Content feed Comments Feed

Audacity (or) Digital Audio Editor

တင်ပြသူ Kyaw Htin Saturday 22 December 2012

          

Audacity ဆိုတဲ့ ဆော့လ်ဝဲအကြောင်းကို ကြားဖူးကြမှာပါ။ Ring tone လုပ်လို့ရတဲ့ Editor software လေးဆိုပြီးဘဲ အသိများပါတယ်..။ သေချာ အသေးစိတ် သိစေရန်အတွက် ရှာဖွေလေ့လာမိသမျှ ဝေဌပေးလိုက်ပါရစေ....။ အရင် Post တွေမှာဖော်ပြခဲ့ဖူးတဲ့ Cool Editor နဲ့ ခပ်ဆင်ဆင် Audio Editor ဆော့လ်ဝဲအမျိုးလည်းဖြစ်ပါတယ်..။


What is Audacity ?

      
Digital Audio Editor ဆော့လ်ဝဲ တစ်ခုဖြစ်ပါတယ်။ Singal ပိုင်းဆိုင်ရာလေ့လာ သူများနှင့် music creator များအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြေခံ free Audio Editor လေးဖြစ်ပါတယ်.။ Audacity ဟာ Open source cross platform audio editor ဖြစ်ပြီး ဒီ လင့် http://audacity.sourceforge.net/  မှာ သွားယူလို့ရပါတယ်။  မှုရင်းဆိုက်မှာတော့ Audacity ဆော့လ်ဝဲဟာ free သုံးစွဲခွင့် ရပြီ လွယ်ကူစွာ အသုံးပြုနိုင် ခြင်း ဘာသာစကားမျိုးစုံ (မိမိကြိုက်တဲ့ language) နဲ့ Download ချပြီး install လုပ်နိုင်တဲ့ Windows, Mac OS X, GNU/Linux အပါအ၀င် တခြားသော Operation system တွေအတွက်ပါ အသုံးပြုရလွယ်ကူတဲ့ Audio editor (သို့) recoder ဆော့လ်ဝဲလေးလည်းဖြစ်ပါတယ်.။ English Version လေးကို လိုချင်ရင်တော့ ဒီမှာဘဲဒေါင်းလုပ်ချထားလိုက်ပါ..။ 

Most useful features of Audacity 

အောက်ပါ Function များကိုလည်း ထပ်ပြီး အသုံးပြုနိုင်ပါသေးတယ်...။

  • Record live audio.
  • Convert tapes and records into digital recordings or CDs.
  • Edit Ogg Vorbis, MP3, WAV or AIFF sound files.
  • Cut, copy, splice or mix sounds together.
  • Change the speed or pitch of a recording.


ဒီထက်ပိုပြီး သိလိုက အောက်ပါလင့်မှာ ဆက်ပြီး လေ့လာနိုင်ပါသေးတယ်..။ http://audacity.sourceforge.net/about/features 

Youtube မှာလည်း အသုံးပြုပုံအဆင့်ဆင့်ရှင်းလင်းထားတာကို ရှာဖွေကြည့်ရှု နိုင်ပါတယ်..။ http://www.youtube.com/watch?v=xhYnCEWKcKs 

ဒါကတော့ အခြေခံ Tutorial လေးပါ စာအုပ်ရယူရန် 




သတင်းဆက်သွယ်ရေး -သေတ္တာ ဆိုတဲ့ IT Website ကနေ Audacity ကို အသုံးပြုပြီး အခြေခံ 

တည်းဖြတ်ခြင်း အကြောင်းကို သင်ပြထားတာလေးကိုလည်း http://messageinabox-mm.org/manual/basic+editing+with+audacity.html ဒီမှာ လေ့လာနိုင်ပါတယ်..။

စာဖိုင်အဖြစ်လည်း တင်ပေးလိုက်ပါမယ်..။ 



Audacity ကို အသုံးပြုပြီး အခြေခံ တည်းဖြတ်ခြင်း 

တည်းဖြတ်တဲ့ နေရာမှာ ပထမဦးဆုံး ဖိုင် အရင်းအမြစ် (တည်းဖြတ်လိုတဲ့ ဖိုင်) ကို သိထားဖို့ လိုတယ်။ ဖြတ်ထုတ်လိုတဲ့ ဖိုင်ထဲက အစိတ်အပိုင်းကို သိထားရမယ်။ အသံဖိုင်ကို ဖွင့်ပြီး ပထမဆုံး တည်းဖြတ်လိုတဲ့ နေရာကို နားထောင်ပါ။

တည်းဖြတ်မဲ့ နေရာကို သိပြီဆိုရင်၊ ဖြတ်ထုတ်မဲ့ နေရာကို select လုပ်ပါ၊ Mouse ကို ဖိထားပြီး၊ ဖြတ်ထုတ်မဲ့ နေရာ အဆုံးပိုင်းအထိ Mouse ကို ဒရွတ် ရွှေ့သွားပါ။ ဒီနေရာကို မှန်မှန်ကန်ကန် လုပ်လိုက်တယ် ဆိုရင်၊ ပယ်ဖျက်မဲ့ နေရာကို မီးခိုးရောင်နဲ့ highlight လုပ်ပေးသွားမှာ ဖြစ်တယ်။


နောက်ဆုံးအနေနဲ့ စိတ်ဝင်စားသူများ ကိုယ်တိုင်လေ့လာ သင်ယူပြီး ဖန်တီးနိုင်ကြပါစေလို့ 
တိုက်တွန်းရင်း အဆုံးသတ်လိုက်ပါတယ်...။ ကျေးဇူးတင်ပါတယ်..။


ကိုယ်တိုင် လေ့လာခြင်း သိသမျှ ဝေမျှ နှီးနှော ဖလှယ်ပေးခြင်း တို့ဖြင့် မိမိအသိပညာ အိုး ကို ဖြည့်တင်းပါ...။။။ 


                                                                               မောင်ပညာ 














0 ယောက်ကဒီလိုပြောကြတယ်

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar