Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

The first own short novel (teach)

တင်ပြသူ Kyaw Htin Friday 31 December 2010




အပြင်ဆရာ ကျွန်တော်
်အပြင်ဆရာဆိုလို့…..ထီးတွေ ဖိနပ်တွေ ပြင်တဲ့ဆရာလို့ မမြင်သေးဘဲ အထင်တွေ မစမောလိုက်ပါနဲ့…..။ လောကမှာ အကြောက်ဆုံးအရာ နှစ်ခုရှိတယ် အဲ့ဒါကမြွေကိုက်ခံရမှာရယ်၊ ဓာတ်လိုက်မှာရယ်ကိုတော့ အတော်ကြောက်မိပါတယ်။ သူများဓာတ်လိုက်တာဘဲဖြစ်ဖြစ် နတ်ပူးတာအဆုံး…. စိတ်ထဲမှာကြောက်နေမိတာတော့အမှန်။ဒါပေမဲ့ ဖြစ်ချင်တာက အီလက်ထရောနစ် စက်ပြင်ဆရာ.. ဓာတ်တိုင်ပေါ်တက်နေတာမြင်ရင်အသဲတယားယားနဲ့ ဖြစ်နေမိသည်တော့ ဘာရောဂါမှန်းမသိ။ ဒါပေမဲ့ကို့ကြောင့် လျှပ်စစ်မီးတွေဖြတ်ခနဲ့လင်းသွားရင်ကို ကျေနပ်မိသည်တော့အမှန်ပါ။

တိုက်တိုက်ဆိုင်ဆိုင်လို့ဆိုရမလား.၀ါသနာကိုပံ့ပိုးပေးသည်လားမသိ..တိုင်းတပါးမှာပညာတော်သင်တဲ့ ရောက်လာခဲ့ရပြီ။ ယူရမဲ့ဘွဲ့က မဟာသိပ္ပံတဲ့ သင်ရမဲ့ Project က အီလက်ထရောနစ်တဲ့..အဟောင်းနဲ့ လက်ရှိက အဆက်စပ်မရှိ..ရှိရင်းစွဲဝါသနာကြောင့်ကြိတ်မှိတ်ကာ လေ့လာဖြစ်ခဲ့ပါတယ်.။Electronic ပညာရှင်တစ်ယောက်တော့ ဖြစ်ရချည်သေးရဲ့လို့တောင် တွေးမိပါသေးတယ်.။ဒီတော့မှ Electronic အကြောင်းကို လေ့လာမိဖတ်မိ ကြားဖူးနားဝလေးတော့ရှိလာတယ်။

ငါတော့ကမ္ဘာကျော်တော့မှာဘဲလို့

စိတ်ထဲဖြင့် ကြိတ်တွေးကာ ပျော်မိ

ဖိတ်စာပါမျှော်မိသေးတယ်

ဆွီဒင်နိုင်ငံက စာလေးများရောက်လာမလားလို့ ။

တခါက သူငယ်ချင်းတစ်ယောက် သူ့ LCD Flash ပျက်လိုက်၊ ပေါ်လိုက်ဖြစ်နေသည်တဲ့ ကူညီပါအုံးလို့ အကူအညီလာတောင်းရှာပါတယ်။ပညာစွမ်းတော့ပြရချည်သေး တွေးမိတယ်။ဘာကြောင့်ဖြစ်တယ် cause (ဖြစ်စဉ်)ကိုရှာကြည့်..အော် ဒင်း Flash နဲ့ CPU နဲ့ထိုးတဲ့(Node)ငုတ်က မကောင်းတာကိုး Cable ကြိုးငုတ်ကိုကြည့်တော့ကောင်းပတိဘဲ…Flash မှာအဖြေရှာသေချာကာကြည့်မိတော့…အထဲက Circuit ငုတ်မကောင်းသည်ဖြစ်မည်ထင်ပါတယ်။ ဒါကိုပြင်လိုက်မိသည်က………

ဝက်အူလှည့်အားကိုး

အဖြေရှာကာ ထိုးကြည့်ပီးတော့

သေချာပါပြီဟု စမ်းကြည့်လိုက်တာ

ဖျက်ခနဲ့မီးလင်း

မနိုးသော အိပ်ချင်းနဲ့အိပ်သွားလေရဲ့

သေပြီဆရာဟု မကြေငြာခင်

ရေရာစွာ ကြားလိုက်မိသည်က

ကျေးဇူးတင်တယ် သူငယ်ချင်း

သုံးမရတဲ့ ဖလက်စုတ် ခုတော့စုတ်ပီပေါ့တဲ့။

တခါက LED desk table lamp ခြေမငြိမ်ကာ..လှမ်းကန်မိတော့ကြောင့် Voltage ထိန်း Adapter ကွဲရှာကာ သွားခဲ့ဖူးခဲ့တယ်။ အခန်းကမီးသီး မလင်းတလင်းနဲ့ပေတေကာနေမိသေးတယ်အဲတုန်းကလည်း။နောင်အခါမျက်လုံး ပျက်မှာမို့ သေချာစွာ ပြန်ပြင်ခဲ့လိုက်ပါတယ်

အဲဂလိုနဲ့ ပီတိလေးဖြစ်ခဲ့ဖူးပါတယ်။ မကြာပါဘူ့း တိတ်ပတ်တာ ကြည့်မကောင်းလို့ သေချာအောင်လို့ ဂနာမညိမ်ပြင်မိခဲ့တယ်။ဖြစ်ပုံက ဒီလို……


ဒီတစ်ခါလည်း မြန်မာက၀ယ်လာတဲ့ Mouse လေး နာမည်က Sony တဲ့ဂျပန် made လိုနဲ့ သေချာစွာကပ်ကြည့်လိုက်တော့ Made in china တဲ့ ဈေးပေါပေါနဲ့လည်းရသား ဘဲလို့တွေးမိတယ်။ လက်ထဲလည်း ပိုက်ဆံမပြည့်စုံတော့ လက်ဖက်ရည်ဖိုးပါချန်ရမယ်မို့………


ဒီတခါ project ကွန်ပျူတာ ဖြစ်ပီမို့လုပ်နေတဲ့အလုပ်နဲ့ထပ်တူကြ ငါတော့ Programmer ဖြစ်ပီကွလို့ ဟစ်အော်မိတယ်။ဒီလိုနဲ့ဘဲ Programm ပိုင်းကို လေ့လာလိုက်စားဖြစ်သွားပြန်တယ်။ မလုပ်၍မရ ယူရမဲ့ဘွဲ့ကအမြင့်ဆုံးမို့ …ကြိုးစားကာလေ့လာမိတော့ မတောက်တခေါက်တက်လာပြီထင်ပါတယ်။မြန်မာက ၀ယ်ခဲ့တဲ့မောက်လေးလည်း ဒီရောက်မှ cause တက်ပြန်တယ်။ စားပွဲပေါ့တင်ထားရာကနေ အောက်ကို လွှတ်ချပြန်ပီလေ။ ဟိုတခါ Adapter လိုဘဲ
အေးချမ်းမေ ပြန်ဖြစ်ပြန်ရောဘဲ…။ဒီတခါတော့ သေချာစွာပြန်ပြင်လိုက်သည်က…


ဒါဟာ မောက်လှည်းဘီး ဒီနေရာမှာထား ဒါက အောက်ခံ circuit ပြားအောက်ခံမှာထား

စသဖြင့် အရင်က ကလိဖူးတဲ့အကျိုးကြောင့်နေရာ တစ်ကျပြန်ထားနိုင်ခဲ့တယ့် အဖုံးအုပ်တဲ့

နေရာလေးက ပဲ့နေပြန်တော့ အဖုံးအုပ်မရပြန်ဘူး..ဒီတော့ဈေးပြန်ပြေးပြီး ဆင်ကော်သွားဝယ်

ကပ်လိုက်တယ်.။ပြန်တပ်ကြည့်တော့ အကောင်းပတိဘဲဖြစ်နေပြန်တယ်..။ခုထိ အဲမောက်(စ်)

လေးနဲ့ဘဲလုပ်စားနေရတုန်းဘဲ…ခုမှ တကယ့် အပြင်ဆရာဖြစ်ပီထင်ပါတယ်…..။


အဓိကပြောချင်တာက ကွန်ပျူတာပစ္စည်း တစ်ခုခုပျက်နေရင်.. တန်ဖိုးကြီးရင် ဆိုင်ဖြစ်ဖြစ်

သိတဲ့သူဖြစ်ဖြစ် ပြင်ခိုင်းပါလို့…..ကို့ကြောင့်ပျက်မှ ဖြေမဆည်နိုင်ဖြစ်နေမှာစိုးတာရယ်။

ပစ္စည်းတခုခုကို သုံးတက်ယုံတင်မက ပြင်နိုင်အောင်လည်း လေ့လာဆန်းသစ်

ကြပါလို့ သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ်အပျက်နဲ့ ကျွန်တော့်အဖြစ်အမှန်ပေါင်းပီ…..

အပြင်ဆရာ ဆိုတဲ့ နာမည်နဲ့ …ကဗျာ မကျ ၀တ္တုမကျ အသိပေးလိုက်ပါရစေ။

Wish for Happy New Year and how to Emble flash File into the Excel

တင်ပြသူ Kyaw Htin Thursday 30 December 2010

Wish for Happy New Year

ရက်မှ လ၊ လ မှ နှစ် သို့အသီးသီးပြောင်းလဲ ဖြတ်သန်းခဲ့တာ......အော်ရှေ့မှာ
Welcome to 2011 ဆိုတဲ့ ခုနှစ်တစ်ခုက စောင့်ကြိုလို့နေပါရောလား....
လျှောက်လာရာ (၂၅)နှစ်ဆိုတဲ့ သက်တမ်းကိုပြန်ကြည့်မိတော့......အရာရာပုံရိပ်တွေအဖြစ်နဲ့ထင်ကျန်လို့နေလို့
လောကဓံတွေကော လောကဒဏ်တွေကော ကြုံဆုံဖြတ်သန်းလာသမျှတွေ ခုတော့ ဟာသ လိုလို history တစ်ပုဒ်လိုဖြစ်လို့........၂၀၀ရ ကအစပြုခဲ့တဲ့ ဒီဘလော့လ်လေး ခုဆို ၂၀၁၁ ဆိုတာတောင်ရောက်လာခဲ့ပြီ။
၂၀၁၀ ဆိုတဲ့ နှစ်သက်တမ်းလေးက ဒီနေ့ဆိုရင် ကုန်ဆုံးတော့မယ်......ဘာဘဲဖြစ်ဖြစ် ၂၀၁၀ ဆိုတာကတော့အမှတ်တရများစွာနဲ့ကျန်နေအုံးမှာပါ..ဘ၀တစ်ဆစ်ချိုးကို ပြောင်းလဲပေးနိုင်ခဲ့တယ်.။ သိပ်ချစ်တဲ့အမိမြေ နဲ့ သိပ်ဖြစ်ချင်တဲ့ နေရာ တစ်ခုကိုရောက်ခဲ့ တာဝန်ကျခဲ့တယ်။သိပ်ချစ်တဲ့သူတွေနဲ့လည်းတွေ့ခဲ့ရတယ်. .(၅)နှစ်တာခွဲခွာခဲ့ရတဲ့မွေးရပ်မြေကိုလည်း ပြန်ခွင့်ရခဲ့တယ်။ ၂၀၁၁ ဆိုတဲ့ရက်စွဲအထိ ပျော်ရွှင်မှုပေးခဲ့တဲ့ ဒီဇင်ဘာကို ကျေးဇူးတင်မိပါတယ်.။
မင်္ဂလာ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့......စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို့
နှစ်သစ်မှာ တောင်းဆုပြုလျှက် Google မှာ ရှာထားတဲ့ပုံလေးနဲ့ Wish လုပ်ပါရစေ..။

how to Emble flash File into the Excel

ဘယ်လိုမျိုး ပုံစံနဲ့ Excel မှာ swf ဖိုင်ကို ကြည့်နိုင်မလဲ ဖွင့်နိုင်မလဲ Insert လုပ်နိုင်မလဲဆိုတဲ့
သင်ခန်းစာလေးပါ.. New year .swf flash ဖိုင်လေးလည်းပေးရင်း ပေါ့
ပထမဦးဆုံး ဘယ်လိုမျိုးပုံစံ နဲ့ .swf ဖိုင်ကို ဒေါင်းနိုင်မလဲ ဆိုတဲ့ပြောချင်ပါတယ်။

ဒီပုံလေး ကြည့်ရင်ကို သဘောပေါက်မှာပါ..မည့်သည့် flash ဖိုင်ကိုမဆို ဒေါင်းချင်ရင် လင့်ကို Right click လုပ်
Save link as ပေးလိုက်တာနဲ့ Flash ဖိုင်ကို ဒေါင်းလို့ရပီးသားဖြစ်မှာပါ..။

Excel မှာ flash ဖိုင်လေးကို ဒီလိုပုံစံလေးတွေလုပ်ပြီး ပို့တာကိုတွေ့ဖူးကြမှာပါ.


ဒီလိုမျိုးလေး လုပ်ချင်ရင်တော့ အောက်ပါအတိုင်းအဆင့်ဆင့်သွားပေးပါ..။
မိမိရဲ့ MS Excel 2003 ကို ဖွင့်လိုက်ပါ .. ။ ထို့နောက် Menu Bar မှ View ==> Toolbars ==> Control ToolBox ဆိုတာလေးကို ရွေးလိုက်ပါ... ။
ဒီပုံလေးအတိုင်း Control Toolbox လေးပေါ်လာမှာပါ..

(၂) ပြီးရင် အောက်ဆုံး ညာဘက်က တူ(ဂွ) icon လေးဖြစ်တဲ့ More control ကို click ပေးပါ
အပေါ်ပုံမှာ select ပေးထားသလိုမျိုးပါ အဲဒီအထဲကမှ Shock wave flash object ကိုရွှေးပေးပါ
ပုံပါအတိုင်းပေါ့..။



(၃) အဲလို ရွေးပြီးသွားရင် cell A2 မှ J 25 ထိ Drap ကို ပုံအတိုင်း Box ပုံလေးရအောင်ဆွဲချပေးပါ.။



(၄) ပေါ်လာတဲ့ Box ကိုRight click ပေးပါ ။ Right click ကနေProperties ကိုသွားပေးပါပုံအတိုင်း


(၅) အဲဒီ Properties ကိုပုံပါအတိုင်း အောက်ပါနေရာများကိုပြင်ပေးပါ..။


Autoload => True
EmbedMovie => True

Base => D:\flash.swf
Movie => D:\flash.swf

Base နဲ့ Movie မှာထည့်ပေးရမှာက မိမိ .swf flash ထားတဲ့နေရာကိုညွှန်ပြပေးဖို့ပါ.။

အကုန်ဖြည့်ပြီးရင်တော့ Excel ကို Filename တစ်ခုခုနဲ့သိမ်းပြီး ပြန်ဖွင့်ကြည့်ပါ့..။

မိမိမြင်ချင်တဲ့ flash ဖိုင်လေး Excel မှာအလုပ်လုပ်နေတာကိုတွေ့မြင်ရပါလိမ့်မယ်...။

(မှတ်ချက် မိမိစက်မှာလုပ်မယ်ဆိုရင် Flash file excel ကိုဖွင့်ပြီးရင် save မလုပ်ပါနဲ့ not save ဘဲလုပ်ပါ..

save လုပ်ပြီးပြန်ဖွင့် ရင် အရင်ထည့်ထားတဲ့ flash ဖိုင်ကပေါ်ရုံပေါ်ပြီး အလုပ်ဆက်မလုပ်နိုင်တော့ပါဘူး )

ဒီသင်ခန်းစာက ထပ်ဖြည့်ရေးထားခြင်းရယ် NEW YEAR လက်ဆောင် Excel flash လေးပေးချင်လို့ပါ

ပျော်ရွှင်ပါစေ ။

DOWNLOAD FILE(1)

DOWNLOAD FLASH FILE EXCEL


Reference : http://www.manawthar.com/

: http://mmflashsongs.multiply.com/

: http://www.youtube.com/watch?v=0-PHxZg-yVo

: http://my.opera.comm2m99albumsshowpic.dmlalbum

=600729&picture=82406252

မောင်ပညာ





Learning Web design Ebook myanmar

တင်ပြသူ Kyaw Htin





















မိမိစက်ထဲမှာ စုထားတဲ့
ွှLearning Web design Ebook စာအုပ်လေးတွေပါ
Blog လုပ်ချင် Web လုပ်ချင်သူ ကိုကို မမ များအတွက်
သိထား ရှိထားသင့်တဲ့ စာအုပ်တွေပါ.။



ွှLearning Web design

ွှLearning CSS




Flash သီချင်းက သူများကိုဒေါင်းပေးဖို့တင်ထားတာ....လုပ်တဲ့နည်းတွေတော့ရှိတယ်နောက်မှပေါ့ :)

download

How to use TeamViewer 6 and TeamViewer portable

တင်ပြသူ Kyaw Htin Tuesday 28 December 2010

အမ တစ်ယောက်ကအကူအညီတောင်းတဲ့ ကွန်ပျူတာ problem လေးတစ်ခုကို ဖြေရှင်းဖို့
စဉ်းစားမိတဲ့ ဆော့လ်ဝဲပါ ရှင်းပြနေတာကြာလို့ သူ့အထဲသွားပြင်ပေးလိုက်တယ်…
နောက်လိုရင် အလွယ်တကူမှတ်နိုင်အောင်လို့ တင်လိုက်ပါတယ်….
ပထမဆုံး ဒီမှာ သွားပြီး start full Version download ကိုနှိပ်ကိုTeam Viewer ကို Download
ဆွဲလိုက်ပါ ပြီးရင်တော့ Install လုပ်လိုက်ပါ
install လုပ်ရင်အောက်ပါအတိုင်းတိုင်းအဆင့်ဆင့်သွားပေးပါ




































ဒီအဆင့်မှာတော့ ပုံထဲက ဝိုင်းပြထားတဲ့နေရာမှာ ကလစ်ပေးပါ ပြီးရင်တော့ Next ကလစ်ပေးပါ....။
(Personal / non -commercial use) ဖြင့် install လုပ်မှသာ Free trial ရမှာပါ...။

















နှစ်ခုလုံး select ပေးပါ။


















ဒီအဆင့်မှာတော့ password ပေးထားရင်လည်းရပါ မပေးရင်လည်း ဘာမှမဖြစ်ပါဘူး
































တကယ်လို့ကိုယ်က တစ်ဘက်က Control လုပ်တာခံရမှာဆိုရင် မှင်နီဝိုင်းပြထားတဲ့ Wait for session အောက်က ID နဲ့password တစ်ဘက် လူကိုပေးရပါ့မယ် ....။
အဲလိုမဟုတ်ပဲ ကိုယ်က တစ်ဘက်က စက်ကို Control လုပ်ပေးမှာဆိုရင်တော့ အထက်ကအတိုင်း သူ့ဘက်မှာ ရှိနေမည့် ID နဲ့password ကိုတောင်းရပါ့မယ် ....။
ID နဲ့ password ရလာပြီဆိုရင်တော့ မှင်အစိမ်းဝိုင်းပြထားတဲ့ Create session အောက်က ID ဆိုတဲ့ အကွက်ထဲမှာ စောစောကရလာတဲ့ ID ကိုရိုက်ထည့်ပေးပါ ပြီးရင်တော့ Connect to partner ကိုကလစ်ပေးပါ......။
နောက်တစ်ဆင့်ဆက်ကြည့်လိုက်နော်......။













ဒီမှာတော့ password ရိုက်ထည့်ပေးရပါ့မယ် ပြီးရင်တော့ Log On ကလစ်ပေါ့ဗျာ...
ပြီးရင်တော့ ကိုယ် Control လုပ်ပေးရမည့်တစ်ဘက်က ကွန်ပျုတာရဲ့ Screen ကို အောက်ကပုံထဲကအတိုင်း Window တစ်ခုနဲ့ပေါ်လာတာကိုတွေ့ရပါလိမ့်မယ် .....။





















အဆင်ပြေနိုင်ကြပါစေ။ပြီးတော့ TeamViewer portable လေးတင်ပေးလိုက်ပါတယ်
လိုရမယ်ရပေါ့
Download ရယူရန်
ပြီးတော့ TeamViwer အသုံးပြုနည်း အင်္ဂလိပ်လို Manual Guide book လေးပါတင်ပေးလိုက်ပါတယ်
Download ရယူရန်ပါ
အဆင်ပြေပါကြပါစေ


ွကိုးကား ။ ။http://futuredream.ning.com/group/Computer/forum/topics
။ ။www/portabledownload.com
။ ။www.teamviewer.com


မောင်ပညာ (MIET)

User Guide of Cool Editor pro 2.0 and Adobe audition

တင်ပြသူ Kyaw Htin Friday 3 December 2010










Cool Editor pro 2.0 နဲ့ Adobe audition ဆော့လ်ဝဲ နှစ်ခုကို သိကြမှာပါ
နှစ်ခုလုံးက Song Edit လုပ်တဲ့ဆော့လ်ဝဲတွေပါ။ အထူးသဖြင့် musician တွေနဲ့
အနော်တို့လို့ အသံကို Analysis လုပ်ဖို့ အသုံးလိုတဲ့သူတွေအတွက် ဒီဆော့လ်ဝဲက မရှိမဖြစ်ပါ။
Cool Editor ရဲ့အစကတော့ ၉၆ မှာကတည်းနဲ့ စပြီးပေါ်ထွက်လာတာပါ..။
Cool Edit Pro 2.1 ဆော့လ်ဝဲရောင်းတဲ့ဆိုက်ကကြေငြာချက်လေးက စိတ်ဝင်စားစရာပါ..


သင်ဟာ Audio engineer တစ်ယောက် ဒါမှမဟုတ် web developer လား multimedia creator လား နောက်ဆုံး musician တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တဲ့
Cool Edit PRO ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်တဲ့။
Cool Edit Pro is a powerful audio editor that will take your modification levels to the highest level. The big number of tools that it incorporates can convert any music file into a real work of art.






Cool Editor ဆော့လ်ဝဲက Trial Version ဘဲရှိပါတယ်.. (ဒီမှာ) ယူပါ


Full ver လိုချင်ရင်တော့ ကိုညီနေမင်းဆိုက် မှာတင်ထားတာတွေ့ပါတယ်
ကျွန်တော်တောင် သူ့ဆီက ဆော့လ်ဝဲသုံးနေရတယ် ကျေးဇူးပါလို့ပြောချင်ပါတယ်..


ခု User Guide (E book) လေးရှာပြီး ပေးချင်ပါတယ်.. အင်္ဂလိပ်လိုပါ

Download
1. Cool Editor pro
2.Adobe audition

လိုအပ်သူတို့အတွက်ပါ.အားလုံးအဆင်ပြေကြပါစေ

မောင်ပညာ (၄.၁၂.၂၀၁၀)


ကမ္ဘာအမြန်ဆုံးရထား တရုတ်တည်ဆောက်


အလင်းကဲ့သို့ လျှင်မြန်တဲ့ အရှိန်နဲ့ ဘေဂျင်းက နေ ရှန်ဟိုင်း သို့ပြေးဆွဲမည့် ရထားဖြစ်ပါတယ်။ အသံထက်မြန်တဲ့အင်ဂျင်နဲ့ "Harmony" ရထားအသစ် ဟာ
ကမ္ဘာ့အမြန်ဆုံး ရထားအဖြစ် မှတ်တမ်းဝင် ရထားတစ်စီးဖြစ်လာပါတယ်.။
(၃)ကြိမ်တိုင်တိုင် ဘေဂျင်း နဲ့ ရှန်ဟိုင်း သွားမဲ့ ရထားလမ်းကြောင်းမှာ စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး
ရထားဟာ တစ်နာရီကို ကီလို ၄၀၀ ကျော်နီးပါး ခရီးပေါက်မှာဖြစ်ပါတယ်.။
မီးရထား တည်ဆောက်မှုသမိုင်းမှာ တန်ဖိုးအကြီးမားဆုံး ကုန်ကျခဲ့တဲ့ ရထားတစ်စင်းဖြစ်ပြီး
တန်ဖိုးငွေ ဒေါ်လာ ၁၆ မီလီယံ လောက်ကုန်ကျခဲ့ပါတယ်.။ ဘေဂျင်းမှာ အိုလံပစ် ပြိုင်ပွဲကျင်းပစဉ် ကတည်းက ဒီအထူးအမြန် (superexpress) ရထားစီမံကိန်းကို အကောင်ထည်ဖော်ခဲ့တာပါ။


ဓာတ်ပုံ မှတ်တမ်းတွေက ဒီမှာပါ ..
အချိန်ပိုနေတုန်းလေး ဘာသာပြန်လေး လုပ်မိခြင်းပါ...။
ဒီလင့် မှာလည်းလေ့လာနိုင်ပါတယ်..







ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar