ဒီနေ့ မနက်စောစောမအိပ်ခင် Sop Cast ကနေ TV ကြည့်ဖြစ်တယ်
Guangzhou မှာကျင်းပတဲ့ အာရှအားကစားပွဲတော်လည်းကြည့်ရင်းပေါ့
ကြည့်တာတော့ကြာပါပြီ ၂ ရက် ၃ ရက်လောက်ရှိပြီ
ဒီနေ့တော့ ပိုက်ကျော်ခြင်း ဖိုင်နယ် Regu Permiliry (နှစ်ယောက်တွဲ) Myanmar နဲ့ Korea နဲ့ရှိတော့ မအိပ်သေးဘဲစောင့်ကြည့်နေလိုက်တယ်
ဘောလုံးပွဲတွေ ကြည့်ရသလိုနီးပါး ပိုက်ကျော်ခြင်းပွဲကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်
စိတ်လှုပ်ရှားစရာလည်း တော်တော်ကောင်းပါ.အထူးသဖြင့်မြန်မာချစ်စိတ်ကြောင့်လားမသိ
ကို့မြန်မာကိုဘဲ နိုင်စေချင်တယ်..ထူးထူးခြားခြား ဖိုင်နယ်ပွဲ မြန်မာပါတာလေးကိုလွင့်ပေးတဲ့ တီဗီလိုင်းလေးကိုလည်းကျေးဇူးတင်ပါတယ်
ဓာတ်ပုံ PrtSc ရိုက်ထားတဲ့ပုံတွေကိုလည်းတင်ပြပေးပါမယ်
ပွဲကတော့ ပထမပိုင်းမှာ တစ်ဖက်နဲ့တဖက် အမှတ်က သိပ်မပြတ်ဘူး မြန်မာဘက်က ဆာဗင်ရလိုက်
ကိုရီးယားက ရလိုက်နဲ့ဘဲ မြန်မာက ပွဲအစမှာ အမှတ်ပိုယူထားတော့ ပထမပွဲမှာ ၂၁ -၁၈ နဲ့နိုင်လိုက်ပါတယ်..။
ဒုတိယပွဲမှာ ကိုရီးယားက အမှတ်အရင်စီးထားပေမဲ့ အဓိကထားတဲ့ Fighter သမားက ၁၆မှတ်လောက်ရောက်ခါနီးမှာနာသွားတယ်
မြန်မာကလည်းအခွင့်ကောင်းကိုအသုံးချပြီး အမှတ်ဖြတ်နိုင်တဲ့အတွက် ၂၁-၁၈ နဲ့ဘဲထပ်နိုင်ခဲ့ပါတယ်..။
ကိုရီးယားရှုံးရတဲ့ အကျိုးဆက်ကတော့ သန်မာမှုမရှိတာရယ် အဓိကထားတဲ့ကစားသမား မရှိတော့တဲ့အခါမှာ စိတ်ဓာတ်ကျတာရယ်ကြောင့်ဖြစ်မယ်ထင်တယ်
ဘာဘဲ ဖြစ်ဖြစ် ကို့မြန်မာ ရွှေရတော့ အတိုင်းထက်အလွန်ပါဘဲ......
နေ့လယ်တော့ မြန်မာ အမျိုးသမီးနဲ့ တရုတ်မတွေရဲ့ ဖိုင်နယ်ပွဲ ပိုက်ကျော်ခြင်းတော့ ရှိသေးတယ် မြန်မာနိုင်ပါစေ..............
နောက်ဆုံးဗိုလ်လုပွဲယှဉ်ပြိုင်ပုံပါ......။ မြန်မာဘက်မှ အမှတ်ရစဉ်
နောက်ဆုံးရလဒ်ဖြစ်ပါတယ်....
Myanmar 2 21 21 0 42
KOR Korea 0 18 18 0 36
အောင်ပွဲခံဆင်
မြန်မာ့ ဂုဏ်ဆောင် ပိုက်ကျော်ခြင်းအားကစားအဖွဲ့ကို ဂုဏ်ပြုလျှက်......
The first GOLD prize of Myanmar at sepaktakaw in Asian Game
တင်ပြသူ
Kyaw Htin
Friday, 26 November 2010
0 ယောက်ကဒီလိုပြောကြတယ်