ဘာရယ်တော့မဟုတ်ပါဘူး သိပြီးသားတွေလည်းဖြစ်ချင်ဖြစ်မှာပါ
ကျွန်တော့်အနေနဲ့ ပြန်ကြည့်နိုင်အောင်နဲ့ သတိထားနိုင်အောင် ဒီပို့စ်လေးရေးလိုက်တာပါ
မနေ့က ကျွန်တော် မာစတာ စာတမ်းအတွက် microsoft word နဲ့ဘာသာပြန်ပြီးလေ့လာနေတော့
word file ထဲမှာလိုအပ်တာလေးတွေမှတ်ထားတာပေါ့ဖြစ်ချင်တော့ word file ကိုsave ပြီးပိတ်ခါနီးမှာ
microsoftword ကဟန်းသွားတယ် not responding ဆိုပြီးဘဲပြနေတယ်
ပိတ်လိုက်လို့ရှိရင်လည်း ဘာ data မှသိမ်းနိုင်တော့မှာမဟုတ်ဖူးလေ
Broswer တွေကျတော့ သူအလိုလို end now ပေးပြီးရင်ပြန်ဖွင့်ရင် အဲဒီနေရာကိုပြန်ေ၇ာက်နိုင်သေးတယ်
office ကတော့သွားရော End now ပေးလိုက်တာနဲ့အသစ်ရှာထားတဲ့ Data တွေမသိမ်းနိုင်တော့ဘူး
အဲဒီတော့ ထုံးစံအတိုင်းအင်တာနက်မှာရှာရပြီပေါ့
တွေပါတယ် Recover a program that is not responding ဆိုပြီး office microsoft.com
ကနေဖြေရှင်းနည်းလေးပေးထားပါတယ်...
သူထဲမှာတော့ Office file 2003 version အားလုံးအတွက်ဖြေရှင်းနိုင်ပါတယ်တဲ့ ဥပမာ (microsoftword, Excel,Power point )အစရှိသဖြင့်ပေါ့ ..
လုပ်နည်းကတော့
၁။ ပထမဦးဆုံးဖိုင်ကိုမပိတ်ပစ်လိုက်ပါနဲ့ ဒီတိုင်း not responding ဖြစ်နေတဲ့အတိုင်းထားပါ ပြီးရင်
Star menu ---> all program ---> Microsoft Office Tools ကနေ Microsoft Office Application Recoveryဆိုတာလေးကို ကလစ်ပေးလိုက်ပါ...။
၂။ အဲဒီအခါမှာ Recovery လုပ်ဖို့ Aplication box လေးပေါ်လာပါမယ် အဲဒီ box ထားမှာ not responding ဖြစ်နေတဲ့ဖိုင်လေးကို သွားပြီးရှာပေးပြီး box လေးထဲထည့်ပေးထားလိုက်ပါ။
၃။ ပြီးရင် application box ထဲကnot responding ဖြစ်နေတဲ့ဖိုင်လေးကို select လုပ်လိုက်ပါ။ အဲဒီအခါမှာ
(က) သင်ဟာ Recovery ပြန်လုပ်မယ် Data ကိုပြန်ရချင်ရင်တော့ Recover Applicationကိုclickပေး လိုက်ပါ။
(ခ ) မလိုချင်တော့ဘူး program ဟန်းနေတာ ငြိမ်းရင်ပြီးရောဆိုရင်တော့ End application ကို သာ click ပေးလိုက်ပါတော့။။။
၎။ ပြီးရင်တော့ program ကနေ respond တက်လာပါလိမ့်မယ်အဲဒီအခါမှ Send Error Report (သို့) Don't Send.
ဆိုတာလေးကို click ပေးလိုက်ပါ။
၅။ program ပိတ်သွားပါလိမ့်မယ် နောက်တစ်ခါ ကိုလုပ်ထားတဲ့ office file အမျိုးအစားကိုပြန်ဖွင့်လိုက်တဲ့အခါမှတော့
ခုနက not responding ဖြစ်နေတဲ့ဖိုင်လေးကိုအကောင်းပကတိအတိုင်း recover file အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်
Data လေးလည်းမပျောက်သွားတော့ပါဘူး အဲဒီတော့မှစိတ်ကြိုက် Save ချင်save ဆက်လုပ်ချင်လုပ်ပေါ့
အဆင်ပြေပါစေဗျာ အတက်နိုင်ဆုံးတော့ ဘာသာပြန်ပေးလိုက်ပါတယ်
လိုအပ်တာရှိနားလည်နိုင်ကြပါစေဗျာ
မောင်ပညာ
Type the rest of your post here.
0 ယောက်ကဒီလိုပြောကြတယ်