Chorme နဲ့ Firebox မှာ ပြဿနာတက် ခဲ့တဲ့ အကြောင်းအရာလေးကိုတွေ့မိလို့ဖော်ပြပေးချင်ပါတယ်။ "Unable to connect to the Proxy Server" ဆိုပြီး ဘယ် Website ကိုမဆို ဖွင့်လိုက်တိုင်း အဲ့လိုစာတမ်းလေးပေါ်လာပြီး ဆက်ဖွင့်လို့မရတာမျိုးပါ..။ ဒါဆိုရင်တော့ Chrome ကနေ Solution လုပ်နည်းကိုဖော်ပြပေးလိုက်ပါတယ်..။
Youtube လေးနဲ့လုပ်နည်းပါ ဖော်ပြပေးလိုက်ပါတယ်။
ပထမဦးဆုံး Chrome broswer ကိုဖွင့်ပါ။ ပြီးရင် Customize and control google chrome ကို click ပါ ခရင်းခွလိုပုံလေးပါ ညာဘက်ထောင့်မှာရှိပါတယ်။မသေချာသေးရင် Youtube မှာလည်းထပ်ကြည့်လို့ရပါသေးတယ် ။ ပြီးရင် setting ကိုသွားပါ..။ setting ကိုအပြည့်ကြည့်ပါ Show advanced setting ကိုကလစ်ပြီး အပြည့်ကြည့်လို့ရပါတယ်..။ ပြီးရင် Network အောက်က Change proxy setting ကို Click ပါ။ Internet properties box လေးပေါ်လာပါမယ်။ အဲ့ဒီ box ကမှ connection tab အောက်က settings ဆိုတာကို click ပါ Proxy server အောက်က Use a proxy server for this connection ဆိုတာကို select ပေးထားရင်ဖြုတ်လိုက်ပါ။ ပြီးရင် connection tab အောက်က LAN settings ဆိုတာကို click ပါ Proxy server အောက်က Use a proxy server for this connection ဆိုတာကို select ပေးထားရင်ဖြုတ်လိုက်ပါ။ပြီးရင် ok ပေးပြီးဖွင့်ကြည့်လိုက်ရင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်။။ Youtube နည်းလေးလည်းပေးလိုက်ပါတယ်..။

0 ယောက်ကဒီလိုပြောကြတယ်