Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

Should be use antivirous software for Window7

တင်ပြသူ Kyaw Htin Friday, 4 December 2009










Windows 7 တွင်လုံခြုံရေးဆိုင်ရာ feature အသစ်တွေပါဝင်လာပေမယ့် Antivirus ပရိုဂရမ် များကိုတော့တွဲဖက်အသုံးပြုဖို့လိုအပ်ပါတယ်။ အောက်ဖော်ပြပါ Antivirus ပရိုဂရမ် ၁၀ခု ကတော့ Windows 7 နဲ့တွဲဖက်အသုံးပြုသင့်တဲ့ Antivirus ပရိုဂရမ်များ ဖြစ်ပါတယ်။


1: AVG
AVG 9.0 ကိုအခမဲ့ဗားရှင်း AVG Antivirus Free ဖြင့်ရရှိ နိုင်သလို AVG Antivirus, AVG Internet Security, AVG Internet Security Business Edition စတဲ့ပုံမှန်နှစ်စဉ်ကြေး (Subscription edition) ဖြင့် လည်းရရှိနိုင်ပါတယ်။ Free edition မှာ antivirus နဲ့ anti-spyware တွေကိုအသုံးပြုနိုင်ပေ မယ့်အလိုအလျောက် update ပြု လုပ်ပေးနိုင်မယ့်စနစ်တော့ပါဝင် လာခြင်းမရှိပါဘူး။ Update ပြု လုပ်လိုတဲ့အခါမှာတော့ manual ဖြင့်ပြုလုပ်နိုင်ပါတယ်။ Subscription edition မှာတော့ Free edition မှာပါဝင်တဲ့ feature များကို အသုံးပြုနိုင်သလို phishing နဲ့ anti-rookit ကာကွယ်မှုစတဲ့ feature တွေကိုအသုံးပြုနိုင်မှာဖြစ်ပါ တယ်။

2: avast!
လက်ရှိ avast! ဗားရှင်းဟာ ၄.၈ ဖြစ်ပြီး ဗားရှင်း ၅.၀ ကိုတော့ မကြာခင်အသုံးပြုနိုင်တော့မှာဖြစ်ပါ တယ်။ အခမဲ့အသုံးပြုနိုင်တဲ့ Home Edition နဲ့ နှစ်စဉ်ကြေးပေးသွင်း ကာအသုံးပြုနိုင်တဲ့ Professional Edition ဆိုပြီးရရှိနိုင်ပါတယ်။ Home Edition မှာ antivirus, anti-spyware, anti-rookit, automatic update စတာတွေကို အသုံးပြုနိုင်ပြီး Professional Edition မှာတော့ Free Edition မှာပါဝင်တဲ့ feature အပြင်အခြား feature မြောက်များစွာဖြင့်အသုံး ပြုနိုင်မှာဖြစ်ပါတယ်။

3: McAfee
McAfee 2010 ကို Virus-Scan Plus, Internet Security, Total Protection စသည့် Home Edition သုံးမျိုးဖြင့်ရရှိနိုင်ပြီး Edition တစ်ခုစီတွင် antivirus, anti-spyware, anti-phishing နဲ့ firewall protection စတဲ့ feature တွေပါဝင်ပါတယ်။

4: Norton
Norton 2010 ကို Internet Security, AntiVirus စတဲ့ဗား ရှင်းနှစ်မျိုးဖြင့်ရရှိနိုင်ပါတယ်။ ၎င်းင်း ဗားရှင်းနှစ်မျိုးစလုံးတွင် virus, spyware, Trojan horse, worm, rookit တို့ဝင်ရောက်ခြင်း မှကာကွယ်ပေးနိုင်မယ့်အချက်တွေ ပါဝင်ပါတယ်။ Internet Security ဗားရှင်းမှာတော့ firewall အ တွက်နည်းလမ်းနှစ်မျိုးပါဝင်ပြီးအ ခြားလုံခြုံရေး feature များလည်း ပါဝင်လာပါတယ်။

5: Kaspersky
Kaspersky ရဲ့ Antivirus 2010 နဲ့ Internet Security 2010 တို့ကို download ပြုလုပ် ကာ ရက် ၃၀ စမ်းသပ်သုံးစွဲနိုင်ပါ တယ်။ ၎င်းင်းဗားရှင်းနှစ်ခုစလုံးတွင် virus, spyware, Trojan, worm, bot စသည်တို့ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အချက်တွေပါ ၀င်သည့်အပြင် phishing နဲ့ identity theft ကာကွယ်မှုစနစ်တွေ လည်းပါဝင်လာပါတယ်။ Internet Security ဗားရှင်းမှာတော့ applicaton နဲ့ browser တို့ မှအချက်အလက်များကိုကာကွယ် ပေးနိုင်တဲ့ Safe Run လိုအဆင့် မြင့် feature တွေပါဝင်လာသည့် အပြင် application တွေရဲ့လုံခြုံ မှုကိုစစ်ဆေးပေးနိုင်တဲ့ Security Analyzer စတဲ့ feature တွေပါ ၀င်လာပါတယ်။


6: Trend Micro
Trend Micro ကထုတ်လုပ် တဲ့ Antivirus + Antispyware, Internet Security, Internet Security Pro တို့ကို အခမဲ့စမ်းသပ်အသုံးပြုနိုင်ပါတယ်။ ဗားရှင်းတစ်ခုစီမှာ antivirus နဲ့ anti-spyware ကာကွယ်မှုဖြင့် အသုံးပြုနိုင်ပြီး Internet Security ဗားရှင်းတွင် ၀က်ဘ်၊ အီးမေးလ်နဲ့ parental ကာကွယ်မှုစနစ်များကို အသုံးပြုနိုင်ပါတယ်။

7: Panda Security
Panda 2010 မှာတော့ Anti-virus Pro, Internet Security, Global Protection စတဲ့ဗားရှင်းများဖြင့်ရရှိနိုင်ပြီး antivirus, anti-spyware, anti-phishing, firewall protection တို့ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Internet Security ဗားရှင်းတွင် anti-spam, parental control, backup စသည့် feature များထပ်ပေါင်းပါဝင်ပြီး Global Protection ဗားရှင်းမှာတော့ backup နဲ့ PC Tuneup feature များပါဝင်လာပါတယ်။

8: PC Tools
Spyware Doctor ပါဝင်တဲ့ Antivirus 2010 ဟာ virus, spyware, Trojan, adware, worm, keylogger စသည်များကို ဖယ်ရှားပေးနိုင်ပါတယ်။

9: Sunbelt Software
Sunbelt Software ရဲ့ VIPRE (Virus Intrusion Protection Remendation Engine) ဟာ Windows 7 နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ Antivirus + Antispyware ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Windows 7 ရဲ့ XP Mode ဖြင့်လည်း အသုံးပြုနိုင်ပြီး အဲ့ဒီအတွက်လိုင်စင်ကြေးထပ်မံပေးသွင်းဖို့မလိုပါဘူး။

10: Microsoft Security Essentials
Microsoft Security Essentials ဟာအခမဲ့ download ပြုလုပ်ကာအသုံးပြုနိုင်တဲ့ Antivirus ပရိုဂရမ်ဖြစ်ပါတယ်။ Virus, spyware အပြင်အခြားအန္တရာယ်ရှိတဲ့ rookit, Trojan စတဲ့ ဆော့ဖ်ဝဲတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် သံသယဖြစ်ဖွယ်ဖိုင်များနဲ့ပရိုဂရမ်များလုပ်ရှားမှုကိုလည်း စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး download ဖိုင်များနဲ့ attach ဖိုင်များကိုလည်းစစ်ဆေးပေးနိုင်ပါတယ်။

(မှတ်ချက် :source by internetjournal
အရင်ကပေးခဲ့ Avast Attivirous သည် Lastest Virsion ဖြစ်ပါတယ်နောက်ထပ်လည်း
Ativirous ဆော့ဝဲလ်များတွေ့ရင်တင်ပေးသွားပါမယ်)

Adobe Audition v1.5

တင်ပြသူ Kyaw Htin Monday, 30 November 2009




















Adobe Audition v1.5 ဆော့လ်ဝဲဖြစ်ပါတယ်
Audio Edition လုပ်ချင်သူများအတွက်
အသုံးလိုတဲ့ဆော့လ်ဝဲဖြစ်ပါတယ် Key makerပါထည့်ပေးထားပါတယ်
အဆင်ပြေပါစေဗျာ..
ဆော့လ်ဝဲလ်ရယူရန်

DOWNLOAD

Type the rest of your post here.

antivirsus avast

တင်ပြသူ Kyaw Htin Thursday, 26 November 2009









antivirsus avast ဆော့လ်ဝဲလေးဖြစ်ပါတယ်
တွေ့မိ စုမိတုန်းလေး တင်ပေးလိုက်ပါတယ်
အောက်က Rar ဖိုင်ထဲမှာ Keygen လေးပါထည့်ပေးထားပါတယ်
Avast ကြိုက်တဲ့သူများနဲ့ စမ်းသုံးချင်တဲ့သူများအတွက်ပါ
အောက်မှာ Download ရယူပါ

DOWNLOAD


Type the rest of your post here.

Leaves-Brushes for photoshop cs

တင်ပြသူ Kyaw Htin Sunday, 22 November 2009







Photoshop သမားများအတွက်
Leaves-Brushes plugin လေးဖြစ်ပါတယ်
ရှာထားတာတော့ကြာပြီ ခုမှဘဲပေးဖြစ်တယ်
အောက်မှာရယူကြပါခင်ဗျ

DOWNLOAD



Type the rest of your post here.

some useful website and Opera Broswer

တင်ပြသူ Kyaw Htin Friday, 20 November 2009










ဘာရယ်မဟုတ်ပါဘူး ကို့အတွက်လည်းမှတ်သားပြီးသားဖြစ်အောင်
တစ်ခြားသူများလည်း သိရှိနိုင်အောင် လေ့လာရှာဖွေနိုင်တဲ့ website linkလေးတွေကို
စုစည်းခြင်းဖြစ်ပါတယ်...ပြီးတော့ အပိုလက်ဆောင် Opera Browser လေးပေးလိုက်ပါတယ်
search လုပ်တဲ့အခါမြန်လည်းမြန်ကောင်းလည်းကောင်းတဲ့ Browser လေးဖြစ်ပါတယ်..
ကဲပထမဦးဆုံးလင့်လေးတွေကိုစုစည်းလိုက်ပါတယ်...

၁။http://gigapedia.com/
ဒီဆိုက်လေးကို သူငယ်ချင်းတစ်ယောက်ကပြောပြလို့သိတာပါ။ ဆိုက်မှာအကောင့်ဖောက်ပြီးလိုချင်တဲ့စာအုပ်အမျိုးအစားကို
ရှာဖွေနိုင်ပါတယ်။ ifile နဲ့ rapid တွေကနေ uploading တင်ထားပြီးပေးကြတာများပါတယ်
စာတမ်းလုပ်နေသူများ၊ လေ့လာလိုသူများအတွက်အသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်..။

၂။www.pdfoo.com
ဒီဆိုက်ကတော့ Ebook တွေကိုရှာဖွေလို့ရနိုင်တဲ့ဆိုက်လေးဖြစ်ပါတယ်။

၃။nptel
အိန္ဒီယနည်းပညာတက္ကသိုလ်မှ Phdများ,Doctor of Science များ၊ဌာနမှုးများကိုယ်တိုင်ပို့ချပေးတဲ့ lectureများကို
youtube ကနေပြန်လည်လေ့လာနိုင်တဲ့နေရာလေးပါ။ လေ့လာလိုသူများအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်..။

ကဲဒီတစ်ခါပေးမှာကတော့ Oprea Broswer software ဖြစ်ပါတယ်..
Broswer ကိုမြန်မြန်နဲ့သွက်သွက်လေးအသုံးပြုချင်ရင်တော့ Opera ဆော့လ်ဝဲကအထောက်အကူပေးပါလိမ့်မယ်
ဒီနေရာမှာရယူနိုင်ပါတယ်...
DOWNLOAD

Type the rest of your post here.

Special Edition Using Microsoft Excel 2007 Ebook

တင်ပြသူ Kyaw Htin Thursday, 19 November 2009









Special Edition Using Microsoft Excel 2007 ဆိုတဲ့ Ebook လေးဖြစ်ပါတယ်
စာအုပ်ကတော့ အင်္ဂလိပ်လိုဘဲရေးထားတာပါ Excel နဲ့အလုပ်လုပ်နေသူများနဲ့
လေ့လာနေသူများ ၀ါသနာပါသူများအတွက်ဝေမျှပေးလိုက်ပါတယ်
အောက်မှာယူလိုက်ပါ.. 52MB ကျော်ကျော်လောက်တော့ရှိပါတယ်
အဆင်ပြေကြပါစေ

DOWNLOAD

Type the rest of your post here.

Window media player 11 for XP

တင်ပြသူ Kyaw Htin Monday, 16 November 2009











WMP11 software လေးသတိရတုန်းဝေမျှပေးလိုက်ပါတယ်ခင်ဗျ
DVD file type တွေကို ဒီ player လေးနဲ့သုံးရင်အဆင်ပြေပါလိမ့်မယ်ခင်ဗျ
ဆော့လ်ဝဲလေးက ဒီမှာ ပါ
DOWNLOAD

Type the rest of your post here.

ABBYY.ScanTo.Office

တင်ပြသူ Kyaw Htin Thursday, 12 November 2009













ABBYY.ScanTo.Office software ဖြစ်ပါတယ်
Microsoft World,Excel,Outllok or Windows Explorer များကို Direct ပြောင်းပေးနိုင်တဲ့
ဆော့လ်ဝဲလေးဖြစ်ပါတယ် Scanner နဲ့တွဲသုံးရမှာဖြစ်ပါတယ်
Scanner ဆော့လ်ဝဲအမျိုးအစားမျိုးဖြစ်ပါတယ်..ဒါပေမဲ့ထူးခြားတာက
ှScan ဖတ်လိုက်တာနဲ့တစ်ခါတည်းအပေါ်က Microsoft Word အစရှိတဲ့ဖိုင်အမျိုးအစားတိုင်း
ပြောင်းပေးသွားမှာဖြစ်ပါတယ်... စာအုပ်(သို့) စာတမ်းတွေက စာတွေကို office file အဖြစ်သိမ်းဆည်းနိုင်ဖို့
အထောက်အကူပြုနိုင်ပါတယ် အပြင်မှာဒီဆော့လ်ဝဲကိုအလကားမပေးပါဘူး ၀ယ်ရတာတွေချည်းပါဘဲ
ကျွန်တော်လည်း သူများ buy ထားတာလေးဝေမျှပေးလိုက်တာပါ
Rar file ထဲမှာ keygen ပါပါတယ် လိုတဲ့သူများ
လိုသလို အသုံးပြုနိုင်ဖို့အတွက်ပါ အဆင်ပြေကြပါစေ
ဆော့လ်ဝဲလေးကတော့ ဒီမှာပါ

DOWNLOAD

Type the rest of your post here.

Recover office program when that show not responding

တင်ပြသူ Kyaw Htin Wednesday, 11 November 2009









ဘာရယ်တော့မဟုတ်ပါဘူး သိပြီးသားတွေလည်းဖြစ်ချင်ဖြစ်မှာပါ
ကျွန်တော့်အနေနဲ့ ပြန်ကြည့်နိုင်အောင်နဲ့ သတိထားနိုင်အောင် ဒီပို့စ်လေးရေးလိုက်တာပါ
မနေ့က ကျွန်တော် မာစတာ စာတမ်းအတွက် microsoft word နဲ့ဘာသာပြန်ပြီးလေ့လာနေတော့
word file ထဲမှာလိုအပ်တာလေးတွေမှတ်ထားတာပေါ့ဖြစ်ချင်တော့ word file ကိုsave ပြီးပိတ်ခါနီးမှာ
microsoftword ကဟန်းသွားတယ် not responding ဆိုပြီးဘဲပြနေတယ်
ပိတ်လိုက်လို့ရှိရင်လည်း ဘာ data မှသိမ်းနိုင်တော့မှာမဟုတ်ဖူးလေ
Broswer တွေကျတော့ သူအလိုလို end now ပေးပြီးရင်ပြန်ဖွင့်ရင် အဲဒီနေရာကိုပြန်ေ၇ာက်နိုင်သေးတယ်
office ကတော့သွားရော End now ပေးလိုက်တာနဲ့အသစ်ရှာထားတဲ့ Data တွေမသိမ်းနိုင်တော့ဘူး
အဲဒီတော့ ထုံးစံအတိုင်းအင်တာနက်မှာရှာရပြီပေါ့
တွေပါတယ် Recover a program that is not responding ဆိုပြီး office microsoft.com
ကနေဖြေရှင်းနည်းလေးပေးထားပါတယ်...
သူထဲမှာတော့ Office file 2003 version အားလုံးအတွက်ဖြေရှင်းနိုင်ပါတယ်တဲ့ ဥပမာ (microsoftword, Excel,Power point )အစရှိသဖြင့်ပေါ့ ..
လုပ်နည်းကတော့
၁။ ပထမဦးဆုံးဖိုင်ကိုမပိတ်ပစ်လိုက်ပါနဲ့ ဒီတိုင်း not responding ဖြစ်နေတဲ့အတိုင်းထားပါ ပြီးရင်
Star menu ---> all program ---> Microsoft Office Tools ကနေ Microsoft Office Application Recoveryဆိုတာလေးကို ကလစ်ပေးလိုက်ပါ...။
၂။ အဲဒီအခါမှာ Recovery လုပ်ဖို့ Aplication box လေးပေါ်လာပါမယ် အဲဒီ box ထားမှာ not responding ဖြစ်နေတဲ့ဖိုင်လေးကို သွားပြီးရှာပေးပြီး box လေးထဲထည့်ပေးထားလိုက်ပါ။

၃။ ပြီးရင် application box ထဲကnot responding ဖြစ်နေတဲ့ဖိုင်လေးကို select လုပ်လိုက်ပါ။ အဲဒီအခါမှာ
(က) သင်ဟာ Recovery ပြန်လုပ်မယ် Data ကိုပြန်ရချင်ရင်တော့ Recover Applicationကိုclickပေး လိုက်ပါ။
(ခ ) မလိုချင်တော့ဘူး program ဟန်းနေတာ ငြိမ်းရင်ပြီးရောဆိုရင်တော့ End application ကို သာ click ပေးလိုက်ပါတော့။။။

၎။ ပြီးရင်တော့ program ကနေ respond တက်လာပါလိမ့်မယ်အဲဒီအခါမှ Send Error Report (သို့) Don't Send.
ဆိုတာလေးကို click ပေးလိုက်ပါ။
၅။ program ပိတ်သွားပါလိမ့်မယ် နောက်တစ်ခါ ကိုလုပ်ထားတဲ့ office file အမျိုးအစားကိုပြန်ဖွင့်လိုက်တဲ့အခါမှတော့
ခုနက not responding ဖြစ်နေတဲ့ဖိုင်လေးကိုအကောင်းပကတိအတိုင်း recover file အနေနဲ့တွေ့မြင်ရမှာဖြစ်ပါတယ်
Data လေးလည်းမပျောက်သွားတော့ပါဘူး အဲဒီတော့မှစိတ်ကြိုက် Save ချင်save ဆက်လုပ်ချင်လုပ်ပေါ့
အဆင်ပြေပါစေဗျာ အတက်နိုင်ဆုံးတော့ ဘာသာပြန်ပေးလိုက်ပါတယ်
လိုအပ်တာရှိနားလည်နိုင်ကြပါစေဗျာ

မောင်ပညာ


Type the rest of your post here.

DjVu Reader v.2.0.0.26 (Reader software)

တင်ပြသူ Kyaw Htin Saturday, 7 November 2009

ဒီကနေ့ကျွန်တော် internet ကနေ Linear electronics and control system အကြောင်းကိုလေ့လာဖို့
ဆိုပြီး ဖိုင်တစ်ခုကိုဒေါင်းလွတ်ချခဲ့တယ် rar ဖိုင်နဲ့ပေးထားတာဆိုတော့ အထဲကဖိုင်က
ဘာfile type အမျိုးအစားမှန်းမသိခဲ့ဘူး ကိုယ်ထင်ထားတာကတော့ရိုးရိုး pdf file type နဲ့ဘဲပေးမယ်ထင်တာပေါ့ တကယ်လည်း rar ဖိုင်ဖြေလိုက်တော့ DjVu file ဖိုင်အမျိုးအစားဖြစ်နေတယ် ကိုဘဲတစ်ခြားနည်းပညာဝက်ဆိုက်တွေကိုမလေ့လာလို့လားမသိဘူး တစ်ခါမှမတွေ့ဖူးဘူး အဲဒီဖိုင်အမျိုးအစားကို အဲဒီတော့ထုံးစံအတိုင်း စပ်စုချင်တဲ့စိတ်လေးနဲ့ အဲဒီ DjVu ဖိုင်ကို
ဖတ်လို့ရမဲ့ဟာလေးကိုရှာကြည့်တာပေါ့ လောလောဆယ်တော့အဲဒီဖိုင်အမျိုးအစားတွေ့ရင်
ဖတ်နိုင်ကြည့်နိုင်တဲ့ reader တစ်ခုသွားတွေ့တယ်…
DjVu Reader v.2.0.0.26 ဆိုဘဲစမ်းကြည့်လိုက်အုံးမယ် … wait :)
အဆင်ပြေပါတယ်ခင်ဗျ အောက်ကပုံအတိုင်း








DjVu ဖိုင်အမျိုးအစားတွေကို ဖတ်ရှု့နိုင်ပါတယ်
ဆော့လ်ဝဲလေးကိုတော့တော်တော်လေး ညွှန်းထားတယ် DjVu ဖိုင်အမျိုးအစားတွေအတွက်
အဆင်ပြေသော ကျစ်လစ်သိပ်သည်းသော စသဖြင့် တကယ်လည်းသုံးရလွယ်ပါတယ်
Portable အမျိုးအစားလေးပါဘဲ file ကိုဖွင့်ပြီး DjVu ဖိုင်အမျိုးအစားကိုရှာရုံပါဘဲ
DjVu ဖိုင်အမျိုးအစားတွေလို့ စိတ်မညစ်စေရအောင်နဲ့ အကျိုးရှိတာလေးတွေကိုလေ့လာနိုင်ဖို့အတွက်
ဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ်

Download


ဗဟုသုတအဖြစ်ကော အမှတ်တရအနေနဲ့ကောတင်ပြပေးခြင်းဖြစ်ပါတယ်
အဆင်ပြေကြပါစေ စကားမစပ်စာအုပ်ကောပါ လင့်ချိတ်ပြီးပေးလိုက်ပါတယ်…
အချိန်ရရင် DjVu filetype အကြောင်းနှင့် Create လုပ်နိုင်တဲ့ဆော့ဝဲလေးကို
တင်ပေးပါမယ် အားလုံးအဆင်ပြေပါစေ

VLC and mplayerc Portable

တင်ပြသူ Kyaw Htin Friday, 6 November 2009










ဒါကတော့ VLC player portable ဆော့လ်ဝဲလေးဘဲဖြစ်ပါတယ်
ဒီမှာတော့ ဒီplayer လေးနဲ့ TV channel လိုင်းတွေကိုဖမ်းယူကြည့်ရှုကြပါတယ်
player အမျိုးမျိုးနဲ့ဖွင့်မရ အဆင်မပြေတာတွေအတွက် စမ်းကြည့်နိုင်ဖို့
ပေးလိုက်ပါတယ် အောက်မှာ ယူပါ

DOWNLOAD

ထပ်ပြီးတော့ mplayer classic portable ဆော့လ်ဝဲလေးထပ်ပေးလိုက်ပါတယ်






FLV ဖိုင်အမျိုးအစားတွေအတွက်လည်းအဆင်ပြေပါတယ်
စမ်းသုံးကြည့်ဖို့ပေးလိုက်ပါတယ်..
DOWNLOAD

အပေါ်နဲ့အောက်player များဟာ portable များဖြစ်တဲ့အတွက်တန်းပြီးအဲဒီplayer များနှင့်
ဖွင့်မရပါဘူး player ကိုအရင်ဖွင့်ထားပြီးဖွင့်လိုတဲ့ဖိုင်ကို ဆွဲထည့်ပြီးကြည့်မှရမှာဖြစ်တယ်
အဆင်ပြေပါစေဗျာ

Type the rest of your post here.

How to add snap shot into the blogspot and answer

တင်ပြသူ Kyaw Htin Sunday, 1 November 2009

Blogspot sidebar များလင့်များ တွင်ထောက်လိုက်တာနဲ့ အဲဒီဆိုက်ကို preview (သို့မဟုတ်)
Rss များကိုပြသပေးတဲ့ snap shot လေးပါ။ဒီပုံလေးထဲကလိုပေါ့
















https://account.snap.com/signup.php
ဒီလင့်လေးမှာ register လုပ်ရပါမယ်။ sing up လုပ်တဲ့အခါမှာ ၀က်ဆိုက်လင့်ကို မိမိblogspot ရဲ့ website လင့်ကိုထည့်ပေးရမှာဖြစ်ပါတယ်..။ sign up လုပ်ပြီး ဒီ Snap shot လေးကို ဆိုက်မှာ install လုပ် blogger accout ကိုဝင်လိုက်တာနဲ့ auto ထည့်ပြီးသားလေးဖြစ်နေပါမယ် အဆင်ပြေကြပါစေ။။။

Q:: ကိုပညာ blog မှာ ဒီနေရာတွင်ဒေါင်းလုပ်ယူပါ ဆိုတဲ့နည်းလေးရှိရင်တင်ပေးပါလားဗျာ
A; ဒီနည်းဟာ ဘလော့ဂ်တွေမှာပို့တင်တဲ့အခါမှာ cyberlink ချိတ်ပေးထားတဲ့သဘောပါ
ပထမအဆင့်အနေနဲ့ ပို့စ်တစ်ခုရေးဖို့ sign in ၀င်ပြီး new post ကိုနှိပ် ပြီးရင်
နည်းပညာဆိုရင် နည်းပညာအကြောင်းအစရှိတာတွေရေးပေါ့ပြီးရင်
ဆော့လ်ဝဲပေးချင်တာတို့ကို အောက်ပါပုံအတိုင်းလုပ်ပေးလိုက်ရုံပါ
ဒီပုံက ပို့စ်ကိုပထမဦးဆုံးစာရိုက်ထားတဲ့ပုံပါ










စာရိုက်လို့ပြီးပြီးတဲ့အခါ မိမိလင့်ချိတ်လိုတဲ့နေရာကို select ပေးပေးပါ
ပုံအတိုင်း










ပေးပြီးသွားရင် cyberlink icon လေးကိုကလစ်ပါ
ဒီboxလေးထွက်လာပါလိမ့်မယ်









ထွက်လာတဲ့ box မှာ select ပေးထားတဲ့လင့်မှာမှ မိမိ uploading တင်ထားတဲ့
ဖိုင်တွေရဲ့ address ကိုယူပြီးထည့်လိုက်ရုံပါဘဲ
ဒါဆိုလင့်ချိတ်ပြီးသားဖြစ်သွားပါပြီ
အကိုလိုချင်တဲ့အတိုင်းရသွားပါလိမ့်မယ် အဆင်ပြေပါစေ




Type the rest of your post here.

CyberLink PowerDVD

တင်ပြသူ Kyaw Htin Wednesday, 28 October 2009



CyberLink PowerDVD the audio and playlists is able to work with absolute all types of CD and DVD, MPEG file type, QuickTime, MIDI. In CyberLink PowerDVD complete support DirectX Video Acceleration, DTS (5.1 and ES 6.1), is realized Dolby Digital, Dolby Pro Logic II. In CyberLink PowerDVD there are functions capture of the staff in a file of format BMP, repetition of a site of record, adjustment of parameters of the image, a bookmark and many other things. Player CyberLink PowerDVD remembers a place of a stop of reproduction of video and allows to begin the further viewing with this place automatically. CyberLink PowerDVD has the attractive compact interface with support skins.


DOWNLOAD



Cyberlink PowerDVD ဆော့လ်ဝဲဟာ DVD ခွေများကိုအလွယ်တကူနဲ့ကြည့်နိုင်ရန်အတွက်
ဖန်တီးထားခြင်းလေးပါ..ဆော့လ်ဝဲလေးကတော့အောက်မှာပါ

Setup Battery Care for Notebook

တင်ပြသူ Kyaw Htin Friday, 23 October 2009



Notebook သမားများအတွက် Battery Care
ဆော့လ်ဝဲဖြစ်ပါတယ် မိမိရဲ့စက်မှာ Battery အားဘယ်လောက်ဖြည့်ထားတယ်
Capacity ဘယ်လောက်ရှိပြီဆိုတာကိုပြသပေးပါတယ်
အသုံးပြုလိုသူများအတွက်
အောက်မှာယူလိုက်ပါ
DOWNLOAD


Type the rest of your post here.

Babylon Pro 8.0.0 r38 Portable

တင်ပြသူ Kyaw Htin Wednesday, 14 October 2009



ဒီတစ်နေ့တော့ ကျောင်းလေးလည်းအားတုန်း Babylon Portable ဆော့လ်ဝဲလေး
တစ်ခုကိုဝေမျှပေးလိုက်ပါတယ်.တစ်ချို့သူငယ်ချင်းတွေ Babylon Real Version သုံးတဲ့အခါမှာ
crack ချိုးမရတာတို့ path file ကအလုပ်မလုပ်တာတို့ဖြစ်ပြီး free မရတော့ပါဘူး
အဲဒီအတွက် ဒီportable လေးကအတော်အသင့်ဖြေရှင်းပေးနိုင်ပါတယ်
ဒီဆော့လ်ဝဲမ runခင်အရင်ဆုံး real version ကိုrunထားပါပြီးမှ
ဒီဆော့ဝဲလေးကို runပြီးသုံးပါ portable ဆိုတော့ run စရာတောင်မလိုပါဘူး
babylon shutcut လေးကိုကလစ်ပြီးအသုံးပြုရုံပါ...
ဆော့လ်ဝဲလေးကတော့ ဒီမှာပါ
DOWNLOAD

(သတိပြုရမှာကတော့ အသုံးပြုတိုင်း ဒီ babylon shutcut လေးကိုခေါ်ခေါ်သုံးပေးရမှာဖြစ်ပါတယ်
အဆင်ပြေကြပါစေဗျာ၊ စာတမ်းအတွက်ပြင်ဆင်နေရတာကြောင့် ပုံမှန်မတင်နိုင်တာကိုခွင့်လွတ်ပေးကြပါါဗျာ )

Type the rest of your post here.

EN Vista Rainbar

တင်ပြသူ Kyaw Htin Wednesday, 23 September 2009

EN Vista Rainbar ဆော့လ်ဝဲလေးပေးဝေချင်ပါတယ်..
ပုံမှာပြထားတဲ့အတိုင်း Vista Rainber လေးကို
Xp window မှာသုံးချင်သူများအတွက်ပါ..
အရင်တစ်ခါ Vista မှာတဲ့ VisualTaskTips အကြောင်းလေးကို
တင်ပြဖူးပါတယ် အခုဒီ
Vista Rainbar လေးကိုနှစ်သက်ရင်တော့
စက်မှာrun ထားကြည့်ပေါ့ ...

ပုံလေးက ဒီမှာပါ ..

( Jenny ပုံကြည့်ရန်မဟုတ် :P )
Type the rest of your post here.

Vista partition manager software

တင်ပြသူ Kyaw Htin Tuesday, 15 September 2009
















ကဲဒီတစ်နေ့တော့ ကျောင်းလေးနားတုန်း
Vista partition manager ဆော့ဝဲလေး
ဝေမျှပေးချင်ပါတယ် ကျောင်းကအကိုတစ်ယောက်ဆီက
ရထားတာပါ သုံးရတာလည်းအဆင်ပြေပါတယ်
တော်တော်လေးလည်းပေါ့ပါတယ်
Drive တွေထပ်ခွဲပြီးရင် ပြန်ဖြုတ်ထားလိုက်ပေါ့
ကဲ ဆော့ဝဲလေးက ဒီမှာပါ
window vista တစ်မျိုးတည်းအတွက်သာအသုံးပြုနိုင်တယ်
လုပ်ပုံလုပ်နည်းကို အချိန်ရရင် ရှင်းပြပေးသွားပါမယ်

Download
ဒါကတော့ Mediafire မှာ DOWNLOAD ရယူဖို့ပါ
အဆင်ပြေပါစေ

blthe rest of your post here.

WinSys2 virus error and RegistryBooster 2009

တင်ပြသူ Kyaw Htin Friday, 11 September 2009















Now i tell about of Winsys2.exe.
winsys2.exe is a program that may have been installed by you. The exact disk location where it should be stored on your computer is also shown below to verfiy it is not spyware, as many spyware programs use similiar names and just locate them elsewhere on your hard drive.you can more than
on here I had one error of this program.That is can't remove this program .It is always stay and show at tab bar.So i think i have a problem at window32 and recive virus.
I research to slove this problem in google page.
I founded one software .It name is RegistryBooster 2009 .
Registry Booster 2009 program is be use
for optimizing and cleaning the Windows registry
I download this program .And then do that .
The first run the program and second scan read my computer.
Waited a few minute the scan is complete and winsys2 program can't see at my computer tab bar.
I will give RegistryBooster 2009 at down.
Please u have problem as like my experience.

Download

Can u get " here" this program.
thanks for understanding of my post.



Type the rest of your post here.

Gtalk myanmar font software and slove the something error

တင်ပြသူ Kyaw Htin Thursday, 10 September 2009






ကျောင်းတွေလည်းပြန်ဖွင့်နေပြီဆိုတော့ အချိန်မရလို့မရေးဖြစ်တာတွေအတွက်
ခွင့်လွတ်ပေးစေချင်ပါတယ်..ဒီတစ်ခါတော့မြန်မာဖောင့်ကို gtalk မှာထည့်နည်းနဲ့
gtalk မှာမြန်မာဖောင့်ကိစ္စနဲ့ပတ်သက်ပြီး တစ်ချို့ဖြစ်လေ့ရှိတဲ့ပြဿနာလေးဆွေးနွေးတင်ပြချင်ပါတယ်။
Gtalk မှာမြန်မာဖောင့်အတွက်တော့ အားလုံးသိပြီးတဲ့အတိုင်း
Gtalkmyanmar.exe ဒီဆော့ဝဲလေးကို run ပေးပါ runတဲ့နေရာမှာ passward တောင်းရင် alpha mandalay လို့ရိုက်လိုက်ပါ..alpha နဲ့ mandalay ကြားမှာ sapce bar တချက်ခြားပါ်...ပြီးရင် Finish လုပ်နော်..Restart ပေးလိုက်ပါ ..ဒါဆိုရင် သူငယ်ချင်းတို့ရဲ့ Gtalk မှာ မြန်မာလို ရိုက်လို့ရပါပြီ
နော်ပြီးအရေးကြီးတာလေးပြောချင်တာက ကိုယ်တိုင်လည်း ဖြစ်ဖူးတစ်ခြားသူတွေလည်းလာလာ
မေးကြတာတစ်ခုရှိပါတယ် Window ကြောင့်ဘဲဖြစ်ဖြစ် virus ကြောင့်မို့ဘဲ ဖြစ်ဖြစ်
program တစ်ခုrun လိုက်လို့ဘဲဖြစ်ဖြစ် Gtalk နဲ့ gmail တွေမှာ မြန်မာဖောင့်မပေါ်တာတွေ
ဖြစ်တက်ကြပါတယ်...ကျွန်တော်ဖြေရှင်းပေးနေတဲ့နည်းကတော့
Explorer Broswer က Tools ကိုသွား ပြီးရင် Internet option ပြီးရင် General ကနေ
font ကိုကလစ်ပြီး Zawgyi-one ချိန်းပေးပါ..Explorer ကိုပိတ်ပြီး gtalk ကိုစမ်းသုံးကြည့်ရင်
မြန်မာဖောင့်ပေါ်လာတာကို တွေ့နိုင်ပါတယ် မသိသေးတဲ့သူတွေအတွက် ဝေမျှပေးခြင်းပါ
စာဖတ်သူအပေါင်းကို ကျေးဇူးတင်လျှက်..


Type the rest of your post here.

TFTTEST for to check screen

တင်ပြသူ Kyaw Htin Tuesday, 1 September 2009







ဒီနေ့ ပိုက်ဆံလေးစုမိတုန်း Dell studio notebook လေးသွားဝယ်ဖြစ်ခဲ့တယ်
ကိုယ်တိုင်တော့ မ၀ယ်တက်ဘူးဝယ်တက်တဲ့သူငယ်ချင်းတစ်ယောက်ကို

အကူအညီတောင်းပြီးသွားဖို့လုပ်တော့ သူငယ်ချင်းက ဆော့ဝဲလေးတစ်ခုယူအုံးမယ်
ဆိုပြီး TFTTEST ဆိုတဲ့ဆော့ဝဲကို USB Drive လေးနဲ့ထည့်ခဲ့တယ်..ဟိုရောက်တော့
notebook လည်းရပြီးတော့ Flash screen လေးကိုစစ်တဲ့အခါ ဒီဆော့လ်ဝဲလေးကအသုံးဝင်တာကို
တွေ့ရတယ် ဆော့ဝဲလေးက portable လေးပါ screen မှာအစက်အပြောက်တွေပေါ်မပေါ်ကြည့်နိုင်ပါတယ်
color တွေအမျိုးမျိုးပြောင်းပြီး ကြည့်နိုင်တဲ့ဆော့လ်ဝဲလေးပါ အစက်အပြောက်တွေမရှိဘူး Complete
ဖြစ်တယ်ဆိုရင်တော့ screen view အတွက်စိတ်ချသွားရပြီပေါ့
ကဲကြွားလုံးထုတ် လေများတာများပြီထင်တယ် မသိသေးတဲ့သူတွေအတွက်
share ပေးလိုက်ပါတယ်..

DOWNLOAD
Type the rest of your post here.

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar