးပြုနိုင်တဲ့ Home Edition နဲ့ နှစ်စဉ်ကြေးပေးသွင်း ကာအသုံးပြုနိုင်တဲ့ Professional Edition ဆိုပြီးရရှိနိုင်ပါတယ်။ Home Edition မှာ antivirus, anti-spyware, anti-rookit, automatic update စတာတွေကို အသုံးပြုနိုင်ပြီး Professional Edition မှာတော့ Free Edition မှာပါဝင်တဲ့ feature အပြင်အခြား feature မြောက်များစွာဖြင့်အသုံး ပြုနိုင်မှာဖြစ်ပါတယ်။

3: McAfee
McAfee 2010 ကို Virus-Scan Plus, Internet Security, Total Protection စသည့် Home Edition သုံးမျိုးဖြင့်ရရှိနိုင်ပြီး Edition တစ်ခုစီတွင် antivirus, anti-spyware, anti-phishing နဲ့ firewall protection စတဲ့ feature တွေပါဝင်ပါတယ်။

4: Norton
Norton 2010 ကို Internet Security, AntiVirus စတဲ့ဗား ရှင်းနှစ်မျိုးဖြင့်ရရှိနိုင်ပါတယ်။ ၎င်းင်း ဗားရှင်းနှစ်မျိုးစလုံးတွင် virus, spyware, Trojan horse, worm, rookit တို့ဝင်ရောက်ခြင်း မှကာကွယ်ပေးနိုင်မယ့်အချက်တွေ ပါဝင်ပါတယ်။ Internet Security ဗားရှင်းမှာတော့ firewall အ တွက်နည်းလမ်းနှစ်မျိုးပါဝင်ပြီးအ ခြားလုံခြုံရေး feature များလည်း ပါဝင်လာပါတယ်။

5: Kaspersky
Kaspersky ရဲ့ Antivirus 2010 နဲ့ Internet Security 2010 တို့ကို download ပြုလုပ် ကာ ရက် ၃၀ စမ်းသပ်သုံးစွဲနိုင်ပါ တယ်။ ၎င်းင်းဗားရှင်းနှစ်ခုစလုံးတွင် virus, spyware, Trojan, worm, bot စသည်တို့ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အချက်တွေပါ ၀င်သည့်အပြင် phishing နဲ့ identity theft ကာကွယ်မှုစနစ်တွေ လည်းပါဝင်လာပါတယ်။ Internet Security ဗားရှင်းမှာတော့ applicaton နဲ့ browser တို့ မှအချက်အလက်များကိုကာကွယ် ပေးနိုင်တဲ့ Safe Run လိုအဆင့် မြင့် feature တွေပါဝင်လာသည့် အပြင် application တွေရဲ့လုံခြုံ မှုကိုစစ်ဆေးပေးနိုင်တဲ့ Security Analyzer စတဲ့ feature တွေပါ ၀င်လာပါတယ်။


6: Trend Micro
Trend Micro ကထုတ်လုပ် တဲ့ Antivirus + Antispyware, Internet Security, Internet Security Pro တို့ကို အခမဲ့စမ်းသပ်အသုံးပြုနိုင်ပါတယ်။ ဗားရှင်းတစ်ခုစီမှာ antivirus နဲ့ anti-spyware ကာကွယ်မှုဖြင့် အသုံးပြုနိုင်ပြီး Internet Security ဗားရှင်းတွင် ၀က်ဘ်၊ အီးမေးလ်နဲ့ parental ကာကွယ်မှုစနစ်များကို အသုံးပြုနိုင်ပါတယ်။

7: Panda Security
Panda 2010 မှာတော့ Anti-virus Pro, Internet Security, Global Protection စတဲ့ဗားရှင်းများဖြင့်ရရှိနိုင်ပြီး antivirus, anti-spyware, anti-phishing, firewall protection တို့ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Internet Security ဗားရှင်းတွင် anti-spam, parental control, backup စသည့် feature များထပ်ပေါင်းပါဝင်ပြီး Global Protection ဗားရှင်းမှာတော့ backup နဲ့ PC Tuneup feature များပါဝင်လာပါတယ်။

8: PC Tools
Spyware Doctor ပါဝင်တဲ့ Antivirus 2010 ဟာ virus, spyware, Trojan, adware, worm, keylogger စသည်များကို ဖယ်ရှားပေးနိုင်ပါတယ်။

9: Sunbelt Software
Sunbelt Software ရဲ့ VIPRE (Virus Intrusion Protection Remendation Engine) ဟာ Windows 7 နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ Antivirus + Antispyware ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Windows 7 ရဲ့ XP Mode ဖြင့်လည်း အသုံးပြုနိုင်ပြီး အဲ့ဒီအတွက်လိုင်စင်ကြေးထပ်မံပေးသွင်းဖို့မလိုပါဘူး။

10: Microsoft Security Essentials
Microsoft Security Essentials ဟာအခမဲ့ download ပြုလုပ်ကာအသုံးပြုနိုင်တဲ့ Antivirus ပရိုဂရမ်ဖြစ်ပါတယ်။ Virus, spyware အပြင်အခြားအန္တရာယ်ရှိတဲ့ rookit, Trojan စတဲ့ ဆော့ဖ်ဝဲတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် သံသယဖြစ်ဖွယ်ဖိုင်များနဲ့ပရိုဂရမ်များလုပ်ရှားမှုကိုလည်း စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး download ဖိုင်များနဲ့ attach ဖိုင်များကိုလည်းစစ်ဆေးပေးနိုင်ပါတယ်။

(မှတ်ချက် :source by internetjournal
အရင်ကပေးခဲ့ Avast Attivirous သည် Lastest Virsion ဖြစ်ပါတယ်နောက်ထပ်လည်း
Ativirous ဆော့ဝဲလ်များတွေ့ရင်တင်ပေးသွားပါမယ်)

Adobe Audition v1.5

တင်ပြသူ Kyaw Htin Monday 30 November 2009




















Adobe Audition v1.5 ဆော့လ်ဝဲဖြစ်ပါတယ်
Audio Edition လုပ်ချင်သူများအတွက်
အသုံးလိုတဲ့ဆော့လ်ဝဲဖြစ်ပါတယ် Key makerပါထည့်ပေးထားပါတယ်
အဆင်ပြေပါစေဗျာ..
ဆော့လ်ဝဲလ်ရယူရန်

DOWNLOAD

Type the rest of your post here.

antivirsus avast

တင်ပြသူ Kyaw Htin Thursday 26 November 2009









antivirsus avast ဆော့လ်ဝဲလေးဖြစ်ပါတယ်
တွေ့မိ စုမိတုန်းလေး တင်ပေးလိုက်ပါတယ်
အောက်က Rar ဖိုင်ထဲမှာ Keygen လေးပါထည့်ပေးထားပါတယ်
Avast ကြိုက်တဲ့သူများနဲ့ စမ်းသုံးချင်တဲ့သူများအတွက်ပါ
အောက်မှာ Download ရယူပါ

DOWNLOAD


Type the rest of your post here.

Leaves-Brushes for photoshop cs

တင်ပြသူ Kyaw Htin Sunday 22 November 2009







Photoshop သမားများအတွက်
Leaves-Brushes plugin လေးဖြစ်ပါတယ်
ရှာထားတာတော့ကြာပြီ ခုမှဘဲပေးဖြစ်တယ်
အောက်မှာရယူကြပါခင်ဗျ

DOWNLOAD



Type the rest of your post here.

some useful website and Opera Broswer

တင်ပြသူ Kyaw Htin Friday 20 November 2009










ဘာရယ်မဟုတ်ပါဘူး ကို့အတွက်လည်းမှတ်သားပြီးသားဖြစ်အောင်
တစ်ခြားသူများလည်း သိရှိနိုင်အောင် လေ့လာရှာဖွေနိုင်တဲ့ website linkလေးတွေကို
စုစည်းခြင်းဖြစ်ပါတယ်...ပြီးတော့ အပိုလက်ဆောင် Opera Browser လေးပေးလိုက်ပါတယ်
search လုပ်တဲ့အခါမြန်လည်းမြန်ကောင်းလည်းကောင်းတဲ့ Browser လေးဖြစ်ပါတယ်..
ကဲပထမဦးဆုံးလင့်လေးတွေကိုစုစည်းလိုက်ပါတယ်...

၁။http://gigapedia.com/
ဒီဆိုက်လေးကို သူငယ်ချင်းတစ်ယောက်ကပြောပြလို့သိတာပါ။ ဆိုက်မှာအကောင့်ဖောက်ပြီးလိုချင်တဲ့စာအုပ်အမျိုးအစားကို
ရှာဖွေနိုင်ပါတယ်။ ifile နဲ့ rapid တွေကနေ uploading တင်ထားပြီးပေးကြတာများပါတယ်
စာတမ်းလုပ်နေသူများ၊ လေ့လာလိုသူများအတွက်အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်..။

၂။www.pdfoo.com
ဒီဆိုက်ကတော့ Ebook တွေကိုရှာဖွေလို့ရနိုင်တဲ့ဆိုက်လေးဖြစ်ပါတယ်။

၃။nptel
အိန္ဒီယနည်းပညာတက္ကသိုလ်မှ Phdများ,Doctor of Science များ၊ဌာနမှုးများကိုယ်တိုင်ပို့ချပေးတဲ့ lectureများကို
youtube ကနေပြန်လည်လေ့လာနိုင်တဲ့နေရာလေးပါ။ လေ့လာလိုသူများအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်..။

ကဲဒီတစ်ခါပေးမှာကတော့ Oprea Broswer software ဖြစ်ပါတယ်..
Broswer ကိုမြန်မြန်နဲ့သွက်သွက်လေးအသုံးပြုချင်ရင်တော့ Opera ဆော့လ်ဝဲကအထောက်အကူပေးပါလိမ့်မယ်
ဒီနေရာမှာရယူနိုင်ပါတယ်...
DOWNLOAD

Type the rest of your post here.

Special Edition Using Microsoft Excel 2007 Ebook

တင်ပြသူ Kyaw Htin Thursday 19 November 2009









Special Edition Using Microsoft Excel 2007 ဆိုတဲ့ Ebook လေးဖြစ်ပါတယ်
စာအုပ်ကတော့ အင်္ဂလိပ်လိုဘဲရေးထားတာပါ Excel နဲ့အလုပ်လုပ်နေသူများနဲ့
လေ့လာနေသူများ ၀ါသနာပါသူများအတွက်ဝေမျှပေးလိုက်ပါတယ်
အောက်မှာယူလိုက်ပါ.. 52MB ကျော်ကျော်လောက်တော့ရှိပါတယ်
အဆင်ပြေကြပါစေ

DOWNLOAD

Type the rest of your post here.

Window media player 11 for XP

တင်ပြသူ Kyaw Htin Monday 16 November 2009











WMP11 software လေးသတိရတုန်းဝေမျှပေးလိုက်ပါတယ်ခင်ဗျ
DVD file type တွေကို ဒီ player လေးနဲ့သုံးရင်အဆင်ပြေပါလိမ့်မယ်ခင်ဗျ
ဆော့လ်ဝဲလေးက ဒီမှာ ပါ
DOWNLOAD

Type the rest of your post here.

ABBYY.ScanTo.Office

တင်ပြသူ Kyaw Htin Thursday 12 November 2009













ABBYY.ScanTo.Office software ဖြစ်ပါတယ်
Microsoft World,Excel,Outllok or Windows Explorer များကို Direct ပြောင်းပေးနိုင်တဲ့
ဆော့လ်ဝဲလေးဖြစ်ပါတယ် Scanner နဲ့တွဲသုံးရမှာဖြစ်ပါတယ်
Scanner ဆော့လ်ဝဲအမျိုးအစားမျိုးဖြစ်ပါတယ်..ဒါပေမဲ့ထူးခြားတာက
ှScan ဖတ်လိုက်တာနဲ့တစ်ခါတည်းအပေါ်က Microsoft Word အစရှိတဲ့ဖိုင်အမျိုးအစားတိုင်း
ပြောင်းပေးသွားမှာဖြစ်ပါတယ်... စာအုပ်(သို့) စာတမ်းတွေက စာတွေကို office file အဖြစ်သိမ်းဆည်းနိုင်ဖို့
အထောက်အကူပြုနိုင်ပါတယ် အပြင်မှာဒီဆော့လ်ဝဲကိုအလကားမပေးပါဘူး ၀ယ်ရတာတွေချည်းပါဘဲ
ကျွန်တော်လည်း သူများ buy ထားတာလေးဝေမျှပေးလိုက်တာပါ
Rar file ထဲမှာ keygen ပါပါတယ် လိုတဲ့သူများ
လိုသလို အသုံးပြုနိုင်ဖို့အတွက်ပါ အဆင်ပြေကြပါစေ
ဆော့လ်ဝဲလေးကတော့ ဒီမှာပါ

DOWNLOAD

Type the rest of your post here.

Recover office program when that show not responding

တင်ပြသူ Kyaw Htin Wednesday 11 November 2009









ဘာရယ်တော့မဟုတ်ပါဘူး သိပြီးသားတွေလည်းဖြစ်ချင်ဖြစ်မှာပါ
ကျွန်တော့်အနေနဲ့ ပြန်ကြည့်နိုင်အောင်နဲ့ သတိထားနိုင်အောင် ဒီပို့စ်လေးရေးလိုက်တာပါ
မနေ့က ကျွန်တော် မာစတာ စာတမ်းအတွက် microsoft word နဲ့ဘာသာပြန်ပြီးလေ့လာနေတော့
word file ထဲမှာလိုအပ်တာလေးတွေမှတ်ထားတာပေါ့ဖြစ်ချင်တော့ word file ကိုsave ပြီးပိတ်ခါနီးမှာ
microsoftword ကဟန်းသွားတယ် not responding ဆိုပြီးဘဲပြနေတယ်
ပိတ်လိုက်လို့ရှိရင်လည်း ဘာ data မှသိမ်းနိုင်တော့မှာမဟုတ်ဖူးလေ
Broswer တွေကျတော့ သူအလိုလို end now ပေးပြီးရင်ပြန်ဖွင့်ရင် အဲဒီနေရာကိုပြန်ေ၇ာက်နိုင်သေးတယ်
office ကတော့သွားရော End now ပေးလိုက်တာနဲ့အသစ်ရှာထားတဲ့ Data တွေမသိမ်းနိုင်တော့ဘူး
အဲဒီတော့ ထုံးစံအတိုင်းအင်တာနက်မှာရှာရပြီပေါ့
တွေပါတယ် Recover a program that is not responding ဆိုပြီး office microsoft.com
ကနေဖြေရှင်းနည်းလေးပေးထားပါတယ်...
သူထဲမှာတော့ Office file 2003 version အားလုံးအတွက်ဖြေရှင်းနိုင်ပါတယ်တဲ့ ဥပမာ (microsoftword, Excel,Power point )အစရှိသဖြင့်ပေါ့ ..
လုပ်နည်းကတော့
၁။ ပထမဦးဆုံးဖိုင်ကိုမပိတ်ပစ်လိုက်ပါနဲ့ ဒီတိုင်း not responding ဖြစ်နေတဲ့အတိုင်းထားပါ ပြီးရင်
Star menu ---> all program ---> Microsoft Office Tools ကနေ Microsoft Office Application Recoveryဆိုတာလေးကို ကလစ်ပေးလိုက်ပါ...။
၂။ အဲဒီအခါမှာ Recovery လုပ်ဖို့ Aplication box လေးပေါ်လာပါမယ် အဲဒီ box ထားမှာ not responding ဖြစ်နေတဲ့ဖိုင်လေးကို သွားပြီးရှာပေးပြီး box လေးထဲထည့်ပေးထားလိုက်ပါ။

၃။ ပြီးရင် application box ထဲကnot responding ဖြစ်နေတဲ့ဖိုင်လေးကို select လုပ်လိုက်ပါ။ အဲဒီအခါမှာ
(က) သင်ဟာ Recovery ပြန်လုပ်မယ် Data ကိုပြန်ရချင်ရင်တော့ Recover Applicationကိုclickပေး လိုက်ပါ။
(ခ ) မလိုချင်တော့ဘူး program ဟန်းနေတာ ငြိမ်းရင်ပြီးရောဆိုရင်တော့ End application ကို သာ click ပေးလိုက်ပါတော့။။။

၎။ ပြီးရင်တော့ program ကနေ respond တက်လာပါလိမ့်မယ်အဲဒီအခါမှ Send Error Report (သို့) Don't Send.
ဆိုတာလေးကို click ပေးလိုက်ပါ။
၅။ program ပိတ်သွားပါလိမ့်မယ် နောက်တစ်ခါ ကိုလုပ်ထားတဲ့ office file အမျိုးအစားကိုပြန်ဖွင့်လိုက်တဲ့အခါမှတော့
ခုနက not responding ဖြစ်နေတဲ့ဖိုင်လေးကိုအကောင်းပကတိအတိုင်း recover file အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်
Data လေးလည်းမပျောက်သွားတော့ပါဘူး အဲဒီတော့မှစိတ်ကြိုက် Save ချင်save ဆက်လုပ်ချင်လုပ်ပေါ့
အဆင်ပြေပါစေဗျာ အတက်နိုင်ဆုံးတော့ ဘာသာပြန်ပေးလိုက်ပါတယ်
လိုအပ်တာရှိနားလည်နိုင်ကြပါစေဗျာ

မောင်ပညာ


Type the rest of your post here.

DjVu Reader v.2.0.0.26 (Reader software)

တင်ပြသူ Kyaw Htin Saturday 7 November 2009

ဒီကနေ့ကျွန်တော် internet ကနေ Linear electronics and control system အကြောင်းကိုလေ့လာဖို့
ဆိုပြီး ဖိုင်တစ်ခုကိုဒေါင်းလွတ်ချခဲ့တယ် rar ဖိုင်နဲ့ပေးထားတာဆိုတော့ အထဲကဖိုင်က
ဘာfile type အမျိုးအစားမှန်းမသိခဲ့ဘူး ကိုယ်ထင်ထားတာကတော့ရိုးရိုး pdf file type နဲ့ဘဲပေးမယ်ထင်တာပေါ့ တကယ်လည်း rar ဖိုင်ဖြေလိုက်တော့ DjVu file ဖိုင်အမျိုးအစားဖြစ်နေတယ် ကိုဘဲတစ်ခြားနည်းပညာဝက်ဆိုက်တွေကိုမလေ့လာလို့လားမသိဘူး တစ်ခါမှမတွေ့ဖူးဘူး အဲဒီဖိုင်အမျိုးအစားကို အဲဒီတော့ထုံးစံအတိုင်း စပ်စုချင်တဲ့စိတ်လေးနဲ့ အဲဒီ DjVu ဖိုင်ကို
ဖတ်လို့ရမဲ့ဟာလေးကိုရှာကြည့်တာပေါ့ လောလောဆယ်တော့အဲဒီဖိုင်အမျိုးအစားတွေ့ရင်
ဖတ်နိုင်ကြည့်နိုင်တဲ့ reader တစ်ခုသွားတွေ့တယ်…
DjVu Reader v.2.0.0.26 ဆိုဘဲစမ်းကြည့်လိုက်အုံးမယ် … wait :)
အဆင်ပြေပါတယ်ခင်ဗျ အောက်ကပုံအတိုင်း








DjVu ဖိုင်အမျိုးအစားတွေကို ဖတ်ရှု့နိုင်ပါတယ်
ဆော့လ်ဝဲလေးကိုတော့တော်တော်လေး ညွှန်းထားတယ် DjVu ဖိုင်အမျိုးအစားတွေအတွက်
အဆင်ပြေသော ကျစ်လစ်သိပ်သည်းသော စသဖြင့် တကယ်လည်းသုံးရလွယ်ပါတယ်
Portable အမျိုးအစားလေးပါဘဲ file ကိုဖွင့်ပြီး DjVu ဖိုင်အမျိုးအစားကိုရှာရုံပါဘဲ
DjVu ဖိုင်အမျိုးအစားတွေလို့ စိတ်မညစ်စေရအောင်နဲ့ အကျိုးရှိတာလေးတွေကိုလေ့လာနိုင်ဖို့အတွက်
ဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ်

Download


ဗဟုသုတအဖြစ်ကော အမှတ်တရအနေနဲ့ကောတင်ပြပေးခြင်းဖြစ်ပါတယ်
အဆင်ပြေကြပါစေ စကားမစပ်စာအုပ်ကောပါ လင့်ချိတ်ပြီးပေးလိုက်ပါတယ်…
အချိန်ရရင် DjVu filetype အကြောင်းနှင့် Create လုပ်နိုင်တဲ့ဆော့ဝဲလေးကို
တင်ပေးပါမယ် အားလုံးအဆင်ပြေပါစေ

VLC and mplayerc Portable

တင်ပြသူ Kyaw Htin Friday 6 November 2009










ဒါကတော့ VLC player portable ဆော့လ်ဝဲလေးဘဲဖြစ်ပါတယ်
ဒီမှာတော့ ဒီplayer လေးနဲ့ TV channel လိုင်းတွေကိုဖမ်းယူကြည့်ရှုကြပါတယ်
player အမျိုးမျိုးနဲ့ဖွင့်မရ အဆင်မပြေတာတွေအတွက် စမ်းကြည့်နိုင်ဖို့
ပေးလိုက်ပါတယ် အောက်မှာ ယူပါ

DOWNLOAD

ထပ်ပြီးတော့ mplayer classic portable ဆော့လ်ဝဲလေးထပ်ပေးလိုက်ပါတယ်






FLV ဖိုင်အမျိုးအစားတွေအတွက်လည်းအဆင်ပြေပါတယ်
စမ်းသုံးကြည့်ဖို့ပေးလိုက်ပါတယ်..
DOWNLOAD

အပေါ်နဲ့အောက်player များဟာ portable များဖြစ်တဲ့အတွက်တန်းပြီးအဲဒီplayer များနှင့်
ဖွင့်မရပါဘူး player ကိုအရင်ဖွင့်ထားပြီးဖွင့်လိုတဲ့ဖိုင်ကို ဆွဲထည့်ပြီးကြည့်မှရမှာဖြစ်တယ်
အဆင်ပြေပါစေဗျာ

Type the rest of your post here.

How to add snap shot into the blogspot and answer

တင်ပြသူ Kyaw Htin Sunday 1 November 2009

Blogspot sidebar များလင့်များ တွင်ထောက်လိုက်တာနဲ့ အဲဒီဆိုက်ကို preview (သို့မဟုတ်)
Rss များကိုပြသပေးတဲ့ snap shot လေးပါ။ဒီပုံလေးထဲကလိုပေါ့
















https://account.snap.com/signup.php
ဒီလင့်လေးမှာ register လုပ်ရပါမယ်။ sing up လုပ်တဲ့အခါမှာ ၀က်ဆိုက်လင့်ကို မိမိblogspot ရဲ့ website လင့်ကိုထည့်ပေးရမှာဖြစ်ပါတယ်..။ sign up လုပ်ပြီး ဒီ Snap shot လေးကို ဆိုက်မှာ install လုပ် blogger accout ကိုဝင်လိုက်တာနဲ့ auto ထည့်ပြီးသားလေးဖြစ်နေပါမယ် အဆင်ပြေကြပါစေ။။။

Q:: ကိုပညာ blog မှာ ဒီနေရာတွင်ဒေါင်းလုပ်ယူပါ ဆိုတဲ့နည်းလေးရှိရင်တင်ပေးပါလားဗျာ
A; ဒီနည်းဟာ ဘလော့ဂ်တွေမှာပို့တင်တဲ့အခါမှာ cyberlink ချိတ်ပေးထားတဲ့သဘောပါ
ပထမအဆင့်အနေနဲ့ ပို့စ်တစ်ခုရေးဖို့ sign in ၀င်ပြီး new post ကိုနှိပ် ပြီးရင်
နည်းပညာဆိုရင် နည်းပညာအကြောင်းအစရှိတာတွေရေးပေါ့ပြီးရင်
ဆော့လ်ဝဲပေးချင်တာတို့ကို အောက်ပါပုံအတိုင်းလုပ်ပေးလိုက်ရုံပါ
ဒီပုံက ပို့စ်ကိုပထမဦးဆုံးစာရိုက်ထားတဲ့ပုံပါ










စာရိုက်လို့ပြီးပြီးတဲ့အခါ မိမိလင့်ချိတ်လိုတဲ့နေရာကို select ပေးပေးပါ
ပုံအတိုင်း










ပေးပြီးသွားရင် cyberlink icon လေးကိုကလစ်ပါ
ဒီboxလေးထွက်လာပါလိမ့်မယ်









ထွက်လာတဲ့ box မှာ select ပေးထားတဲ့လင့်မှာမှ မိမိ uploading တင်ထားတဲ့
ဖိုင်တွေရဲ့ address ကိုယူပြီးထည့်လိုက်ရုံပါဘဲ
ဒါဆိုလင့်ချိတ်ပြီးသားဖြစ်သွားပါပြီ
အကိုလိုချင်တဲ့အတိုင်းရသွားပါလိမ့်မယ် အဆင်ပြေပါစေ




Type the rest of your post here.

CyberLink PowerDVD

တင်ပြသူ Kyaw Htin Wednesday 28 October 2009



CyberLink PowerDVD the audio and playlists is able to work with absolute all types of CD and DVD, MPEG file type, QuickTime, MIDI. In CyberLink PowerDVD complete support DirectX Video Acceleration, DTS (5.1 and ES 6.1), is realized Dolby Digital, Dolby Pro Logic II. In CyberLink PowerDVD there are functions capture of the staff in a file of format BMP, repetition of a site of record, adjustment of parameters of the image, a bookmark and many other things. Player CyberLink PowerDVD remembers a place of a stop of reproduction of video and allows to begin the further viewing with this place automatically. CyberLink PowerDVD has the attractive compact interface with support skins.


DOWNLOAD



Cyberlink PowerDVD ဆော့လ်ဝဲဟာ DVD ခွေများကိုအလွယ်တကူနဲ့ကြည့်နိုင်ရန်အတွက်
ဖန်တီးထားခြင်းလေးပါ..ဆော့လ်ဝဲလေးကတော့အောက်မှာပါ

Setup Battery Care for Notebook

တင်ပြသူ Kyaw Htin Friday 23 October 2009



Notebook သမားများအတွက် Battery Care
ဆော့လ်ဝဲဖြစ်ပါတယ် မိမိရဲ့စက်မှာ Battery အားဘယ်လောက်ဖြည့်ထားတယ်
Capacity ဘယ်လောက်ရှိပြီဆိုတာကိုပြသပေးပါတယ်
အသုံးပြုလိုသူများအတွက်
အောက်မှာယူလိုက်ပါ
DOWNLOAD


Type the rest of your post here.

Babylon Pro 8.0.0 r38 Portable

တင်ပြသူ Kyaw Htin Wednesday 14 October 2009



ဒီတစ်နေ့တော့ ကျောင်းလေးလည်းအားတုန်း Babylon Portable ဆော့လ်ဝဲလေး
တစ်ခုကိုဝေမျှပေးလိုက်ပါတယ်.တစ်ချို့သူငယ်ချင်းတွေ Babylon Real Version သုံးတဲ့အခါမှာ
crack ချိုးမရတာတို့ path file ကအလုပ်မလုပ်တာတို့ဖြစ်ပြီး free မရတော့ပါဘူး
အဲဒီအတွက် ဒီportable လေးကအတော်အသင့်ဖြေရှင်းပေးနိုင်ပါတယ်
ဒီဆော့လ်ဝဲမ runခင်အရင်ဆုံး real version ကိုrunထားပါပြီးမှ
ဒီဆော့ဝဲလေးကို runပြီးသုံးပါ portable ဆိုတော့ run စရာတောင်မလိုပါဘူး
babylon shutcut လေးကိုကလစ်ပြီးအသုံးပြုရုံပါ...
ဆော့လ်ဝဲလေးကတော့ ဒီမှာပါ
DOWNLOAD

(သတိပြုရမှာကတော့ အသုံးပြုတိုင်း ဒီ babylon shutcut လေးကိုခေါ်ခေါ်သုံးပေးရမှာဖြစ်ပါတယ်
အဆင်ပြေကြပါစေဗျာ၊ စာတမ်းအတွက်ပြင်ဆင်နေရတာကြောင့် ပုံမှန်မတင်နိုင်တာကိုခွင့်လွတ်ပေးကြပါါဗျာ )

Type the rest of your post here.

EN Vista Rainbar

တင်ပြသူ Kyaw Htin Wednesday 23 September 2009

EN Vista Rainbar ဆော့လ်ဝဲလေးပေးဝေချင်ပါတယ်..
ပုံမှာပြထားတဲ့အတိုင်း Vista Rainber လေးကို
Xp window မှာသုံးချင်သူများအတွက်ပါ..
အရင်တစ်ခါ Vista မှာတဲ့ VisualTaskTips အကြောင်းလေးကို
တင်ပြဖူးပါတယ် အခုဒီ
Vista Rainbar လေးကိုနှစ်သက်ရင်တော့
စက်မှာrun ထားကြည့်ပေါ့ ...

ပုံလေးက ဒီမှာပါ ..

( Jenny ပုံကြည့်ရန်မဟုတ် :P )
Type the rest of your post here.

Vista partition manager software

တင်ပြသူ Kyaw Htin Tuesday 15 September 2009
















ကဲဒီတစ်နေ့တော့ ကျောင်းလေးနားတုန်း
Vista partition manager ဆော့ဝဲလေး
ဝေမျှပေးချင်ပါတယ် ကျောင်းကအကိုတစ်ယောက်ဆီက
ရထားတာပါ သုံးရတာလည်းအဆင်ပြေပါတယ်
တော်တော်လေးလည်းပေါ့ပါတယ်
Drive တွေထပ်ခွဲပြီးရင် ပြန်ဖြုတ်ထားလိုက်ပေါ့
ကဲ ဆော့ဝဲလေးက ဒီမှာပါ
window vista တစ်မျိုးတည်းအတွက်သာအသုံးပြုနိုင်တယ်
လုပ်ပုံလုပ်နည်းကို အချိန်ရရင် ရှင်းပြပေးသွားပါမယ်

Download
ဒါကတော့ Mediafire မှာ DOWNLOAD ရယူဖို့ပါ
အဆင်ပြေပါစေ

blthe rest of your post here.

WinSys2 virus error and RegistryBooster 2009

တင်ပြသူ Kyaw Htin Friday 11 September 2009















Now i tell about of Winsys2.exe.
winsys2.exe is a program that may have been installed by you. The exact disk location where it should be stored on your computer is also shown below to verfiy it is not spyware, as many spyware programs use similiar names and just locate them elsewhere on your hard drive.you can more than
on here I had one error of this program.That is can't remove this program .It is always stay and show at tab bar.So i think i have a problem at window32 and recive virus.
I research to slove this problem in google page.
I founded one software .It name is RegistryBooster 2009 .
Registry Booster 2009 program is be use
for optimizing and cleaning the Windows registry
I download this program .And then do that .
The first run the program and second scan read my computer.
Waited a few minute the scan is complete and winsys2 program can't see at my computer tab bar.
I will give RegistryBooster 2009 at down.
Please u have problem as like my experience.

Download

Can u get " here" this program.
thanks for understanding of my post.



Type the rest of your post here.

Gtalk myanmar font software and slove the something error

တင်ပြသူ Kyaw Htin Thursday 10 September 2009






ကျောင်းတွေလည်းပြန်ဖွင့်နေပြီဆိုတော့ အချိန်မရလို့မရေးဖြစ်တာတွေအတွက်
ခွင့်လွတ်ပေးစေချင်ပါတယ်..ဒီတစ်ခါတော့မြန်မာဖောင့်ကို gtalk မှာထည့်နည်းနဲ့
gtalk မှာမြန်မာဖောင့်ကိစ္စနဲ့ပတ်သက်ပြီး တစ်ချို့ဖြစ်လေ့ရှိတဲ့ပြဿနာလေးဆွေးနွေးတင်ပြချင်ပါတယ်။
Gtalk မှာမြန်မာဖောင့်အတွက်တော့ အားလုံးသိပြီးတဲ့အတိုင်း
Gtalkmyanmar.exe ဒီဆော့ဝဲလေးကို run ပေးပါ runတဲ့နေရာမှာ passward တောင်းရင် alpha mandalay လို့ရိုက်လိုက်ပါ..alpha နဲ့ mandalay ကြားမှာ sapce bar တချက်ခြားပါ်...ပြီးရင် Finish လုပ်နော်..Restart ပေးလိုက်ပါ ..ဒါဆိုရင် သူငယ်ချင်းတို့ရဲ့ Gtalk မှာ မြန်မာလို ရိုက်လို့ရပါပြီ
နော်ပြီးအရေးကြီးတာလေးပြောချင်တာက ကိုယ်တိုင်လည်း ဖြစ်ဖူးတစ်ခြားသူတွေလည်းလာလာ
မေးကြတာတစ်ခုရှိပါတယ် Window ကြောင့်ဘဲဖြစ်ဖြစ် virus ကြောင့်မို့ဘဲ ဖြစ်ဖြစ်
program တစ်ခုrun လိုက်လို့ဘဲဖြစ်ဖြစ် Gtalk နဲ့ gmail တွေမှာ မြန်မာဖောင့်မပေါ်တာတွေ
ဖြစ်တက်ကြပါတယ်...ကျွန်တော်ဖြေရှင်းပေးနေတဲ့နည်းကတော့
Explorer Broswer က Tools ကိုသွား ပြီးရင် Internet option ပြီးရင် General ကနေ
font ကိုကလစ်ပြီး Zawgyi-one ချိန်းပေးပါ..Explorer ကိုပိတ်ပြီး gtalk ကိုစမ်းသုံးကြည့်ရင်
မြန်မာဖောင့်ပေါ်လာတာကို တွေ့နိုင်ပါတယ် မသိသေးတဲ့သူတွေအတွက် ဝေမျှပေးခြင်းပါ
စာဖတ်သူအပေါင်းကို ကျေးဇူးတင်လျှက်..


Type the rest of your post here.

TFTTEST for to check screen

တင်ပြသူ Kyaw Htin Tuesday 1 September 2009







ဒီနေ့ ပိုက်ဆံလေးစုမိတုန်း Dell studio notebook လေးသွားဝယ်ဖြစ်ခဲ့တယ်
ကိုယ်တိုင်တော့ မ၀ယ်တက်ဘူးဝယ်တက်တဲ့သူငယ်ချင်းတစ်ယောက်ကို

အကူအညီတောင်းပြီးသွားဖို့လုပ်တော့ သူငယ်ချင်းက ဆော့ဝဲလေးတစ်ခုယူအုံးမယ်
ဆိုပြီး TFTTEST ဆိုတဲ့ဆော့ဝဲကို USB Drive လေးနဲ့ထည့်ခဲ့တယ်..ဟိုရောက်တော့
notebook လည်းရပြီးတော့ Flash screen လေးကိုစစ်တဲ့အခါ ဒီဆော့လ်ဝဲလေးကအသုံးဝင်တာကို
တွေ့ရတယ် ဆော့ဝဲလေးက portable လေးပါ screen မှာအစက်အပြောက်တွေပေါ်မပေါ်ကြည့်နိုင်ပါတယ်
color တွေအမျိုးမျိုးပြောင်းပြီး ကြည့်နိုင်တဲ့ဆော့လ်ဝဲလေးပါ အစက်အပြောက်တွေမရှိဘူး Complete
ဖြစ်တယ်ဆိုရင်တော့ screen view အတွက်စိတ်ချသွားရပြီပေါ့
ကဲကြွားလုံးထုတ် လေများတာများပြီထင်တယ် မသိသေးတဲ့သူတွေအတွက်
share ပေးလိုက်ပါတယ်..

DOWNLOAD
Type the rest of your post here.

FLV to AVI MPEG WMV 3GP MP4 iPod Converter v5.2.0603

တင်ပြသူ Kyaw Htin Monday 24 August 2009






FLV to AVI MPEG WMV 3GP MP4 iPod Converter v5.2.0603 ဆော့ဝဲလေးဖြစ်ပါတယ် FLV file တွေကနေ

တစ်ခြား MPEG ဖိုင်တွေကိုပြောင်းတဲ့ဆော့ဝဲလေးပါ
youtube ကချထားတဲ့ flv ဖိုင်များကိုကြည့်မရသူများအတွက်
ဒီ klmCODEC player လေးနဲ့စမ်းသုံးကြည့်ပါလို့ အကြံပေးရင်း
မရပါက အောက်က conveter ဆော့ဝဲလ်လေးကိုအသုံးပြုနိုင်ပါတယ်
ဆော့ဝဲလေးကို ဒီနေရာလေး ကနေရယူနိုင်ပါတယ်
ရက် ၃၀ ဘဲfree ပေးထားတာပါ လတ်တလောအသုံးလိုသူတွေအတွက်ဝေမျှခြင်းပါ

Type the rest of your post here.

Adobe Design Ebooks (Eng)

တင်ပြသူ Kyaw Htin Wednesday 19 August 2009




















Adobe Design အတွက် Ebook လေးတွေကို
ဒီနေရာမှာ စုစည်းသိမ်းထားလိုက်ပါတယ်
ကိုယ်လိုအပ်တဲ့အခါလည်းပြန်ယူလို့ရအောင်
လိုအပ်တဲ့သူတွေအတွက်အသုံးဝင်အောင်အတွက်ဖြစ်ပါတ.ယ်

စာအုပ်ရယူရန်...
Download

ဒီဆိုက်ကနေလည်း မိမိလိုချင်တဲ့စာအုပ်လေးတွေကိုရှာဖွေနိုင်ပါတယ်
http://www.pdfoo.com/


Type the rest of your post here.

Errorkiller software

တင်ပြသူ Kyaw Htin Friday 14 August 2009












Errorkiller software ဖြစ်ပါတယ်
ရှိသင့်တဲ့ဆော့ဝဲတစ်ခုလို ယူဆပါတယ်
ဒီဆိုက်မှာလည်း အသုံးဝင်ပုံနဲ့ ဆော့လ်ဝဲကိုရယူနိုင်ပါတယ်
ဆော့လ်ဝဲရယူရန်
Download


Type the rest of your post here.

Extra Photo to Video Convertor

တင်ပြသူ Kyaw Htin

















Extra Photo to Video Convertor ဆော့လ်ဝဲဖြစ်ပါတယ်
Ulead လိုပုံစံ နဲ့ MPEG Video ဖိုင်တွေကိုတည်ဆောက်နိုင်ပါတယ်
ဒီနေ့မှ ကျွန်တော်လည်း ဒီဆော့လ်ဝဲလေးကိုတွေ့မိတာပါ
ကို့မှာစုထားတဲ့ပုံလေးကို ဗီဒီယိုဖိုင်အဖြစ်ပြောင်းလဲကြည့်ချင်သူများအတွက်
ဝေမျှပေးလိုက်ပါတယ်
လုပ်ရတာလည်း တော်တော်လွယ်ပါတယ် အဆင်ပြေနိုင်ကြပါစေ
အောက်မှာပါ ဆော့ဝဲလေးက
8.7 MB လောက်ဘဲရှိတာပါ တော်တော်လေးပေါ့ပါတယ်..

Download


Type the rest of your post here.

VisualTaskTips

တင်ပြသူ Kyaw Htin Saturday 1 August 2009

















VisualTaskTips ဆော့ဝဲလေးပါ
ပုံမှာပြထားတဲ့အတိုင်း tab bar ကိုထောက်လိုက်တာနဲ့
ဘာဖွင့်ထားလဲ ဆိုတာကို သိနိုင်ပါတယ်
ကဲဆော့ဝဲလေးက ဒီမှာပါ ifile နဲ့ပြန်တင်ပေးထားပါတယ်

Download

Type the rest of your post here.

Excel formula PDF Ebook

တင်ပြသူ Kyaw Htin Wednesday 22 July 2009

ဒီစာအုပ်လေးကို internet မှာလျှောက်မွေကြည့်ရင်း
တွေ့ဖြစ်သွားတာပါ နည်းပညာ Ebook တွေကိုစုဆောင်းထားရတာကို ၀ါသနာပါတော့
စက်ထဲမှာ သိမ်းထားမိတာလေးပါ စုထားတာတွေတော့များတယ် ပြန်မဖတ်တာကလည်းများသလိုဘဲ :P
English လိုရေးထာတာလေးပါ
Excel ကိုလေ့လာနေသူတွေနဲ့ Excel နဲ့အလုပ်လုပ်နေတဲ့သူတွေအတွက်
အကျိုးရှိလိမ့်မယ်လို့ယူဆမိပါတယ်
ကဲလေပေါသွားတာ များသွားပြီထင်တယ်
ဒီမှာပါ စာအုပ်လေးက



Download

Type the rest of your post here.

Nero Burning ROM 9 portable

တင်ပြသူ Kyaw Htin




















Nero နဲ့ CD burn နည်းကို ဒီနေရာ လေးမှာ
ကျွန်တော်တင်ပြပေးထားပြီးပါပြီ ၊ Nero ဆော့ဝဲလေးကို
ပေးဖို့ကျန်သွားလို့ ဆောရီးပါ အမတစ်ယောက်ကလည်း
ဆော့ဝဲလေးလိုချင်တယ်တောင်းထားတော့ အဆင်သင့်သွားအောင်လို့
လွယ်လွယ်ကူကူပေါ့ပေါ့ပါးပါး သုံးလို့ရမဲ့ Nero portable လေးဘဲ
ဝေမျှပေးလိုက်ပါတယ် Mediafire ကနေ upload တင်လိုက်တာပါ
အဆင်ပြေကြပါစေလို့ ဆန္ဒပြုရင်း software လေးကို
အောက်မှာ ယူလိုက်ပါ........

Download

Nero Burning Rom 9 portable, only 1file, the exe.

100% virus free!

Window 7 တွင်ထည့်သွင်းအသုံးပြုလို့မရပါ !!!





Type the rest of your post here.

Adobe reader 9

တင်ပြသူ Kyaw Htin Saturday 18 July 2009











စာဖတ်သမားများအတွက် adobe reader 9 software ဖြစ်ပါတယ်
ဆိုက်တွေမှာရှာပြီး ဒီဆော့ဝဲကိုရယူနိုင်ပါတယ်
အလွယ်တကူနဲ့ ယူနိုင်အောင်လို့ ifile နဲ့တင်ထားပေးလိုက်ပါတယ်
အဆင်ပြေပါစေ
ရယူရန်

Download


Type the rest of your post here.

Romantic frame for photoshop

တင်ပြသူ Kyaw Htin Wednesday 15 July 2009

Photoshop နဲ့ဓာတ်ပုံအလှများပြုလုပ်ချင်တဲ့သူများအတွက်
frame ကောင်းကောင်းလေးတစ်ခုဝေမျှလိုက်ပါတယ်



















ဒီလင့်လေးမှာလည်းဆက်လက်ရှာဖွေုနိင်ပါတယ်
အဆင်ပြေပါစေ
frame ၇ယူရန်

DOWNLOAD from mediafire


Type the rest of your post here.

How to copyright CD ROM with Nero 9

တင်ပြသူ Kyaw Htin Friday 10 July 2009

CD Disc ကူးနည်း(၂)နည်းကို ဖော်ပြပေးသွားမှာပါ။
အရင်တလောက အမတစ်ယောက်အကူအညီတောင်းလို့ပါ။
နည်း(၂)နည်းရှိပါတယ်..ကူးဖို့အတွက်ဆိုရင်
၁။ Image File ပြုလုပ်ပြီး ကူးနည်း
၂။ CD Disc ထဲသို့ တိုက်ရိုက်ကူးနည်း

၁။ Image File ပြုလုပ်ပြီး ကူးနည်း
Nero Burning ROM ကိုဖွင့်လိုက်ပါ။ အဲဒီမှာ New Compilation ပေါ်လာရင်ပိတ်လိုက်ပါ။
Nero Burnning ROM မှ Recorder ကိုနှိပ်လိုက်ပါ။ Recorder မှ Choose Recorder > Image Recorder ကိုရွေးလိုက်ပါ။











ပြီးရင် Recorder မှ Copy Disc ကိုနှိပ်လိုက်ပါ။










ပေါ်လာေ
သာ New Compilation မှ Copy Option မှာ On the Fly ကိုအမှန်ခြစ်ပေးလိုက်ပါ။ On the Fly ရွေးခြင်းဟာ Image File Name ကိုအရင်တောင်းပြီး Save လုပ်ပေးပါတယ်။ Image လုပ်ချိန်ပိုပြီး မြန်စေပါတယ်။ Source မှာ မိမိ ထည့်ထားသော Disc နေရာကိုရွေးပေးပါ။
ပြီးရင် Read Option နှိပ် သူ့ရဲ့အောက်က Profile Selection မှာ Mixed Mode or CD EXTRA ကိုရွေးပေးပါ။ Mixed Mode or CD EXTRA ရွေးပေးခြင်းအားဖြင့် CD ဓါတ်ပြားအားလုံးကိုမူရင်းအတိုင်း ပြုလုပ်ပေးပါတယ်။ Data အခွေကူး
ယူ ရန် Data CD ရွေးရင်လည်း မမှားနိုင်ပါ။ ပြီးရင် Copy နှိပ်ပါ။



အဲဒီမှာ သိမ်းချင်တဲ့နေရာမှာ သိမ်းနိုင်ပါပြီ။…



၂။ CD Disc ထဲသို့ တိုက်ရိုက်ကူးနည်း
အထက်က ပြထားတဲ့ အတိုင်း Recorder မှာ Choose Recorder ကိုရွေး ပြီးရင် CD/DVDW Writer ကိုရွေးပါ။ ပြီးရင် Recorder မှ Copy Discကိုရွေး ပြီးရင်Copy နှိပ်ပေးလိုက်ပါ။CD Disc ကိုကွန်ပျူတာရဲ့ Hard Diskထဲကို (Tempoary) ယာယီကူးထားတာဖြစ်ပါတယ်။ Tempoary File ကူးပြီးတာနဲ့ မိမိရဲ့ မူရင်း CD ကို ထုတ်ပေးပြီး CD အလွတ်တစ်ချပ်
တောင်းမှာဖြစ်ပါတယ်။ CD အလွတ်တစ်ချပ် ထည့်ပေးလိုက်ရုံပါပဲ။



အားလုံးအဆင်ပြေကြပါစေဗျာ...
ref by :zingyaik3.blogspot.com












Wanna remove Autoplay from USB drive

တင်ပြသူ Kyaw Htin Thursday 9 July 2009

ကျွန်တော်တို့ FLASH Drive (USB) ကိုကွန်ပြူတာမှာတပ်လိုက်ရင်Autoplay အနေနဲ့ Dialog box တက်လာတာကို

သတိပြုမိကြမှာပါအဲဒီAutoplayဟာvirusတွေကိုအလွယ်တကူပျံ့နိုင်စေတယ်ဆိုတာကိုကျွန်တော့်အနေနဲအရင်ကလုံးဝမသိခဲ့ပါဘူး။

ကျွန်တော်တစ်ယောက်တည်းမသိတာနေမှာပါပဲ။ကျွန်တော့ ကွန်ပြူတာမှာတော့ အဲဒီလိုလုပ်ထားပါတယ် ။ အရင်ကတော့

autorunkiller ကိုသုံးပါတယ်။ဘာဖြစ်ဖြစ်ပါ မသိသေးတဲ့သူတွေအတွက်ရည်ရွယ်ပြီး ဒီ post ကိုတင်ဖြစ်ခဲ့တာပါ။Autoplay box ကို

ဖြုတ်ထားရင် USB မှာ ပါလာတဲ့ ဗိုင်းရပ်ကိုလည်း ကာကွယ်နိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ …..

-startmenu>run မှာ gpedit.msc လို့ ရိုက်ထည့်ပါ

-ပြီးရင် User Configuration>Administrative Templates>System ကို သွားပြီးရင် ညာဘက်မှာ Turn off Autoplay ကို

double click ပေးပြီး Enabled ပေးလိုက်ပါ။ ဒါဆိုရင် သင့်ရဲကွန်ပြူတာမှာ USB ကနေ virus အလွယ်တကူ မပျံ့ နှံနိုင်တော့ပါဘူး ဘယ်USB ဘဲလာထည့်ပြီးသုံးသုံးစိတ်ချနိုင်ပါပြီ။


Type the rest of your post here.

How to delete file not to reach Recycle Bin

တင်ပြသူ Kyaw Htin Saturday 4 July 2009


ကျွန်တော်မလိုတဲ့ဖိုင်တွေကို အမှိုက်ပုံး (Recycle Bin) ထဲထည့်ရာမှာ၊တနည်းအားဖြင့် ဖျက်(Delete) လုပ်တဲ့အခါမှာ (Comfirm file Delete) ဆိုပြီး box ပေါ်ပါတယ်။

၎င်းအဆင့်ကိုကျော်ပြီး တစ်ခါတည်းဖျက်ချင်ပါတယ်။ ဘယ်မှာသွားပြင်ရမည်ဆိုတာပါ

ဖော်ပြပါပေးပါ။A: ၄င်းအတွက် အမှိုက်ပုံး (Recycle Bin )ကိုမောက်စ်ညာကလစ်နဲ့ ဖွင့်လိုက်ပါ။

ပြီးရင် Properties ကနေတဆင့် Global tab ကိုနှိပ်ပါ။ အဲဒီမှာMaximum size of Recycle Bin မှာpercent ကို 0%ထားပေးပြီး “Display delete confirmation dialog? ကိုcheck လုပ်ထားခြင်းမှဖြုတ်လိုက်ပါ။ ၄င်း dialog box တွင် အမှိုက်ပုံးရဲ့ အရွှယ်အစားကိုပြောင်းလဲပေးနိုင်သလို အခြား settings လုပ်နိုင်တဲ့အချက်များ

လည်းရှိပါတယ်။။။




Type the rest of your post here.

Tuneup့ Utilities 2009

တင်ပြသူ Kyaw Htin Thursday 2 July 2009




















Tuneup untities 2009 Software လေးဖြစ်ပါတယ်
ဘက်စုံသုံးဆော့ဝဲလေးဖြစ်ပြီး ဖြတ်ရခက်တဲ့ဖိုင်တွေ ရှာဖွေနိုင်ပြီး၊
System operation တွေကိုမြန်အောင်မြင့်တင်နိုင်ဖို့အသုံးပြုနိုင်ပါတယ်..
တော်တော်များများနည်းပညာဘလော့ဂ်တွေမှာ ဒီအကြောင်းနဲ့ပတ်သက်ပြီး
လေ့လာမှတ်သားနိုင်ပါတယ် ဆော့ဝဲလေးကတော့ ဒီမှာပါ


Type the rest of your post here.

Should be study Website links

တင်ပြသူ Kyaw Htin Wednesday 1 July 2009

အရင်template ကsidebar ကလင့်တွေကို
ပြန်ချိတ်ပေးလိုက်ပါတယ် ..ခုဆိုကျွန်တော်လည်းစာမေးပွဲတွေပြီးသွားပါပြီ
မျှော်မှန်းထားတဲ့အမှတ်တွေ အပြည့်ရတဲ့အတွက်ကျေနပ်မိပါတယ်
အချိန်အားတုန်းဆော့လ်ဝဲတွေနဲ့ နည်းပညာတွေကိုဆက်လက်တင်ပေးသွားပါမယ်
ဒီဘလော့ဂ်ကို စလုပ်ထားတာဆိုရင် ခုချိန်ဆို ၁နှစ်ကျော်သက်တမ်းတော့ရှိပါပြီ
လိုအပ်ချက်တွေနားလည်ပေးပြီ လာရောက်ကြတဲ့သူငယ်ချင်းမိတ်ဆွေအားလုံးကိုလည်း
ကျေးဇူးအထူးတင်လျှက်ပါ...
လေ့လာသင့်တဲ့ လင့်တွေကတော့
http://www.free-ed.net/free-ed/FreeEdIDX.asp
http://www.mmenglish.net/index.php
http://www.studying-singapore.com/
http://www.ielts.org/default.aspx
http://kb.iu.edu/data/autv.html
http://education.ning.com/
http://myanmardigitalartists.ning.com/forum
http://www.techtutorials.net/index.html
http://www.katzforums.com/
http://www.epanorama.net/
http://engineering-books.blogspot.com/
http://autocad4myanmar.com/


Type the rest of your post here.

Babylon Pro v8.0.0.r20

တင်ပြသူ Kyaw Htin Monday 15 June 2009















Dictonaryဆော့လ်ဝဲလေးတစ်ခုဝေမျှပေးချင်ပါတယ်
Babylon Pro v8.0.0.r20 last update software ဖြစ်ပါတယ်
patch ဖိုင်နဲ့တကွ တင်ပေးလိုက်ပါတယ်
အသုံးပြုပုံအကြောင်းကို
ဒီနေရာမှာ တင်ပြပေးထားပြီးဖြစ်ပါတယ်
ဆော့ဝဲလေးကတော့ အောက်မှာပါ


Download

Kaspersky Anti-Virus 2009 & Today New Key

တင်ပြသူ Kyaw Htin Sunday 14 June 2009




















ဒီနေ့တော့ စိတ်ကူးရတုန်း
Anti-Virus ဆော့ဝဲလေးတစ်ခုပေးချင်ပါတယ်
Kaspersky Anti-Virus ဆော့ဝဲလေးပါ
အောက်က New Key လေးတွေပါ
Crack ချိုးနိုင်ဖို့အတွက်ပေးလိုက်ပါတယ်
အဆင်ပြေနိုင်ပါစေ
နက်ဖြန်စာမေးပွဲရှိလို့ ဒီလောက်ဘဲ တင်ပြလိုက်ပါတယ်..

ဆော့ဝဲလေးကတော့ ဒီမှာပါ


Type the rest of your post here.

Adobe Photoshop..7

တင်ပြသူ Kyaw Htin Thursday 11 June 2009















စာဖတ်သူတစ်ယောက်မှ တောင်းဆိုထားတာလေးတွေ့လို့
ကျွန်တော့်စက်ထဲမှာ ရှိတဲ့ ဆော့ဝဲလေးကို
ifile ကနေ တင်ပေးလိုက်ပါတယ်
Adobe Photoshop..7 ဆိုတော့
Crack တွေဘာတွေချိုးစရာမလိုပါဘူး
Run နေစဉ်အတွင်း Serial key လေးထည့်ပေးရုံပါ
အဆင်ပြေနိုင်ပါစေ
လိုတဲ့ဆော့လ်ဝဲများရှိရင်လည်းတောင်းဆိုနိုင်သလို
ကောင်းတဲ့ဆော့လ်ဝဲလေးတွေ့ရင်လည်း
ပြန်လည်ဝေမျှပေးပါလို့ :P
ကဲဆော့ဝဲလေးကတော့ ဒီမှာပါ

DOWNLOAD


Type the rest of your post here.

Making Alarm Box with VBScript

တင်ပြသူ Kyaw Htin Tuesday 9 June 2009

VBScript program နဲ့ Alarm box လေးတွေဖန်တီးရအောင်ပါ။
အောက်ကပုံလေးတွေအတိုင်း ဖန်တီးကြရအောင်








ဒီလို box လေးဖန်တီးဖို့အတွက် notepad မှာ
dim answer
answer=MsgBox("Hello everyone!",64+2,"myozawlin")
ကုဒ်လေး ရိုက်ထည့်ပြီး .VBS နဲ့ Save ပြီးပြန်ဖွင့်ကြည့်ရင် အထက်ပါအတိုင်း
message box လေးကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။
ဆက်လက်ပြီး ဒီ.VBS ဖိုင်နဲ့ပတ်သက်ပြီးထပ်လုပ်လို့ရတာလေးတွေကိုဖော်ပြချင်ပါတယ်
အထက်ပါပုံမှ
ပုံနေရာမှာ အောက်က ပုံလေးတွေကိုအစားသွင်းဖို့အတွက်ဆိုရင်..
ပုံရဲ့ဘေးနားမှာပေးတဲ့ ကုဒ်လေးတွေသိဖို့လိုပြီး

dim answer
answer=MsgBox("Hello everyone!",64+2,"myozawlin")
အနီရောင်ပြထားတဲ့နေရာမှာ လိုချင်တဲ့ ဥပမာအမြှောက်ပုံလေးလိုချင်ရင်
dim answer
answer=MsgBox("Hello everyone!",16+2,"myozawlin")
ဆိုပြီးပေးလိုက်ရင် အမြှောက်လက္ခဏာလေးနဲ့ပုံလေးထွက်လာပါလိမ့်မယ်။။


နောက်ဆုံးအနေနဲ့
dim answer
answer=MsgBox("Hello everyone!",16+2,"myozawlin")အပြာရောင်ဂဏန်းမှ
16+1
16+2
16+3
16+4
16+5
အစရှိသဖြင့်ရိုက်ကြည့်ပြီးဘာတွေထူးခြားသွားလည်းဆိုတာကိုလေ့လာနိုင်ပါတယ်..
youtube မှာလည်း virus fate alarm box လုပ်တာနဲ့ပတ်သက်ပြီး
လုပ်ထားတာရှိပါတယ်..ဒီကနေလေ့လာနိုင်ပါတယ်..
.VBS ဖိုင်အကြောင်းတီးမိခေါက်မိရုံတင်ပြခြင်းပါ
စိတ်ဝင်စားဖွယ်ကောင်းမယ်ထင်လို့ပါ..
ပိုပြီးတော့လေ့လာနိုင်ရင်တော့ ကို့အတွက်အကြိုးများမယ်လို့ထင်ပါတယ်



ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar