Content feed Comments Feed

အသုံးဝင်မည့် ၀က်ဆိုက်လေးများ

တင်ပြသူ Kyaw Htin Friday 26 September 2008

http://www.webmonkey.com
Webmonkey ဟာ webdesign နဲ့တခြား နည်းပညာပေါင်းမြောက်မြားစွာကိုစတင် လေ့လာမယ့်လူတွေအတွက်ရော၊ devoloper အတွက်ပါ အဆင်ပြေစေတဲ့ website တစ်ခုဖြစ်ပါတယ်။ Multimedia, programming, mobile techniques တွေနဲ့ server page တွေ အတွက်ပါ အထူးအားထားရတဲ့ tutorial ပေါင်းများစွာကို စုစည်းထားပါတယ်။ ဒါ့အပြင် blog ရေးသားသူတွေအတွက်ပါ RSS ကို ဘယ်လိုလေ့လာမလဲ။ Wordpress  ကိုစတင် တည်ဆောက်ခြင်း Adword နဲ့ blog ကိုချိတ်ဆက်ခြင်းတွေ အတွက်ပါ လေ့လာလို့ ရနိုင်စေပါတယ်။

http://www.digital-photography-school.com
Photoshop အတွက် အလွန်အသုံးဝင်တဲ့ shortcut key တွေကို စုစည်းထားပါတယ်၊ ဓာတ်ပုံပညာကို လေ့လာလိုက်စားလိုသူတွေအတွက် အကောင်းဆုံး website တစ်ခုလို့ ခေါ်ဆိုနိုင်မယ့်အချက်ကတော့ လူသစ်တန်းတွေအတွက် ဓာတ်ပုံပညာပေါင်းများစွာကိုစုစည်းပြီး သင်တန်းတစ်ခုအနေနဲ့ ဖွင့်လှစ်ပို့ချနေတဲ့ ရင်းမြစ်တစ်ခု ဖြစ်နေလို့ပါပဲ။ How to guide တွေထဲမှာ color ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ခုကို အဖြူအမည်းအသွင်ကူးပြောင်းတဲ့ နေရာမှာလိုအပ်တဲ့ အချက်အလက်တွေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို လေ့လာနိုင်စေပါတယ်။ အခကြေးငွေနဲ့ account ဖွင့်လှစ်ပြီး ပို့ချချက်တွေကို ရယူနိုင်သလို အခမဲ့အသုံးပြုသူတွေအတွက်လည်း အလွန်ကောင်းမွန်တဲ့ သင်ခန်းစားတွေ ရှိနေပါတယ်။

http://www.photoshop-lab.com
PNG format နဲ့တည်ရှိနေတဲ့ ဓာတ်ပုံတွေထဲက ပျော်ရွှင်စရာ၊ Image ပြုလုပ်နည်းတွေ၊ Pen tool ကိုကိုင်တွယ်အသုံးချနည်း၊ photoshop ရဲ့ အခြေခံအချက်အလက်တွေရယ် အပြင် Digital painting တွေကိုပါ ရယူနိုင်ပါတယ်။ Photoshop ရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ၊ အကောင်းဆုံးစွမ်းဆောင်နိုင်မှုတွေရယ် ရယူရင်း Photoshop ဂုရုတစ်ယောက်ဖြစ်လာအောင် သင့်ကိုကူညီနိုင်ပါလိမ့်မယ်။

http://www.photoshop101.com
ဓာတ်ပုံလောကမှာ ပြုပြင်တည်းဖြတ်ခြင်းနဲ့ ပတ်သတ်လာရင် အကောင်းဆုံးဆော့ဝဲတစ်ခုဖြစ်တဲ့ Photoshop ရဲ့ photo mainipulation ကိုသင်ကြားပေးရင်း layouts နဲ့ interface ဒီဇိုင်းပညာတွေကို လေ့လာနိုင်ပါမယ်။ ဆောင်ရန် ၊ ရှောင်ရန်နဲ့ မှတ်ရန်လေးတွေကို ရရှိဖို့အတွက်တော့ 'tip and bsics' ထဲမှာ ကြည့်ရှုရင်း ကျွမ်းကျင်အောင် သင်ကြားနိုင်ပါတယ်။

http://www.forwebdesigners.com
အမျိုးမျိုးအစားစား မတူညီ ကွဲပြားတဲ့ subject တွေကို တည်ဆောက်ပြီး web page တစ်ခုကို အကောင်းဆုံး design နဲ့အလှဆင်နိုင်စေမယ့် tool တွေကို သင်ကြားပေးနေတဲ့ web စာမျက်နှာ တစ်ခုဖြစ်ပါတယ်။ ကိုယ်ပိုင် icon တစ်ခုဘယ်လိုပြုလုပ်မလဲဆိုတာကို သူ့ရဲ့ server ထဲမှာမရှိပေမယ့် color, css, fonts, freephoto, icons, inspirations, graphic စတဲ့ရှိရှိသမျှ လိုအပ်တဲ့နေရာတွေကို link တွေနဲ့ ချိတ်ဆက်တည်ဆောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ချင်စရာပါ။

http://www.11amdesign.com
Photoshop ရဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက် 101 ခု၊ photoshop မှာတိမ်မြုပ်နေတဲ့Action scription စတဲ့ ရှားပါးဆောင်းပါးတွေနဲ့ တွေ့ရခဲလှတဲ့ tool တွေရဲ့ အလုပ်လုပ်ပုံတွေကို တင်ပြထားတာမို့ 11amdesign ဟာလည်းပဲ လေ့လာနိုင်မယ်ဆိုရင် အကျိုးဖြစ်ထွန်းစေတာကို တွေ့ရပါမယ်။

http://www.worth1000.com
ထူးခြားဆန်းကြယ်တဲ့ website တစ်ခုဖြစ်ပါတယ်။ ခေတ်မီဆန်းပြားတဲ့ ဓာတ်ပုံတွေတိုင်းဟာ worth 1000 နဲ့ လွတ်ကင်းတယ်လို့မရှိရအောင် resources ကြွယ်ဝလွန်းတဲ့ site တစ်ခုဖြစ်ပါတယ်၊ ဓာတ်ပုံနှစ်ခုကို ပေါင်းစပ်အသုံးပြုနည်းဆိုတာဟာ worth 1000 အတွက် အနိမ့်စားသင်ခန်းစာ တစ်ခုသာဖြစ်ပါတယ်။ pdf ဖိုင်တွေနဲ့ သင်ခန်းစာတွေကိုပါ ရယူနိုင်သလို အံသြဘနန်းဆန်းကြယ်တဲ့ ဓာတ်ပုံပေါင်းများစွာကို စုစည်းထားတဲ့ စာမျက်နှာတစ်ခုဖြစ်တာမို့ ဓာတ်ပုံတစ်ပုံကို ကြည့်ရတာနဲ့တင် worth 1000 ကိုလည်ပတ်ရတာ ထိုက်တန်ပါတယ်။

http://www.elitebydesign.com
နှစ်လိုဖွယ် အကောင်းဆုံး သင်ခန်းစာ 25 ခု modern image ပြုလုပ်ခြင်း၊ refelction ပြုလုပ်ခြင်း၊ website ကို vector style နဲ့ cartoon layout တွေထည့်သွင်းခြင်း၊ icon နဲ့button ပြုလုပ်ခြင်း၊ blog စတိုင်ပြုလုပ်ခြင်းစတာတွေကို elitedesign မှာ ရရှိနိုင်ပါတယ်။ web 2.0 စတိုင်တည်ဆောက်ထားတဲ့ home page ကို မြင်ရတာနဲ့တင် သင်ခန်းစားတွေဟာ ဘယ်လောက်ကောင်းမွန်သလဲဆိုတာကို နားလည်သဘောပေါက်သွားမှာပါ။

www.photoshopcafe.com
Photoshop ကို ကျွမ်းကျင်တဲ့သူဖြစ်ဖို့ဆိုတာ layer တွေကို ဘယ်လိုကိုင်တွယ်နိုင်သလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ပါတယ်။ Photoshopcafe မှာ layer တွေကို ကျွမ်းကျင်စွာ အသုံးချနိုင်တဲ့ နည်းလမ်းတွေကို စာအုပ်စာတမ်းအမျိုးစုံထဲကနေ ကောက်နုတ်တင်ပြထားပါတယ်။ Photoshop နဲ့ပတ်သတ်တဲ့ စာအုပ်တွေကိုလည်း အမြည်းအစမ်းသဘောမျိုးရယူခွင့်ပေးထားတဲ့အပြင် တခြားရှိသင့်တဲ့ သင်ခန်းစာလေးတွေလည်း အများအပြားရှိနေပါတယ်။

http://www.watchandlearnphotoshop.com
Photoshop သင်ခန်းစာတွေကို video file တွေနဲ့ download ရယူခွင့်ပေးထားပါတယ်။ Email နဲ့ user name ကို ဖြည့်စွက်ပြီး register လုပ်လိုက်တာနဲ့ vedio file တွေအတွက် access လုပ်ခွင့် ရရှိလာပါလိမ့်မယ်။ ဒါ့အပြင် အခုခေတ်ပေါ် CS3 Version ရဲ့ tips and tricks တွေကို ရရှိနိုင်ပြီး photoshop နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေကိုပါ ဖော်ပြပေးနေတဲ့ စာမျက်နှာတစ်ခု ဖြစ်ပါတယ်

0 ယောက်ကဒီလိုပြောကြတယ်

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar