Content feed Comments Feed

VGA Graphics Problem

တင်ပြသူ Kyaw Htin Wednesday 30 December 2009






အားလုံးဘဲ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြည်နှုးနိုင်ကြပါစေလို့ဆုတောင်း ပနာမ ခွန်းဆက်ပါရစေ..။
ကဲဒီနေ့တော့ ကိုယ်တိုင်ကြုံတွေဖြေရှင်းခဲ့ရတဲ့ Graphics VGA ပြဿနာလေးကို
အမှတ်တရအဖြစ်တင်ပြပေးချင်ပါတယ်..
ပထမဦးဆုံးအနေနဲ့ .ကြွားတယ်လို့မထင်စေလိုပါ..
ကျွန်တော့်ဆီမှာ လက်ရှိကွန်ပျူတာစက်နှစ်လုံးဆင်ထားပါတယ်
တစ်လုံးကချက်တက်ဖို့ လက်တော့ တစ်လုံးကလျှောက်ကလိဖို့ Desktop ပေါ့ ကြော်ငြာဝင်တာတော့ဟုတ်ဖူးနော်..:)
ပြဿနာဖြစ်တာတော့ကြာပါပြီ ဘယ်စက်လဲဆိုတော့ Deskstop စက်မှာဖြစ်နေတာ
ကွန်ပျူတာ CPU ကအားလုံးအလုပ်လုပ်ရဲ့သားနဲ့ Flash screen မှာ အပျောက်ပျောက်တွေဖြစ်သွားတယ်
Window အသစ်တင်ကြည့်ပြန်ကောင်းမလားလို့စမ်းကြည့်တယ်မရဘူး
စာမေးပွဲတွင်းဆိုတော့ စက်ကိုပစ်ထားပြီးလက်တော့နဲ့သုံးနေမိတယ်
ကိုကလည်းကလိချင်နေတဲ့သူဆိုတော့ Deskstop မကောင်းရင်မနေနိုင်ပြန်ဘူးအမျိုးမျိုးစမ်းကြည့်တယ်
ကျွန်တော့်အနေနဲ့ကောက်ချကြည့်တာတော့ VGA လစ်သွားတယ်ဆိုတာဘဲ
VGA အသစ်မတင်ခင်မှာ ဘာWindow စမ်းသုံးထားလဲဆိုတော့ ခုခေတ်ကာလပြောနေကြလို့ပေါ့
ခေတ်မှီသူတိုင်း Window 7 သုံးကြသည်တယ်လေ...ကျွန်တော်လည်းအားကျမခံ သူများ 7 ကိုလည်း 7ပေါ့
စတင်တုန်းကတော့ ဘာမှပြဿနာမဖြစ်ပါဘူး ၂လသုံးလလောက်နေတော့ အော်တို Shutdows တွေစဖြစ်နေပြီ
အဲဒါတော့သတိထားမိတယ် Window 7 ရဲ့စွမ်းပကားလို့ဘဲသဘောထားနေမိတယ် နောက်ပိုင်းတော့
VGA လစ်ပြီး Screen ပါတက်မလာတော့ဘူး..ဟီး
ကောက်ချက်တစ်ခုအနေနဲ့ကော သတိပေးတဲ့အနေနဲ့ကောပါ
Window 7 ကြောင့်မို့ဒီပြဿနာဖြစ်သွားတယ်လို့ထင်ပါတယ်..ဒါကကျွန်တော့်စက်အနေနဲ့ပါ
ကျွန်တော့်စက် က Ram ၁ဂစ်ဘဲစိုက်ထားတော့ Windows 7 ကနိုင်ပေမဲ့တစ်ခြား Application တွေ Run တော့
Ran ကမနိုင်တော့ဘူး VGA ရဲ့ support ကိုယူရပြန်ရော အဲဒီမှာ VGA ကလည်း 256 ဘဲရှိတော့လစ်တာပေါ့
VGA လစ်သွားတာ ကျန်တာတွေမလစ်လို့တော်သေး စိတ်ထဲမှာဆုတောင်းနေမိတာက ဒီရုရှားရောက်တုန်းစုထားတဲ့
Hard disk က DATA တွေမဆုံးပါစေနဲ့လို့ဆုတောင်းနေမိတယ်...
ကဲအဓိကပြောချင်တာကတော့ မိတ်ဆွေတို့လည်း Window7 တင်ချင်ရင်အနည်းဆုံး Memory ၂ဂစ်လောက်ရှိမှတင်စေချင်
စမ်းစေချင်တယ် ကျွန်တော့်လို VGA Graphic Card ပျက်မှာစိုးလို့ပါ...
Motherboard မှာ VGA စိုက်ထားရင် အဲဒီ VGA ကထွက်တဲ့ Monitor Port အပေါက်နဲ့ဘဲ Monitor ကို
တွဲဖက်အသုံးပြုလို့ရပါတယ် Motherboard ကအပေါက်နဲ့တွဲချင်ရင်တော့ VGA ကိုဖြုတ်မှဘဲရမယ်
ဒါပေမဲ့ ကြာကြာသုံးရင်တော့ မျက်လုံးထိမယ်ထင်တယ်.. Graphic မပါတော့
ကာလာကမကြည်ဘူးလေ...
ကျွန်တော့် ဂရစ်ဖစ်ကညံ့လို့ပျက်သွားတာလားဆိုတော့ မဟုတ်ပြန်ဘူး
တော်တော်ကောင်းတဲ့ ဈေးကြီးပေးရတဲ့ ဂ၇စ်ဖစ်မျိုးမှာ
Designer တွေ ဂရစ်ဖစ်တည်ဆောက်သူတွေသုံးတဲ့ Apple Notebook တွေမှာသုံးတဲ့ MSI ကထုတ်တဲ့ NVidia GeForce အမျိုးအစား Graphics Card ဖြစ်ပါတယ်..
ကဲဒီပို့စ်ရဲ့ လိုရင်းကတော့ မိတ်ဆွေတို့အနေနဲ့ Window 7 သုံးမယ်ဆိုရင်တောင်
Memory နိုင်မှသုံးကြဖို့နဲ့ VGA ဂရစ်ဖစ်အကြောင်းဗဟုသုတအနေနဲ့တင်ပြရင်းကော
Hardware သမားများအတွက် ဗဟုသုတဖြစ်စေလိုခြင်း
ကျွန်တော်ဖြစ်ခဲ့တဲ့ အမှတ်တရအဖြစ်အပျက်လေးကို တင်ပြရင်းအနေနဲ့ပါ..
နောက်နေ့မှာတော့ ဘယ်လိုဖြေရှင်းလိုက်သလဲဆိုတာကိုစောင့်ဖတ်ကြည့်ရှုပေးကြပါလို့..
ပြောကြားရင်း ကျွန်တော့်အတွက် ဒီနေ့ပို့စ်ကိုအဆုံးသတ်ပါရစေ..။
မောင်ပညာကို အားပေးတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းကို ချစ်ခင်လေးစားလျှက် အမှားပါရင်ခွင့်လွတ်ပေးပါလို့ပန်ကြားရင်း

နည်းပညာချစ်သူများရဲ့
မောင်ပညာ (MIET)



Type the rest of your post here.

1 Responses to VGA Graphics Problem

  1. sai Says:
  2. ကျွှန်တောလည်းအဲလိုဖြစ်တယ်နော် 7ရဲ့ ရိုက်ချက်ပေါ့ အောင်မလေးဗျာ အခုမှပဲရှင်းတော့တယ် မသုံးရင်သူအလိုလိုပိတ်ပေးတယ် ထင်နေတာ ဆက်ပါအုံး 7ရဲ့အကြောင်း ရေးပါပေးနော် ကျေးဇူး

     

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar