ဒီရက်ပိုင်းတွင်းပို့မရေးဖြစ်တာကအမိမြေကို ၂လလောက် ခွင့်ပြန်နေလို့ပါ။
အဝေးမှာ (၃)နှစ်နီးပါးလောက်နေပြီးအမိမြေကိုပြန်ရတော့ တော်တော်လေးကိုပျော်ရွှင်မိတယ်။
ိ(၂)လကျော်ကျော်လောက်နေခွင့်ရပေမဲ့ အမှတ်တရတွေတော့အများကြီးကျန်ခဲ့တယ်။
အင်တာနက်လည်းသိပ်မ၀င်ဖြစ်တာရယ်ကြောင့် နည်းပညာရပ်ပိုင်းဆိုင်ရာတွေနဲ့ကင်းကွာခဲ့ရပါတယ်။
ဝင်ဖြစ်လည်းချက်လောက်ဘဲ သုံးဖြစ်တာမို့ရယ် မိမိဘလော့လ်တွေ တိုက်ရိုက်ကြည့်ဖို့ခက်တာရယ်ကြောင့်
ဆိုက်ကိုမလာဖြစ်တာပါ စီဘောက်မှာအားပေးထားတဲ့ သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်။
အင်တာနက်ဆိုင်ဝင်လိုက်ရင် လူငယ်တော်တော်များများတော့ နည်းပညာဆိုက်တွေလေ့လာတာနည်းတာကို
တွေ့မိပါတယ်။ Galk နဲ့အနုပညာ ၀က်ဆိုက်လောက်ဘဲ
ကြည့်တာကို မြင်ရတယ်။ အင်တာနက်အမြန်နှုန်းကလည်းတော်တော်လေးကိုနှေးလို့လည်းဖြစ်မယ်ထင်တယ်။
အမိမြေကနေ ဘလော့ဂ်ပုံမှန်ရေးနေတဲ့သူကို လေးစားမိပါတယ်။ ကျွန်တော်ဒီတစ်ခေါက်ပြန်လာတာ
ဒီမှာ ၃နှစ်ကျော်လောက်နေဖြစ်မှာက ရည်ရွှယ်ချက်ကတော့ ယနေ့မြန်မာ့လူငယ်ပညာတက်ကြားမှာ
ရေပန်းစားတဲ့ Ph D (ဒေါက်တို :) ဘွဲ့ကိုဆက်ယူနိုင်အောင်လို့ လာဖြစ်ခဲ့တာပါ။ အချိန်အားရင် ရသလောက်လေးနည်းပညာရပ်ဆိုင်ရာတွေကို ပို့စ်တင်ပေးပါမယ်။ခုလောလောဆယ်တော့
အမိမြေမှာလည်မိမိလည်ပတ်ခဲ့တဲ့နေရာလေးကို အမှတ်တရ တင်ပြလိုက်ပါရစေ။။
0 ယောက်ကဒီလိုပြောကြတယ်