Content feed Comments Feed

About Samsung Galaxy Grand

တင်ပြသူ Kyaw Htin Tuesday 5 March 2013




Samsung ကုမ္ပဏီမှ SIII ပြီးနောက် Galaxy Grand ဟု အမည် ပေးထားသော Android စမတ်ဖုန်းသစ် တစ်မျိုးကို မိတ်ဆက် ပေးခဲ့ပြီး


Network

GSM ကွန်ရက်စနစ်သုံးဖုန်းဖြစ်ပါတယ်။ Dual Sim စနစ်သုံးဖုန်းအမျိုးအစားဖြစ်တဲ့အတွက်  Sim Card နှစ်ကတ်တစ်ပြိုင်နက်
အသုံးပြုနိုင်မှာဖြစ်ပြီး နှစ်ကတ်စလုံးအတွက် Stand-by အခြေအနေမျိုးမှာ ထားပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။
Sim Card ကတော့ ရိုးရိုး Mini Sim စနစ်ပဲဖြစ်ပါတယ်. 2G,3G ကွန်ရက်စနစ် နှစ်ခုစလုံးမှာ အသုံးပြုနိုင်မှာဖြစ်ပြီး2G အတွက်တော့
GSM 850 / 900 / 1800 / 1900 တွေမှာ Sim ကတ် ၂ ခုလုံးအသုံးပြုနိုင်မှာဖြစ်ပြီး၊ 3G အတွက်ကတော့
HSDPA 850 / 1900 / 2100 တွေမှာ SIM ကတ် ၁ ခုတည်းကသာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခြားအသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်းအင်တာနက်
စနစ်အတွက် EDGE, GPRS, နဲ့ Speed အနေနဲ့ Speed HSDPA, 21 Mbps; HSUPA, 5.76 Mbps
 အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး Wireless အတွက်လည်း Wi-Fi စနစ်ပါပါတယ်။
Wi-Fi အတွက်ကတော့ Wi-Fi 802.11 a/b/g/n, dual-band, Wi-Fi hotspot စနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။
Bluetooth စနစ်ကတော့ Bluetooth 4.0 with AZDP, LE, EDR စနစ်ဖြစ်ပြီး USB ကတော့ 2.0 ဖြစ်ပါတယ်။

Sensors & Chipset

ဖုန်းကိုခိုင်းစေတဲ့နေရာမှာ ဖုန်းကနေ အလိုအလျောက် သိရှိတုံ့ပြန်နိုင်ဖို့အတွက် Sensors စနစ်တွေကို အသုံးပြုတဲ့နေရာမှာလည်း
ပြည့်ပြည့်စုံစုံအသုံးပြုထားတာတွေ့ရပါတယ်။ Screen ကို အလိုအလျောက် လှည့်ပေးနိုင်မယ့် Accelerometer Sensor ဖုန်းပြောချိန်မှာ
Screen့ို ပိတ်ထားပေးနိုင်မယ့် proximity sensor ဖုန်းရဲ့ တိမ်းစောင်းမှုတွေကို တွက်ချက်ပေးမယ့် gyro, compass sensors အစရှိတဲ့
Sensor စနစ်တွေပါဝင်ပါတယ်။ Chipset အတွက်ကတော့ Chipset  အနေနဲ့ သီးသန့်ထည့်သွင်းအသုံးပြုထားတာမျိုးမတွေ့ရဘဲ
ပုံမှန် Board မှာပါဝင်တဲ့ Chipset အတိုင်းဘဲဖြစ်ပါတယ်။

OS

Android OSစနစ်ကို အသုံးပြုထားတာဖြစ်ပါတယ်။ အသုံးပြုထားတဲ့ Version ကတော့  v4.1.2 (Jelly Bean) ကိုအသုံးပြုထားတာပါ.
ဗားရှင်းမြှင့်တင်နိုင်ဖို့အတွက်တော့ Upgrade ပေးထားတာမတွေ့ရပါဘူး။

Multimedia

- Active noise cancellation with dedicated mic/ SNS integration/ MP4/WMV/H.264/H.263 player
/MP3/WAV/eAAC+/AC3/FLAC player/ Organizer/Image/video editor/Document viewer/Google Search, Maps, Gmail,
/YouTube, Calendar, Google Talk, Picasa/ Voice memo/dial/commands/Predictive text input အစရှိတဲ့
Samsung feature
များလည်း ထည့်သွင်းပေးထားသည်။

CPU & GPU
CPU ကတော့ Galaxy Grand တွင် dual-core 1.2GHz ပရိုဆက်ဆာ ထည့်သွင်းတပ်ဆင်ပေးထားတာဖြစ်ပြီး ဖုန်းရဲ့ Screen ပုံရိပ်တွေနဲ့
မြင်ကွင်းတွေ ရုပ်ရှင်ပိုင်း ဆိုင်ရာ နဲ့ ဓာတ်ပုံပိုင်းဆိုင်ရာ ရုပ်ထွက်တွေအပြင် ဖုန်းထဲမှာ ရှိတဲ့ game စနစ်အတွက်တော့
Graphic GPU ကိုထည့်သွင်းပေးထားတာတွေ့ရပါတယ်။ ဂရမ်ဖစ် စနစ်အတွက်တော့ ဖုန်းထဲမှာ ပါဝင်တဲ့ Board အတိုင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်.။

Camera
ကင်မရာအတွက်ကတော့ 8 megapixel ရှိတဲ့ ကင်မရာကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။
အသုံးပြုနိုင်မဲ့ ကင်မရာ စနစ်တွေအနေနဲ့ကတော့ ပုံရိပ်ကို အလိုအလျောက်ဖမ်းယူပေးနိုင်မဲ့ autofocus နဲ့
ဓာတ်ပုံတည်နေရာကို တွဲဖက်မှတ်သားနိုင်မယ့် LED flash Geo-tagging။
2 megapixel front-facing ကင်မရာလည်း ထည့်သွင်းထုတ်လုပ်ထားပြီး dual ကင်မရာစနစ်ပါ။
 ဓာတ်ပုံရိုက်ခံသူရဲ့ မျက်နှာနဲ့ အပြုံးတွေကို တိတိကျကျမှတ်သားထားနိုင်မဲ့face and smile detection, touch focus,
image stabilization အစရှိတဲ့ စနစ်တွေပါဝင်ပါတယ်။  ပြီးတော့ Videoရိုက်နိုင်တဲ့ စနစ်လည်းပါဝင်ပြီး 1080p@30fps ဖြစ်ပါတယ်.။

Screen

Screen စနစ်ပိုင်းမှာတော့ ဒီဖုန်းက အနည်းငယ်လျှော့ချထားမှုတွေရှိပြီး တန်ဖိုးသက်သက်သာသာနဲ့ Performance ကောင်းကောင်း
အသုံးးပြုနိုင်ဖို့ ရည်ရွှယ်ထားတဲ့ဖုန်းပါ။ Screen Size ကတော့  800x480 resolution
ဖြင့် အသုံးပြု နိုင်မည့် ၅ လက်မ အရွယ် LCD display တပ်ဆင် ထားသည်။


Memory

ဖုန်းတွင်းမှတ်ဥာဏ်စနစ်အတွက်ကတော့  internal memory 8GB ထည့်သွင်းထားကာ 1 GB RAM စနစ်ပါဝင်ပါတယ်။
မှတ်ဥာဏ်ထပ်တိုးနိုင်ဖို့လည်း micro slot လည်း ပါဝင်သည်။ Micro SD Card 64 GB ထိထောက်ပံ့ပေးနိုင်မယ်လို့ ဆိုပါတယ်။

Dimension

ဖုန်းရဲ့ ဘေးတိုက် အကျယ်ကတော့ 76.9 mm ရှိပြိး အပေါ်အောက်အရှည်ကတော့ 143.5 mm ရှိပါတယ်။ ဖုန်းအထူကတော့
9.6mm ရှိပါတယ်။ ဒါကတော့ ဖုန်းတစ်ခုလုံးရဲ့ အရွှယ်အစားအကျယ်အ၀န်းဘဲဖြစ်ပါတယ်။


ယခုဆိုရင် ဒီဖုန်းကို Samsung Galaxy Grand I9082 နဲ့ Samsung Galaxy Grand I9080 ဆိုပြီး
ဈေးကွက်သို့ ဖြန့်ချီလိုက်ပြီ ဖြစ်ပြီး ပြည်တွင်းဈေးကွက်သို့ လည်း ၀င်ရောက်လာပြီဖြစ်ပါသည်။

မောင်ပညာ

ကိုးကား : myanmarinternetjournal & မြ၀တီ

2 ယောက်ကဒီလိုပြောကြတယ်

  1. Anonymous Says:
  2. samsung grand ကို computer နဲ့ချိတ်လို့မရဘူး...ဘယ်လိုလုပ်ရမလဲဗျာ

     
  3. Unknown Says:
  4. samsung Grand SHC-i879 မှာ internal storage နဲ့ External storage change လို့မရဘူးဖြစ်နေတယ် အဲတော့ memory ပြည့်ပြည့်သွားလို့ ဘာမှ Download မရဘူးဖြစ်နေလို့ပါ. Phone menory က 1.5 GB ပါ ကူညီပါအုံးနော်

     

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar