ဒီနေ့ပို့စ်လေးကတော့ အရင်နေ့က ရေးခဲ့တာရဲ့အဆက်ပေါ့
ကျွန်တော့်ရဲ့ ကွန်ပျူတာလေး Window 7 ရဲ့ကောင်းမှုကြောင့် VGA လစ်သွားတယ်
Window အသစ်တင်လေ မရလေနဲ့ပေါ့...
ဘာကြောင့်ဖြစ်နေတယ်ဆိုတာကို သိပြီးနောက် VGA ကိုဖြုတ်ပြီးသုံးနေမိတယ်..
ဖြစ်ချင်တော့ ကျွန်တော့်ရဲ့ Motherboard driver ဆော့လ်ဝဲမှာ
Graphic အတွက် driver ဆော့လ်ဝဲကပါမလာဘူး
ဒီတိုင်းဘဲ ဂရပ်ဖစ်မပါဘဲ သုန်သုန်မှုန်မှုန်ပေပေတေတေနဲ့ ဆက်သုံးနေလိုက်တယ်..
ကိုကထင်ထားတာက အော် ကို့ Motherboardက Graphic ကိုထည့်မထားလို့နဲ့တူပါတယ်လို့ :)
တော်တော်များများ board တွေကျတော့ ဒီတိုင်း Graphic Card VGA စိုက်စရာမလိုဘဲနဲ့ကို
CD ခွေထဲမှာကို Driver auto run ပေးထားတော့
အသုံးပြုလို့ကောင်း ဂီမ်းတိုက်လို့ကောင်းနေတာကို တွေ့ရတာကို .:(
ခုသုံးနေတဲ့ Board မှာက Processor ကCore 2Dudo E4600 ဆိုတော့
core2 quad လောက်ဆင်နိုင်တဲ့ Board ကိုအကြွေးတင်ခံပြီးဝယ်ရကောင်းမလားတောင်စိတ်ကူးမိသေးတယ်
Graphic ကောင်းကောင်းလေးသုံးလို့လည်းရအောင်လို့လေ..
လခစား ပညာတော်သင်လည်းဖြစ်နေတော့ Electronics ပစ္စည်းဝယ်မယ်ဆို ကြိုစုထားပြီးဝယ်မှဖြစ်မှာ တော်ကြာဖြုန်းစားကြီးကောက်ဝယ်ထားလိုက်လို့တော့
ဒီမောင်ခဗျာ အဲဒီတလတော့ ခေါက်ဆွဲနဲ့နှပါးသွားရပြီသာမှတ် :)
ပြောတာတွေများသွားပြီထင်တယ်
အဲဒီပြဿနာဖြေရှင်းနိုင်ဖို့ကို သူငယ်ချင်းတစ်ယောက်ဆီကအကူအညီနဲ့အကြံဥာဏ်ရလိုက်တာပါ
သူအကြံပေးတာတော့ အင်တာနက်မှာရှာပြီး Graphics အတွက်ပြဿနာကိုဖြေဂှင်းကြည့်ပါလားတဲ့
ကျွန်တော်လည်းအကြံရပြီး သူငယ်ချင်းပြောတဲ့အတိုင်းရှာဖွေကြည်ပါတယ်
ကျွန်တော် Motherboard က ESC ELITEGROUP ကထုတ်တဲ့
Intel G33T-M2 အမျိုးအစား ဖြစ်ပါတယ်..ဆော့်လ်ဝဲတစ်ခုတော့တွေ့ပါတယ်..
ဆော့လ်ဝဲကိုတော့ အောက်ကလင့်မှာရှာပြီး
ချလိုက်ပါတယ်…
အဲဒီအမျိုးအစားအတွက် Intel(r) Graphics Media Accelerator driver ဆိုတဲ့ XP အတွက်သုံးနိုင်တဲ့
ဆော့လ်ဝဲ Driver လေးပါ.. ကျွန်တော်ရဲ့ Motherboard အမျိုးအစားချင်းတူတဲ့သူများ
အောက်ကလင့်ကနေချလိုက်ပေါ့ အဆင်ပြေသွားတာပေါ့..:)
http://www.intel.com/support/graphics/intelg33/#anchor4
အဓိကပြောချင်တာကတော့ ကျွန်တော့်လိုမျိုး Graphics Card စိုက်ပြီးသုံးရင်းနဲ့ VGA ပျက်သွားသူများနဲ့
Motherboard CD မှာ Graphics driver ထည့်မပေးထားရင် အထက်ပါအတိုင်း
ASUS ဆိုရင် ASUS , Intel ဆို Intel Board အမျိုးအစားအလိုက် သူတို့ရဲ့ ဆိုက်များမှာ
သွားရှာပြီးဒေါင်းလွတ်ချပြီး အသုံးပြုစေလိုပါတယ်.
အဲဒီဖြေရှင်းပြီး Download ချ Run ပြီးတဲ့နောက် Graphics speed လည်းကောင်းလာပါတယ်
Card စိုက်ထားတဲ့နီးနီးပြန်ကောင်းလာတာပါ ဆိုက်တွေမှာလည်းအဲဒီ ဆော့လ်ဝဲတွေဆို
Free ပေးပါတယ် ကျွန်တော်တို့လိုလူတွေအတွက်တော့ အဆင်ပြေတာပေါ့နော် :)
Notebook သမားတွေဆိုလည်း ထိုနည်းတူ Driver မှမဟုတ်ပါဘူးအမျိုးအစားလိုက်ရှိထားသင့်တဲ့
ဆော့ဝဲလ်တွေ လိုအပ်တဲ့ဆော့လ်ဝဲတွေကို Produce လုပ်တဲ့ကုမ္မဏီတွေရဲ့ဆိုက်တွေမှာ သွားပြီးရှာဖွေသင့်
စုဆောင်းသင့် ရီက္ခာအပြည့်ဖြည်းတင်းပြီး Driver ပြည့်စုံစွာနဲ့အလုပ်လုပ်နိုင်စေရန်
ရည်သန်လျှက် ကျွန်တော့်ရဲ့ နောက်ဆက်တွဲပို့စ်ကို
အဆုံးသတ်လိုက်ပါတယ်...
(ချွင်းချက် ။ ။ အထက်ပါပို့စ်နှစ်ခုသည် ကျွန်တော့်ဖြစ်ခဲ့သော ပြဿနာကို ကျွန်တော့်အနေနဲ့ဖြေရှင်းခြင်း
တွေးထင်ခြင်း နှင့် အကြံပေးခြင်းသက်သက်သာ ဖြစ်ပါတယ် လိုအပ်တာတို့ အမှားအယွင်းများရှိရင် ထောက်ပြပြောဆိုနိုင်ပါတယ်ခင်ဗျ။ )
လေးစားစွာဖြင့်
မောင်ပညာ (MIET)
Type the rest of your post here.
0 ယောက်ကဒီလိုပြောကြတယ်