Content feed Comments Feed

Holiday and circus

တင်ပြသူ Kyaw Htin Sunday 31 January 2010

စာမေးပွဲတွင်းမို့ ပို့စ်မရေးဖြစ်တာလည်းတော်တော်ကြာသွားပါပြီ
ဒီနေ့တော့ စာမေးပွဲပြီးလို့ ကျောင်းအားရက်လေးအတွင်းမှာ circus သွားကြည့်ဖြစ်တာလေးကိုဗဟုသုတအဖြစ်ကော
သတင်းရယူတဲ့အနေနဲ့ကော ရေးဖြစ်လိုက်တာလေးပါ.။
circus ကြည့်ဖြစ်တာတော့ ကံဘဲထူးလို့လားတော့မသိဘူး
အစကသွားဖို့အစီအစဉ်မရှိဘူး အဲဒီပွဲကြည့်ဖို့က လက်မှတ်ကကြိုမှာရတာ
အမှန်တကယ်က ပိုက်ပိုက်မရှိတာလေ :)
ဖြစ်ချင်တော့ အဲဒီနေ့မှာက ကျောင်းက ညီငယ်တွေကို Excursion အနေနဲ့ ဆပ်ကပ်ပွဲကြည့်ဖို့ကျောင်းကလုပ်ပေးပါတယ်
အဲဒီမှာ ညီငယ်အဖွဲ့ထဲမှာပါတဲ့ သူငယ်ချင်းတစ်ယောက်က ခရီးသွားရမှာပျင်းတယ် ကိုယ်စားလိုက်သွားပါဆိုတော့
မှုတ်ဆိတ်ပျားစွဲတယ် ဆိုမလားဘဲ ..သဘောတူလိုက်တယ် (နဂိုကတည်းကသွားချင်နေတာကို :) )
ဆပ်ကပ်ရုံကတော့ Moscow မှာရှိတဲ့ မော်စကိုမြို့တော်တက္ကသိုလ် နားလေးမှာပါ..
ကျွန်တော်တို့မြို့နဲ့ကျတော့ အလှမ်းဝေးတော့ အဲဒီပွဲတွေသွားချင်ရင်တောင်တကူးတက ကားတလှည့် မီးရထားတလှည့်နဲ့ဒိုးရတာ
အဲဒီနေ့က Excursion ဆိုတော့ ကျောင်းကားနဲ့တန်းပို့ပေးတယ် ဆပ်ကပ်ရုံနေ/ရာကို ဒီတာ့ခရီးသွားရတာမပူ၇တော့ဘူးပေါ့
ညနေကိုဒိကနေ ၅နာရီလောက်ထွက်ပါတယ် ဟိုကိုရောက်တော့ ၆း၃၀လောက်ရောက်တယ်..ပွဲက ရး၀၀နာရီမှာစပြမှာဆိုတော့
ဆပ်ကပ်ရုံထဲဝင်ပြီး ဟိုလိုက်ငေးဒီလိုက်ငေးလုပ်နေလိုက်တယ်..ရုံတွင်းထဲမို့လားမသိဘူး
ဈေးဝယ်တော့လည်းအပြင်ထက် နှစ်ဆပိုဈေးကြီးတယ်..
အဲဒီမှာတွေးမိလိုက်တာက လူစည်တဲ့နေရာတိုင်း ကုန်ဈေးနှုန်းကလည်းတက်ပါလားလို့ :)
ကျွန်တော်တို့နိုင်ငံက လေဆီပ်မှာကုန်ဈေးနှုန်းတွေမြင့်တာ မပြောနဲ့ ကျန်တဲ့တိုင်းပြည်တွေဆိုလည်း လေဆိပ်ရောက်ရင်နှစ်ဆတောင်ပိုတက်သေး ..သိပ်မပြောရဲဘူး တော်ကြာမြန်မာလေဆိပ်က ဈေးသည်တွေကုန်ဈေးနှုန်းလိုက်တက်ကုန်မှ :)
ပွဲစခါနီး၁၀မိနစ်လောက်မှာ လက်မှတ်ပြပြီးခုံနေရာကိုရှာပြီးဖြစ်နေပါပြီ
ထိုင်ရတဲ့ခုံကလည်း ဈေးနှုန်းကြီးကြီးပေးပြီးဝယ်ထားရလို့ထင်ပါတယ် ကိုယ်ရဲ့နောက်မှာ နံရံဘဲရှိတော့တယ် :)
၇း၀၀ နီာထိုးတော့ ဆပ်ကပ်စပါပြီ...
ဆပ်ကပ်စင်ကတော့ ပေ၅၀ ၆၀စာအ၀ိုင်းလေးပါဘဲ..
အဲဒီနေရာပွဲကြည့်စင်ကို စက်ဝိုင်းပုံဝိုင်းပြီးဆောက်ထားတာ ကျွန်တော်တို့အတန်းအထိအောင်ဘဲ
ပြောစရာတော့ကျန်တာပေါ့ အဆင့်မြင့်ဆုံး( အမြင့်ဆုံး) အတန်းမှာထိုင်လာတာဆိုပြီးလေ...။
ဆပ်ကပ်ကိုတော့ Happy New Year အထိမ်းအမှတ် ဇာတ်လမ်းလေးနဲ့တွဲဖက်
တခန်းပြီးတခန်းပြသွားပါတယ်..အကောင်တွေလည်းပေါင်းစုံပါဘဲ ကိုမမြင်ဘူးတဲ့ ကုလားအုတ်တွေ
ဖျံတွေ မြင်းကျား စတဲ့လိမ္မာတဲ့ တိရိဆာန်တွေနဲ့ တခန်းပြီးတခန်းတစ်လှည့်စီတင်ဆက်ပေးတာပါ..။
ဆပ်ကပ်ပွဲကြည့်ပြီးတွေးမိတာလေးကတော့ ဒီနိုင်ငံက လုပ်သွားတဲ့ ဆပ်ကပ်တွေမှာနည်းပညာအသုံးချမှုအပိုင်းအရမ်းကောင်းတယ်လို့
သုံးသပ်မိတယ်..။ကပြတဲ့သူကလည်းကပြတဲ့အလျောက်..ကြိုးဆွဲမှုကလည်းကောင်း ဆလိုက်ကလည်းမျိုးစုံနဲ့လိုက်ဖက်တောင်မီးထိုးနိုင်မှု ဂီတကလည်း လိုက်ဖက်တဲ့တီးလုံးအတိုင်းကွက်တိဘဲလုပ်ဆောင်တော့
ကျွန်တော်တို့ခဗျာတော့ ပါးစပ်အဟောင်းသား လက်ခုပ်တီးမပြတ်တောင်ဖြစ်မိပါတယ်..။
ဒီလိုတင်ဆက်မှုတွေကောင်းလို့လည်း နေ့တိုင်းနီးပါးပြနေတဲ့ဆပ်ကပ်ရုံကြီး ပွဲတိုင်းမှာလူပြည့်တာလည်းမဆန်းပါဘူး
ဆပ်ကပ်ပြပွဲမတိုင်မီနဲ့ ဆပ်ကပ်နားနေစဉ်ခဏမှာ ရုံအတွင်းမှာလည်း တိရစ္ဆာန်လိမ္မာတွေနဲ့ ဓာတ်ပုံရိုက်လို့ရတယ်..။စတဲ့ဝန်ဆောင်မှုတွေပေူထားတော့ ကလေးတွေလည်းကြိုက် ဆယ်ကျော်သက်တွေလည်းအကြိုက်ပေါ့
ကဲပါ ပြေတာလည်းများသွားပြီထင်ပါတယ်..
နောက်ဆုံးနေနဲ့ ဒီပို့စ်လေးကိုဖတ်ရကျိုးလည်းနပ်အောင် ကျွန်တော်တို့ရိုက်လာတဲ့ Movie လေးတစ်ခုကို
ကိုယ်တိုင် youtube ပေါ်တင်ပြီးတင်ဆက်ပေးလိုက်ပါတယ်..
ဖျံလိမ္မာလေးရဲ့ပြကွက်တစ်ခုပါ ..ကြည့်လို့ရတဲ့နိုင်ငံတွေရှုစားအားပေးသွားပါအုံး
အားအပေးအခံရဆုံးပြကွက်တစ်ခုလည်းဖြစ်ပါတယ်..





အားလုံးကိုလေးစားလျှက် .....
မောင်ပညာ

Type the rest of your post here.

0 ယောက်ကဒီလိုပြောကြတယ်

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

မိတ်ဆွေများ၏ တင်သမျှစာလေးတွေ

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar