Content feed Comments Feed

The first own short novel (teach)

တင်ပြသူ Kyaw Htin Friday 31 December 2010




အပြင်ဆရာ ကျွန်တော်
်အပြင်ဆရာဆိုလို့…..ထီးတွေ ဖိနပ်တွေ ပြင်တဲ့ဆရာလို့ မမြင်သေးဘဲ အထင်တွေ မစမောလိုက်ပါနဲ့…..။ လောကမှာ အကြောက်ဆုံးအရာ နှစ်ခုရှိတယ် အဲ့ဒါကမြွေကိုက်ခံရမှာရယ်၊ ဓာတ်လိုက်မှာရယ်ကိုတော့ အတော်ကြောက်မိပါတယ်။ သူများဓာတ်လိုက်တာဘဲဖြစ်ဖြစ် နတ်ပူးတာအဆုံး…. စိတ်ထဲမှာကြောက်နေမိတာတော့အမှန်။ဒါပေမဲ့ ဖြစ်ချင်တာက အီလက်ထရောနစ် စက်ပြင်ဆရာ.. ဓာတ်တိုင်ပေါ်တက်နေတာမြင်ရင်အသဲတယားယားနဲ့ ဖြစ်နေမိသည်တော့ ဘာရောဂါမှန်းမသိ။ ဒါပေမဲ့ကို့ကြောင့် လျှပ်စစ်မီးတွေဖြတ်ခနဲ့လင်းသွားရင်ကို ကျေနပ်မိသည်တော့အမှန်ပါ။

တိုက်တိုက်ဆိုင်ဆိုင်လို့ဆိုရမလား.၀ါသနာကိုပံ့ပိုးပေးသည်လားမသိ..တိုင်းတပါးမှာပညာတော်သင်တဲ့ ရောက်လာခဲ့ရပြီ။ ယူရမဲ့ဘွဲ့က မဟာသိပ္ပံတဲ့ သင်ရမဲ့ Project က အီလက်ထရောနစ်တဲ့..အဟောင်းနဲ့ လက်ရှိက အဆက်စပ်မရှိ..ရှိရင်းစွဲဝါသနာကြောင့်ကြိတ်မှိတ်ကာ လေ့လာဖြစ်ခဲ့ပါတယ်.။Electronic ပညာရှင်တစ်ယောက်တော့ ဖြစ်ရချည်သေးရဲ့လို့တောင် တွေးမိပါသေးတယ်.။ဒီတော့မှ Electronic အကြောင်းကို လေ့လာမိဖတ်မိ ကြားဖူးနားဝလေးတော့ရှိလာတယ်။

ငါတော့ကမ္ဘာကျော်တော့မှာဘဲလို့

စိတ်ထဲဖြင့် ကြိတ်တွေးကာ ပျော်မိ

ဖိတ်စာပါမျှော်မိသေးတယ်

ဆွီဒင်နိုင်ငံက စာလေးများရောက်လာမလားလို့ ။

တခါက သူငယ်ချင်းတစ်ယောက် သူ့ LCD Flash ပျက်လိုက်၊ ပေါ်လိုက်ဖြစ်နေသည်တဲ့ ကူညီပါအုံးလို့ အကူအညီလာတောင်းရှာပါတယ်။ပညာစွမ်းတော့ပြရချည်သေး တွေးမိတယ်။ဘာကြောင့်ဖြစ်တယ် cause (ဖြစ်စဉ်)ကိုရှာကြည့်..အော် ဒင်း Flash နဲ့ CPU နဲ့ထိုးတဲ့(Node)ငုတ်က မကောင်းတာကိုး Cable ကြိုးငုတ်ကိုကြည့်တော့ကောင်းပတိဘဲ…Flash မှာအဖြေရှာသေချာကာကြည့်မိတော့…အထဲက Circuit ငုတ်မကောင်းသည်ဖြစ်မည်ထင်ပါတယ်။ ဒါကိုပြင်လိုက်မိသည်က………

ဝက်အူလှည့်အားကိုး

အဖြေရှာကာ ထိုးကြည့်ပီးတော့

သေချာပါပြီဟု စမ်းကြည့်လိုက်တာ

ဖျက်ခနဲ့မီးလင်း

မနိုးသော အိပ်ချင်းနဲ့အိပ်သွားလေရဲ့

သေပြီဆရာဟု မကြေငြာခင်

ရေရာစွာ ကြားလိုက်မိသည်က

ကျေးဇူးတင်တယ် သူငယ်ချင်း

သုံးမရတဲ့ ဖလက်စုတ် ခုတော့စုတ်ပီပေါ့တဲ့။

တခါက LED desk table lamp ခြေမငြိမ်ကာ..လှမ်းကန်မိတော့ကြောင့် Voltage ထိန်း Adapter ကွဲရှာကာ သွားခဲ့ဖူးခဲ့တယ်။ အခန်းကမီးသီး မလင်းတလင်းနဲ့ပေတေကာနေမိသေးတယ်အဲတုန်းကလည်း။နောင်အခါမျက်လုံး ပျက်မှာမို့ သေချာစွာ ပြန်ပြင်ခဲ့လိုက်ပါတယ်

အဲဂလိုနဲ့ ပီတိလေးဖြစ်ခဲ့ဖူးပါတယ်။ မကြာပါဘူ့း တိတ်ပတ်တာ ကြည့်မကောင်းလို့ သေချာအောင်လို့ ဂနာမညိမ်ပြင်မိခဲ့တယ်။ဖြစ်ပုံက ဒီလို……


ဒီတစ်ခါလည်း မြန်မာက၀ယ်လာတဲ့ Mouse လေး နာမည်က Sony တဲ့ဂျပန် made လိုနဲ့ သေချာစွာကပ်ကြည့်လိုက်တော့ Made in china တဲ့ ဈေးပေါပေါနဲ့လည်းရသား ဘဲလို့တွေးမိတယ်။ လက်ထဲလည်း ပိုက်ဆံမပြည့်စုံတော့ လက်ဖက်ရည်ဖိုးပါချန်ရမယ်မို့………


ဒီတခါ project ကွန်ပျူတာ ဖြစ်ပီမို့လုပ်နေတဲ့အလုပ်နဲ့ထပ်တူကြ ငါတော့ Programmer ဖြစ်ပီကွလို့ ဟစ်အော်မိတယ်။ဒီလိုနဲ့ဘဲ Programm ပိုင်းကို လေ့လာလိုက်စားဖြစ်သွားပြန်တယ်။ မလုပ်၍မရ ယူရမဲ့ဘွဲ့ကအမြင့်ဆုံးမို့ …ကြိုးစားကာလေ့လာမိတော့ မတောက်တခေါက်တက်လာပြီထင်ပါတယ်။မြန်မာက ၀ယ်ခဲ့တဲ့မောက်လေးလည်း ဒီရောက်မှ cause တက်ပြန်တယ်။ စားပွဲပေါ့တင်ထားရာကနေ အောက်ကို လွှတ်ချပြန်ပီလေ။ ဟိုတခါ Adapter လိုဘဲ
အေးချမ်းမေ ပြန်ဖြစ်ပြန်ရောဘဲ…။ဒီတခါတော့ သေချာစွာပြန်ပြင်လိုက်သည်က…


ဒါဟာ မောက်လှည်းဘီး ဒီနေရာမှာထား ဒါက အောက်ခံ circuit ပြားအောက်ခံမှာထား

စသဖြင့် အရင်က ကလိဖူးတဲ့အကျိုးကြောင့်နေရာ တစ်ကျပြန်ထားနိုင်ခဲ့တယ့် အဖုံးအုပ်တဲ့

နေရာလေးက ပဲ့နေပြန်တော့ အဖုံးအုပ်မရပြန်ဘူး..ဒီတော့ဈေးပြန်ပြေးပြီး ဆင်ကော်သွားဝယ်

ကပ်လိုက်တယ်.။ပြန်တပ်ကြည့်တော့ အကောင်းပတိဘဲဖြစ်နေပြန်တယ်..။ခုထိ အဲမောက်(စ်)

လေးနဲ့ဘဲလုပ်စားနေရတုန်းဘဲ…ခုမှ တကယ့် အပြင်ဆရာဖြစ်ပီထင်ပါတယ်…..။


အဓိကပြောချင်တာက ကွန်ပျူတာပစ္စည်း တစ်ခုခုပျက်နေရင်.. တန်ဖိုးကြီးရင် ဆိုင်ဖြစ်ဖြစ်

သိတဲ့သူဖြစ်ဖြစ် ပြင်ခိုင်းပါလို့…..ကို့ကြောင့်ပျက်မှ ဖြေမဆည်နိုင်ဖြစ်နေမှာစိုးတာရယ်။

ပစ္စည်းတခုခုကို သုံးတက်ယုံတင်မက ပြင်နိုင်အောင်လည်း လေ့လာဆန်းသစ်

ကြပါလို့ သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ်အပျက်နဲ့ ကျွန်တော့်အဖြစ်အမှန်ပေါင်းပီ…..

အပြင်ဆရာ ဆိုတဲ့ နာမည်နဲ့ …ကဗျာ မကျ ၀တ္တုမကျ အသိပေးလိုက်ပါရစေ။

0 ယောက်ကဒီလိုပြောကြတယ်

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar