Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com
Showing posts with label problem slove. Show all posts
Showing posts with label problem slove. Show all posts

Disable the “Content Preparation Progress” in Adobe Reader

တင်ပြသူ Kyaw Htin Monday, 28 January 2013














Adobe Acrobat Reader 8.x and 9.x,10.x version တွေမှာ PDF ဖိုင်ကိုဖွင့်လိုက်တိုင်း
ပုံမှာပြထားတဲ့အတိုင်း ပေါ်နေတာလေးကို မပေါ်အောင် Disable လုပ်နည်းလေးပါ..။ Content Preparation Progress လုပ်နေရင် စောင့်ရတာမျိုးတို့ PDF လေးသွားတာမျိုးမဖြစ်စေဖို့ပါ..။ Accessibility purpose အတွက် ဒီ operation ကပေါ်နေတာဘဲဖြစ်ပါတယ်။ Adobe Reader ကို install ပြီးတိုင်းမှာ Accessibilities ကို enabled ဖြစ်ဖို့ plug-ins လိုအပ်ပါတယ်။။ တကယ်လို့ လိုအပ်တဲ့ Accessibility options က သင့်စက်ထဲမှာ မရှိဘူးဆိုရင် PDf ဖွင့်တိုင်း “Content Preparation Progress” process ကြီးက ကြေငြာနေမှာဘဲဖြစ်ပါတယ်...။ ဒီတော့ accessibility plug-ins ကို Disable ပေးဖို့ အတွက်.. အောက်ဖော်ပြပါလေးတွေကို လုပ်ဆောင်ပေးရင် အဆင်ပြေနိုင်မှာပါ..။ အောက်ပါဖိုင်လေးတွေကို Cut နဲ့ကူးလိုက်ပါ..ဘယ်နားမှာရှိလဲဆိုတော့
1) C:\Program File\Adobe\Reader\plug_ins\Accessibility.api
 2) C:\Program File\Adobe\Reader\plug_ins\ReadOutLoud.api


 အဲဒီ နှစ်ဖိုင်ကို Ctrl+X နဲ့ကူးပြီးရင် optinal folder ထဲထည့်ပါ..မရှိရင် newfolder ကနေOptionalလို့ rename ပေးပြီး create လုပ်လိုက်ပါ..။ ဘယ်မှာလုပ်ရမလဲဆိုတော့ Reader folder ထဲမှာပါ လုပ်ပြီးရင်တော့ C:\Program File\Adobe\\Reader\Optional ထဲသွားထည့်လိုက်ပါတော့..။ PDf တွေကို ပြန်စဖွင့်တဲ့ အချိန် dialog box နဲ့ reader ကနေ accessibility options ကို ထည့်ဖို့လိုသေးတာတို့ တစ်ခုခု သတိပေးစာ ပြပါမယ်..။ No ဆိုတာကို ပေးပြီး not show this message anymore ဆိုတာကို check လုပ်ပြီး click ပေးလိုက်ရင်။ နောက်ကို “Content Preparation Progress” လည်းမပေါ်တော့ဘူး.. msg dialog box လည်းတက်မလာတော့ပါဘူး..။ ဖြစ်လာရင် အသုံးချနိုင်အောင် ဝေမျှခြင်းပါ..။ ကျေးဇူးအထူးတင်ပါတယ်........ မောင်ပညာ

DLL FIXER FULL VERSION

တင်ပြသူ Kyaw Htin Tuesday, 22 January 2013

DLL FIXER FULL VERSION လေးပါ..။ ကွန်ပျူတာသုံးတဲ့အခါမှာ Dll ဖိုင်တွေ ငြိနေလို့... ပျက်နေလို့.. ဆိုပြီး ခဏခဏ စိတ်ညစ်နေရတာကြုံဖူးမှာပါ.. ဒီကောင်လေးက အဲဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်.. Full version of Error Repair DLL (shared files), with which many users have a problem. Features: -Registry Optimization in an intelligent and always the easiest way. -Defrag. and optimize the system registry. -Solving problems related to registry errors. -Repair applications after a system failure and suspension PC. -Prevention of unwanted questions that appear again and again. -Shortens the reaction time. -Increase system performance. -Repairs and cleans the registry from unwanted and invalid entries. @@@ How To Install @@@ 1. Use winrar or similar to extract file 2. Run Dll-Files.com Fixer 2.7.72.2024 pl.exe 3. It\'s A Pre Activated Program So Don\'t Need Serial Or Crack 4. Done!!! DOWNLOAD Credit = http://winkabarkyaw.blogspot.ru/

cannot open new tab in firefox (mm)

တင်ပြသူ Kyaw Htin Sunday, 16 December 2012

အကယ်လို့ firefox မှာ Open a new tab ခေါ်လို့မရတော့ဘူးဆို
Firefox ကို reset လုပ်ခြင်းဖြင့် ပြန်ဖွင့်လို့ရနိုင်ပါတယ်..။

How do I reset Firefox to its default state?

    ပုံပါအတိုင်း Firefox windowအောက်က  Firefox button ကနေ Help ကို အဆင့်ဆင့်သွားပါ။ ပြီးရင်  Troubleshooting Information ကိုသွားလိုက်ပါ..။
ဒါမှ မဟုတ် tool bar က help ကနေ   Troubleshooting Information  ကိုသွားပါ..။








ပေါ်လာတဲ့ပုံတဲ့ကအတိုင်းTroubleshooting Information pageရဲ့  ညာဘက်အပေါ်နားမှာရှိတဲ့  Reset Firefox ဆိုတဲ့ button ကို Click လုပ်လိုက်ပါ.


















အဲ့ဒီအဆင့်ပြီးသွားရင်တော့ firebox အော်တိုပိတ်ပြီး ပြန်ဖွင့်ရင်  Open a new tab  ကို သုံးလို့ ခေါ်လို့ရတော့မှာပါ...။ 

"Unable to connect to the Proxy Server" SOLUTION

တင်ပြသူ Kyaw Htin Monday, 27 August 2012

Chorme နဲ့ Firebox မှာ ပြဿနာတက် ခဲ့တဲ့ အကြောင်းအရာလေးကိုတွေ့မိလို့ဖော်ပြပေးချင်ပါတယ်။ "Unable to connect to the Proxy Server" ဆိုပြီး ဘယ် Website ကိုမဆို ဖွင့်လိုက်တိုင်း အဲ့လိုစာတမ်းလေးပေါ်လာပြီး ဆက်ဖွင့်လို့မရတာမျိုးပါ..။ ဒါဆိုရင်တော့ Chrome ကနေ Solution လုပ်နည်းကိုဖော်ပြပေးလိုက်ပါတယ်..။
Youtube လေးနဲ့လုပ်နည်းပါ ဖော်ပြပေးလိုက်ပါတယ်။ 
ပထမဦးဆုံး Chrome broswer ကိုဖွင့်ပါ။ ပြီးရင် Customize and control google chrome ကို click ပါ ခရင်းခွလိုပုံလေးပါ ညာဘက်ထောင့်မှာရှိပါတယ်။မသေချာသေးရင် Youtube မှာလည်းထပ်ကြည့်လို့ရပါသေးတယ် ။ ပြီးရင် setting ကိုသွားပါ..။ setting ကိုအပြည့်ကြည့်ပါ Show advanced setting ကိုကလစ်ပြီး အပြည့်ကြည့်လို့ရပါတယ်..။ ပြီးရင် Network အောက်က Change proxy setting ကို Click ပါ။ Internet properties box လေးပေါ်လာပါမယ်။ အဲ့ဒီ box ကမှ connection tab အောက်က settings ဆိုတာကို click ပါ Proxy server အောက်က Use a proxy server for this connection ဆိုတာကို select ပေးထားရင်ဖြုတ်လိုက်ပါ။ ပြီးရင် connection tab အောက်က LAN settings ဆိုတာကို click ပါ Proxy server အောက်က Use a proxy server for this connection ဆိုတာကို select ပေးထားရင်ဖြုတ်လိုက်ပါ။ပြီးရင် ok ပေးပြီးဖွင့်ကြည့်လိုက်ရင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်။။ Youtube နည်းလေးလည်းပေးလိုက်ပါတယ်..။


Recover method of folder hidden file

တင်ပြသူ Kyaw Htin Tuesday, 31 January 2012



















ပျောက်နေတဲ့ ဖိုင်လေးတွေဖော်နည်းလေးပါ.။
Virus ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်မှတ်ထားတဲ့
ဖိုင်လေးတွေ ပျောက်သွားရင် ပြန်ဖော်နည်းလေးကို ဝေမျှလိုက်ပါတယ်။ အရင်
ဆုံးလုပ်ရမှာက Hidden လုပ်ထားတဲ့ဖိုင်လေးထဲကိုဝင်လိုက်ပါ။ ပြီးရင် Tools-----> Folder Options ----> View ထဲက
Hidden Files & Folder ထဲကနေ Show Hidden File, Folder & drives ကိုရွေးပေးပါ။ ဒါမှမပေါ်လာသေးရင်
Hide Protect Operating System File(Recommemded) ကို အမှန်ခြစ်လေး
ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ပေါ်လာပါလိမ့်မယ်။ ဒါမှမပေါ်လာရင်
cmd နဲ့ဖော်နည်းလေးကိုပြောပြပါမယ်။
အရင်ဆုံး Start------>cmd
CMD တက်လာပါက ကိုယ်ဖော်ချင်တဲ့ Folder ထဲကို
ဝင်ပါ။ ဥပမာ- ပျောက်နေတဲ့ဖိုင်တွေ
ရှိတဲ့နေရာက stick ထဲမှာဆိုပါက stick
နာမည်ကို ရိုက်ထည့်ပေးပါ။ stick Name : E ဆိုပါက ( E:)ဟု ကွန်မန်း
လိုင်းထဲတွင်ရိုက်ထည့်ပေးပါ။ ထိုအခါ E :ထဲသို့ရောက်သွားမှာဖြစ်တယ်။
အဲ့ဒီအချိန်မှာ ပျောက်နေတဲ့ဖိုင်ကိုဖော်ဖို E:\> attrib -S-H-R-A *.*/S/D
လို့ ရိုက်ထည့်ပေးပါ။ S ရဲ့အဓိပ္ပာယ်က S။ H အဓိပ္ပာယ်က hidden file
R က Read-Only File ကိုခေါ်တယ်။
ဒါဆိုရင် ပျောက်နေတဲ့
ဖိုင်လေးတွေကို ပြန်ဖော်ဖို့အတွက် အဆင်
ပြေကြလိမ့်မယ် လို့ထင်ပါတယ်။


Source : The Voice(8)

Laptop battery problem window 7 ( consider replacing your battery problem)

တင်ပြသူ Kyaw Htin Sunday, 4 December 2011






















ဖော်ပြထားတဲ့ပုံအတိုင်း Laptop တွေမှာ ( consider replacing your battery problem) ဆိုတဲ့ message လေးပေါ်တဲ့ problem တက်တာမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့.....ဖြေရှင်းနည်းကိုရှာရပါတော့မယ်...။
battery ပျက်တာလို့ မှတ်လို့မရသေးပါဘူး...။ Adapter ကနေ၀င်တဲ့လျှပ်စစ်ကိုလက်ခံတယ်... Laptop battery ရဲ့ AC power ကအလုပ်မလုပ်ဘူးဖစ်နေတက်ပါတယ်..။
ဆိုးကျိုးအနေနဲ့ Battery ပျက်သွားနိုင်ပါတယ်..။ ပြီးတော့ ၀င်းဒိုးအသစ်တင်တဲ့အခါမှာ Rate နဲ့ မိမိရဲ့ Computers performance တွေကို improve လုပ်လို့မရတော့ပါဘူး။
ဥပမာ Memory speed တို့ Graphics တွေ ထပ်ပြီးမြင့်လို့မရတော့ပါဘူး။ Window တင်ထားတဲ့ဖိုင်တွေကို မှားပြီးဖြတ်မိတဲ့အခါတို့မှာ ဖြစ်တက်ပါတယ်။
Battery ကိုအသစ်မလှဲသေးဘဲနဲ့ fix လုပ်ဖို့အရင်ဆုံးအကြံပြုချင်ပါတယ်..။ ဒီပြဿနာဖြေရှင်းနည်းကို လည်းရှာရတာခက်ပါတယ်။
အဆင့်(၁)။ ။Battery ရဲ့ properties တွေချိန်းကြည့် window 7 BIOS update တွေလည်းပေးကြည့်ပါ။
မရသေးဘူးဆို၇င်
အဆင့်(၂)။ ။Window 7 ကိုပြန်တင်ကြည့်ပါ။ ( Setup Window 7)
မရလာဘူး နဂိုအတိုင်းဘဲပေါ်တယ်ဆိုရင်....
အဆင့်(၃)။ ။Vista (သို့) မှုရင်းပါလာတဲ့ window 7 ခွေကိုပြန်တင်ကြည့်ပေးပါ။ (Change other OS window, as Vista and XP.)
အဲ့ဒါမှ မရတော့ဘူးဆိုရင်တော့
ဝယ်ရဖို့တော့ သေချာသလောက်ရှိနေပါပြီ :)
ညီငယ်လေးတစ်ယောက် ပြဿနာဖြစ်တဲ့ဟာလေးကို ဝေမျှခြင်းပါ...။သူ့ကိုတော့ Vista ပြောင်းပီးတင်ခိုင်းလိုက်တာ အဆင်ပြေသွားပါတယ်။
တခြားသူတွေရဲ့ resolution လေးတွေရှိရင်လည်း ဝေမျှပေးပါအုံး.......ကျေးဇူးတင်လျှက်.....။

VGA Graphics Problem (2)

တင်ပြသူ Kyaw Htin Saturday, 2 January 2010










ဒီနေ့ပို့စ်လေးကတော့ အရင်နေ့က ရေးခဲ့တာရဲ့အဆက်ပေါ့
ကျွန်တော့်ရဲ့ ကွန်ပျူတာလေး Window 7 ရဲ့ကောင်းမှုကြောင့် VGA လစ်သွားတယ်
Window အသစ်တင်လေ မရလေနဲ့ပေါ့...
ဘာကြောင့်ဖြစ်နေတယ်ဆိုတာကို သိပြီးနောက် VGA ကိုဖြုတ်ပြီးသုံးနေမိတယ်..
ဖြစ်ချင်တော့ ကျွန်တော့်ရဲ့ Motherboard driver ဆော့လ်ဝဲမှာ
Graphic အတွက် driver ဆော့လ်ဝဲကပါမလာဘူး
ဒီတိုင်းဘဲ ဂရပ်ဖစ်မပါဘဲ သုန်သုန်မှုန်မှုန်ပေပေတေတေနဲ့ ဆက်သုံးနေလိုက်တယ်..
ကိုကထင်ထားတာက အော် ကို့ Motherboardက Graphic ကိုထည့်မထားလို့နဲ့တူပါတယ်လို့ :)
တော်တော်များများ board တွေကျတော့ ဒီတိုင်း Graphic Card VGA စိုက်စရာမလိုဘဲနဲ့ကို
CD ခွေထဲမှာကို Driver auto run ပေးထားတော့
အသုံးပြုလို့ကောင်း ဂီမ်းတိုက်လို့ကောင်းနေတာကို တွေ့ရတာကို .:(
ခုသုံးနေတဲ့ Board မှာက Processor ကCore 2Dudo E4600 ဆိုတော့
core2 quad လောက်ဆင်နိုင်တဲ့ Board ကိုအကြွေးတင်ခံပြီးဝယ်ရကောင်းမလားတောင်စိတ်ကူးမိသေးတယ်
Graphic ကောင်းကောင်းလေးသုံးလို့လည်းရအောင်လို့လေ..
လခစား ပညာတော်သင်လည်းဖြစ်နေတော့ Electronics ပစ္စည်းဝယ်မယ်ဆို ကြိုစုထားပြီးဝယ်မှဖြစ်မှာ တော်ကြာဖြုန်းစားကြီးကောက်ဝယ်ထားလိုက်လို့တော့
ဒီမောင်ခဗျာ အဲဒီတလတော့ ခေါက်ဆွဲနဲ့နှပါးသွားရပြီသာမှတ် :)
ပြောတာတွေများသွားပြီထင်တယ်
အဲဒီပြဿနာဖြေရှင်းနိုင်ဖို့ကို သူငယ်ချင်းတစ်ယောက်ဆီကအကူအညီနဲ့အကြံဥာဏ်ရလိုက်တာပါ
သူအကြံပေးတာတော့ အင်တာနက်မှာရှာပြီး Graphics အတွက်ပြဿနာကိုဖြေဂှင်းကြည့်ပါလားတဲ့
ကျွန်တော်လည်းအကြံရပြီး သူငယ်ချင်းပြောတဲ့အတိုင်းရှာဖွေကြည်ပါတယ်
ကျွန်တော် Motherboard က ESC ELITEGROUP ကထုတ်တဲ့
Intel G33T-M2 အမျိုးအစား ဖြစ်ပါတယ်..ဆော့်လ်ဝဲတစ်ခုတော့တွေ့ပါတယ်..
ဆော့လ်ဝဲကိုတော့ အောက်ကလင့်မှာရှာပြီး
ချလိုက်ပါတယ်…
အဲဒီအမျိုးအစားအတွက် Intel(r) Graphics Media Accelerator driver ဆိုတဲ့ XP အတွက်သုံးနိုင်တဲ့
ဆော့လ်ဝဲ Driver လေးပါ.. ကျွန်တော်ရဲ့ Motherboard အမျိုးအစားချင်းတူတဲ့သူများ
အောက်ကလင့်ကနေချလိုက်ပေါ့ အဆင်ပြေသွားတာပေါ့..:)


http://www.intel.com/support/graphics/intelg33/#anchor4

အဓိကပြောချင်တာကတော့ ကျွန်တော့်လိုမျိုး Graphics Card စိုက်ပြီးသုံးရင်းနဲ့ VGA ပျက်သွားသူများနဲ့
Motherboard CD မှာ Graphics driver ထည့်မပေးထားရင် အထက်ပါအတိုင်း
ASUS ဆိုရင် ASUS , Intel ဆို Intel Board အမျိုးအစားအလိုက် သူတို့ရဲ့ ဆိုက်များမှာ
သွားရှာပြီးဒေါင်းလွတ်ချပြီး အသုံးပြုစေလိုပါတယ်.
အဲဒီဖြေရှင်းပြီး Download ချ Run ပြီးတဲ့နောက် Graphics speed လည်းကောင်းလာပါတယ်
Card စိုက်ထားတဲ့နီးနီးပြန်ကောင်းလာတာပါ ဆိုက်တွေမှာလည်းအဲဒီ ဆော့လ်ဝဲတွေဆို
Free ပေးပါတယ် ကျွန်တော်တို့လိုလူတွေအတွက်တော့ အဆင်ပြေတာပေါ့နော် :)
Notebook သမားတွေဆိုလည်း ထိုနည်းတူ Driver မှမဟုတ်ပါဘူးအမျိုးအစားလိုက်ရှိထားသင့်တဲ့
ဆော့ဝဲလ်တွေ လိုအပ်တဲ့ဆော့လ်ဝဲတွေကို Produce လုပ်တဲ့ကုမ္မဏီတွေရဲ့ဆိုက်တွေမှာ သွားပြီးရှာဖွေသင့်
စုဆောင်းသင့် ရီက္ခာအပြည့်ဖြည်းတင်းပြီး Driver ပြည့်စုံစွာနဲ့အလုပ်လုပ်နိုင်စေရန်
ရည်သန်လျှက် ကျွန်တော့်ရဲ့ နောက်ဆက်တွဲပို့စ်ကို
အဆုံးသတ်လိုက်ပါတယ်...

(ချွင်းချက် ။ ။ အထက်ပါပို့စ်နှစ်ခုသည် ကျွန်တော့်ဖြစ်ခဲ့သော ပြဿနာကို ကျွန်တော့်အနေနဲ့ဖြေရှင်းခြင်း
တွေးထင်ခြင်း နှင့် အကြံပေးခြင်းသက်သက်သာ ဖြစ်ပါတယ် လိုအပ်တာတို့ အမှားအယွင်းများရှိရင် ထောက်ပြပြောဆိုနိုင်ပါတယ်ခင်ဗျ။ )
လေးစားစွာဖြင့်
မောင်ပညာ (MIET)



Type the rest of your post here.

run boxပျောက်သွားရင်

တင်ပြသူ Kyaw Htin Sunday, 12 October 2008

How to recover run option in start menu and folder option if they are missing !

Step 1 : Go to C drive

Step 2 : Open Windows folder

Step 3 : Open System32 folder

Step 4 : Click on gpedit.msc

Step 5 : click User Configuration

Step 6 : Click administrative template

Step 7 : Click Start Menu and Taskbar

Step 8 : Double-click ( Remove Run Menu from start Menu) in Setting lists .

And then you’ll see that arrives( Remove Run menu from Start Menu Properties box).

Step 9 : first click enabled and apply and ok

step 10 : again cick disabled and apply and ok

Type the rest of your post here.

Folder option ပျောက်နေရင်

တင်ပြသူ Kyaw Htin Thursday, 25 September 2008

Folder option ပျောက်နေတဲ့အကြောင်းအရင်းကအများကြီးပါ။  အဖြစ်အများဆုံးက virus ကြောင့်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်အောက်ဖော်ပြပါနည်းများနဲ့ ဖော်ထုတ်ကြည့်ရအောင်။
1. start > Run ကိုဖွင့်ပြီး regedit လို့ရိုက်ထည့်ပါ။
2. HKEY_CURRENT_USER ကနေတဆင့်ချင်း  Software\Microsoft\Windows\Current Version\Policies\Explorer သို့ ရောက်အောင် Folder ငယ်များဖွင့်ပါ။ Explorer ကိုကလစ်လုပ်ပြီး ပေါ်လာသော တစ်ဖက်မြင်ကွင်းမှ 'NoFolderOption' ၏ DWORD Value ကို00000000 ဟုပြင်ကြည့်ပါ။
3. computer ကို restart ပြန်လုပ်ပါ။

Window XP တွင် Control Panel ထဲ၌ Folder Option ပျောက်နေပါက
1. ၄င်းသည် Group Policy setting ကြောင့်ဖျောက်ထားခြင်းဖြစ်နိုင်သည်။
2. Computer ကို Administrator အနေနှင့်ဖွင့်ပါ။ သို့မဟုတ် ဖွင့်ထားသည့် အနေအထားသည် Administrator အဖြစ်သုံးနိုင်ရပါမည်။
3. Start > Run ကိုဖွင့်ပြီး gpedit.msc လို့ရိုက်ထည့်လိုက်ပါ။ ၄င်းသည် Group Policy ကိုဖွင့်ခြင်းဖြစ်သည်။
4. Group Policy (Box)  အတွင်း Local Computer Policy\User Configuration\Administrative Templates\Control Panel တို့ကို တစ်ဆင့်ချင်း ဖွင့်ပါ။
5. ၄င်းမြင်ကွင်းတစ်ဖက်တွင် 'Hide Specified Control Panel Applets' ကိုစစ်ကြည့်ပါ။ ၄င်းတွင် Enabled ဖြစ်နေပါက ကလစ်နှစ်ချက်နှိပ်ပြီး Disabled ဟုပြင်လိုက်ပါ။ OK ကိုနှိပ်ပါ။
6. ထို့အတူ 'Show Only Specified Control Panel Applets' ကိုစစ်ပြီး enabled ဖြစ်နေပါက Disabled ကိုရွေးချယ်ကာ ok နှိပ်ပါ။ Group Policy မှပြန်ထွက်လိုက်ပါ။
7. Control Panel ကိုဖွင့်ပါ။ Menu မှ View ကိုဖွင့်ပြီး Refresh ကိုClick လုပ်ပါ။ ထိုသို့ဆောင်ရွက်ရာမှာ Group Policy (Box) အတွင်း enabled စသည်မတွေ့ပါက Folder Option ပျောက်ရခြင်းသည် အခြားသောအကြောင်းများကြောင့်လို့ မှတ်ယူရပါမယ်။
Window XP Home ကဲ့သို့စနစ်Software မျိုးမှာ Group Policy Editor မပါတာမျိုးရှိပါတယ်။ ၄င်းအတွက် regedit ကိုသုံးပြီး registry ကိုဖွင့်ပါ။ ၄င်းတွင် HKEY_CURRENT_USER ကနေ Software\Microsoft\Windows\Current Version\Policies\Explorer သို့တစ်ဆင့်ချင်းဝင်ပါ။ ၄င်းမှ Dis-allowCpl ရဲ့တန်ဖိုးကို စစ်ကြည့်ရပါမယ်။ တန်ဖိုး 0 ဆိုရင် policy disabled နဲ့ 1 ဆိုရင် policy enabled ဖြစ်ပါတယ်။  တကယ်တော့ registry မှာ ၀င်ပြင်တဲ့နည်းလမ်းများသည် အဆင်မပြေရင် စနစ်အတွက် ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar