Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

cannot open new tab in firefox (mm)

တင်ပြသူ Kyaw Htin Sunday, 16 December 2012

အကယ်လို့ firefox မှာ Open a new tab ခေါ်လို့မရတော့ဘူးဆို
Firefox ကို reset လုပ်ခြင်းဖြင့် ပြန်ဖွင့်လို့ရနိုင်ပါတယ်..။

How do I reset Firefox to its default state?

    ပုံပါအတိုင်း Firefox windowအောက်က  Firefox button ကနေ Help ကို အဆင့်ဆင့်သွားပါ။ ပြီးရင်  Troubleshooting Information ကိုသွားလိုက်ပါ..။
ဒါမှ မဟုတ် tool bar က help ကနေ   Troubleshooting Information  ကိုသွားပါ..။








ပေါ်လာတဲ့ပုံတဲ့ကအတိုင်းTroubleshooting Information pageရဲ့  ညာဘက်အပေါ်နားမှာရှိတဲ့  Reset Firefox ဆိုတဲ့ button ကို Click လုပ်လိုက်ပါ.


















အဲ့ဒီအဆင့်ပြီးသွားရင်တော့ firebox အော်တိုပိတ်ပြီး ပြန်ဖွင့်ရင်  Open a new tab  ကို သုံးလို့ ခေါ်လို့ရတော့မှာပါ...။ 

To make faster shutdown

တင်ပြသူ Kyaw Htin







Computer ကိုပိတ်ရင်  Windows က Shutdown ချတတ်တဲ့ သူတွေ
အတွက်က ကိုယ့်ကွန်ပျူတာ Shutdown  မကျမချင်းကို စောင့်ပေးရပါတယ်။
အဲ့ဒီလိုမျိုးShutdown အချိန်ကြာနေ တဲ့အတွက် တစ်ခါတလေ အရေးကြီး
အပြင်သွားစရာရှိတယ်ဆိုရင် UPS ကို မပိတ်ခဲ့ရဘဲ ထွက်သွားပြီး မီးပျက်သွား
ရင်လည်း UPS ကိုဖွင့်ထားမိတဲ့အတွက် UPS ပျက်တာတွေရှိတတ်ပါတယ်။
အဲဒီ လိုမျိုး တစ်ခါတစ်ရံ အရေးကြီးလို့ အပြင် ထွက်စရာရှိတဲ့သူတွေရော
Computer Shutdown  လုပ်တဲ့အချိန်ကို မစောင့် နိုင်တဲ့သူတွေအတွက်ရော
Computer Shutdown Time  မြန်အောင် လုပ်နည်းလေး ပြောပြပေးချင်ပါတယ်။
အဓိကကတော့  Registry Editor  ထဲမှာ ၀င်ပြင်ရတာပါပဲ။ လုပ်ပုံလုပ်နည်း
လေးကတော့ အရင်ဆုံး Windows +R  ကို နှိပ်ပါ။ ဘယ်ဘက်ထောင့်မှာ Run Box ကျလာပါလိမ့်မယ်။
Run Box ပေါ်လာရင် အဲဒီအထဲမှာ Regedit   ရိုက်ထည့်ပေးပါ။ အဲဒါဆိုရင် Regisrty
Editor ကျလာပါလိမ့်မယ်။ ပြီးရင် Regisrty Editor အောက်က HKEY_LOCAL_MACHINE
နှိပ်ပေးပါ။ ပြီးရင်   SYSTEM  ဆိုတဲ့ဖိုင် ကို ထပ်နှိပ်ပေးပါ။   SYSTEM  အောက်
က Current Control Set  ကိုဝင်ပေးပါ။ ပြီးရင် Current Control Set အောက်က
Control ဆိုတာကို ထပ်ဝင်ပေးပါ။ Control ဆိုတဲ့  Folder  ကိုနှိပ်လိုက်တာ
နဲ့ ဘေးနားက Box ဖိုင်လေးကိုးခုကျ လာပါလိမ့်မယ်။ အဲဒီအထဲမှာ Wait
To Kill Service Timeout ဆိုတာလေး ကို Double Click နှိပ်ပေးပါ။ ပြီးရင်
Value Data ကို ၂၀၀ လို့ပြောင်းပေး လိုက်ပါ။ ပြီးရင်  Shutdown ချကြည့်
တာနဲ့ သိသိသာသာ  Shutdown အချိန် က မြန်လာပါလိမ့်မယ်။


Crd : The Voice_8-50

What is Google play store?

တင်ပြသူ Kyaw Htin Sunday, 4 November 2012




Google play store သည် Multimedia content များကို ရောင်းချသည့် Google ၏ online store ဖြစ်သည်။ ဤ store မှ နေ၍ သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂိမ်း၊ စာအုပ်နှင့် ဆော့ဖ်ဝဲများကို အခပေး၍ ဝယ်ယူနိုင်သည်။ သို့သော် အခမဲ့ရသည်တို့လည်း ရှိပါသည်။ သို့ရာတွင် Google play store သို့ ဝင်ရန် Google play store application ရှိရန်လိုသည်။ ထို application ကို မိမိ၏ tablet သို့မဟုတ် phone ပေါ်တွင် Install လုပ်ထားရန်လည်း လိုပါသည်။

Google play store ၏ အစသည် Google Market ဖြစ်သည်။ ယခင်က ဝယ်ယူထားသော Android tablet များနှင့် Smart phone များပေါ်တွင် Android market application အဟောင်း ရှိကောင်းရှိနေနိုင်ပါသည်။ Google သည် 2008 ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် Android market ကို ကြေညာလျက် online digital store လောကသို့ ဝင်ရောက်လာခဲ့သည်။

သို့ရာတွင် Phone နှင့် Tablet သုံးစွဲသူများ စတင် အသုံးပြုနိုင်သည်မှာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင်မှ ဖြစ်ပါသည်။ အခပေး ဆော့ဖ်ဝဲရောင်းချခြင်းကိုမူ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ပါသည်။ ထိုစဉ်က ဆောဖ့်ဝဲရေးသူ အများစုမှာ အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်မှ ဖြစ်သည်။ သို့သော် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အခြားသောနိုင်ငံ ၂၉ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများအတွက် လမ်းဖွင့်ပေးခဲ့ပါသည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလထဲသို့ ရောက်သည့်အခါ Google သည် Android market ၌ content filtering စနစ်ကို ထည့်သွင်းခဲ့သည်။ ထို့ပြင် Android market မှ ဝယ်ယူသော Application များကို မကြိုက်လျှင် ၂၄ -၄၈ နာရီအတွင်း ငွေပြန်းအမ်း ယူနိုင်သော စနစ်အစား ၁၅ မိနစ်အတွင်း ငွေပြန်အမ်းယူနိုင်သည့် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလသို့ ရောက်သည့် အခါတွင်မူ Android market သည် smart phone နှင့် tablet ပေါ်မှသာ ဝင်ရောက်နိုင်သော အရာမဟုတ်တော့။ Web client ကိုသုံးပြီး PC မှ ဝင်ရောက်နိုင်သော နေရာလည်း ဖြစ်လာပါသည်။ Android market webpage ထဲဝင်၍ request လုပ်သော Application များ (အခပေးနှင့်အခမဲ့) တို့ကို download ဆွဲချခွင့်ပြုပါသည်။ သို့သော် Android market ၌ မှတ်ပုံတင်ထားသော device တစ်ခုအား အထောက်အထားကို တောင်းပါမည်။ Download ဆွဲထားသော application တို့ကို ယင်း device တွင်း၌သာ Install လုပ်နိုင်ပါသည်။

၂၀၁၁ ခုနှစ် မတ်လသို့ ရောက်သည့်အခါ Android market သည် အဆင့်ထပ်၍ မြင့်လာပြန်သည်။ Android market တွင် Add-in application တစ်ခုထပ်ထည့်ပြီး ယင်းမှနေ၍ ငွေလက်ခံကာ Application ရောင်းချသော အဆင့်သို့ တက်လာခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် မေလကား Android market ပုံစံပြောင်းသော ကာလဟု ဆိုနိုင်ပါသည်။ New application list ကို သီးခြားဖော်ပြသည်။ အရောင်းရဆုံး application၊ အရောင်းရဆုံး ဆော့ဖ်ဝဲရေးဆွဲသူတို့ကို သာမက အယ်ဒီတာ စိတ်ကြိုက် application တို့ကို သီးခြားစာရင်းများဖြင့် ဖော်ပြလာပါသည်။ ရည်ရွယ်ချက်မှာ Smart phone နှင့် Tablet သုံးစွဲသူတို့အား application များနိုင်သမျှ များအောင် ပြသရန်ဟု ဆိုသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လအရောက်တွင်မူ Google သည် Android market တစ်ခုလုံး၏ interface ကို ပြန်လည် ပြင်ဆင်ရေးဆွဲသည်။ အပြင်အဆင်သစ်တွင် content feature ကို ပိုမိုအလေးပေးလာသည့်ပြင် screen filter များကိုလည်း ပိုမိုထည့်သွင်းလာပါသည်။ အမေရိကန်ပြည်ထောင်စု ဈေးကွက်အတွင်း အွန်လိုင်း စာအုပ်ရောင်းချမှုနှင့် ရုပ်ရှင်ငှားရမ်းမှုကို ဖြည့်စွက် ထည့်သွင်းလာပါသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် Android market ထဲ၌ music store တစ်ခု အသစ်တိုးလာသည်။ ၂၀၁၂ ခုနှစ် မတ်လတွင် Apk application ဖိုင်တစ်ခုအား အမြင့်ဆုံး ခွင့်ပြုအရွယ်အစား 50mb မှအထက်သို့ မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့် 50Mb ရှိသော Apk ဖိုင်အပြင် အပိုဆောင်းဖိုင်နှစ်ခုကို တစ်ခုလျှင် 2Gb နှုန်းဖြင့် ထပ်မံဖြည့်စွက်ခွင့် ပေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့ အရောက်တွင်မူ Android market ကို Google play store အဖြစ်သို့ အမည်ပြောင်းလဲခဲ့ပါသည်။ ၂၀၁၂ မေလတွင် Google play store တွင် ငွေပေးချေရာ၌ application သုံးပြီး ပေးချေစေသော စနစ်ကို စတင်ကျင့်သုံးခဲ့ပါသည်။

Google play application သည် open source မဟုတ်ပါ။ Google ကသတ်မှတ်ထားသော Compatibility လိုအပ်ချက်နှင့် ကိုက်ညီသော Android device များတွင်သာ ယင်းကို install လုပ်ခွင့်ပြုပါသည်။ ယင်း application ကို သုံး၍သာ Google play store သို့ အခမဲ့ ဝင်ရောက်ခြင်း application များ ရယူခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် google နှင့် လိုင်စင်ဆိုင်ရာ သဘောတူညီချက် ပြုလုပ်ဖို့လည်း လိုအပ်ပါသည်။ အစောပိုင်းတွင် Apple ၏ iPod touch နှင့် ယှဉ်ပြိုင်နိုင်စေရန် Google play နှင့် ချိတ်ဆက်သည့် Android device သည် 3G သို့မဟုတ် 4G ချိတ်ဆက်နိုင်စွမ်းရှိရမည်ဟု သတ်မှတ်ခဲ့သော်လည်း Samsung မှ Galaxy player ထွက်လာချိန်တွင် ယင်းသတ်မှတ်ချက်ကို လျှော့ပေါ့ ပေးခဲ့ပါသည်။

Google play store ၏ အဓိကလုပ်ငန်းမှာ Tablet နှင့် smart phone သုံး Application များရောင်းချရန် ဖြစ်ပါသည်။ သို့သော် Google play သည် application install လုပ်မပေးပါ။ Android device တွင်ပါသော Package Manager Service ကိုသာ install လုပ်ပေးရန် တောင်းဆိုပါသည်။ Apk ဖိုင်တစ်ခုအား device အတွင်းသို့ download ဆွဲချပြီးသည့်အခါ Pack Manager ကို တွေ့မြင်ရပါမည်။ Application များကို များသောအားဖြင့် ဖုန်း၏ Internal storage ထဲတွင် Install လုပ်သော်လည်း အချို့သော အခြေအနေများတွင် external storage card ထဲတွင် install လုပ်ပေးပါသည်။

ယနေ့အချိန်တွင် Google play store သည် အဓိကအားဖြင့် Application များကို ရောင်းချပေးနေပါသည်။ Google play မတိုင်မီ Android market အမည်ဖြင့် စတင်ချိန်က ၂၀၀၉ ခုနှစ် မတ်လ ရောက်ချိန်အထိ application စုစုပေါင်း ၂၃၀၀ သာရှိပါသည်။ ၂၀၁၂ ခုနှစ် ဇွန်လကုန်ဆုံးချိန်တွင် application နှင့် ဂိမ်းပေါင်း ငါးသိန်းအထိရှိနေပြီး download ဆွဲချမှု ၂၀ ဘီလျံ ရှိနေပါသည်။ Google play application ကို အသုံးပြုပြီး Google နှင့် ချိတ်ဆက်မှတ်ပုံတင်ထားသော device မှန်သမျှသည် (အီရန်နိုင်ငံမှလွဲ၍) Google play store မှ အခမဲ့ application နှင့် game များကို ရရှိနိုင်ပါသည်။ အခပေး Application များကိုမူ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၉ နိုင်ငံတွင်သာ တိုက်ရိုက် ရောင်းချနိုင်ပါသေးသည်။

Install လုပ်ပြီးသား application များကို အလိုအလျောက် update လုပ်လိုလျှင်လည်း user က ကြိုတင်ရွေးချယ် သတ်မှတ်ထားနိုင်ပါသည်။ Google play သည် user device နှင့် ကိုက်ညီသော application ကိုသာ download ချနိုင်သည့် filter ထည့်ပေးထားသဖြင့် မိမိစက်နှင့် မကိုက်ညီသော application ကို install မလုပ်မိစေရန် အကူအညီ ပေးနိုင်ပါသည်။ သို့သော် မကောင်းသည့် အချက်မှာ ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု ပေးသူတို့အား tethering application များကို တားမြစ်ခွင့်ပြုထားခြင်း ဖြစ်ပါသည်။

၂၀၁၂ ခုနှစ် ဇွန်လထဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများသည် Google play store သို့ အခပေး application များ တင်ပို့ရောင်းချနိုင်ကြပါပြီ။ သို့ရာတွင် မှတ်ပုံတင်ကြေး ၂၅ ဒေါ်လာပေးရန် လိုအပ်ပါသည်။ Application တစ်ခု၏ ရောင်းချတန်ဖိုးမှ ၇၀ ရာခိုင်နှုန်းကို ဆော့ဖ်ဝဲရေးသူက ရရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းကို ဖုန်းဝန်ဆောင်မှု ပေးသူနှင့် ငွေကြေး စီမံခန့်ခွဲပေးသူများက ရရှိပါသည်။ Google က အကျိုးအမြတ် ရာခိုင်နှုန်း ခံစားခြင်းမရှိပါ။ ဆော့ဖ်ဝဲရေးသူများသည် Google checkout merchant account သို့မဟုတ် google adsense account မှ တစ်ဆင့် ငွေလက်ခံရရှိပါမည်။

Google play store သည် application နှင့် ဂိမ်းများသာ ရောင်းသည်မဟုတ်ပါ။ ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ထောင်ပေါင်းများစွာအား ငှားရမ်းကြည့်ရှုခြင်း (သို့မဟုတ်) အပြီးအပိုင် ဝယ်ယူခြင်း ဝန်ဆောင်မှုကိုလည်း ပေးပါသည်။ ထိုရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများအား ကြည့်ရှုရန် Google play movie application လိုပါသည်။

တေးသီချင်း ရောင်းချရေး ဝန်ဆောင်မှုမှာမူ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် music store အမည်ဖြင့် စတင်ခဲ့သည်။ Music store သည် Google+ ၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။ တေးသီချင်းတစ်ပုဒ်ကို ရောင်းချရာ၌ ၁.၂၉ ဒေါ်လာ၊ ၀.၉၉ ဒေါ်လာ၊ ၀.၆၉ ဒေါ်လာနှင့် အခမဲ့ဟူ၍ အတန်းအစား လေးမျိုး ခွဲခြားထားပါသည်။ ယခုအချိန်တွင် Music store ၌ Universal Music Group, EMI နှင့် Sony Music Entertainment တို့မှ အဓိက ပါဝင်ရောင်းချလျက် ရှိပါသည်။

Google play store ၏ အထင်ကရ မဟုတ်သော လုပ်ငန်းတွင် စာအုပ်ရောင်းချခြင်း ပါဝင်ပါသည်။ Google play store တွင် အခမဲ့ စာအုပ်ပေါင်း ၃ သန်းခန့်ရှိပြီး အခပေး ရောင်းချသည့် စာအုပ်ပေါင်း ထောင်ချီ၍ရှိပါသည်။ Google play website ထဲဝင်၍ စာအုပ်ဖတ်နိုင်သလို Android application သုံး၍ offline လည်း ဖတ်နိုင်ပါသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် Google သည် Nexus device များရောင်းချခြင်းကို Google play store မှနေ၍ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။...

Credit---->>>>  http://www.myanmarmobileapp.com

"Unable to connect to the Proxy Server" SOLUTION

တင်ပြသူ Kyaw Htin Monday, 27 August 2012

Chorme နဲ့ Firebox မှာ ပြဿနာတက် ခဲ့တဲ့ အကြောင်းအရာလေးကိုတွေ့မိလို့ဖော်ပြပေးချင်ပါတယ်။ "Unable to connect to the Proxy Server" ဆိုပြီး ဘယ် Website ကိုမဆို ဖွင့်လိုက်တိုင်း အဲ့လိုစာတမ်းလေးပေါ်လာပြီး ဆက်ဖွင့်လို့မရတာမျိုးပါ..။ ဒါဆိုရင်တော့ Chrome ကနေ Solution လုပ်နည်းကိုဖော်ပြပေးလိုက်ပါတယ်..။
Youtube လေးနဲ့လုပ်နည်းပါ ဖော်ပြပေးလိုက်ပါတယ်။ 
ပထမဦးဆုံး Chrome broswer ကိုဖွင့်ပါ။ ပြီးရင် Customize and control google chrome ကို click ပါ ခရင်းခွလိုပုံလေးပါ ညာဘက်ထောင့်မှာရှိပါတယ်။မသေချာသေးရင် Youtube မှာလည်းထပ်ကြည့်လို့ရပါသေးတယ် ။ ပြီးရင် setting ကိုသွားပါ..။ setting ကိုအပြည့်ကြည့်ပါ Show advanced setting ကိုကလစ်ပြီး အပြည့်ကြည့်လို့ရပါတယ်..။ ပြီးရင် Network အောက်က Change proxy setting ကို Click ပါ။ Internet properties box လေးပေါ်လာပါမယ်။ အဲ့ဒီ box ကမှ connection tab အောက်က settings ဆိုတာကို click ပါ Proxy server အောက်က Use a proxy server for this connection ဆိုတာကို select ပေးထားရင်ဖြုတ်လိုက်ပါ။ ပြီးရင် connection tab အောက်က LAN settings ဆိုတာကို click ပါ Proxy server အောက်က Use a proxy server for this connection ဆိုတာကို select ပေးထားရင်ဖြုတ်လိုက်ပါ။ပြီးရင် ok ပေးပြီးဖွင့်ကြည့်လိုက်ရင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်။။ Youtube နည်းလေးလည်းပေးလိုက်ပါတယ်..။


Microsoft Expression Web 3 portable

တင်ပြသူ Kyaw Htin Saturday, 26 May 2012








Microsoft Expression Web ဆိုတာ WYSIWYG HTML editor  မျိုးဖြစ်ပြီး Microsoft Front Page နေရာမှာထပ်မံအစားထိုးပြီးဝင်ရောက်လာတဲ့  Microsoft ရဲ့ generalWeb Desig program ဖြစ်ပါတယ်..။
Expression Studio suite ရဲ့အစိတ်အပိုင်းဖြစ်ပြီး။ သူရဲ့အဓိကရည်ရွှယ်ချက်ကတော့...professional website designers တစ်ယောက်ဖြစ်လာစေရန်ပါတဲ့..........။
Expression Web allows authoring of web pages integrating XML, CSS 2.1, ASP.NET 2.0, XHTML, XSLT and JavaScript into sites. It requires the .NET Framework 2.0 to operate.
Microsoft Expression Web provides the ability to install add-ins from third-party developers, extending the capabilities of Expression Web.
ကဲ့ လိုချင်ရင် အသုံးပြုချင်တယ်ဆိုရင်တော့ ဒေါင်းလုတ်လင့်လေး ညွှန်းပေးလိုက်ပါတယ်....။
(၄)ဖိုင်စလုံးကို Download ပြီးမှ zip ဖြေရမှာဖြစ်ပါတယ်....။
ဒါဆိုရင်တော့ အသုံးပြုလို့ရပါပြီ....။ အစကတော့ Mediafire ကတင်ပေးမလို့ပါဘဲ ဖိုင်ဆိုဒ်က 800 MB ကျော်လောက်ရှိတော့ အဆင်မပြေဖြစ်သွားလို့ပါ.... Deposite ကနေဘဲရှယ်ပေးလိုက့်ပါတယ်..။
အဆင်ပြေကြပါစေ လိုချင်တဲ့သူများအတွက်......


Download 1
Download 2
Download 3
Download 4

Top 5 best office apps for Android

တင်ပြသူ Kyaw Htin Saturday, 21 April 2012

ဒီကနေခေတ်မှာ smartphones တွေဟာ Mobile ဖုန်းသုံးစွဲများအတွက် အထူးပင်ရေပန်းစားလျှက်ရှိနေတာကိုတော့ အားလုံးလည်း သိကြပြီးဖြစ်မှာပါ။ Samsung ရဲ့ Galaxy series ထွက်ရှိအပြီးမှာတော့ Andriod operation system ဟာဖြင့် ပိုပြီးလူကြိုက်များခဲ့ပါတယ်.။ ဒီခေတ့်မှာတော့ Tablet မျိုးစုံ IPad တွေစသဖြင့် အပြိုင်အဆိုင် ထွက်ရှိနေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်..။ ကွန်ပျူတာပေါ်က ဂိမ်းအသေးစားတွေထက် Andriod ဖုန်းနဲ့ ဂိမ်းကစားရတာကို ပိုပြီး နှစ်ခြိုက်လာကြပါတယ်။။ထို့အတူဘဲ အင်တာနက်သုံးရန်၊ Ebook ဖတ်ရန်စသဖြင့် Andriod ဖုန်းများကို အလွယ်တကူ သယ်သွား ခရီးသွားရင်းနဲ့ အပန်းဖြေစရာတစ်ခုနေတောင် သုံးစွဲနေကြတာဟာဆိုရင်ဖြင့် ၂၁ ရာစုနဲ့ နည်းပညာထွန်းကားမှုနဲ့အတူ လူနေမှု နားနေမှုပုံစံသစ်သဖွယ် တွေ့မြင်ခံစားမိပါတယ်.။ ထို့အတွက်ကြောင့်လည်း Businees များ၊ ကျောင်းသားများအတွက် Andriod application တွေ အမြှောက်အများထွက်ရှိလာတာကိုလည်း တွေ့မြင်နိုင်ပါတယ်.။ ယခုကတော့ ကမ္ဘာ့အသုံးအများဆုံး Top five best office apk များကို ဝေမျှရှင်းပြပေးလိုက်ပါတယ်..။  
၁။ Google Docs



















Android browserကနေတဆင့် အသုံးပြုကာ အကောင်းဆုံး mobile web interface တစ်ခုဖြစ်သိရှိနားလည်ထားပါတယ်.။ မကြာသေးမီက Google ကနေ ထုတ်လုပ်ဖြန့်ချိလိုက်တဲ့ Google Docs app လေးဖြစ်ပါတယ်။ အကျိုးကျေးဇူးများကတော့ သင့်ရဲ့ contacts list မှာ လွယ်ကူစွာ file sharing လုပ်နိုင်ခြင်း၊ သင့်ရဲ့ Android phone's camera ကိုအသုံးပြုပြီး Character reader ကနေပြီး scan documents အဖြစ်သို့ ပြောင်းလဲပေါင်းစည်းပေးနိုင်ခြင်းများဘဲဖြစ်ပါတယ်..။
  Download  

၂။ Quickoffice Pro





















ဒီ application လေးကတော့ ဈေးနည်းနည်းကြီးပေမဲ့ သင့်အတွက်အများကြီးအသုံးဝင်နိုင်မဲ့ Office application လေးဘဲဖြစ်ပါတယ်..။ခန့်မှန်းထွက်လာမည်ဆို...$ 14.99 လောက်ပေးရမှာဖြစ်ပါတယ်.။Quickoffice Pro နဲ့တင် အများကြီးအသုံးပြုလို့ရပါသေးတယ်..။ သူဟာဆိုရင်ဖြင့် Andriod ပေါ်ရှိ Office apps များကို User တွေအတွက် ဖတ်ဖို့သာမက office ကို ပြင်ဆင်ဖို့ကော ၊ အသစ် create လုပ်ဖို့အတွက်ကောအမှန်အကန် အကောင်အထည်ဖော်နိုင် ထောက်ပံ့ပေးနိုင်ပါတယ်..။သူဟာဆိုရင် PowerPoint လို application ကိုတောင်မှ manages လုပ်နိုင်ပါတယ်.။ Download  
၃။ Olive Office Premium





















တကယ်လို့ သင်ဟာ free option ကိုဘဲရွှေးချယ်အသုံးပြုဖို့ ဆန္ဓရှိတယ်ဆိုရင် Olive Office Premium ဆိုတဲ့ apk လေးကလည်း Android ထဲရှိ Office docs များကို အကောင်းဆုံး လုပ်ဆောင်နိုင် ထောက်ပံ့ကူညီနိုင်မှာပါ။ သူရဲ့ အားသာချက်တစ်ခုကတော့ Word, Excel and PowerPoint စသည်တို့ကို Adobe's PDF format အဖြစ်သို့ transfer လုပ်နိုင် saved နိုင်ပါတယ်.။ သူဟာဆိုရင်ဖြင့် text, tables, images and charts စတာတွေကို Business စတိုင်အတိုင်း အမြှောက်အမြား supports လုပ်နိုင်ပါတယ်..။
Download  

၎။ CamScanner - Phone PDF Creator






















Google Docs app မှာလည်း document scanner version မျိုးစုံကို ရှာဖွေအသုံးပြုနိုင်ပါတယ်..။ CamScanner ဆိုရင်လည်း photos ကနေပြီး PDF format အဖြစ် Convert လုပ်ပေးနိုင်ပါတယ်..။ ပုံတွေကို auto-cropped လုပ် နိုင်ခြင်း။နောက်ထပ် အသစ်တစ်ပုံအဖြစ် ထပ် save ပေးခြင်း စသည် function များကို ထည့်သွင်းပေးထားပါတယ်..။ Download  

၅။ OpenOffice Document Reader














Thomas Taschauer ဆိုသူ တီတွင်ဖန်တီးထားတဲ့ OpenOffice Android app ဆိုရင်ဖြင့်လည်း Android ပေါ်ရှိ office application တွေအတွက် အများကြီးအသုံးဝင် ထောက်ပံ့ပေးနိုင်ပါတယ်..။ သူ့မှာတော့ images တွေ display ပြတာတွေ၊ Editing abilities တွေအတွက် နည်းနည်းအားနည်းချက်လေးတော့ရှိပါတယ်..။ ဒါပေမဲ့လည်း ODS နဲ့ ODT ဖိုင်တွေကိုဖတ်ဖို့အတွက်ကော free option သာသုံးချင်သူများအတွက် အရမ်းကိုအသုံးဝင်မဲ့ apk လေးလို့ ထင်မြင်မိပါတယ်..။ Download အားလုံးကို ကျေးဇူးတင်ပါတယ်..။ စာသားများကို အင်္ဂလိပ်လို ဘာသာပြန်ပေးခြင်း ဖြစ်ပြီး။ apk များကို အတက်နိုင်ဆုံးရှာဖွေတင်ပြပေးထားခြင်းဖြစ်ပါသည်..။


 * လေ့လာပါ ရှာဖွေပါ မှတ်သားပါ နည်းယူပါ...........ကျင့်ကြံအားထုတ်ပါ....တချိန်ချိန်တော့...အကျိုးအများကြီး ဖြစ်ထွန်းလာမှာပါ...... *                                                                                                                     မောင်ပညာ

Ultra Mobile 3GP Video Converter

တင်ပြသူ Kyaw Htin Friday, 23 March 2012










Ultra Mobile 3GP Video Converter ဟာ ပြည့်စုံကောင်းမွန်တဲ့ 3GP converter အမျိုးစားဖြစ်ပြီး
3GP/3G2/MP4 video format အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ဒီ 3GP/3G2/MP4 format type တွေကို
Iphoneများ/ Sony/Samsaung အစရှိသော 3GP format ပါဝင်သော Adriod phone များ၊ တခြားသော ဖုန်းအမျိုးအစားများ နှင့်
3GP player နဲ့တွဲဖွင့်ထည့်သွင်းနားဆင် အသုံးပြုချင်သူများအတွက် အသုံးဝင်မဲ့ Software ဖြစ်ပါတယ်။
DivX, XviD, AVI, WMV, MPG, MPEG, MP4, M4V, FLV, 3GP, ASF, RM, RMVB, MOV, MOD, ASX, MKV, OGM, SVCD, VCD, VOB to 3GP 3G2 H263 MP4 format များကှို 3GP/3G2/MP4 video format အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ သုံးရတာလည်း လွယ်ကူပါတယ်။ မြန်မြန်ဆန်ဆန်နဲ့လည်း file convert လုပ်နိုင်တဲ့ ဆော့ဝဲလ်လေးဖြစ်ပါတယ်။
Program ကို Install လုပ်ပီးရင် Regist key ကို note pad ထဲမှာပေးထားပါတယ်..။http://www.blogger.com/img/blank.gif
ဖြည့်သွင်းပြီး Activate လုပ်ပေးပါ........။။
အသုံးလိုသူများအတွက် အဆင်ပြေနိုင်ကြပါစေ..............



DOWNLOAD


* မည်သည့်နေရာ မည်သည့်အချိန်ဘဲဖြစ်ဖြစ် ပညာရပ်တို့ မည်သည် ရှာဖွေလေ တွေ့ရှိလေပါဘဲ။ *

Real scientific calculator app and officesuite Pro v 5.5

တင်ပြသူ Kyaw Htin Wednesday, 7 March 2012






ကြိုက်မိတဲ့ Android OS application လေးတွေကို ဝေမျှပေးချင်ပါတယ်..။
ပထမ တစ်ခုကတော့ Real scientific calculator လို့ခေါ်ပါတယ်..http://www.blogger.com/img/blank.gif
ဖုန်းတိုင်းမှာ သာမန် ရိုးရိုး Calculator လောက်ဘဲထည့်ထားတက်ပါတယ်..။
ဒါကြောင့်မို့ Android ဖုန်းတွေအတွက်ကော..လက်ရှိပညာသင်ကြားနေသော ကျောင်းသူကျောင်းသားတွေအတွက်ကော
စီးပွားရေးသမားတွေအတွက်ကော အသုံးဝင်မဲ့ apk လေးဖြစ်ပါတယ်..။အကောင်းဆုံး Application စာရင်းဝင်လည်းဖြစ်ပါတယ်.
Memory Sim card ထဲထည့်ပြီး ဖုန်းကနေ install လုပ်ပေးရုံပါ..
လိုချင်ရင်တော့
DOWNLOAD

http://www.blogger.com/img/blank.gif

















ဒါကတော့ Office ဖိုင်တွေကို ဖွင့်နိုင် ဖတ်နိုင် ရေးနိုင်အောင်အတွက်ပါ...
officesuite လို့ခေါ်ပါတယ်.......။
ဒါလည်း ပညာသင်ကြားနေတဲ့သူတွေအတွက် လိုအပ်မဲ့
application လေးပါ...Myanmar Mobile ကနေ မလာတဲ့ဟာလေးပါ..။
လိုချင်ရင်တော့
DOWNLOAD

အားလုံးဘဲ အဆင်ပြေ ပျော်ရွှင်နိုင်ပါစေ.........။

PC connections for Samsung Galaxy Y and some Useful Andriod Apps

တင်ပြသူ Kyaw Htin Friday, 2 March 2012







Samsung Galaxy Y လေးကို Andriod OS လေးတွေကို စမ်းကြည့်ချင်လို့ဝယ်ထားလိုက်တယ်.။
Samsung Galaxy Y ကို မိမိ USB နဲ့ PC ကိုချိတ်ဆက်ချင်လို့ရှိရင်http://www.blogger.com/img/blank.gif
Samsung Kies program ရဲ့ကြားခံ driverအကူအညီနဲ့မှ ချိတ်ဆက်နိုင်မှာပါ..
www.samsung.com/kies မှာရှာဖွေရယူနိုင်ပါတယ်..
Kies_2.2.0.12014_18_7
ဆိုပြီးရှာပြီး Download လုပ်နိုင်ပါတယ်..
အဲဒီ program ကို run လိုက်ပါ..ပြီးရင် USB တပ်ပြီး Simcard ထဲ ဖုန်းထဲကို data တွေထည့်နိုင် ရွှေ့နိုင်ပါပြီ..။
Destop ပေါ်မှာ Samsung Kies ဆိုတာလေးကို USB တပ်ပြီးတိုင် Run ပေးဖို့လိုပါမယ်..။

ဒါကတော့ Andriod ဖုန်းတွေအတွက် မြန်မာ Dictionary လေးပါ.....
Myanm - English / English - Myanmar
Download

ဒါကတော့ Battery limit ပြပေးတဲ့ဟာလေးပါ...
Download

ဒါကတော့ org.antivirus-1 လေးပါ...
Download

Wallpaper အတွက်
http://www.androidwallpaper.net/android_wallpapers-4624.html

Insert JumpLink button for blog post

တင်ပြသူ Kyaw Htin Tuesday, 21 February 2012





Post တွေမှာ တ၀က်ဘဲဖော်ပြပြီး ဆက်ကြည့်ချင်ရင် Readmore link လုပ်တဲ့ဟာလေးပါ...။
Blogspot ရဲ့နောက်ပိုင်း Update design တွေမှာ insert jumplink ဆိုတာပါပြီးသားပါ ..

ပထမ ဦးဆုံး Design>Edit HTML ကနေပြီး the Expand widget templates box ကို check လုပ်ပေး select ပေးပေးပါ။. ပြီးရင် Control F ကို တွဲနှိပ်ပါ။ပြီးရင်



<b:if cond='data:post.hasJumpLink'> ကို ရိုက်ပြီး ကုဒ်ကိုရှာပါ
<b:if cond='data:post.hasJumpLink'>
<div class='jump-link'>
<a expr:href='data:post.url + "#more"' expr:title='data:post.title'><data:post.jumpText/></a>
</div>
</b:if>
ဒီအတိုင်းတွေ့ပါလိမ့်မယ်...။ အဲ့ဒီအခါကျရင်
အပေါ်က ကုဒ်တွေအားလုံးကို အောက်က code တွေနဲ့အစားထိုးလိုက်ပါ...


<b:if cond='data:post.hasJumpLink'>
<div class='jump-link'>
<a target="_self" expr:href='data:post.url + "#more"' expr:title='data:post.title'> <input name="ဆက်လက်ဖတ်ရှု့ရန်.." value="ဆက်လက်ဖတ်ရှု့ရန်.." onmousemove="this.style.color='red'" onmouseout="this.style.color='blue'" onclick="this.style.color='green'" type="button" border="3px" /> <data:post.title /></a>
</div>
</b:if>


template ကို SAVE လိုက်ပါ...။ New post ကိုသွားပြီးရေးကြည့်ပါ..။
ပြီးရင် ကိုဖော်ပြချင်တဲ့ post မှာ တ၀က်လောက်နေရာမှာ အောက်ပါအတိုင်းပေးပါ..။



အပေါ်ကပုံအတိုင်း post ကိုခေါက်ပြီးသားဖြစ်သွားမှာပါ..ဆက်စပ်လေ့လာကြည့်ပါ ...Thank !!!





.Type the rest of your post here.

Word to pdf converter (doPDF)

တင်ပြသူ Kyaw Htin Thursday, 16 February 2012

Word ကနေ Pdf ပြောင်းဖို့ Software တစ်ခုကို Share ပေးလိုက်ပါတယ်..။
ပထမဦးဆုံး software ကို DOWNLOAD လုပ်လိုက်ပါ...
ပြီးရင် All program ----> doPDF7 ကိုသွားပြီး ကလစ်ပါ ဒီပုံလေးပေါ်လာပါမယ်..။





ပြီးရင် create ရဲ့ဘေးနားလေးက Buttom လေးကို Click ပီး မိမိပြောင်းလိုသော word file ကိုရွေးပါ။ ပြီးရင် cerate ကိုနှိပ်ပါ။ အောက်ကပုံအတိုင်းပေါ်လာပါလိမ့်မယ်။




ပြီးရင် OK ကိုဆက်ပေးပါ မြန်လည်းမြန်ပါတယ်.....။ အဆင်ပြေပါစေ

Visual Basic for Applications lesson (1)

တင်ပြသူ Kyaw Htin


Visual Basic for Applications (VBA ) အကြောင်းကို မြန်မာလို လေ့လာနိုင်ရန် သိရှိနားလည်စေရန်အတွက်

လစဉ်ရေးသားပေးသွားပါမည်။ (VBA) program ပိုင်းမှာ Professional မဟုတ်ပေမဲ့ လက်ရှိ စာတမ်း Research အတွက် အသုံးပြု လေ့လာ သင်ကြားနေရသော ဘာသာရပ်ဖြစ်သည့်အတွက် ဝေမျှပေးလိုခြင်းနှင့် အကြံဥာဏ်များ Knowledge share များရယူလိုပါသည်။ ပထမအပိုင်းအနေဖြင့် Introduction နှင့် VBA ကို မိမိ၏ office file တွေထဲမှာ ဘယ်လိုထည့်မလဲ ဆိုတာကို ဆွေးနွေးထားခြင်းဖြစ်ပါသည်........။

ထို့အပြင် နောက်ပိုင်းမှာ မိမိတွေ့မိသမျှ (VBA) နှင့် ရေးသားထားသည့် ဂိမ်းများ / စာအုပ်များကိုလည်း မျှဝေပေးသွားပါမည်.။


အောက်မှာပါ ချစ်မိတ်ဆွေများအတွက်.............

DOWNLOAD (1)


How to make Folder lock with batch file

တင်ပြသူ Kyaw Htin Friday, 10 February 2012












1) Folder တခု လုပ်လိုက်ပါ။
လုပ်ပုံကိုပါ။ပြောပြလိုက်မယ်။ Desktop တနေနေရာ မှာ Right Click နှိပ်ပြီး New ကိုသွားပါ။
ပြီးရင် တော့ Folder ကိုသွားလိုက်ရင် Folder ရပါပြီး။

2) ကဲ အဲ့ဒီ Folder ထဲမှာ Text File တခုလုပ်လိုက်ပါ။
3) ပြီးရင် အောက်က Code တွေကိုကူးထည့်ပေးပါ။

Code:
cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== (ထည့်ချင်တဲ့ Password ကိုဒီမှာရေးပါ။) goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End

4) အပေါ်ကစာတွေကိုကူးပြီးသွားပြီးဆိုရင် locker.bat နဲ့ Save လိုက်ပါ။
ထည့်ချင်တဲ့ Password ကိုဒီမှာရေးပါ။ ဆိုတဲ့စာကိုဖြတ်ပြီး သင့်ရင်Password ကိုရေးလိုက်ပါ။
5) Save ပြီးသွားတဲ့ အခါ အဲ့ဒီ locker.bat file လေးကို Double Click လိုက်ပါ။
Private ဆိုတဲ့ Folder တခုကြလာပါလိမ့်မယ်။
6) ကို Lock ခက်ချင်တဲ့ File တွေမှန်သမျှကို Private Folder ထဲ7) အဲ့ဒီလိုမျိုးဘဲကျလာရင် Y ကိုနှိပ်ပြီး Enter ခေါက်လိုက်ပါ။
အဲ့ဒီအခါ မှာ Private ဆိုတဲ့ Folder လေးကပြန်ပြောက်သွားပါလိမ့်မယ်။
ကို Private Folder ထဲမှာ ထည့်ထားတဲ့ File တွေကိုပြန်ယူချင်တယ်ဆိုရင်
locker.bat File လေးကို Double Click ပြန်နှိပ်ပြီး ကိုယ်ထည့်ထားတဲ့ Password ကိုရေးပြီး
Enter ခေါက်လိုက်ရင် ပြန်ပေါ်လာရော..သုံးကြည့်ပါ အရမ်းကောင်းပါတယ်............ချမ်းမြေ့ပါစေ..........

hk*

Recover method of folder hidden file

တင်ပြသူ Kyaw Htin Tuesday, 31 January 2012



















ပျောက်နေတဲ့ ဖိုင်လေးတွေဖော်နည်းလေးပါ.။
Virus ကြောင့်ပဲဖြစ်ဖြစ်၊ ကိုယ့်ကြောင့်ပဲဖြစ်ဖြစ် ကိုယ်မှတ်ထားတဲ့
ဖိုင်လေးတွေ ပျောက်သွားရင် ပြန်ဖော်နည်းလေးကို ဝေမျှလိုက်ပါတယ်။ အရင်
ဆုံးလုပ်ရမှာက Hidden လုပ်ထားတဲ့ဖိုင်လေးထဲကိုဝင်လိုက်ပါ။ ပြီးရင် Tools-----> Folder Options ----> View ထဲက
Hidden Files & Folder ထဲကနေ Show Hidden File, Folder & drives ကိုရွေးပေးပါ။ ဒါမှမပေါ်လာသေးရင်
Hide Protect Operating System File(Recommemded) ကို အမှန်ခြစ်လေး
ဖြုတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ပေါ်လာပါလိမ့်မယ်။ ဒါမှမပေါ်လာရင်
cmd နဲ့ဖော်နည်းလေးကိုပြောပြပါမယ်။
အရင်ဆုံး Start------>cmd
CMD တက်လာပါက ကိုယ်ဖော်ချင်တဲ့ Folder ထဲကို
ဝင်ပါ။ ဥပမာ- ပျောက်နေတဲ့ဖိုင်တွေ
ရှိတဲ့နေရာက stick ထဲမှာဆိုပါက stick
နာမည်ကို ရိုက်ထည့်ပေးပါ။ stick Name : E ဆိုပါက ( E:)ဟု ကွန်မန်း
လိုင်းထဲတွင်ရိုက်ထည့်ပေးပါ။ ထိုအခါ E :ထဲသို့ရောက်သွားမှာဖြစ်တယ်။
အဲ့ဒီအချိန်မှာ ပျောက်နေတဲ့ဖိုင်ကိုဖော်ဖို E:\> attrib -S-H-R-A *.*/S/D
လို့ ရိုက်ထည့်ပေးပါ။ S ရဲ့အဓိပ္ပာယ်က S။ H အဓိပ္ပာယ်က hidden file
R က Read-Only File ကိုခေါ်တယ်။
ဒါဆိုရင် ပျောက်နေတဲ့
ဖိုင်လေးတွေကို ပြန်ဖော်ဖို့အတွက် အဆင်
ပြေကြလိမ့်မယ် လို့ထင်ပါတယ်။


Source : The Voice(8)

New Year photoshop frame and Adobe Photoshop Layer Book

တင်ပြသူ Kyaw Htin Saturday, 31 December 2011





















အားလုံးဘဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မင်္ဂလာနှစ်သစ်လေး ဖြစ်ပါစေ... (Happy New Year !!!)
ဒီနေ့တော့ New Year frame (psd frames) နဲ့  Adobe Photoshop Layer Book (english) လေးကို နှစ်သစ်လက်ဆောင်အဖြစ်ဝေဌပေးချင်ပါတယ်.......ဓာတ်ပုံအလှဖန်တီးချင်သူများ
Professional လုပ်နေသူများအတွက် လိုအပ်မယ်လို့ ထင်ပါတယ်........။
နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက် .....


New Year photoshop frame ----> DOWNLOAD
Adobe Photoshop Layer Book ----> DOWNLOAD

Laptop battery problem window 7 ( consider replacing your battery problem)

တင်ပြသူ Kyaw Htin Sunday, 4 December 2011






















ဖော်ပြထားတဲ့ပုံအတိုင်း Laptop တွေမှာ ( consider replacing your battery problem) ဆိုတဲ့ message လေးပေါ်တဲ့ problem တက်တာမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့.....ဖြေရှင်းနည်းကိုရှာရပါတော့မယ်...။
battery ပျက်တာလို့ မှတ်လို့မရသေးပါဘူး...။ Adapter ကနေ၀င်တဲ့လျှပ်စစ်ကိုလက်ခံတယ်... Laptop battery ရဲ့ AC power ကအလုပ်မလုပ်ဘူးဖစ်နေတက်ပါတယ်..။
ဆိုးကျိုးအနေနဲ့ Battery ပျက်သွားနိုင်ပါတယ်..။ ပြီးတော့ ၀င်းဒိုးအသစ်တင်တဲ့အခါမှာ Rate နဲ့ မိမိရဲ့ Computers performance တွေကို improve လုပ်လို့မရတော့ပါဘူး။
ဥပမာ Memory speed တို့ Graphics တွေ ထပ်ပြီးမြင့်လို့မရတော့ပါဘူး။ Window တင်ထားတဲ့ဖိုင်တွေကို မှားပြီးဖြတ်မိတဲ့အခါတို့မှာ ဖြစ်တက်ပါတယ်။
Battery ကိုအသစ်မလှဲသေးဘဲနဲ့ fix လုပ်ဖို့အရင်ဆုံးအကြံပြုချင်ပါတယ်..။ ဒီပြဿနာဖြေရှင်းနည်းကို လည်းရှာရတာခက်ပါတယ်။
အဆင့်(၁)။ ။Battery ရဲ့ properties တွေချိန်းကြည့် window 7 BIOS update တွေလည်းပေးကြည့်ပါ။
မရသေးဘူးဆို၇င်
အဆင့်(၂)။ ။Window 7 ကိုပြန်တင်ကြည့်ပါ။ ( Setup Window 7)
မရလာဘူး နဂိုအတိုင်းဘဲပေါ်တယ်ဆိုရင်....
အဆင့်(၃)။ ။Vista (သို့) မှုရင်းပါလာတဲ့ window 7 ခွေကိုပြန်တင်ကြည့်ပေးပါ။ (Change other OS window, as Vista and XP.)
အဲ့ဒါမှ မရတော့ဘူးဆိုရင်တော့
ဝယ်ရဖို့တော့ သေချာသလောက်ရှိနေပါပြီ :)
ညီငယ်လေးတစ်ယောက် ပြဿနာဖြစ်တဲ့ဟာလေးကို ဝေမျှခြင်းပါ...။သူ့ကိုတော့ Vista ပြောင်းပီးတင်ခိုင်းလိုက်တာ အဆင်ပြေသွားပါတယ်။
တခြားသူတွေရဲ့ resolution လေးတွေရှိရင်လည်း ဝေမျှပေးပါအုံး.......ကျေးဇူးတင်လျှက်.....။

AutoCAD with myanmar Ebooks

တင်ပြသူ Kyaw Htin

















မြန်မာလို ထွက်ရှိပြီးတဲ့ AutoCAD စာအုပ်လေးတွေကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်..။
စလေ့လာနေတဲ့သူတွေအတွက်ကော လုပ်ငန်းခွင်ဝင်နေတဲ့သူတွေအတွက်လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။
အောက်မှာယူလိုက်ပါ........Thank

AutoCAD (2005)
Auto CAD (2002)
AutoCAD (2010)

Windows 7 / Vista to Boot Into Safe Mode Without Using the F8 Key

တင်ပြသူ Kyaw Htin Tuesday, 1 November 2011

F8 key ကိုနှိပ်တယ် အလုပ်မလုပ်ဘူး ဆိုရင် safe mode ထဲကို ဝင်ဖို့ အောက်ဖော်ပြပါနည်းနဲ့လည်း လုပ်ဆောင်နိုင်ပါတယ်။

( ၁ ) Start Button ကို click ပါ။
( ၂ ) Search box (or) Ran မှာ “msconfig” လို့ ရိုက်ပါ။ Enter ခေါက်ပါ။
( ၃ ) အဲလိုလုပ်လိုက်ရင် “System Configuration” window ပွင့်လာပါလိမ့်မယ်။
( ၄ ) “Boot” tab မှာ ရှိတဲ့ Boot Options section ကို သွားပါ။
( ၅ ) အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ check ပေးပါ။

















( ၆ ) ပြီးရင် Restart ပေးပါ။











(၇) ပြီးရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ uncheck ပေးပါ။













ဒါမှ process က ပုံမှန်အတိုင်းပြန်ဖြစ်မှာပါ။ အဆင်ပြေပါစေ

ProShowProducer

တင်ပြသူ Kyaw Htin Wednesday, 19 October 2011











ProShowProducer လို့ခေါ်တဲ့ Movie Maker ဆော့လ်ဝဲလေးဖြစ်ပါတယ်။ http://www.blogger.com/img/blank.gif
Portable လေးလည်းဖြစ်တော့ သုံးရတာလည်း အဆင်ပြေပါတယ်
လုပ်နည်းကိုပါ ထည့်ပေးထားပါတယ်.....။ဓာတ်ပုံတွေ Movie တွေနဲ့  Movie ကောင်းကောင်းဖန်တီးချင်သူတွေ
အတွက်အသုံးဝင်မယ်လို့ထင်ပါတယ်..။
ချွင်းချက်အနေနဲ့
Movie ကို .mpg နဲ့ သိမ်းမှသာ MB နည်းနည်းနဲ့ သိမ်းဆည်းနိုင်မှာပါ..။
.avi file ရချင်ရင်တော့ GB လောက်ထိ များသွားပါလိမ့်မယ်......
အဆင်ပြေပါစေ ဒေါင်းရန်.....

DOWNLOAD

PC- Mechanic (Diagnostic of PC using by order tracking) mm Ebook

တင်ပြသူ Kyaw Htin Friday, 7 October 2011






မိမိPC ကွန်ပျူတာ error ဖြစ်ပေါ်ပါက စနစ်တကျ စမ်းသပ်စစ်ဆေးသည့် နည်းလမ်းစာအုပ်လေးပါ။
ကွန်ပျူတာ၏ မည်သည့်အစိတ်အပိုင်းက ပျက်နေသည်ဆိုတာကို တစ်ဆင့်ချင်းစစ်ဆေးပုံ၊ ပြဿနာများ။ အကြောင်းရင်းများ၊
လက္ခဏာများ၊ ဖြေရှင်းပုံများ သိသင့်သိထိုက်သည်များ ကိုဤစာအုပ်တွင် ဖော်ပြထားပါသည်။
ကိုဇော်လင်း _Youth computer Group ကရေးသားထားတဲ့စာအုပ်လေးပါ
ကွန်ပျူတာသမားများအတွက် လက်စွဲထားသင့်တယ် ထင်လို့ပါ..http://www.blogger.com/img/blank.gif
လိုချင်ရင်တော့ အောက်မှာပါ..........

Download


ဒါကတော့ လက်တော့ အသစ်ဝယ်မဲ့သူများ ၊ ပါဝင်သော အစိတ်အပိုင်း services များကိုသိလိုသူတွေအတွက်
Laptop Services Guide ဖစ်ပါတယ် အဆင်ပြေကြပါစေ

Download

Type your summary here.Type the rest of your post here.

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar