Content feed Comments Feed

What is Galaxy SIII and Galaxy Note II (mm) ?

တင်ပြသူ Kyaw Htin Friday 1 February 2013

မြန်မာလိုရေးထားတာလေးဆိုတော့ ဗဟုသုတအဖြစ်ပေါ့ဗျာ....
 Galaxy SIII
၂၀၁၂ ခုနှစ်ရဲ့  ကမ္ဘာ့ရောင်းအား အကောင်းဆုံး ဖုန်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ လယ်လောက်ထိ စစ်တမ်းအရ စုစုပေါင်း အလုံးရေ သန်း ၄၀ ကျော် ရောင်းချရပြီး ဖြစ်ပါတယ်။ မထွက်ရှိခင်ကတည်းက အော်ဒါမှာသူ ၉ သန်းကျော်တယ်ဆိုတော့ ဒီရောင်းအား ရှိလာမယ်ဆိုတာ အားလုံး ခန့်မှန်း ပြီးသား ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ဈေးသက်သက်သာသာနဲ့ ရရှိနေပါပြီ။ ယခု ဇန်နဝါရီလ လယ်နောက်ပိုင်း ဈေးအရ ကျပ် ၃ သိန်းခွဲ ဝန်းကျင်သာ ရှိပါတော့တယ်။ ဈေးနှုန်းသင့်တင့်ပြီး ကမ္ဘာ့လူကြိုက်များဖုန်း ဆိုတော့ မြန်မာပြည်မှာလည်း ရေပန်းစားတဲ့ ဖုန်း ဖြစ်ပါတယ်။
 Network
GSM ဆို 2G, HSDPA မှာ 3G, LTE ထောက်ပံ့တဲ့ 4G အစရှိသဖြင့် Network အားလုံးနဲ့အဆင်ပြေပါတယ်။ မြန်မာပြည်မှာလည်း လိုင်းစွဲအား ကောင်းတဲ့ ဖုန်း ဖြစ်ပါတယ်။ 

ဆင်းကဒ်
 မိုက်ခရိုဆင်းကဒ်ထည့်ရပြီး ကဒ်ချိုးရပါတယ်။ သို့ပေမယ့် ဒါဟာလည်း ခက်ခဲတဲ့ အလုပ်မဟုတ်ပါဘူး။ မိုက်ခရိုဖြစ်အောင် ဆိုင်တိုင်းက ဝန်ဆောင်မှု ပေးလို့ ချိုးပေးပါတယ်။

 Announced
 2012, May Status Available.
Released 2012, May


 Operating System

 Android 4.0.4 နဲ့ထုတ်ပေမယ့် အချိန်နဲ့ တပြေးညီ Upgrade လုပ်နိုင်ပါတယ်။ ယခုဆိုရင် Jelly Bean ဗားရှင်းနဲ့ ရရှိနေပြီ ဖြစ်ပါတယ်။

 မျက်နှာပြင်

 Super AMOLED ထိတွေ့မျက်နှာပြင်ဖြစ်ပြီး Samsung ရဲ့  ကောင်းချက် တွေထဲမှာ ရုပ်ထွက် ကြည်လင်ပြတ်သားတာလည်း ပါဝင်ပါတယ်။ ၄.၈ လက်မ screen မှာ Pixel က 720 x 1280 ရှိပါတယ်။

 အရွယ်အစား
 ၅.၃၈ လက်မ အရှည်၊ ၂.၇၈ လက်မ ဗျက်၊ ၀.၃၄ လက်မ အထူ ဆိုတော့ အရွယ်ကြီးတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။

 အလေးချိန်
 ၁၃၃ ဂရမ်ပဲ ရှိပါတယ်။ ဝိတ်သိပ်မစားပါဘူး။

 Processor
 GUP က Mali-400 MP (ကိုရီးယားဗားရှင်း နဲ့ နိုင်ငံတကာဗားရှင်း)- Qualcomm Snapdragon S4 MSM8960 (ဂျပန်နဲ့ မြောက်အမေရိက ဗားရှင်းဆိုပြီး ထပ်ကွဲနေပါသေးတယ်။ CPU ကတော့ 1.5 GHz dual-core Krait နဲ့ 1.4 Ghz quad core Coretex-A9 ဆိုပြီး နှစ်မျိုးရောက်ပါသေး တယ်။ 

မှတ်ဥာဏ်
 RAM 1GB ရှိပြီး 16GB နဲ့ 32 GB storage နှစ်မျိုးထုတ်ပါတယ်။ micro SD နဲ့က 64GB အထိတောင် ထပ်ဆိုက်နိုင်ပါသေးတယ်။

 ဘက်ထရီ
 ဘက်ထရီကောင်းတဲ့ ဖုန်းပါပဲ။ 2,100 mAh, 7.98 Wh, 3.8 V ရှိပါတယ်။

 ကင်မရာ
 နောက်မှာ 8 megapixel ရှိပြီး autfocus, flash light တို့ပါဝင်ပါတယ်။ HD Video တောင် recording လုပ်နိုင်ပါတယ်။ အခြားသော Feature များလည်း ပါဝင်နေပါသေးတယ်။ ရှေ့ မှာကတော့ Video calling အတွက် 1.9 megapixel ထောက်ပံ့ထားပါတယ်။

 အခြား Feature များ
 Wi-Fi, Bluetooh, NFC, Data switch အစရှိသဖြင့် စုံစုံလင်လင် ပါရှိပြီး အင်တာနက် သုံးလို့ကောင်းတဲ့ ဖုန်းလည်း ဖြစ်ပါတယ်။

Application
အနေနဲ့ Android app များကို up to date သုံးစွဲနိုင်ပါတယ်။ Samsung မှထည့်သွင်း ပေးထားတဲ့ Feature အသစ်များကြောင့် အင်တာနက် ချိတ်တဲ့ အခါ Service ပေါင်းများစွာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ပြီး ချက်ချင်း Google မေးလ်ပို့တာမျိုးကတော့ ဒီနောက်ပိုင်း ဖုန်းတော်တော်များများမှာ ပါဝင်နေပြီ ဖြစ်ပါတယ်။

 Samsung Galaxy S3 နှင့် အနာဂတ်ဈေးကွက်

 Samsung Galaxy S4 ထွက်တော့မယ် ဆိုတဲ့ သတင်းကြောင့်မို့ S3 အရောင်းကျမယ်လို့ ထင်နေကြပါတယ်။ အမှန်တော့ မကျသေးပါဘူး။ ပြီးတော့ S4 ထွက်ဖို့ကလည်း လိုပါသေးတယ်။ S4 ထွက်ရင်တောင် S3 ရဲ့  အသုံးဝင်မှုက ကောင်းကောင်းတည်ရှိနေအုံးမှာ ဖြစ်ပါတယ်။ အခုဆို Samsung Galaxy S3 mini ဆိုပြီး မှုရင်း S3 ထက် ဈေးနှုန်းသက်သာစွာဖြင့် ထွက်ရှိလို့လာခဲ့ပြီးပါပြီ နောက် ၂ နှစ် ထက်မက ကာကလတွေမှာ Samsung Galaxy S3 ဆိုတာ high class ဖုန်း အနေနဲ့ တည်ရှိနေအုံးမှာ ဖြစ်ပါတယ်။

  Samsung Galaxy Note 2
Samsung Galaxy Note 2 ကတော့ လက်ရှိ ကမ္ဘာ့ Note ဖုန်း ဈေးကွက်မှာ နံပါတ် ၁ ပါပဲ။ နံပါတ် ၁ ဆိုလို့ Note Smartphone ထုတ်လုပ်တဲ့ ကုမ္မဏီတွေနည်းနေပါသေးတယ်။ Samsung မှ အကောင်းဆုံ ဖန်တီးတား တဲ့ Note ကတော့ ပထမ Note ကော၊ နောက်ဆုံးထွက် Note 2 ပါ အောင်မြင်ပါတယ်။ လက်ရှိ မြန်မာပြည်မှာလည်း လူကြိုက်များနေတဲ့ မစတ်ဖုန်း တစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့ရဲ့  အတွင်းပိုင်း Specification များ မြင့်မားပြီး Samsung Galaxy S3 ထက်တောင် Memory ရော၊ Processor အပြင် အခြားသော spec. များမှာ သာလွန်နေပါသေးတယ်။ ကင်မရာလည်း ကောင်းပါတယ်။ Samsung Galaxy Note နဲ့ ကွာခြားမှုကတော့ Software များ Update ဖြစ်ပြီး CPU,GPU များ ထပ်တိုးလာခြင်း ဖြစ်ပါတယ်။

 Processor
 1.6 GHz quad-core Cortex-A9 ကို အသုံးပြုထားပါတယ်။ လုပ်ဆောင်ချက် မြန်ဆန်တာကို လက်တွေ့ အသုံးပြုသူများ ပိုသိမှာ ဖြစ်ပါတယ်။

 ကင်မရာ
8 megapixel နောက်ကျော ကင်ရာမှာ ဒစ်ဂျစ်တယ် ကင်မရာ တစ်လုံးနီးနီး ဖြစ်လာဖို့ ထောက်ပံ့ပေးထားတဲ့ အခြားသော အစိတ်အပိုင်းနဲ့ ဆော့ဖ်ဝဲများစွာ ပါဝင်နေပါသေးတယ်။ flash light, auto focus, HDR mode တို့က ပရော်ဖက်ရှင်နယ် Photographer များ အကြိုက်ပဲ ဖြစ်ပါတယ်။ ရှေ့ မှာက 1.9 megapixel ကင်မရာကောင်း ပါရှိပါသေးတယ်။

 Operating System

 Samsung ရဲ့  မိုဘိုင်းတိုင်းက Android update လုပ်ဖို့ အရမ်းလွယ်ကူပါတယ်။ လက်ရှိ Samsung Galaxy Note 2 ကို Android 4.1.1 / 4.1.2 - Jelly Bean ဗားရှင်းများ ထည့်သွင်းပေးထားပြီး အသစ်ထွက်တိုင်း Upgrade အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

 Memory
 RAM 2 GB ရှိပါတယ်။ 16 GB, 32GB, 64 GB အစရှိသဖြင့် Internal memory သုံးမျိုးနဲ့ ထုတ်လုပ်ပြီး ရွေးချယ်စရာ စုံစုံလင်လင် ရှိပါတယ်။ နောက်ထပ် 64GB တောင်ထပ်ဆိုက်နိုင်သေးတယ်ဆိုတာ့ External Hard Disk ကြီး တစ်လုံးနီးနီးပါပဲ။

 Feature
 app အသစ်များ အချိန်နဲ့ တစ်ပြေးညီဒေါင်းလို့ရအောင် Samsung app ဆိုတာလေး ပါရှိပါတယ်။ အခြားသော အသုံးဝင်မယ့် app အပြင် Up to dae ဖြစ်တဲ့ app များကို အလွယ်တကူ ရရှိနိုင်ပါတယ်။ Samsung Galaxy Note 2 ရဲ့  အားသာချက်က အရွယ်ကြီးချင်း ဖြစ်ပါတယ်။ အချို့ က ဒါကို မကြိုက်ပါဘူး။ သို့ပေမယ့် ဂိမ်းကောင်းကောင်းဆော့ချင် သူ တွေ၊ အင်တာနက်ကောင်းကောင်း သုံးချင် သူတွေ၊ app များများ အသုံးပြု ချင်သူတွေ အတွက် အကြိုက်ပဲ ဖြစ်ပါတယ်။ နောက်တစ်ခု အားသာချက်က ကင်မရာ ဖြစ်ပါတယ်။ Note 2 ကင်မရာကို ပရော်ဖက်ရှင် သမား တစ်ယောက်အနေနဲ့ အသုံးပြုလို့ရတဲ့အထိကို result ကောင်းပါတယ်။ မြန်မာပြည် ဈေးနှုန်း လက်ရှိ မြန်မာမှာ ဈေးက အတည်တကျ မရှိပါဘူး။ စင်္ကာပူဒေါ်လာ အတက် အကျကြောင့် ဈေးက ငါးသိန်းဝန်းကျင်မှာတော့ ရှိနေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဝယ်ပြီးရင်တော့ မတန်ဘူးလို့ ထင်သူ မရှိပါဘူး။ ဈေးကြီး သလောက် ကိုယ့်အတွက် အကျိုးဖြစ်ထွန်းမှုများတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ Samsung Galaxy Note II ကိုအောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ http://www.samsung.com/global/microsite/galaxynote/note2/index.html?type=find Reference = ရိုးရာလေး (yoyarlay.com)

0 ယောက်ကဒီလိုပြောကြတယ်

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar