Content feed Comments Feed


ကျွန်တော်တို့ ရုရှားနိုင်ငံမှာ ပညာသင်ကြားနေတဲ့ သူငယ်ချင်း ညီအကိုများအတွက် အသုံးဝင်တဲ့ ၀က်ဆိုဒ်များကို လမ်းညွန်ပေးပါရစေ။ ရုရှားနိုင်ငံမှာ ပညာသင်နေတဲ့ ကျောင်းသားအများစု အမြဲကြုံတွေ့နေရတဲ့ ပြသနာကတော့ russian language ပဲဖြစ်ပါတယ်။ အဓိကအဆိုးဆုံးပြသနာကတော့ ဆရာက သက်ဆိုင်ရာဘာသာရပ်အလိုက် referat တွေ၊ term paper တွေ၊ Home work တွေ ၊ assignment တွေ ပေးလိုက်ပြီး russian language နဲ့ theory တွေ ရှင်းလင်းချက်တွေကို ပြန်လည်ရေးသားကြရတဲ့ အချိန်မှာပါပဲ။ russian languange မှာ နေ့စဉ်သုံးစကား နဲ့ Technical Terms တွေဟာ မတူကြပါဘူ။ နေစဉ်သုံးစကားတွေက လွယ်ပေမဲ့ Technical Terms တွေကို ရေးသားကြရာမှာတော့ grammer forms တွေရှုပ်ထေွးလို့ ဖတ်ရှုရေးသားရတာမှာ အရမ်းခက်ပါတယ်။ ကျွန်တော်တို့ မြန်မာကျောင်းသားအများစုကလည်း ငယ်စဉ်ကတည်းက အင်္ဂလိပ်လိုသင်လာရတာ အကျင့်ပါနေတော့ မှီကျမ်းစာအုပ်တွေ ဖတ်ရှုရင်လည်း အင်္ဂလိပ်လို အဖတ်များကြပါတယ်။ အင်တာနက်မှာ ရုရှားလိုရှာရတာ ခက်ခဲတာကြောင့်လည်း ပါပါတယ်။ ဒါပေမဲ့ ရုရှားလို စာပြန်ရေးတဲ့ အချိန်မှာတော့ အင်္ဂလိပ်ကနေ မြန်မာလိုဘာသာပြန်၊ မြန်မာလိုကနေ အင်္ဂလိပ်လိုထပ်ပြန်၊ ပြီးရင် Prompt၊ Lingvo ၊ Magic Goddy ၊ S-translator စတဲ့ software တွေကိုသုံးပြီးတော့ ရုရှားလို ပြန်လည်ရေးသားရနဲ့ တော်တော် အလုပ်ရှုပ်ပါတယ်။ အဆိုးဆုံးကတော့ ရှုရှားလို Technical Terms တွေပြန်ရေးရတာမှာ Grammer တွေနဲ့ မပိုင်နိုင်ကြတာပါပဲ။ အခုကျွန်တော်လမ်းညွန်ပေးလိုတဲ့ website တွေကတော့ ရုရှားဘာသာနဲ့ ရေးသားထားတဲ့ referat ၊ Homework ၊ assignment နဲံ့ Thesis တွေကို သက်ဆိုင်ရာ ဘာသာရပ်တွေအလိုက် အလွယ်တကူ ရှာဖွေ Dwonload လုပ်နိုင်ပြီး ဖတ်ရှုလေ့လာ မှီကျမ်းကိုကားနိုင်ကြပါတယ်။ တစ်ချိုနေရာတွေမှာ Master ဘွဲ့အတွက် ဘွဲ့ယူစာတမ်းတွေကိုတောင် freedownload ပေးထားတာကို တွေ့ရပါတယ်။
(၁) www.yandex.ru
ဒီဝက်ဆိုဒ်ကတော့ google search လိုပဲ အလွယ်တကူ ရှာဖွေနိုင်တဲ့ russian search engine ဆိုဒ်လေးပါ။ မိုးလေ၀သ သတင်းတွေ၊ စီးပွားရေးသတင်းတွေနဲ့ ဒေါ်လာဈေးအတက်အကျကို ဒီနေရာကနေ ကြည့်ရှုလို့ရပါတယ်။
(၂) www.referat.ru
ဒီနေရာလေးမှာတော့ ရုရှားလိုရေးသားထားတဲ့ referat တွေ၊ assignment တွေ ၊ thesis တွေကို အလွယ်တကူ dwonload လုပ်လို့ရပါတယ်။ ရှာဖွေရတာ လွယ်ကူအောင် သက်ဆိုင်ရာ သာသာရပ်တွေအလိုက် စုံလင်စွာ ခွဲပေးထားပါတယ်။ မိမိသက်ဆိုင်ရာသာသာရပ်ထဲကို ၀င်ပြီး အလိုရှိရာကို Download လုပ်လို့ရပါတယ်။ Download လုပ်တဲ့ ပုံစံကတော့ မိမိအလိုရှိရာကို ၀င်လိုက်ပါ။ ပြီးရင် document ခေါင်းစဉ်တွေ၊ ရေးသားသူတွေ ဖော်ပြထားတဲ့ ဇယားရဲ့ အပေါ်ဖက် ညာဘက်ထောင့်မှာ Скачать(dwonload) ဆိုတာပါပါတယ်။ click လိုက်ပါ။ ပြီးရင် ပေါ်လာတဲ့ code နံပါတ်ကို ရိုက်ထည့်ပြီး Далее ပေးလိုက်ပါ။ ပြီးရင် Скачать ကို click လိုတာနဲ့ download လုပ်လို့ရပါပြီ။



(၃) www.bankreferatov.ru
ဒီဝက်ဆိုဒ်ကလည်း www.referat.ru လိုပဲ referat ၊ assignment နဲ့ thesis တွေကို သက်ဆိုင်ရာ ဘာသာအရအလိုက် download ပြုလုပ်လို့ရပါတယ်။ download ပြုလုပ်တဲ့ပုံစံကလည်း referat.ru ပုံစံအတိုင်း ပြုပ်ရမှာ ဖြစ်ပါတယ်။ သာသာရပ်တွေလည်း အတော်စုံလင်ပါတယ်။
(၄) www.5ballov.r
ဒီဝက်ဆိုဒ်မှာလည်း referat နဲ့ Thesis တွေကို အစုံအလင် download ရယူနိုင်ပါတယ်။ download ပြုလုပ်တဲ့ ပုံစံကလည်း www.referat.ru ပုံစံအတိုင်း ပြုလုပ်နိုင်ပါတယ်။
သူငယ်ချင်း ညီအကိုများအားလုံး russian language ကြောင့် ခေါင်းစားခြင်း ကင်းဝေးကြပါစေ။

1 Responses to ရုရှားနိုင်ငံမှာပညာသင်ကြားနေသော ကျောင်းသားများအတွက် ပညာရေးအထောက်အကူပြု website များ

  1. Anonymous Says:
  2. ကျေးဇူးပါ ။ မှတ်သားသွားပါတယ်ဗျာ ။

     

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar