Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

The first own short novel (teach)

တင်ပြသူ Kyaw Htin Friday 31 December 2010




အပြင်ဆရာ ကျွန်တော်
်အပြင်ဆရာဆိုလို့…..ထီးတွေ ဖိနပ်တွေ ပြင်တဲ့ဆရာလို့ မမြင်သေးဘဲ အထင်တွေ မစမောလိုက်ပါနဲ့…..။ လောကမှာ အကြောက်ဆုံးအရာ နှစ်ခုရှိတယ် အဲ့ဒါကမြွေကိုက်ခံရမှာရယ်၊ ဓာတ်လိုက်မှာရယ်ကိုတော့ အတော်ကြောက်မိပါတယ်။ သူများဓာတ်လိုက်တာဘဲဖြစ်ဖြစ် နတ်ပူးတာအဆုံး…. စိတ်ထဲမှာကြောက်နေမိတာတော့အမှန်။ဒါပေမဲ့ ဖြစ်ချင်တာက အီလက်ထရောနစ် စက်ပြင်ဆရာ.. ဓာတ်တိုင်ပေါ်တက်နေတာမြင်ရင်အသဲတယားယားနဲ့ ဖြစ်နေမိသည်တော့ ဘာရောဂါမှန်းမသိ။ ဒါပေမဲ့ကို့ကြောင့် လျှပ်စစ်မီးတွေဖြတ်ခနဲ့လင်းသွားရင်ကို ကျေနပ်မိသည်တော့အမှန်ပါ။

တိုက်တိုက်ဆိုင်ဆိုင်လို့ဆိုရမလား.၀ါသနာကိုပံ့ပိုးပေးသည်လားမသိ..တိုင်းတပါးမှာပညာတော်သင်တဲ့ ရောက်လာခဲ့ရပြီ။ ယူရမဲ့ဘွဲ့က မဟာသိပ္ပံတဲ့ သင်ရမဲ့ Project က အီလက်ထရောနစ်တဲ့..အဟောင်းနဲ့ လက်ရှိက အဆက်စပ်မရှိ..ရှိရင်းစွဲဝါသနာကြောင့်ကြိတ်မှိတ်ကာ လေ့လာဖြစ်ခဲ့ပါတယ်.။Electronic ပညာရှင်တစ်ယောက်တော့ ဖြစ်ရချည်သေးရဲ့လို့တောင် တွေးမိပါသေးတယ်.။ဒီတော့မှ Electronic အကြောင်းကို လေ့လာမိဖတ်မိ ကြားဖူးနားဝလေးတော့ရှိလာတယ်။

ငါတော့ကမ္ဘာကျော်တော့မှာဘဲလို့

စိတ်ထဲဖြင့် ကြိတ်တွေးကာ ပျော်မိ

ဖိတ်စာပါမျှော်မိသေးတယ်

ဆွီဒင်နိုင်ငံက စာလေးများရောက်လာမလားလို့ ။

တခါက သူငယ်ချင်းတစ်ယောက် သူ့ LCD Flash ပျက်လိုက်၊ ပေါ်လိုက်ဖြစ်နေသည်တဲ့ ကူညီပါအုံးလို့ အကူအညီလာတောင်းရှာပါတယ်။ပညာစွမ်းတော့ပြရချည်သေး တွေးမိတယ်။ဘာကြောင့်ဖြစ်တယ် cause (ဖြစ်စဉ်)ကိုရှာကြည့်..အော် ဒင်း Flash နဲ့ CPU နဲ့ထိုးတဲ့(Node)ငုတ်က မကောင်းတာကိုး Cable ကြိုးငုတ်ကိုကြည့်တော့ကောင်းပတိဘဲ…Flash မှာအဖြေရှာသေချာကာကြည့်မိတော့…အထဲက Circuit ငုတ်မကောင်းသည်ဖြစ်မည်ထင်ပါတယ်။ ဒါကိုပြင်လိုက်မိသည်က………

ဝက်အူလှည့်အားကိုး

အဖြေရှာကာ ထိုးကြည့်ပီးတော့

သေချာပါပြီဟု စမ်းကြည့်လိုက်တာ

ဖျက်ခနဲ့မီးလင်း

မနိုးသော အိပ်ချင်းနဲ့အိပ်သွားလေရဲ့

သေပြီဆရာဟု မကြေငြာခင်

ရေရာစွာ ကြားလိုက်မိသည်က

ကျေးဇူးတင်တယ် သူငယ်ချင်း

သုံးမရတဲ့ ဖလက်စုတ် ခုတော့စုတ်ပီပေါ့တဲ့။

တခါက LED desk table lamp ခြေမငြိမ်ကာ..လှမ်းကန်မိတော့ကြောင့် Voltage ထိန်း Adapter ကွဲရှာကာ သွားခဲ့ဖူးခဲ့တယ်။ အခန်းကမီးသီး မလင်းတလင်းနဲ့ပေတေကာနေမိသေးတယ်အဲတုန်းကလည်း။နောင်အခါမျက်လုံး ပျက်မှာမို့ သေချာစွာ ပြန်ပြင်ခဲ့လိုက်ပါတယ်

အဲဂလိုနဲ့ ပီတိလေးဖြစ်ခဲ့ဖူးပါတယ်။ မကြာပါဘူ့း တိတ်ပတ်တာ ကြည့်မကောင်းလို့ သေချာအောင်လို့ ဂနာမညိမ်ပြင်မိခဲ့တယ်။ဖြစ်ပုံက ဒီလို……


ဒီတစ်ခါလည်း မြန်မာက၀ယ်လာတဲ့ Mouse လေး နာမည်က Sony တဲ့ဂျပန် made လိုနဲ့ သေချာစွာကပ်ကြည့်လိုက်တော့ Made in china တဲ့ ဈေးပေါပေါနဲ့လည်းရသား ဘဲလို့တွေးမိတယ်။ လက်ထဲလည်း ပိုက်ဆံမပြည့်စုံတော့ လက်ဖက်ရည်ဖိုးပါချန်ရမယ်မို့………


ဒီတခါ project ကွန်ပျူတာ ဖြစ်ပီမို့လုပ်နေတဲ့အလုပ်နဲ့ထပ်တူကြ ငါတော့ Programmer ဖြစ်ပီကွလို့ ဟစ်အော်မိတယ်။ဒီလိုနဲ့ဘဲ Programm ပိုင်းကို လေ့လာလိုက်စားဖြစ်သွားပြန်တယ်။ မလုပ်၍မရ ယူရမဲ့ဘွဲ့ကအမြင့်ဆုံးမို့ …ကြိုးစားကာလေ့လာမိတော့ မတောက်တခေါက်တက်လာပြီထင်ပါတယ်။မြန်မာက ၀ယ်ခဲ့တဲ့မောက်လေးလည်း ဒီရောက်မှ cause တက်ပြန်တယ်။ စားပွဲပေါ့တင်ထားရာကနေ အောက်ကို လွှတ်ချပြန်ပီလေ။ ဟိုတခါ Adapter လိုဘဲ
အေးချမ်းမေ ပြန်ဖြစ်ပြန်ရောဘဲ…။ဒီတခါတော့ သေချာစွာပြန်ပြင်လိုက်သည်က…


ဒါဟာ မောက်လှည်းဘီး ဒီနေရာမှာထား ဒါက အောက်ခံ circuit ပြားအောက်ခံမှာထား

စသဖြင့် အရင်က ကလိဖူးတဲ့အကျိုးကြောင့်နေရာ တစ်ကျပြန်ထားနိုင်ခဲ့တယ့် အဖုံးအုပ်တဲ့

နေရာလေးက ပဲ့နေပြန်တော့ အဖုံးအုပ်မရပြန်ဘူး..ဒီတော့ဈေးပြန်ပြေးပြီး ဆင်ကော်သွားဝယ်

ကပ်လိုက်တယ်.။ပြန်တပ်ကြည့်တော့ အကောင်းပတိဘဲဖြစ်နေပြန်တယ်..။ခုထိ အဲမောက်(စ်)

လေးနဲ့ဘဲလုပ်စားနေရတုန်းဘဲ…ခုမှ တကယ့် အပြင်ဆရာဖြစ်ပီထင်ပါတယ်…..။


အဓိကပြောချင်တာက ကွန်ပျူတာပစ္စည်း တစ်ခုခုပျက်နေရင်.. တန်ဖိုးကြီးရင် ဆိုင်ဖြစ်ဖြစ်

သိတဲ့သူဖြစ်ဖြစ် ပြင်ခိုင်းပါလို့…..ကို့ကြောင့်ပျက်မှ ဖြေမဆည်နိုင်ဖြစ်နေမှာစိုးတာရယ်။

ပစ္စည်းတခုခုကို သုံးတက်ယုံတင်မက ပြင်နိုင်အောင်လည်း လေ့လာဆန်းသစ်

ကြပါလို့ သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ်အပျက်နဲ့ ကျွန်တော့်အဖြစ်အမှန်ပေါင်းပီ…..

အပြင်ဆရာ ဆိုတဲ့ နာမည်နဲ့ …ကဗျာ မကျ ၀တ္တုမကျ အသိပေးလိုက်ပါရစေ။

Wish for Happy New Year and how to Emble flash File into the Excel

တင်ပြသူ Kyaw Htin Thursday 30 December 2010

Wish for Happy New Year

ရက်မှ လ၊ လ မှ နှစ် သို့အသီးသီးပြောင်းလဲ ဖြတ်သန်းခဲ့တာ......အော်ရှေ့မှာ
Welcome to 2011 ဆိုတဲ့ ခုနှစ်တစ်ခုက စောင့်ကြိုလို့နေပါရောလား....
လျှောက်လာရာ (၂၅)နှစ်ဆိုတဲ့ သက်တမ်းကိုပြန်ကြည့်မိတော့......အရာရာပုံရိပ်တွေအဖြစ်နဲ့ထင်ကျန်လို့နေလို့
လောကဓံတွေကော လောကဒဏ်တွေကော ကြုံဆုံဖြတ်သန်းလာသမျှတွေ ခုတော့ ဟာသ လိုလို history တစ်ပုဒ်လိုဖြစ်လို့........၂၀၀ရ ကအစပြုခဲ့တဲ့ ဒီဘလော့လ်လေး ခုဆို ၂၀၁၁ ဆိုတာတောင်ရောက်လာခဲ့ပြီ။
၂၀၁၀ ဆိုတဲ့ နှစ်သက်တမ်းလေးက ဒီနေ့ဆိုရင် ကုန်ဆုံးတော့မယ်......ဘာဘဲဖြစ်ဖြစ် ၂၀၁၀ ဆိုတာကတော့အမှတ်တရများစွာနဲ့ကျန်နေအုံးမှာပါ..ဘ၀တစ်ဆစ်ချိုးကို ပြောင်းလဲပေးနိုင်ခဲ့တယ်.။ သိပ်ချစ်တဲ့အမိမြေ နဲ့ သိပ်ဖြစ်ချင်တဲ့ နေရာ တစ်ခုကိုရောက်ခဲ့ တာဝန်ကျခဲ့တယ်။သိပ်ချစ်တဲ့သူတွေနဲ့လည်းတွေ့ခဲ့ရတယ်. .(၅)နှစ်တာခွဲခွာခဲ့ရတဲ့မွေးရပ်မြေကိုလည်း ပြန်ခွင့်ရခဲ့တယ်။ ၂၀၁၁ ဆိုတဲ့ရက်စွဲအထိ ပျော်ရွှင်မှုပေးခဲ့တဲ့ ဒီဇင်ဘာကို ကျေးဇူးတင်မိပါတယ်.။
မင်္ဂလာ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့......စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို့
နှစ်သစ်မှာ တောင်းဆုပြုလျှက် Google မှာ ရှာထားတဲ့ပုံလေးနဲ့ Wish လုပ်ပါရစေ..။

how to Emble flash File into the Excel

ဘယ်လိုမျိုး ပုံစံနဲ့ Excel မှာ swf ဖိုင်ကို ကြည့်နိုင်မလဲ ဖွင့်နိုင်မလဲ Insert လုပ်နိုင်မလဲဆိုတဲ့
သင်ခန်းစာလေးပါ.. New year .swf flash ဖိုင်လေးလည်းပေးရင်း ပေါ့
ပထမဦးဆုံး ဘယ်လိုမျိုးပုံစံ နဲ့ .swf ဖိုင်ကို ဒေါင်းနိုင်မလဲ ဆိုတဲ့ပြောချင်ပါတယ်။

ဒီပုံလေး ကြည့်ရင်ကို သဘောပေါက်မှာပါ..မည့်သည့် flash ဖိုင်ကိုမဆို ဒေါင်းချင်ရင် လင့်ကို Right click လုပ်
Save link as ပေးလိုက်တာနဲ့ Flash ဖိုင်ကို ဒေါင်းလို့ရပီးသားဖြစ်မှာပါ..။

Excel မှာ flash ဖိုင်လေးကို ဒီလိုပုံစံလေးတွေလုပ်ပြီး ပို့တာကိုတွေ့ဖူးကြမှာပါ.


ဒီလိုမျိုးလေး လုပ်ချင်ရင်တော့ အောက်ပါအတိုင်းအဆင့်ဆင့်သွားပေးပါ..။
မိမိရဲ့ MS Excel 2003 ကို ဖွင့်လိုက်ပါ .. ။ ထို့နောက် Menu Bar မှ View ==> Toolbars ==> Control ToolBox ဆိုတာလေးကို ရွေးလိုက်ပါ... ။
ဒီပုံလေးအတိုင်း Control Toolbox လေးပေါ်လာမှာပါ..

(၂) ပြီးရင် အောက်ဆုံး ညာဘက်က တူ(ဂွ) icon လေးဖြစ်တဲ့ More control ကို click ပေးပါ
အပေါ်ပုံမှာ select ပေးထားသလိုမျိုးပါ အဲဒီအထဲကမှ Shock wave flash object ကိုရွှေးပေးပါ
ပုံပါအတိုင်းပေါ့..။



(၃) အဲလို ရွေးပြီးသွားရင် cell A2 မှ J 25 ထိ Drap ကို ပုံအတိုင်း Box ပုံလေးရအောင်ဆွဲချပေးပါ.။



(၄) ပေါ်လာတဲ့ Box ကိုRight click ပေးပါ ။ Right click ကနေProperties ကိုသွားပေးပါပုံအတိုင်း


(၅) အဲဒီ Properties ကိုပုံပါအတိုင်း အောက်ပါနေရာများကိုပြင်ပေးပါ..။


Autoload => True
EmbedMovie => True

Base => D:\flash.swf
Movie => D:\flash.swf

Base နဲ့ Movie မှာထည့်ပေးရမှာက မိမိ .swf flash ထားတဲ့နေရာကိုညွှန်ပြပေးဖို့ပါ.။

အကုန်ဖြည့်ပြီးရင်တော့ Excel ကို Filename တစ်ခုခုနဲ့သိမ်းပြီး ပြန်ဖွင့်ကြည့်ပါ့..။

မိမိမြင်ချင်တဲ့ flash ဖိုင်လေး Excel မှာအလုပ်လုပ်နေတာကိုတွေ့မြင်ရပါလိမ့်မယ်...။

(မှတ်ချက် မိမိစက်မှာလုပ်မယ်ဆိုရင် Flash file excel ကိုဖွင့်ပြီးရင် save မလုပ်ပါနဲ့ not save ဘဲလုပ်ပါ..

save လုပ်ပြီးပြန်ဖွင့် ရင် အရင်ထည့်ထားတဲ့ flash ဖိုင်ကပေါ်ရုံပေါ်ပြီး အလုပ်ဆက်မလုပ်နိုင်တော့ပါဘူး )

ဒီသင်ခန်းစာက ထပ်ဖြည့်ရေးထားခြင်းရယ် NEW YEAR လက်ဆောင် Excel flash လေးပေးချင်လို့ပါ

ပျော်ရွှင်ပါစေ ။

DOWNLOAD FILE(1)

DOWNLOAD FLASH FILE EXCEL


Reference : http://www.manawthar.com/

: http://mmflashsongs.multiply.com/

: http://www.youtube.com/watch?v=0-PHxZg-yVo

: http://my.opera.comm2m99albumsshowpic.dmlalbum

=600729&picture=82406252

မောင်ပညာ





Learning Web design Ebook myanmar

တင်ပြသူ Kyaw Htin





















မိမိစက်ထဲမှာ စုထားတဲ့
ွှLearning Web design Ebook စာအုပ်လေးတွေပါ
Blog လုပ်ချင် Web လုပ်ချင်သူ ကိုကို မမ များအတွက်
သိထား ရှိထားသင့်တဲ့ စာအုပ်တွေပါ.။



ွှLearning Web design

ွှLearning CSS




Flash သီချင်းက သူများကိုဒေါင်းပေးဖို့တင်ထားတာ....လုပ်တဲ့နည်းတွေတော့ရှိတယ်နောက်မှပေါ့ :)

download

How to use TeamViewer 6 and TeamViewer portable

တင်ပြသူ Kyaw Htin Tuesday 28 December 2010

အမ တစ်ယောက်ကအကူအညီတောင်းတဲ့ ကွန်ပျူတာ problem လေးတစ်ခုကို ဖြေရှင်းဖို့
စဉ်းစားမိတဲ့ ဆော့လ်ဝဲပါ ရှင်းပြနေတာကြာလို့ သူ့အထဲသွားပြင်ပေးလိုက်တယ်…
နောက်လိုရင် အလွယ်တကူမှတ်နိုင်အောင်လို့ တင်လိုက်ပါတယ်….
ပထမဆုံး ဒီမှာ သွားပြီး start full Version download ကိုနှိပ်ကိုTeam Viewer ကို Download
ဆွဲလိုက်ပါ ပြီးရင်တော့ Install လုပ်လိုက်ပါ
install လုပ်ရင်အောက်ပါအတိုင်းတိုင်းအဆင့်ဆင့်သွားပေးပါ




































ဒီအဆင့်မှာတော့ ပုံထဲက ဝိုင်းပြထားတဲ့နေရာမှာ ကလစ်ပေးပါ ပြီးရင်တော့ Next ကလစ်ပေးပါ....။
(Personal / non -commercial use) ဖြင့် install လုပ်မှသာ Free trial ရမှာပါ...။

















နှစ်ခုလုံး select ပေးပါ။


















ဒီအဆင့်မှာတော့ password ပေးထားရင်လည်းရပါ မပေးရင်လည်း ဘာမှမဖြစ်ပါဘူး
































တကယ်လို့ကိုယ်က တစ်ဘက်က Control လုပ်တာခံရမှာဆိုရင် မှင်နီဝိုင်းပြထားတဲ့ Wait for session အောက်က ID နဲ့password တစ်ဘက် လူကိုပေးရပါ့မယ် ....။
အဲလိုမဟုတ်ပဲ ကိုယ်က တစ်ဘက်က စက်ကို Control လုပ်ပေးမှာဆိုရင်တော့ အထက်ကအတိုင်း သူ့ဘက်မှာ ရှိနေမည့် ID နဲ့password ကိုတောင်းရပါ့မယ် ....။
ID နဲ့ password ရလာပြီဆိုရင်တော့ မှင်အစိမ်းဝိုင်းပြထားတဲ့ Create session အောက်က ID ဆိုတဲ့ အကွက်ထဲမှာ စောစောကရလာတဲ့ ID ကိုရိုက်ထည့်ပေးပါ ပြီးရင်တော့ Connect to partner ကိုကလစ်ပေးပါ......။
နောက်တစ်ဆင့်ဆက်ကြည့်လိုက်နော်......။













ဒီမှာတော့ password ရိုက်ထည့်ပေးရပါ့မယ် ပြီးရင်တော့ Log On ကလစ်ပေါ့ဗျာ...
ပြီးရင်တော့ ကိုယ် Control လုပ်ပေးရမည့်တစ်ဘက်က ကွန်ပျုတာရဲ့ Screen ကို အောက်ကပုံထဲကအတိုင်း Window တစ်ခုနဲ့ပေါ်လာတာကိုတွေ့ရပါလိမ့်မယ် .....။





















အဆင်ပြေနိုင်ကြပါစေ။ပြီးတော့ TeamViewer portable လေးတင်ပေးလိုက်ပါတယ်
လိုရမယ်ရပေါ့
Download ရယူရန်
ပြီးတော့ TeamViwer အသုံးပြုနည်း အင်္ဂလိပ်လို Manual Guide book လေးပါတင်ပေးလိုက်ပါတယ်
Download ရယူရန်ပါ
အဆင်ပြေပါကြပါစေ


ွကိုးကား ။ ။http://futuredream.ning.com/group/Computer/forum/topics
။ ။www/portabledownload.com
။ ။www.teamviewer.com


မောင်ပညာ (MIET)

User Guide of Cool Editor pro 2.0 and Adobe audition

တင်ပြသူ Kyaw Htin Friday 3 December 2010










Cool Editor pro 2.0 နဲ့ Adobe audition ဆော့လ်ဝဲ နှစ်ခုကို သိကြမှာပါ
နှစ်ခုလုံးက Song Edit လုပ်တဲ့ဆော့လ်ဝဲတွေပါ။ အထူးသဖြင့် musician တွေနဲ့
အနော်တို့လို့ အသံကို Analysis လုပ်ဖို့ အသုံးလိုတဲ့သူတွေအတွက် ဒီဆော့လ်ဝဲက မရှိမဖြစ်ပါ။
Cool Editor ရဲ့အစကတော့ ၉၆ မှာကတည်းနဲ့ စပြီးပေါ်ထွက်လာတာပါ..။
Cool Edit Pro 2.1 ဆော့လ်ဝဲရောင်းတဲ့ဆိုက်ကကြေငြာချက်လေးက စိတ်ဝင်စားစရာပါ..


သင်ဟာ Audio engineer တစ်ယောက် ဒါမှမဟုတ် web developer လား multimedia creator လား နောက်ဆုံး musician တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တဲ့
Cool Edit PRO ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်တဲ့။
Cool Edit Pro is a powerful audio editor that will take your modification levels to the highest level. The big number of tools that it incorporates can convert any music file into a real work of art.






Cool Editor ဆော့လ်ဝဲက Trial Version ဘဲရှိပါတယ်.. (ဒီမှာ) ယူပါ


Full ver လိုချင်ရင်တော့ ကိုညီနေမင်းဆိုက် မှာတင်ထားတာတွေ့ပါတယ်
ကျွန်တော်တောင် သူ့ဆီက ဆော့လ်ဝဲသုံးနေရတယ် ကျေးဇူးပါလို့ပြောချင်ပါတယ်..


ခု User Guide (E book) လေးရှာပြီး ပေးချင်ပါတယ်.. အင်္ဂလိပ်လိုပါ

Download
1. Cool Editor pro
2.Adobe audition

လိုအပ်သူတို့အတွက်ပါ.အားလုံးအဆင်ပြေကြပါစေ

မောင်ပညာ (၄.၁၂.၂၀၁၀)


ကမ္ဘာအမြန်ဆုံးရထား တရုတ်တည်ဆောက်


အလင်းကဲ့သို့ လျှင်မြန်တဲ့ အရှိန်နဲ့ ဘေဂျင်းက နေ ရှန်ဟိုင်း သို့ပြေးဆွဲမည့် ရထားဖြစ်ပါတယ်။ အသံထက်မြန်တဲ့အင်ဂျင်နဲ့ "Harmony" ရထားအသစ် ဟာ
ကမ္ဘာ့အမြန်ဆုံး ရထားအဖြစ် မှတ်တမ်းဝင် ရထားတစ်စီးဖြစ်လာပါတယ်.။
(၃)ကြိမ်တိုင်တိုင် ဘေဂျင်း နဲ့ ရှန်ဟိုင်း သွားမဲ့ ရထားလမ်းကြောင်းမှာ စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး
ရထားဟာ တစ်နာရီကို ကီလို ၄၀၀ ကျော်နီးပါး ခရီးပေါက်မှာဖြစ်ပါတယ်.။
မီးရထား တည်ဆောက်မှုသမိုင်းမှာ တန်ဖိုးအကြီးမားဆုံး ကုန်ကျခဲ့တဲ့ ရထားတစ်စင်းဖြစ်ပြီး
တန်ဖိုးငွေ ဒေါ်လာ ၁၆ မီလီယံ လောက်ကုန်ကျခဲ့ပါတယ်.။ ဘေဂျင်းမှာ အိုလံပစ် ပြိုင်ပွဲကျင်းပစဉ် ကတည်းက ဒီအထူးအမြန် (superexpress) ရထားစီမံကိန်းကို အကောင်ထည်ဖော်ခဲ့တာပါ။


ဓာတ်ပုံ မှတ်တမ်းတွေက ဒီမှာပါ ..
အချိန်ပိုနေတုန်းလေး ဘာသာပြန်လေး လုပ်မိခြင်းပါ...။
ဒီလင့် မှာလည်းလေ့လာနိုင်ပါတယ်..







Gom Player

တင်ပြသူ Kyaw Htin Tuesday 30 November 2010









တောင်ကိုရီးယားနိုင်ငံ Gretech Corporation ကနေ တီထွင်ထုတ်လုပ်ထားတဲ့ 32 bit Ms Windows တွေအတွက် Media Player တစ်မျိုဖြစ်ပါတယ်.။
အကိုတစ်ယောက်က ဘယ်Player အမျိုးအစားကောင်းလဲလို့မေးလာတော့ မိမိလက်ရှိသုံးနေတဲ့ Gom Player ကိုတင်ပေးလိုက်ပါတယ်.။
External codes run စရာမလိုဘဲနဲ့ Player ကဘယ် fiormat တွေကို support လုပ်သလဲဆိုရင်...
Video formats
MPEG-1, MPEG-4 Part 2, MS MPEG4 V1/2/3, MJPEG, H.263(+), H.264 (MPEG-4 AVC), FLV1, MSVIDC

Audio formats
WAV, MP3, AAC, Vorbis, AMR, QCELP, EVRC တို့ဖြစ်ပါတယ်.။
မိမိ Downlload လုပ်ထားတဲ့ file လေးပေးလိုက်ပါတယ်..။
Programm ဖိုင် ၂ခုထည့်ပေးထားပါတယ်..တစ်ခုက Set up ဖိုင်
တစ်ခုက FLV ဖိုင်ဖွင့်မရရင် Code programm လေးပါ စမ်းသုံးကြည့်ပေါ့
အဆင်ပြေကြပါစေ.
မှုရင်းဆိုက်သို့

မှုရင်းဆိုက်ကနေ သွားယူလည်းရပါတယ်.....
Mediratire နဲ့တင်ပေးလိုက်ပါတယ်


DOWNLOAD

The first GOLD prize of Myanmar at sepaktakaw in Asian Game

တင်ပြသူ Kyaw Htin Friday 26 November 2010

ဒီနေ့ မနက်စောစောမအိပ်ခင် Sop Cast ကနေ TV ကြည့်ဖြစ်တယ်
Guangzhou မှာကျင်းပတဲ့ အာရှအားကစားပွဲတော်လည်းကြည့်ရင်းပေါ့
ကြည့်တာတော့ကြာပါပြီ ၂ ရက် ၃ ရက်လောက်ရှိပြီ
ဒီနေ့တော့ ပိုက်ကျော်ခြင်း ဖိုင်နယ် Regu Permiliry (နှစ်ယောက်တွဲ) Myanmar နဲ့ Korea နဲ့ရှိတော့ မအိပ်သေးဘဲစောင့်ကြည့်နေလိုက်တယ်
ဘောလုံးပွဲတွေ ကြည့်ရသလိုနီးပါး ပိုက်ကျော်ခြင်းပွဲကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်
စိတ်လှုပ်ရှားစရာလည်း တော်တော်ကောင်းပါ.အထူးသဖြင့်မြန်မာချစ်စိတ်ကြောင့်လားမသိ
ကို့မြန်မာကိုဘဲ နိုင်စေချင်တယ်..ထူးထူးခြားခြား ဖိုင်နယ်ပွဲ မြန်မာပါတာလေးကိုလွင့်ပေးတဲ့ တီဗီလိုင်းလေးကိုလည်းကျေးဇူးတင်ပါတယ်
ဓာတ်ပုံ PrtSc ရိုက်ထားတဲ့ပုံတွေကိုလည်းတင်ပြပေးပါမယ်
ပွဲကတော့ ပထမပိုင်းမှာ တစ်ဖက်နဲ့တဖက် အမှတ်က သိပ်မပြတ်ဘူး မြန်မာဘက်က ဆာဗင်ရလိုက်
ကိုရီးယားက ရလိုက်နဲ့ဘဲ မြန်မာက ပွဲအစမှာ အမှတ်ပိုယူထားတော့ ပထမပွဲမှာ ၂၁ -၁၈ နဲ့နိုင်လိုက်ပါတယ်..။
ဒုတိယပွဲမှာ ကိုရီးယားက အမှတ်အရင်စီးထားပေမဲ့ အဓိကထားတဲ့ Fighter သမားက ၁၆မှတ်လောက်ရောက်ခါနီးမှာနာသွားတယ်
မြန်မာကလည်းအခွင့်ကောင်းကိုအသုံးချပြီး အမှတ်ဖြတ်နိုင်တဲ့အတွက် ၂၁-၁၈ နဲ့ဘဲထပ်နိုင်ခဲ့ပါတယ်..။
ကိုရီးယားရှုံးရတဲ့ အကျိုးဆက်ကတော့ သန်မာမှုမရှိတာရယ် အဓိကထားတဲ့ကစားသမား မရှိတော့တဲ့အခါမှာ စိတ်ဓာတ်ကျတာရယ်ကြောင့်ဖြစ်မယ်ထင်တယ်
ဘာဘဲ ဖြစ်ဖြစ် ကို့မြန်မာ ရွှေရတော့ အတိုင်းထက်အလွန်ပါဘဲ......

နေ့လယ်တော့ မြန်မာ အမျိုးသမီးနဲ့ တရုတ်မတွေရဲ့ ဖိုင်နယ်ပွဲ ပိုက်ကျော်ခြင်းတော့ ရှိသေးတယ် မြန်မာနိုင်ပါစေ..............





နောက်ဆုံးဗိုလ်လုပွဲယှဉ်ပြိုင်ပုံပါ......။ မြန်မာဘက်မှ အမှတ်ရစဉ်

နောက်ဆုံးရလဒ်ဖြစ်ပါတယ်....
Myanmar 2 21 21 0 42
KOR Korea 0 18 18 0 36




အောင်ပွဲခံဆင်












မြန်မာ့ ဂုဏ်ဆောင် ပိုက်ကျော်ခြင်းအားကစားအဖွဲ့ကို ဂုဏ်ပြုလျှက်......

USB Disk Security 5.3.0.25 and USB Safely Remove

တင်ပြသူ Kyaw Htin Tuesday 19 October 2010


Type your summary here.Type the rest of your post here.

USB Disk Security USB drive မှတဆင့်ရရှိမဲ့ အန္တရယ်တွေကို ။အကြိမ် ၁၀၀ ဟန့်တားကာကွယ်ပေးနိုင်ပါတယ်..။
။ဒါပေမဲ့ အများစုအနေနဲ့ အကြိမ် ၉၀ လောက်ဘဲ ဒီထုတ်လုပ်မှုက ကာကွယ်နိုင်ပါသည်..။ software update တွေမလိုတဲ့အကောင်းဆုံး USB antivirous software ဖြစ်ပါသည်တဲ့..စမ်းကြည့်ကြပေါ့..နောက်ပြီးအကိုတစ်ယောက်အကူအညီတောင်းထားတာလေးပါ USB safely remove software လေးရှာခိုင်းတာပါ.။
ရုရှား version လေးဖြစ်နေတယ် သုံးရတာတော့အဆင်ပြေပါတယ်. စမ်းသုံးကြည့်ပေါ့ အဆင်ပြေပါစေ ဆော့လ်ဝဲကိုအောက်မှာ ရယူလိုက်ပါ.။


USB Disk Security 5.3.0.25

USB Safely Remove

Camomiles_Field and Fantasia Backgrounds photo

တင်ပြသူ Kyaw Htin Tuesday 12 October 2010

Camomiles_Field ဆိုတဲ့ နေကြာပန်းအမျိုးအစား ပန်းခင်းပုံဖြစ်ပြီး မနက်နေအထွက်မှာ လှပစွာရိုက်ထားတဲ့ဓာတ်ပုံကို
ရှု့စားနိုင်အောင်လို့ရယ်။ Fantasia Backgrounds ဆိုတဲ့ ဓာတ်ပုံတွေကို
Photoshop မှာ သုံးနိုင်အောင်အတွက်ပါ...
ရှု့ခင်းတွေက ပုံစံတစ်မျိုးနဲ့ဖြစ်နေတဲ့အတွက်
ဖန်တီးကြည့်ပါလို့ တိုက်တွန်းရင်း........။
အောက်မှာပါ Download file က


Download (1)



Download(2)




downeu.com ကနေ ကြိုက်မိတာလေးတွေတွေ့မိလို့ပါ အဆင်ပြေကြပါစေ...။

VB.NET and Microsoft office 2007 visio step by step Ebook with (.CHM)

တင်ပြသူ Kyaw Htin Friday 1 October 2010

VB.NET စာအုပ်နဲ့ Microsoft office 2007 visio step by step စာအုပ်နှစ်အုပ်ကို
ဝေမျှပေးလိုက်ပါတယ် စိတ်ပါဝင်စားသူတွေအတွက်အသုံးဝင်မှာပါ..
ဒီစာအုပ်တွေက အင်တာနက်မှာလည်းရှာလို့ရပါတယ် လွယ်လင့်တကူ download ချနိုင်ဖို့တင်ပေးခြင်းဖြစ်ပါတယ်.။ ကိုယ်တိုင်လည်းနောက်ပိုင်း စာအုပ်တွေဘဲဝေမျှပေးချင်မိတာလည်းပါတာပေါ့
PDF file type မဟုတ်ပါဘူး Compiled HTML help file အမျိုးအစားဖြစ်ပါတယ်..
(.CHM )အကြောင်းကို ဒီမှာ ကြည့်နိုင်သလို
မြန်မာလို အနေနဲ့သူငယ်ချင်း သံလုံငယ်ဆီမှာလည်း သွားကြည့်နိုင်ပါတယ် ဒီမှာပါ လုပ်နည်းပါတင်ပြပေးထားပါတယ်။ ကျွန်တော်လည်း(.CHM)file type အမျိုးအစားနဲ့ Research Excel VBA for information
ဆိုပြီး မြန်မာလို VBA စာအုပ်ကိုရေးနေပါတယ်..။
ကဲ လိုချင်သော မိတ်ဆွေတို့အတွက်.အောက်မှာသာ ဆွဲယူလိုက်ပါတော့ အဆင်ပြေကြပါစေခင်ဗျား။။


















Download












Download



Portable.Home.Plan.Pro.5.2.23.10

တင်ပြသူ Kyaw Htin Wednesday 22 September 2010





















ဒီဆော့လ်ဝဲလေးက ညီတစ်ယောက်ကရှာခိုင်းလို့ စမ်းကြည့်မိတဲ့ဆော့လ်ဝဲလေးပါ
အသုံးတည့်မဲ့သူတွေအထူးသဖြင့် ပိသုကာ အင်ဂျင်နီယာပိုင်းဆိုင်ရာအတွက်တော်တော်အသုံးဝင်ပါလိမ့်မယ်
Software ကိုညွှန်းထားတာကတော့ အင်ဂျင်နီယာသမားတွေဟာ Design project တစ်ခုကိုတည်ဆောက်ဖို့
အတွက် Auto CAD အစရှိတဲ့ CAD ဆော့လ်ဝဲတွေကို ဈေးကြီးပေးပြီး ခက်ခက်ခဲခဲဖန်တီးနေရပါတယ်တဲ့။
ဒီဆော့လ်ဝဲကတော့ ပေါ့ပေါ့ပါးပါးရှိတဲ့အပြင် ဖန်တီးရတာလည်း လွယ်ကူသက်သာစေပါတယ်.။ကောင်းမွန်တဲ့ဒီဇိုင်းများကိုလည်း ဖန်တီးနိုင်ပါတယ်တဲ့.။
သူ့ရဲ့ Features နှင့် Easy Plan Pro includes the home design tools you need ကိုအောက်မှာဖော်ပြပေးပါမယ်..။

Features:
- The integrated on-line help assures quick answers to any questions that arise.
- You can download this software at here .And updates are FREE.
- You can use the built-in fax driver to fax your plans anywhere in the world.
- Attach plans to email messages and send them with the built-in email server.
- Export plans to DXF or bitmap files.

Easy Plan Pro includes the home design tools you need:
- Easily draw arcs, rectangles, circles, lines, and so forth.
- Use the mouse, keyboard, or a combination of both.
- Add scaled dimensions with two clicks.
- Insert doors and windows with equal ease.
- Zoom in or out with a click to work on detailed parts of the plan or to see the whole of it.
- Create Layers that you can make invisible or visible at a click
- Draw a plot plan using metes & bounds. Calculate the area and acreage.


Thank u ! see u
refer: Nokia Software


VB 6.0 Portable and Ebook

တင်ပြသူ Kyaw Htin Tuesday 21 September 2010


















ဒီနေ့တော့ programming စာအုပ်ဖြစ်တဲ့ Vistual Basic portable လေးကို
အလွယ်တကူအသုံးပြုလေလ့လာနိုင်အောင်လို့ရယ် စာအုပ်နဲ့တကွ ပို့စ်တစ်ခုအနေနဲ့
တင်ပြပေးလိုပါတယ်.။ VB ကိုစတင်လေ့လာလိုသူတွေအတွက်တော့အဆင်ပြေမှာပါ.။
ကိုယ်တိုင်လည်း ဒီအကြောင်းကို တင်မယ် တင်မယ်နဲ့ မတင်ဖြစ်ခဲ့ဘူး ဒီနေ့တော့အချိန်လေးရတုန်း
ကောက်တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်းရှာဖွေထားသမျှလေး တင်ပေးတာပါ။။
ခုနောက်ပိုင်း နည်းပညာစာအုပ်တွေရှာရတာ ပိုခဲယဉ်းလာသလိုရှိနေပါတယ် အထူးသဖြင့်မြန်မာလိုပေါ့
မရှိလို့လား ဆိုတော့မဟုတ်ဘူး ရှိတယ် ဒါပေမဲ့ Upload တင်တဲ့ ဆိုက်က Out of date ဖြစ်ကုန်တော့ uploading ဖိုင်ကို မတွေ့ရတော့ဘူး အထူးသဖြင့် သာမန်ဘလော့ဂ်တွေထက်စာရင် ဖိုရမ်ကြီးတွေမှာ ပြန်လည်ပြီးတော့ Upload လုပ်ပေးစေချင်ပါတယ်.။ ခေတ်တွေ စနစ်တွေ ဘယ်လိုပြောင်းလဲ တိုးတက်တက် နောက်ကနေလိုက်နေရတဲ့သူတွေ ရှိတုန်းပါ။ အချိန်ရတုန်းမှာ သိသမျှ တွေ့သမျှလေးကို ဝေမျှပေးချင်ပါတယ်။
အဖိုးတန် နည်းပညာတွေကိုဝေမျှပေးနေတဲ့ သူငယ်ချင်းများ ဘော်ဒါများ ညီငယ် အကို အမ များကိုလေးစားလျှက်ပါ။
စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာပို့စ်လေးဖြစ်ဖို့ သာမန်လေ့လာမှုမျိုးနဲ့ မရနိုင်ပါဘူး။
စေတနာ့နည်းပညာဘလောံဂ်ဂါ များကို အမြဲတမ်းအားပေးနေလျှက်ပါ။ စကားကြောရှည်သွားပြီ
စာအုပ်နဲ့ ဆော့လ်ဝဲက အောက်မှာပါဗျာ။ ကျွန်တော့်ဆီမှာတော့ VB စာအုပ်လေးတွေတော့ရှိတယ်ဗျ
တောင်းရင်တော့ မပေးနိုင်သေးဘူး လူရှိန်အောင် စင်ပေါ်တော့တင်ထားလိုက်အုံးမယ်..ဟီး။

စာအုပ် ( Download )
Software ( Download)

နောက်ဆက်လက်ပြီး VBA အကြောင်းကိုသိသလောက်တင်ပြပေးချင်ပါတယ်..။အားလုံးဘဲ ကောင်းကျိုးလိုရာ ဆန္ဒပြည့်စုံနိုင်ကြပါစေ ။




notesbrowser and scanner driver

တင်ပြသူ Kyaw Htin Wednesday 15 September 2010

























notesbrowser ဆိုတဲ့ဆော့လ်ဝဲအကြောင်းကိုတော့
Gtalk ကညီလေးတစ်ယောက်က ဘာလုပ်လို့ရလဲဆိုတာကိုမေးလို့
ပြန်လည်ပြီးစုံစမ်းလေ့လာကြည့်လို့ သိရတာလေးပါ။
ဒီဆိုက် မှာလည်း ဒေါင်းလွတ်ချပြီးလေ့လာစမ်းသပ်ကြည့်လို့ရပါတယ်။
မိမိသုံးကြည့်သလောက်တော့ Notebook အနေနဲ့ မှတ်စုတစ်ခုအဖြစ်
browser ပုံစံပြုလုပ်ထားခြင်းမှာ Futrue plan ချပြီးအလုပ်လုပ်လိုသူများအတွက်အသုံးဝင်ပါလိမ့်မယ်
ကိုညီနေမင်း ဘလော့ဂ်က ဒီပို့စ် ထဲက calender ထည့်ပြီးမှတ်သားနိုင်တဲ့ပုံစံနဲ့လည်းခပ်ဆင်ဆင်တူပါတယ
ရက် (၆၀) free ပေးထားပါတယ် စမ်းကြည့်ကြပေါ့ဗျာ..။
နောက်တစ်ခုကတော့ scan driver လေးတွေတင်ထားတဲ့ဆိုက်ကို
ဖော်ပြပေးချင်တာပါ အထူးသဖြင့် scannner တစ်လုံးဝယ်ပြီး driver မရှိတာတို့ ဖျက်မိတာတို့ဖြစ်ရင်
ပြန်ရှာပြီးသုံးနိုင်အောင်ရယ်ပါ..။
ကျွန်တော့်အမျိုးအစားက CanonScan LIDE 25 အမျိုးအစားပါ
လင့်တွေက ဒီမှာတွေပါ..
DriverFile.net
http://software.canon-europe.com/
Toggle.com
အသုံးတည့်နိုင်ကြပါစေ။



Return from myanmar

တင်ပြသူ Kyaw Htin Friday 10 September 2010

ဒီရက်ပိုင်းတွင်းပို့မရေးဖြစ်တာကအမိမြေကို ၂လလောက် ခွင့်ပြန်နေလို့ပါ။
အဝေးမှာ (၃)နှစ်နီးပါးလောက်နေပြီးအမိမြေကိုပြန်ရတော့ တော်တော်လေးကိုပျော်ရွှင်မိတယ်။
ိ(၂)လကျော်ကျော်လောက်နေခွင့်ရပေမဲ့ အမှတ်တရတွေတော့အများကြီးကျန်ခဲ့တယ်။
အင်တာနက်လည်းသိပ်မ၀င်ဖြစ်တာရယ်ကြောင့် နည်းပညာရပ်ပိုင်းဆိုင်ရာတွေနဲ့ကင်းကွာခဲ့ရပါတယ်။
ဝင်ဖြစ်လည်းချက်လောက်ဘဲ သုံးဖြစ်တာမို့ရယ် မိမိဘလော့လ်တွေ တိုက်ရိုက်ကြည့်ဖို့ခက်တာရယ်ကြောင့်
ဆိုက်ကိုမလာဖြစ်တာပါ စီဘောက်မှာအားပေးထားတဲ့ သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်။
အင်တာနက်ဆိုင်ဝင်လိုက်ရင် လူငယ်တော်တော်များများတော့ နည်းပညာဆိုက်တွေလေ့လာတာနည်းတာကို
တွေ့မိပါတယ်။ Galk နဲ့အနုပညာ ၀က်ဆိုက်လောက်ဘဲ
ကြည့်တာကို မြင်ရတယ်။ အင်တာနက်အမြန်နှုန်းကလည်းတော်တော်လေးကိုနှေးလို့လည်းဖြစ်မယ်ထင်တယ်။
အမိမြေကနေ ဘလော့ဂ်ပုံမှန်ရေးနေတဲ့သူကို လေးစားမိပါတယ်။ ကျွန်တော်ဒီတစ်ခေါက်ပြန်လာတာ
ဒီမှာ ၃နှစ်ကျော်လောက်နေဖြစ်မှာက ရည်ရွှယ်ချက်ကတော့ ယနေ့မြန်မာ့လူငယ်ပညာတက်ကြားမှာ
ရေပန်းစားတဲ့ Ph D (ဒေါက်တို :) ဘွဲ့ကိုဆက်ယူနိုင်အောင်လို့ လာဖြစ်ခဲ့တာပါ။ အချိန်အားရင် ရသလောက်လေးနည်းပညာရပ်ဆိုင်ရာတွေကို ပို့စ်တင်ပေးပါမယ်။ခုလောလောဆယ်တော့
အမိမြေမှာလည်မိမိလည်ပတ်ခဲ့တဲ့နေရာလေးကို အမှတ်တရ တင်ပြလိုက်ပါရစေ။။


































Diary (1)

တင်ပြသူ Kyaw Htin Wednesday 19 May 2010

ဒီနေ့တော့ အမှတ်တရလေးတစ်ခုကို မှတ်တမ်းတင်လိုက်ပါတယ်..။
ခုတလော ပို့စ်အသစ်တွေမတင်တာက နောက်ဆုံးပညာတော်သင်ရဲ့
စာတမ်းဖတ်ပွဲအတွက်ပြင်ဆင်နေရလို့ဖြစ်ပါတယ်.။
ဒီနေ့တော့ နောက်ဆုံး target လည်းပြီးသွားပါပြီ
လိုချင်တဲ့ Excellent မှတ်လည်းရခဲ့ပါတယ်.။
MACS ရခဲ့တဲ့နေ့လည်းဖြစ် စာတမ်းအတွက်အမှတ်ပြည့်ရတဲ့အတွက်
အမှတ်တရဖြစ်နေမိမှာတော့အမှန်ပါ..။
နောက်တလဆိုရင် မြန်မာပြည်ကိုပြန်ရပါတော့မယ်
မပြန်ခင်ကာလမှာ လေ့လာမိသလောက်ဆော့လ်ဝဲနဲ့ နည်းပညာလေးတွေကို
ဖော်ပြပေးပါမယ်။ဘာဘဲဖြစ်ဖြစ် ကျွန်တော့်ကိုအားပေးတဲ့ မိတ်ဆွေတွေရယ်
ဒီဘလော့ဂ်ကနေ ခင်မင်ခဲ့ရတဲ့ ညီအကိုအပေါင်းကို ကျေးဇူးတင် လေးစားမိပါတယ်..။
ကံမကုန်ခင်တော့ ပြန်ဆုံကြမယ်လို့ မျှော်လင့်မိပါတယ်..။
နောက်ဆုံးအမှတ်တရအနေနဲ့ ဒီနေ့ရိုက်လာတဲ့ ရူခင်းပုံနဲ့ အမှတ်တရပုံလေးတွေကို
တင်ပြလိုက်မိပါတော့တယ်...။




နွေအစမှာ မြို့တော်အလှအတွက် စိုက်ထားတဲ့ပန်းလေးတွေပါ အမည်တော့မသိဘူး :)






Babylon Pro 8.0.0 r36 for my fri

တင်ပြသူ Kyaw Htin Wednesday 5 May 2010

စာမရေးပို့စ်မတင်တာလည်း တော်တော်ကြာသွားပါပြီ ဒီနေ့တော့ စာမေးပွဲတွေရမှတ်ကောင်းကောင်းနဲ့ပြီးသွားတဲ့အတွက်ရယ်
စာတမ်းအတွက်လည်းအကုန်လုံး ပြီးနေတာရယ်ဆိုတော့ ပို့စ်တစ်ခုတင်ဖို့လုပ်လိုက်ပါတယ်။
အကိုတစ်ယောက် နဲ့ အမတစ်ယောက် တောင်းဆိုထားတဲ့ဆော့လ်ဝဲပါ အရင်တုန်းကလည်းတင်ပေးဖူးတဲ့
ဆော့လ်ဝဲမျိုးပါ ဘာလည်းဆိုတော့ Babylon ဆော့လ်ဝဲ
အရင်ကပေးထားတဲ့ဆော့လ်ဝဲတွေက Crack ထားတဲ့ key တွေကိုဖြတ်ဖြတ်ပစ်တော့
Update တွေပြန်ပြန်ရှာရပါတယ်..ခုလက်ရှိအသုံးတည့်နေတဲ့
Update ကျန်သေးတဲ့ Babylone အသစ်လေးShare ပေးပါရစေ
အထူးသဖြင့် ကျွန်တော်တို့လို ဖရီးသမားတွေအတွက်ပါ..
အသုံးပြုပုံကတော့..
ဒီဟာကို ( Download) ဒေါင်းပြီးရင် အောက်ပါအတိုင်းအဆင့်ဆင့်လုပ်ပေးလိုက်ပါ..။
1- setup Babylon Pro 8.0.0 r36.exe Complete ok (Babylone ကိုအရင် install လုပ် ပြီးရင် ok ပေး)

2- exit Babylon See photo number one 1.JPG (ပုံထဲကအတိုင်း Runပြီးရင် အောက်က Tool bar မှာ
ပုံအတိုင်း Right click ပေး Exit သွားပေး)



3- copy crack paste here C:\Program Files\Babylon\Babylon-Pro replace ok
(ပြီးရင်တော့ free သုံးနိုင်ဖို့ Crack လုပ်ရမယ်.. Copy to C_program file___crack file ဖိုင်folder ထဲကနေ Crack ဖိုင် babylone လေးကိုcopy ကူးပြီး C ထဲက programfile ထဲက Babylon အဲဒီကမှ
Babylone-pro ဆိုတဲ့ folder ထဲမှာထည့်ပေးပါ အရင်ရှိပြီးသားရှိလို့ Copy to replace ထားပေးပါ)


4- run Babylon.exe
(ပြီးရင်တော့ ပြန်ဖွင့်ကြည့်လိုက်ပါ babylone ကို ဈေးခြင်းတောင်းလိုနေရာမှာ Add dictionary ပေါ်လာရင်တော့
အောင်မြင်သွားပါပြီ၊ သူတို့တွေမဖြတ်မချင်းတော့ဆက်လက်သုံးစွဲနိုင်မှာပါ အဆင်ပြေကြပါစေ..။
အထဲမှာ Padoma English Myanmar ပါထည့်ပေးထားတယ် မြန်မာလိုသိနိုင်ဖို့အတွက် run ပေးပါအဆင်ပြေကြပါစေ)

Math Type software for Microsoft office

တင်ပြသူ Kyaw Htin Wednesday 24 March 2010











မရေးဖြစ်တာလည်း ကြာပြီ စာတမ်းအတွက် လုံးပမ်းနေရလို့မတင်ဖြစ်တာတွေပါ
ဒီနေ့တော့ အချိန်လေးရတုန်းအထူးသဖြင့် အီလက်ထရောနစ်၊ သင်္ချာအထူးပြုသမားတွေအတွက်
မိမိတို့စာတမ်းများကို ပြုလုပ်တဲ့အခါ Formula တွေကို miscrosoft office ထဲလွယ်လင့်တကူနဲ့ရေးထည့်နိုင်ဖို့အတွက်
အသုံးလိုတဲ့ plug in programm လေးတခုကို ဝေမျှချင်ပါတယ် အထူးသဖြင့် စာသင်သမားများအတွက် အသုံးတဲ့မယ်လို့ထင်ပါတယ်..
အကြမ်းမျဉ်းအားဖြင့် ပြောရမယ်ဆိုရင် Math Type ဆိုတာ
Miscroft word, Powerpoint အစရှိသော Office file များထဲကို
Formula များ၊ Office file ထဲမှာမပါတဲ့ အက္ခရာများကို ဒီဆော့လ်ဝဲအကူအညီနဲ့ ရိုက်ထည့်နိုင်အောင်
အသုံးပြုလို့ ရတဲ့ programm လို့သတ်မှတ်နိုင်ပါတယ်...
အောက်မှာ ပုံနှင့်တကွ တစ်ခုချင်းစီ ရှင်းပြပါမယ်..
Math Type ဆော့လ်ဝဲကို run ပြီးတာနဲ့ Office file တွေရဲ့ tool bar မှာ Math type ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်




အဲဒီနေရာကို Click လိုက်တာနဲ့ အောက်ကပုံအတိုင်းထွက်မှာဖြစ်ပါတယ်
မိမိ formula ထည့်လိုတဲ့နေရာကို ရွှေးချယ်ပြီး Click ပေးပြီးထည့်လိုက်ယုံပါဘဲ
ရိုက်ပြီးသားဖော်မြူလာကိုလည်း ကလစ် နှစ်ချက်ထောက်ပြီး လွယ်လင့်တကူ
ပြင်နိုင် အသုံးပြုနိုင်ပါတယ် ။
Microsoft office 2007 နဲ့ဆိုပိုအဆင်ပြေမယ်ထင်ပါတယ်..

အောက်မှာ ဒီဆော့လ်သဲလေးကိုပေးထားပါတယ်
Window XP နဲ့ Vista အတွက် နှစ်မျိုးလုံးကို တဖိုင်တည်းနဲ့ထည့်ပေးထားပါတယ်
Crack ဖိုင်ပါတစ်ပါတည်းပေးလိုက်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေ


Download link


ခင်မင်လျှက် မောင်ပညာ




Type the rest of your post here.

About Bluebeam PDF Revu software

တင်ပြသူ Kyaw Htin Thursday 25 February 2010








ဒီတစ်နေ့တော့ Bluebeam PDF Revu ဆော့လ်ဝဲအကြောင်းလေးကို
တွေ့မိလေ့လာမိတာလေး တင်ပြလိုပါတယ်..
အင်တာနက်မှာ AutoCAD ဖိုင် format တစ်ခုကို PDF ဖိုင်ပြောင်းချင်လို့
Tutorial ရှာရင်းနဲ့တွေ့မိတာလေးပါ..
ဒီဆော့လ်ဝဲလေးကတော့ ၈၆.၅၇ MB လောက်ဘဲရှိတာပါ
ပေါ့လည်းပေါ့ပါတယ်..သုံးရတာလည်း အဆင်ပြေပါတယ်
PDF ဖိုင်ပြုလုပ်ချင်သူများ ၊ ရှိပြီးသား PDF ဖိုင်ကို Edit လုပ်ချင်သူများ
အထူးသဖြင့် (သင်ကြားရေးပိုင်း၊ Confrence တွေအတွက် )အဆင်ပြေမယ်လို့ထင်ပါတယ်
CAD ၊ Office ၊image ဖိုင်များကို PDF အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်
အထူးသဖြင့် ဆော့လ်ဝဲထဲမှာ သုံစွဲနည်းကို Tutorial အနေနဲ့ထည့်ပေးထားတော့
စသုံးတဲ့သူတွေအနေနဲ့လည်း အဆင်ပြေပါတယ်..
အထဲမှာပါတဲ့ Function တွေတော့အများကြီးပါဘဲ
အသေးစိတ်သိချင်ရင်တော့ http://www.bluebeam.com/
အဲဒီဆိုက်မှာ ရေးထားတာရှိပါတယ်
ဆိုက်ကနေ Free trial virsion ပေးထားပါတယ်
Register လုပ်ပြီးရယူနိုင်ပါတယ်..
အဆင်ပြေါပါစေဗျာ အသုံးလိုသူတွေအတွက်
ဆော့လ်ဝဲကိုနောက်မှပေးပါမယ် PDF ဖိုင်တစ်ခုကို မြန်မြန်နဲ့လွယ်လွယ်ဆောက်ချင်ရင်တော့
ဒီဆော့လ်ဝဲလေးက အကူအညီပေးပါလိမ့်မယ်..
အောက်မှာတော့ ကျွန်တော်ကိုယ်တိုင် ချက်ချင်းေ၇းထားပြီးလုပ်ထားတဲ့
PDF ဖိုင်လေးကို Share ပေးလိုက်ပါတယ်
မောင်ပညာကို အားပေးတဲ့ အကိုအမအားလုံးကျန်းမာကြပါစေ
ဆော့လ်ဝဲကိုတော့ Uplaoding တင်လိုက်အုံးမယ်
ခုတော့ မနက်မိုးလင်းတော့မယ် အိပ်လိုက်အုံးမှဖြစ်မယ် :)
အရာရာအဆင်ပြေနိုင်ပါစေဗျာ..


ဒီပို့စ်ကို Download ရယူရန် (PDF file)

မောင်ပညာ

Type your summary here.

Type the rest of your post here.

MATLAB E book collection

တင်ပြသူ Kyaw Htin Tuesday 16 February 2010






MATLAB - The Language Of Technical Computing

MATLAB® is a high-level language and interactive environment that enables you to perform computationally intensive tasks faster than with traditional programming languages such as C, C++, and Fortran. And then use for
Computer modeling and analysis. I want to share by all of
my member, whose need to researching and want to know
about this language .I uploaded not only Myanmar Mallab Ebook and English Matlab E book ,all of book I collected from another persond and internet. Will hope it is useful for my friends. Thank for all..At down u can download E book with medirafire .

Introduction Matlab
Basic Matlab Tutorial
Matlab myanmar Ebook

Type the rest of your post here.

Holiday and circus

တင်ပြသူ Kyaw Htin Sunday 31 January 2010

စာမေးပွဲတွင်းမို့ ပို့စ်မရေးဖြစ်တာလည်းတော်တော်ကြာသွားပါပြီ
ဒီနေ့တော့ စာမေးပွဲပြီးလို့ ကျောင်းအားရက်လေးအတွင်းမှာ circus သွားကြည့်ဖြစ်တာလေးကိုဗဟုသုတအဖြစ်ကော
သတင်းရယူတဲ့အနေနဲ့ကော ရေးဖြစ်လိုက်တာလေးပါ.။
circus ကြည့်ဖြစ်တာတော့ ကံဘဲထူးလို့လားတော့မသိဘူး
အစကသွားဖို့အစီအစဉ်မရှိဘူး အဲဒီပွဲကြည့်ဖို့က လက်မှတ်ကကြိုမှာရတာ
အမှန်တကယ်က ပိုက်ပိုက်မရှိတာလေ :)
ဖြစ်ချင်တော့ အဲဒီနေ့မှာက ကျောင်းက ညီငယ်တွေကို Excursion အနေနဲ့ ဆပ်ကပ်ပွဲကြည့်ဖို့ကျောင်းကလုပ်ပေးပါတယ်
အဲဒီမှာ ညီငယ်အဖွဲ့ထဲမှာပါတဲ့ သူငယ်ချင်းတစ်ယောက်က ခရီးသွားရမှာပျင်းတယ် ကိုယ်စားလိုက်သွားပါဆိုတော့
မှုတ်ဆိတ်ပျားစွဲတယ် ဆိုမလားဘဲ ..သဘောတူလိုက်တယ် (နဂိုကတည်းကသွားချင်နေတာကို :) )
ဆပ်ကပ်ရုံကတော့ Moscow မှာရှိတဲ့ မော်စကိုမြို့တော်တက္ကသိုလ် နားလေးမှာပါ..
ကျွန်တော်တို့မြို့နဲ့ကျတော့ အလှမ်းဝေးတော့ အဲဒီပွဲတွေသွားချင်ရင်တောင်တကူးတက ကားတလှည့် မီးရထားတလှည့်နဲ့ဒိုးရတာ
အဲဒီနေ့က Excursion ဆိုတော့ ကျောင်းကားနဲ့တန်းပို့ပေးတယ် ဆပ်ကပ်ရုံနေ/ရာကို ဒီတာ့ခရီးသွားရတာမပူ၇တော့ဘူးပေါ့
ညနေကိုဒိကနေ ၅နာရီလောက်ထွက်ပါတယ် ဟိုကိုရောက်တော့ ၆း၃၀လောက်ရောက်တယ်..ပွဲက ရး၀၀နာရီမှာစပြမှာဆိုတော့
ဆပ်ကပ်ရုံထဲဝင်ပြီး ဟိုလိုက်ငေးဒီလိုက်ငေးလုပ်နေလိုက်တယ်..ရုံတွင်းထဲမို့လားမသိဘူး
ဈေးဝယ်တော့လည်းအပြင်ထက် နှစ်ဆပိုဈေးကြီးတယ်..
အဲဒီမှာတွေးမိလိုက်တာက လူစည်တဲ့နေရာတိုင်း ကုန်ဈေးနှုန်းကလည်းတက်ပါလားလို့ :)
ကျွန်တော်တို့နိုင်ငံက လေဆီပ်မှာကုန်ဈေးနှုန်းတွေမြင့်တာ မပြောနဲ့ ကျန်တဲ့တိုင်းပြည်တွေဆိုလည်း လေဆိပ်ရောက်ရင်နှစ်ဆတောင်ပိုတက်သေး ..သိပ်မပြောရဲဘူး တော်ကြာမြန်မာလေဆိပ်က ဈေးသည်တွေကုန်ဈေးနှုန်းလိုက်တက်ကုန်မှ :)
ပွဲစခါနီး၁၀မိနစ်လောက်မှာ လက်မှတ်ပြပြီးခုံနေရာကိုရှာပြီးဖြစ်နေပါပြီ
ထိုင်ရတဲ့ခုံကလည်း ဈေးနှုန်းကြီးကြီးပေးပြီးဝယ်ထားရလို့ထင်ပါတယ် ကိုယ်ရဲ့နောက်မှာ နံရံဘဲရှိတော့တယ် :)
၇း၀၀ နီာထိုးတော့ ဆပ်ကပ်စပါပြီ...
ဆပ်ကပ်စင်ကတော့ ပေ၅၀ ၆၀စာအ၀ိုင်းလေးပါဘဲ..
အဲဒီနေရာပွဲကြည့်စင်ကို စက်ဝိုင်းပုံဝိုင်းပြီးဆောက်ထားတာ ကျွန်တော်တို့အတန်းအထိအောင်ဘဲ
ပြောစရာတော့ကျန်တာပေါ့ အဆင့်မြင့်ဆုံး( အမြင့်ဆုံး) အတန်းမှာထိုင်လာတာဆိုပြီးလေ...။
ဆပ်ကပ်ကိုတော့ Happy New Year အထိမ်းအမှတ် ဇာတ်လမ်းလေးနဲ့တွဲဖက်
တခန်းပြီးတခန်းပြသွားပါတယ်..အကောင်တွေလည်းပေါင်းစုံပါဘဲ ကိုမမြင်ဘူးတဲ့ ကုလားအုတ်တွေ
ဖျံတွေ မြင်းကျား စတဲ့လိမ္မာတဲ့ တိရိဆာန်တွေနဲ့ တခန်းပြီးတခန်းတစ်လှည့်စီတင်ဆက်ပေးတာပါ..။
ဆပ်ကပ်ပွဲကြည့်ပြီးတွေးမိတာလေးကတော့ ဒီနိုင်ငံက လုပ်သွားတဲ့ ဆပ်ကပ်တွေမှာနည်းပညာအသုံးချမှုအပိုင်းအရမ်းကောင်းတယ်လို့
သုံးသပ်မိတယ်..။ကပြတဲ့သူကလည်းကပြတဲ့အလျောက်..ကြိုးဆွဲမှုကလည်းကောင်း ဆလိုက်ကလည်းမျိုးစုံနဲ့လိုက်ဖက်တောင်မီးထိုးနိုင်မှု ဂီတကလည်း လိုက်ဖက်တဲ့တီးလုံးအတိုင်းကွက်တိဘဲလုပ်ဆောင်တော့
ကျွန်တော်တို့ခဗျာတော့ ပါးစပ်အဟောင်းသား လက်ခုပ်တီးမပြတ်တောင်ဖြစ်မိပါတယ်..။
ဒီလိုတင်ဆက်မှုတွေကောင်းလို့လည်း နေ့တိုင်းနီးပါးပြနေတဲ့ဆပ်ကပ်ရုံကြီး ပွဲတိုင်းမှာလူပြည့်တာလည်းမဆန်းပါဘူး
ဆပ်ကပ်ပြပွဲမတိုင်မီနဲ့ ဆပ်ကပ်နားနေစဉ်ခဏမှာ ရုံအတွင်းမှာလည်း တိရစ္ဆာန်လိမ္မာတွေနဲ့ ဓာတ်ပုံရိုက်လို့ရတယ်..။စတဲ့ဝန်ဆောင်မှုတွေပေူထားတော့ ကလေးတွေလည်းကြိုက် ဆယ်ကျော်သက်တွေလည်းအကြိုက်ပေါ့
ကဲပါ ပြေတာလည်းများသွားပြီထင်ပါတယ်..
နောက်ဆုံးနေနဲ့ ဒီပို့စ်လေးကိုဖတ်ရကျိုးလည်းနပ်အောင် ကျွန်တော်တို့ရိုက်လာတဲ့ Movie လေးတစ်ခုကို
ကိုယ်တိုင် youtube ပေါ်တင်ပြီးတင်ဆက်ပေးလိုက်ပါတယ်..
ဖျံလိမ္မာလေးရဲ့ပြကွက်တစ်ခုပါ ..ကြည့်လို့ရတဲ့နိုင်ငံတွေရှုစားအားပေးသွားပါအုံး
အားအပေးအခံရဆုံးပြကွက်တစ်ခုလည်းဖြစ်ပါတယ်..





အားလုံးကိုလေးစားလျှက် .....
မောင်ပညာ

Type the rest of your post here.

Photo Comander 7 and Easy photo recovery

တင်ပြသူ Kyaw Htin Wednesday 13 January 2010

ဒီနေ့တော့ Photo Comander 7 and Easy photo recovery ဆိုတဲ့
Photo Deign ပြင်ဖို့ရာနဲ့ ပျောက်နေတဲ့ ဖြတ်မိတဲ့ ဓာတ်ပုံတွေကိုပြန်လည်ရယူနိုင်တဲ့ဆော့လ်ဝဲလေးတွေပါ..
စာမေးပွဲကာလထဲရောက်နေလို့ ပို့စ်အသစ်တွေမတင်ဖြစ်တာကို ခွင့်လွတ်ပေးစေလိုပါတယ်..
ဒီလကုန်လောက်မှာမှ ပို့စ်အသစ်တွေကို တင်ပြပေးသွားပါမယ်..
ကဲလောလောဆယ်တော့..





ပထမဦးဆုံး Photo comander 7 ဆော့ဝဲလ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
ဒီဆော့လ်ဝဲကတော့ Portable အမိုးအစား Photo software လေးပါ..
ဓာတ်ပုံကို Photoshopအတိုင်း အလွယ်တကူပြုပြင်နိုင်တဲ့ဆော့လ်ဝဲလေးဖြစ်ပါတယ်..
active key ကို ရက် ၃၀ Free ရဖို့ဆော့လ်ဝဲ run ပြီး
obtain your free code 30 day trial period ကနေသွားပြီး gmail အကောင့်ဖြည့်ပြီး
ရက် ၃၀ free account ရယူနိုင်ပါတယ် စမ်းသပ်ကြည့်ပါလို့တိုက်တွန်းလိုပါတယ်
ဆော့လ်ဝဲလေးကတော့ ဒီမှာပါ..
DOWNLOAD











နောက်ထပ်ဆော့လ်ဝဲလေးကတော့ ပျောက်နေတဲ့ Photo တွေကိုအလွယ်တကူ Recover လုပ်နိုင်တဲ့
ဆော့လ်ဝဲလေးဖြစ်ပါတယ်..သူကတော့ KEY မလိုပါဘူး
အဆင်ပြေပါစေဗျာ ဆော့လ်ဝဲလေးကတော့အောက်မှာပါ...
DOWNLOAD
see u next month :(

Type the rest of your post here.

VGA Graphics Problem (2)

တင်ပြသူ Kyaw Htin Saturday 2 January 2010










ဒီနေ့ပို့စ်လေးကတော့ အရင်နေ့က ရေးခဲ့တာရဲ့အဆက်ပေါ့
ကျွန်တော့်ရဲ့ ကွန်ပျူတာလေး Window 7 ရဲ့ကောင်းမှုကြောင့် VGA လစ်သွားတယ်
Window အသစ်တင်လေ မရလေနဲ့ပေါ့...
ဘာကြောင့်ဖြစ်နေတယ်ဆိုတာကို သိပြီးနောက် VGA ကိုဖြုတ်ပြီးသုံးနေမိတယ်..
ဖြစ်ချင်တော့ ကျွန်တော့်ရဲ့ Motherboard driver ဆော့လ်ဝဲမှာ
Graphic အတွက် driver ဆော့လ်ဝဲကပါမလာဘူး
ဒီတိုင်းဘဲ ဂရပ်ဖစ်မပါဘဲ သုန်သုန်မှုန်မှုန်ပေပေတေတေနဲ့ ဆက်သုံးနေလိုက်တယ်..
ကိုကထင်ထားတာက အော် ကို့ Motherboardက Graphic ကိုထည့်မထားလို့နဲ့တူပါတယ်လို့ :)
တော်တော်များများ board တွေကျတော့ ဒီတိုင်း Graphic Card VGA စိုက်စရာမလိုဘဲနဲ့ကို
CD ခွေထဲမှာကို Driver auto run ပေးထားတော့
အသုံးပြုလို့ကောင်း ဂီမ်းတိုက်လို့ကောင်းနေတာကို တွေ့ရတာကို .:(
ခုသုံးနေတဲ့ Board မှာက Processor ကCore 2Dudo E4600 ဆိုတော့
core2 quad လောက်ဆင်နိုင်တဲ့ Board ကိုအကြွေးတင်ခံပြီးဝယ်ရကောင်းမလားတောင်စိတ်ကူးမိသေးတယ်
Graphic ကောင်းကောင်းလေးသုံးလို့လည်းရအောင်လို့လေ..
လခစား ပညာတော်သင်လည်းဖြစ်နေတော့ Electronics ပစ္စည်းဝယ်မယ်ဆို ကြိုစုထားပြီးဝယ်မှဖြစ်မှာ တော်ကြာဖြုန်းစားကြီးကောက်ဝယ်ထားလိုက်လို့တော့
ဒီမောင်ခဗျာ အဲဒီတလတော့ ခေါက်ဆွဲနဲ့နှပါးသွားရပြီသာမှတ် :)
ပြောတာတွေများသွားပြီထင်တယ်
အဲဒီပြဿနာဖြေရှင်းနိုင်ဖို့ကို သူငယ်ချင်းတစ်ယောက်ဆီကအကူအညီနဲ့အကြံဥာဏ်ရလိုက်တာပါ
သူအကြံပေးတာတော့ အင်တာနက်မှာရှာပြီး Graphics အတွက်ပြဿနာကိုဖြေဂှင်းကြည့်ပါလားတဲ့
ကျွန်တော်လည်းအကြံရပြီး သူငယ်ချင်းပြောတဲ့အတိုင်းရှာဖွေကြည်ပါတယ်
ကျွန်တော် Motherboard က ESC ELITEGROUP ကထုတ်တဲ့
Intel G33T-M2 အမျိုးအစား ဖြစ်ပါတယ်..ဆော့်လ်ဝဲတစ်ခုတော့တွေ့ပါတယ်..
ဆော့လ်ဝဲကိုတော့ အောက်ကလင့်မှာရှာပြီး
ချလိုက်ပါတယ်…
အဲဒီအမျိုးအစားအတွက် Intel(r) Graphics Media Accelerator driver ဆိုတဲ့ XP အတွက်သုံးနိုင်တဲ့
ဆော့လ်ဝဲ Driver လေးပါ.. ကျွန်တော်ရဲ့ Motherboard အမျိုးအစားချင်းတူတဲ့သူများ
အောက်ကလင့်ကနေချလိုက်ပေါ့ အဆင်ပြေသွားတာပေါ့..:)


http://www.intel.com/support/graphics/intelg33/#anchor4

အဓိကပြောချင်တာကတော့ ကျွန်တော့်လိုမျိုး Graphics Card စိုက်ပြီးသုံးရင်းနဲ့ VGA ပျက်သွားသူများနဲ့
Motherboard CD မှာ Graphics driver ထည့်မပေးထားရင် အထက်ပါအတိုင်း
ASUS ဆိုရင် ASUS , Intel ဆို Intel Board အမျိုးအစားအလိုက် သူတို့ရဲ့ ဆိုက်များမှာ
သွားရှာပြီးဒေါင်းလွတ်ချပြီး အသုံးပြုစေလိုပါတယ်.
အဲဒီဖြေရှင်းပြီး Download ချ Run ပြီးတဲ့နောက် Graphics speed လည်းကောင်းလာပါတယ်
Card စိုက်ထားတဲ့နီးနီးပြန်ကောင်းလာတာပါ ဆိုက်တွေမှာလည်းအဲဒီ ဆော့လ်ဝဲတွေဆို
Free ပေးပါတယ် ကျွန်တော်တို့လိုလူတွေအတွက်တော့ အဆင်ပြေတာပေါ့နော် :)
Notebook သမားတွေဆိုလည်း ထိုနည်းတူ Driver မှမဟုတ်ပါဘူးအမျိုးအစားလိုက်ရှိထားသင့်တဲ့
ဆော့ဝဲလ်တွေ လိုအပ်တဲ့ဆော့လ်ဝဲတွေကို Produce လုပ်တဲ့ကုမ္မဏီတွေရဲ့ဆိုက်တွေမှာ သွားပြီးရှာဖွေသင့်
စုဆောင်းသင့် ရီက္ခာအပြည့်ဖြည်းတင်းပြီး Driver ပြည့်စုံစွာနဲ့အလုပ်လုပ်နိုင်စေရန်
ရည်သန်လျှက် ကျွန်တော့်ရဲ့ နောက်ဆက်တွဲပို့စ်ကို
အဆုံးသတ်လိုက်ပါတယ်...

(ချွင်းချက် ။ ။ အထက်ပါပို့စ်နှစ်ခုသည် ကျွန်တော့်ဖြစ်ခဲ့သော ပြဿနာကို ကျွန်တော့်အနေနဲ့ဖြေရှင်းခြင်း
တွေးထင်ခြင်း နှင့် အကြံပေးခြင်းသက်သက်သာ ဖြစ်ပါတယ် လိုအပ်တာတို့ အမှားအယွင်းများရှိရင် ထောက်ပြပြောဆိုနိုင်ပါတယ်ခင်ဗျ။ )
လေးစားစွာဖြင့်
မောင်ပညာ (MIET)



Type the rest of your post here.

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar