အားလုံးဘဲ ပျော်ရွှင်ဖွယ်ကောင်းတဲ့ မင်္ဂလာနှစ်သစ်လေး ဖြစ်ပါစေ... (Happy New Year !!!)
ဒီနေ့တော့ New Year frame (psd frames) နဲ့  Adobe Photoshop Layer Book (english) လေးကို နှစ်သစ်လက်ဆောင်အဖြစ်ဝေဌပေးချင်ပါတယ်.......ဓာတ်ပုံအလှဖန်တီးချင်သူများ
Professional လုပ်နေသူများအတွက် လိုအပ်မယ်လို့ ထင်ပါတယ်........။
နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျှက် .....
New Year photoshop frame ----> DOWNLOAD
Adobe Photoshop Layer Book ----> DOWNLOAD
New Year photoshop frame and Adobe Photoshop Layer Book
Laptop battery problem window 7 ( consider replacing your battery problem)
ဖော်ပြထားတဲ့ပုံအတိုင်း Laptop တွေမှာ ( consider replacing your battery problem) ဆိုတဲ့ message လေးပေါ်တဲ့ problem တက်တာမျိုးဖြစ်ခဲ့မယ်ဆိုရင်တော့.....ဖြေရှင်းနည်းကိုရှာရပါတော့မယ်...။
battery ပျက်တာလို့ မှတ်လို့မရသေးပါဘူး...။ Adapter ကနေ၀င်တဲ့လျှပ်စစ်ကိုလက်ခံတယ်... Laptop battery ရဲ့ AC power ကအလုပ်မလုပ်ဘူးဖစ်နေတက်ပါတယ်..။
ဆိုးကျိုးအနေနဲ့ Battery ပျက်သွားနိုင်ပါတယ်..။ ပြီးတော့ ၀င်းဒိုးအသစ်တင်တဲ့အခါမှာ Rate နဲ့ မိမိရဲ့ Computers performance တွေကို improve လုပ်လို့မရတော့ပါဘူး။
ဥပမာ Memory speed တို့ Graphics တွေ ထပ်ပြီးမြင့်လို့မရတော့ပါဘူး။ Window တင်ထားတဲ့ဖိုင်တွေကို မှားပြီးဖြတ်မိတဲ့အခါတို့မှာ ဖြစ်တက်ပါတယ်။
Battery ကိုအသစ်မလှဲသေးဘဲနဲ့ fix လုပ်ဖို့အရင်ဆုံးအကြံပြုချင်ပါတယ်..။ ဒီပြဿနာဖြေရှင်းနည်းကို လည်းရှာရတာခက်ပါတယ်။
အဆင့်(၁)။ ။Battery ရဲ့ properties တွေချိန်းကြည့် window 7 BIOS update တွေလည်းပေးကြည့်ပါ။
မရသေးဘူးဆို၇င်
အဆင့်(၂)။ ။Window 7 ကိုပြန်တင်ကြည့်ပါ။ ( Setup Window 7)
မရလာဘူး နဂိုအတိုင်းဘဲပေါ်တယ်ဆိုရင်....
အဆင့်(၃)။ ။Vista (သို့) မှုရင်းပါလာတဲ့ window 7 ခွေကိုပြန်တင်ကြည့်ပေးပါ။ (Change other OS window, as Vista and XP.)
အဲ့ဒါမှ မရတော့ဘူးဆိုရင်တော့
ဝယ်ရဖို့တော့ သေချာသလောက်ရှိနေပါပြီ :)
ညီငယ်လေးတစ်ယောက် ပြဿနာဖြစ်တဲ့ဟာလေးကို ဝေမျှခြင်းပါ...။သူ့ကိုတော့ Vista ပြောင်းပီးတင်ခိုင်းလိုက်တာ အဆင်ပြေသွားပါတယ်။
တခြားသူတွေရဲ့ resolution လေးတွေရှိရင်လည်း ဝေမျှပေးပါအုံး.......ကျေးဇူးတင်လျှက်.....။
မြန်မာလို ထွက်ရှိပြီးတဲ့ AutoCAD စာအုပ်လေးတွေကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်..။
စလေ့လာနေတဲ့သူတွေအတွက်ကော လုပ်ငန်းခွင်ဝင်နေတဲ့သူတွေအတွက်လိုအပ်လိမ့်မယ်လို့ထင်ပါတယ်။
အောက်မှာယူလိုက်ပါ........Thank
AutoCAD (2005)
Auto CAD (2002)
AutoCAD (2010)
Windows 7 / Vista to Boot Into Safe Mode Without Using the F8 Key
F8 key ကိုနှိပ်တယ် အလုပ်မလုပ်ဘူး ဆိုရင် safe mode ထဲကို ဝင်ဖို့ အောက်ဖော်ပြပါနည်းနဲ့လည်း လုပ်ဆောင်နိုင်ပါတယ်။
( ၁ ) Start Button ကို click ပါ။
( ၂ ) Search box (or) Ran မှာ “msconfig” လို့ ရိုက်ပါ။ Enter ခေါက်ပါ။
( ၃ ) အဲလိုလုပ်လိုက်ရင် “System Configuration” window ပွင့်လာပါလိမ့်မယ်။
( ၄ ) “Boot” tab မှာ ရှိတဲ့ Boot Options section ကို သွားပါ။
( ၅ ) အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ check ပေးပါ။
( ၆ ) ပြီးရင် Restart ပေးပါ။
(၇) ပြီးရင် အောက်မှာ ဖော်ပြထားတဲ့ အတိုင်း “Safe Boot/Minimal” Check box မှာ uncheck ပေးပါ။
ဒါမှ process က ပုံမှန်အတိုင်းပြန်ဖြစ်မှာပါ။ အဆင်ပြေပါစေ
ProShowProducer လို့ခေါ်တဲ့ Movie Maker ဆော့လ်ဝဲလေးဖြစ်ပါတယ်။ http://www.blogger.com/img/blank.gif
Portable လေးလည်းဖြစ်တော့ သုံးရတာလည်း အဆင်ပြေပါတယ်
လုပ်နည်းကိုပါ ထည့်ပေးထားပါတယ်.....။ဓာတ်ပုံတွေ Movie တွေနဲ့  Movie ကောင်းကောင်းဖန်တီးချင်သူတွေ
အတွက်အသုံးဝင်မယ်လို့ထင်ပါတယ်..။
ချွင်းချက်အနေနဲ့
Movie ကို .mpg နဲ့ သိမ်းမှသာ MB နည်းနည်းနဲ့ သိမ်းဆည်းနိုင်မှာပါ..။
.avi file ရချင်ရင်တော့ GB လောက်ထိ များသွားပါလိမ့်မယ်......
အဆင်ပြေပါစေ ဒေါင်းရန်.....
DOWNLOAD
PC- Mechanic (Diagnostic of PC using by order tracking) mm Ebook
မိမိPC ကွန်ပျူတာ error ဖြစ်ပေါ်ပါက စနစ်တကျ စမ်းသပ်စစ်ဆေးသည့် နည်းလမ်းစာအုပ်လေးပါ။
ကွန်ပျူတာ၏ မည်သည့်အစိတ်အပိုင်းက ပျက်နေသည်ဆိုတာကို တစ်ဆင့်ချင်းစစ်ဆေးပုံ၊ ပြဿနာများ။ အကြောင်းရင်းများ၊
လက္ခဏာများ၊ ဖြေရှင်းပုံများ သိသင့်သိထိုက်သည်များ ကိုဤစာအုပ်တွင် ဖော်ပြထားပါသည်။
ကိုဇော်လင်း _Youth computer Group ကရေးသားထားတဲ့စာအုပ်လေးပါ
ကွန်ပျူတာသမားများအတွက် လက်စွဲထားသင့်တယ် ထင်လို့ပါ..http://www.blogger.com/img/blank.gif
လိုချင်ရင်တော့ အောက်မှာပါ..........
Download
ဒါကတော့ လက်တော့ အသစ်ဝယ်မဲ့သူများ ၊ ပါဝင်သော အစိတ်အပိုင်း services များကိုသိလိုသူတွေအတွက်
Laptop Services Guide ဖစ်ပါတယ် အဆင်ပြေကြပါစေ
Download
Type your summary here.Type the rest of your post here.
Download YouTube Videos + Flash Video Downloader / Download-Helper 3.42
ဒါကတော့ Download manager (IDM) ဆော့လ်ဝဲမရှိသူများအတွက် အင်တာနက်က
Flash file( FLV) များကိုဒေါင်းရန်ပါ Youtube တို့ facebook က movies များဟာ
flash movies များကို အလွယ်တကူဒေါင်းဖို့ Add on လေးပါ
ဒီလင့်လေးအတိုင်းဘဲ add on လုပ်လိုက်ပါ…thank
https://addons.mozilla.org/en-US/firefox/addon/download-youtube-videos/
မျက်ချက ဒေါင်းတဲ့အခါ ကိုလိုချင်တဲ့ flv ဖိုင်ကိုဖွင့်ပီး Save Video ကိုနှိပ်ပေးပါ... Screenshot တွေလည်း ၀က်ဆိုက်မှ ကိုလိုချင်တဲ့စာများကို ဓာတ်ပုံအဖစ်သိမ်းနိုင်ပါတယ် အဆင်ပြေကြပါစေ
Type your summary here.Type the rest of your post here.
Media Converter ဆော့လ်ဝဲလေးပါ ။
Youtube ကနေ Download လုပ်ထားတဲ့ FLAV, FLV ဖိုင်များကို MP3 သို့ပြောင်းချင်သူများအတွက်
အသုံးလိုမဲ့ ဆော့လ်ဝဲ အမျိုးအစားဖြစ်ပါသည်။ Portable လေးဖြစ်လို့ အသုံးပြုရတာလည်းလွယ်ကူပါတယ်
Serial key aလးပါထည့်သွင်းပေးထားပါသည်။ ဒီ Portable uနေလည်း FLV ဖိုင်တွေကို ကြည့်ရှု့ နားထောင်နိုင်ပါတယ်။
စမ်းသုံးကြည့်ပါ အဆင်ပြေပါစေ...........။
DOWNLOAD
http://www.blogger.com/img/blank.gif
Word file (0r) Picture file တွေကနေ Pdf ကိုအလွယ်တကူပြောင်းနိုင်တဲ့ Pdf converter
ဆော့လ်ဝဲလေးပါ အသုံးပြုရတာလည်း လွယ်ကူပီး ကြိုက်တဲ့ font အတိုင်း ပြန်ထုတ်ပေးပါတယ် Pdf အဖြစ်
ကဲ လက်တွေ့စမ်းကြည့်ရအောင် လိုအပ်သူများအတွက်
DOWNLOAD
အမတစ်ယောက်မေးထားတာကို ရှာဖွေမိခြင်းပါ....
<object width="550" height="400">
<param name="movie" value="Name.swf ">
<embed src="Name.swf " width="550" height="400">
</embed>
</object>
အပေါ်ကဖော်ပြထားတဲ့ကုဒ်ရဲ့ Nmae.swf လင့်နေရာမှာ
Upload တင်ပီးသား FLash file (.swf) ဖိုင်ကိုထည့်ပေးရမှာဖြစ်ပါတယ်.....
ဥပမာ http://api.ning.com/files/7qSrZvCWs0YLYn7-ak*2Rm2w1z6Kzy*ehw1wrv8Dh2B*JviNdo987gG*CLe-ZOXtw12kIGtiYLxmfSOF2M9xw1JI3ZXFZmSk/naryetanar.swf
Ning.com ကနေ Upload လုပ်ထားတဲ့ပုံကို ထည့်ခြင်းလေးပါ..
အဆင်ပြေပါစေ
မနေ့က ရှာမိတဲ့ဆော့လ်ဝဲလေးပါ
Supervisor ဆီသွားတော့ သူခိုင်းထားတဲ့စာတွေကို အလွယ်တကူပြန်နားထောင်ရအောင်
Nokia X3 လေးနဲ့ record လုပ်ထားခဲ့တယ်.
အိပ်ဆောင်ပြန်ရောက်တော့ record ဖိုင် က.wav ဖိုင်လည်းမဟုတ်ဘူး သူထုတ်ပေးတဲ့ output file က
.amr ဖိုင်တဲ့ ဒါမို့ .mp3 ဖိုင်အဖြစ်ပြန်ပြောင်းဖို့စဉ်းစားရပြန်ရော..
.amr ဖိုင်က ဖွင့်ရခက်တော့ မိမိစက်မှာလည်းဖိုင်ကိုသိမ်းထားချင်တော့ ရှာဖြစ်တာလေးပါ
သူ့ function တွေကတော့ .amr ဖိုင်ကို mp3 ပြောင်းဖို့ file တစ်ခုတည်းမကဘဲ batch (အစုလိုက်)တချိန်တည်းမှာဘဲ convert လုပ်နိုင်ပါတယ်...
Adaptive Multi-Rate (AMR) ဆိုတဲ့ amr ဖိုင်ဟာ Speech coding အနေနဲ့အသုံးပြုထားပီး file ကို ချုံ့နိုင်တဲ့အတွက် ဖိုင်များစွာကို
storge လုပ်နိုင်ပါတယ်.။ ဒါမို့ Mobile တွေမှာ record output အနေနဲ့ ဒီ file type်ကိုထည့်စဉ်းစားလာကြတာဖစ်ပါတယ်.။
ပီးတော့ ကိုကြိုက်တဲ့ mp3 သီချင်းကို ဖုန်းအတွက် Ring tone လုပ်ဖို့အတွက်လည်း
ဒီဆော့လ်ဝဲလေးက အကူအညီထပ်ပေးနိုင်ပါတယ်....
ကဲလိုချင်ရင်တော့ အောက်မှာယူလိုက်ပါ...
ရန်ကုန်က ညီငယ်လေးက ဆိုင်ကြေငြာပေးပါဆိုလို့
အခမဲ့ကြေငြာပေးလိုက်
ပြန်ရင်တော့ တိုက်မယ် ဆိုဘဲ :D
Feature :
# Freeware
# Current version: 1.2
# January 31, 2009
# Windows XP and Windows Vista
DOWNLOAD
Type your summary here.Type the rest of your post here.
facebook လည်းတော်တော်ဝင်ဖြစ်တော့...ဒီ like button လေးကိုထားချင်စိတ်ပေါ်မိလို့ပါ
ကျွန်တော့်ရဲ့ ပုံလေးအတိုင်းပေါ့။မသိသေးတဲ့သူတွေအတွက်ပါ..။နောက်ပိုင်းလည်း facebook ကလူသုံးများလာတော့..။
ပထမဦးဆုံး
၁။Design
၂။Edit Html
၃။Expand Widget Templates ကိုမှန်ခြစ်ပေးလိုက်ပါ။
၎။အောက်က Code ကိုရှာပါ။
<data:postCommentMsg/>
Contr + F နဲ့ရှာပါ။
ဒါမှ မဟုတ်
<h4 id='comment-post-message'><data:postCommentMsg/></h4>
ဒီ code လေးကိုရှာကြည့်ပါ...template ပြောင်းထားသူတွေအတါက်ရှာမရရင် အပေါ်က
<data:postCommentMsg/>
အောက်မှာဘဲ ဒီ code လေးကို ထည့်ပြီး save တာနဲ့အပေါ်ကပုံလို
Like လေးပေးလိုရသွားမှာဖြစ်ပါတယ်..။
<iframe allowTransparency='true' expr:src='"http://www.facebook.com/plugins/like.php?href=" + data:post.url + "&layout=standard&show_faces=false&width=100&action=like&font=arial&colorscheme=light"' frameborder='0' scrolling='no' style='border:none; overflow:hidden; width:450px; height:40px;'/>
HTML ပြောင်း
ကိုးကား ။ ။kp3 နည်းပညာ နှင့်ကိုမိုးထက်မြင့်
တိုက်တိုက်ဆိုင်ဆိုင်လို့ဆိုရမလား.၀ါသနာကိုပံ့ပိုးပေးသည်လားမသိ..တိုင်းတပါးမှာပညာတော်သင်တဲ့ ရောက်လာခဲ့ရပြီ။ ယူရမဲ့ဘွဲ့က မဟာသိပ္ပံတဲ့ သင်ရမဲ့ Project က အီလက်ထရောနစ်တဲ့..အဟောင်းနဲ့ လက်ရှိက အဆက်စပ်မရှိ..ရှိရင်းစွဲဝါသနာကြောင့်ကြိတ်မှိတ်ကာ လေ့လာဖြစ်ခဲ့ပါတယ်.။Electronic ပညာရှင်တစ်ယောက်တော့ ဖြစ်ရချည်သေးရဲ့လို့တောင် တွေးမိပါသေးတယ်.။ဒီတော့မှ Electronic အကြောင်းကို လေ့လာမိဖတ်မိ ကြားဖူးနားဝလေးတော့ရှိလာတယ်။
ငါတော့ကမ္ဘာကျော်တော့မှာဘဲလို့
စိတ်ထဲဖြင့် ကြိတ်တွေးကာ ပျော်မိ
ဖိတ်စာပါမျှော်မိသေးတယ်
ဆွီဒင်နိုင်ငံက စာလေးများရောက်လာမလားလို့ ။
တခါက သူငယ်ချင်းတစ်ယောက် သူ့ LCD Flash ပျက်လိုက်၊ ပေါ်လိုက်ဖြစ်နေသည်တဲ့ ကူညီပါအုံးလို့ အကူအညီလာတောင်းရှာပါတယ်။ပညာစွမ်းတော့ပြရချည်သေး တွေးမိတယ်။ဘာကြောင့်ဖြစ်တယ် cause (ဖြစ်စဉ်)ကိုရှာကြည့်..အော် ဒင်း Flash နဲ့ CPU နဲ့ထိုးတဲ့(Node)ငုတ်က မကောင်းတာကိုး Cable ကြိုးငုတ်ကိုကြည့်တော့ကောင်းပတိဘဲ…Flash မှာအဖြေရှာသေချာကာကြည့်မိတော့…အထဲက Circuit ငုတ်မကောင်းသည်ဖြစ်မည်ထင်ပါတယ်။ ဒါကိုပြင်လိုက်မိသည်က………
ဝက်အူလှည့်အားကိုး
အဖြေရှာကာ ထိုးကြည့်ပီးတော့
သေချာပါပြီဟု စမ်းကြည့်လိုက်တာ
ဖျက်ခနဲ့မီးလင်း
မနိုးသော အိပ်ချင်းနဲ့အိပ်သွားလေရဲ့
သေပြီဆရာဟု မကြေငြာခင်
ရေရာစွာ ကြားလိုက်မိသည်က
ကျေးဇူးတင်တယ် သူငယ်ချင်း
သုံးမရတဲ့ ဖလက်စုတ် ခုတော့စုတ်ပီပေါ့တဲ့။
တခါက LED desk table lamp ခြေမငြိမ်ကာ..လှမ်းကန်မိတော့ကြောင့် Voltage ထိန်း Adapter ကွဲရှာကာ သွားခဲ့ဖူးခဲ့တယ်။ အခန်းကမီးသီး မလင်းတလင်းနဲ့ပေတေကာနေမိသေးတယ်အဲတုန်းကလည်း။နောင်အခါမျက်လုံး ပျက်မှာမို့ သေချာစွာ ပြန်ပြင်ခဲ့လိုက်ပါတယ်တစကြီးကျိုးပဲ့နေပြီဘဲ
သေချာစွာပြန်စု…
တိတ်ပတ်ကာ ဖုံးလိုက်တာ….
မီးအားတောာင် နှစ်ဆပိုလင်းလာသလိုဘဲ။
အဲဂလိုနဲ့ ပီတိလေးဖြစ်ခဲ့ဖူးပါတယ်။ မကြာပါဘူ့း တိတ်ပတ်တာ ကြည့်မကောင်းလို့ သေချာအောင်လို့ ဂနာမညိမ်ပြင်မိခဲ့တယ်။ဖြစ်ပုံက ဒီလို……
အသေချာကိုကျွမ်းတော့တာဘဲ
Adapter မမိပြန်တော့လို့တဲ့
သူငယ်ချင်းပြောခဲ့တာ စဉ်းစား
ငါလည်းအသစ်လေးနဲ့ လန်းရတော့မှာပါကလား ။
ဒီတစ်ခါလည်း မြန်မာက၀ယ်လာတဲ့ Mouse လေး နာမည်က Sony တဲ့ဂျပန် made လိုနဲ့ သေချာစွာကပ်ကြည့်လိုက်တော့ Made in china တဲ့ ဈေးပေါပေါနဲ့လည်းရသား ဘဲလို့တွေးမိတယ်။ လက်ထဲလည်း ပိုက်ဆံမပြည့်စုံတော့ လက်ဖက်ရည်ဖိုးပါချန်ရမယ်မို့………
ဒီတခါ project ကွန်ပျူတာ ဖြစ်ပီမို့လုပ်နေတဲ့အလုပ်နဲ့ထပ်တူကြ ငါတော့ Programmer ဖြစ်ပီကွလို့ ဟစ်အော်မိတယ်။ဒီလိုနဲ့ဘဲ Programm ပိုင်းကို လေ့လာလိုက်စားဖြစ်သွားပြန်တယ်။ မလုပ်၍မရ ယူရမဲ့ဘွဲ့ကအမြင့်ဆုံးမို့ …ကြိုးစားကာလေ့လာမိတော့ မတောက်တခေါက်တက်လာပြီထင်ပါတယ်။မြန်မာက ၀ယ်ခဲ့တဲ့မောက်လေးလည်း ဒီရောက်မှ cause တက်ပြန်တယ်။ စားပွဲပေါ့တင်ထားရာကနေ အောက်ကို လွှတ်ချပြန်ပီလေ။ ဟိုတခါ Adapter လိုဘဲ
အေးချမ်းမေ ပြန်ဖြစ်ပြန်ရောဘဲ…။ဒီတခါတော့ သေချာစွာပြန်ပြင်လိုက်သည်က…
ဒါဟာ မောက်လှည်းဘီး ဒီနေရာမှာထား ဒါက အောက်ခံ circuit ပြားအောက်ခံမှာထား
စသဖြင့် အရင်က ကလိဖူးတဲ့အကျိုးကြောင့်နေရာ တစ်ကျပြန်ထားနိုင်ခဲ့တယ့် အဖုံးအုပ်တဲ့
နေရာလေးက ပဲ့နေပြန်တော့ အဖုံးအုပ်မရပြန်ဘူး..ဒီတော့ဈေးပြန်ပြေးပြီး ဆင်ကော်သွားဝယ်
ကပ်လိုက်တယ်.။ပြန်တပ်ကြည့်တော့ အကောင်းပတိဘဲဖြစ်နေပြန်တယ်..။ခုထိ အဲမောက်(စ်)
လေးနဲ့ဘဲလုပ်စားနေရတုန်းဘဲ…ခုမှ တကယ့် အပြင်ဆရာဖြစ်ပီထင်ပါတယ်…..။
အဓိကပြောချင်တာက ကွန်ပျူတာပစ္စည်း တစ်ခုခုပျက်နေရင်.. တန်ဖိုးကြီးရင် ဆိုင်ဖြစ်ဖြစ်
သိတဲ့သူဖြစ်ဖြစ် ပြင်ခိုင်းပါလို့…..ကို့ကြောင့်ပျက်မှ ဖြေမဆည်နိုင်ဖြစ်နေမှာစိုးတာရယ်။
ပစ္စည်းတခုခုကို သုံးတက်ယုံတင်မက ပြင်နိုင်အောင်လည်း လေ့လာဆန်းသစ်
ကြပါလို့ သူငယ်ချင်း တစ်ယောက်ရဲ့ အဖြစ်အပျက်နဲ့ ကျွန်တော့်အဖြစ်အမှန်ပေါင်းပီ…..
အပြင်ဆရာ ဆိုတဲ့ နာမည်နဲ့ …ကဗျာ မကျ ၀တ္တုမကျ အသိပေးလိုက်ပါရစေ။
Wish for Happy New Year and how to Emble flash File into the Excel
Wish for Happy New Year
ရက်မှ လ၊ လ မှ နှစ် သို့အသီးသီးပြောင်းလဲ ဖြတ်သန်းခဲ့တာ......အော်ရှေ့မှာ
Welcome to 2011 ဆိုတဲ့ ခုနှစ်တစ်ခုက စောင့်ကြိုလို့နေပါရောလား....
လျှောက်လာရာ (၂၅)နှစ်ဆိုတဲ့ သက်တမ်းကိုပြန်ကြည့်မိတော့......အရာရာပုံရိပ်တွေအဖြစ်နဲ့ထင်ကျန်လို့နေလို့
လောကဓံတွေကော လောကဒဏ်တွေကော ကြုံဆုံဖြတ်သန်းလာသမျှတွေ ခုတော့ ဟာသ လိုလို history တစ်ပုဒ်လိုဖြစ်လို့........၂၀၀ရ ကအစပြုခဲ့တဲ့ ဒီဘလော့လ်လေး ခုဆို ၂၀၁၁ ဆိုတာတောင်ရောက်လာခဲ့ပြီ။
၂၀၁၀ ဆိုတဲ့ နှစ်သက်တမ်းလေးက ဒီနေ့ဆိုရင် ကုန်ဆုံးတော့မယ်......ဘာဘဲဖြစ်ဖြစ် ၂၀၁၀ ဆိုတာကတော့အမှတ်တရများစွာနဲ့ကျန်နေအုံးမှာပါ..ဘ၀တစ်ဆစ်ချိုးကို ပြောင်းလဲပေးနိုင်ခဲ့တယ်.။ သိပ်ချစ်တဲ့အမိမြေ နဲ့ သိပ်ဖြစ်ချင်တဲ့ နေရာ တစ်ခုကိုရောက်ခဲ့ တာဝန်ကျခဲ့တယ်။သိပ်ချစ်တဲ့သူတွေနဲ့လည်းတွေ့ခဲ့ရတယ်. .(၅)နှစ်တာခွဲခွာခဲ့ရတဲ့မွေးရပ်မြေကိုလည်း ပြန်ခွင့်ရခဲ့တယ်။ ၂၀၁၁ ဆိုတဲ့ရက်စွဲအထိ ပျော်ရွှင်မှုပေးခဲ့တဲ့ ဒီဇင်ဘာကို ကျေးဇူးတင်မိပါတယ်.။
မင်္ဂလာ နှစ်သစ်မှာ ပျော်ရွှင်ကြပါစေလို့......စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို့
နှစ်သစ်မှာ တောင်းဆုပြုလျှက် Google မှာ ရှာထားတဲ့ပုံလေးနဲ့ Wish လုပ်ပါရစေ..။how to Emble flash File into the Excel
ဘယ်လိုမျိုး ပုံစံနဲ့ Excel မှာ swf ဖိုင်ကို ကြည့်နိုင်မလဲ ဖွင့်နိုင်မလဲ Insert လုပ်နိုင်မလဲဆိုတဲ့
သင်ခန်းစာလေးပါ.. New year .swf flash ဖိုင်လေးလည်းပေးရင်း ပေါ့
ပထမဦးဆုံး ဘယ်လိုမျိုးပုံစံ နဲ့ .swf ဖိုင်ကို ဒေါင်းနိုင်မလဲ ဆိုတဲ့ပြောချင်ပါတယ်။ဒီပုံလေး ကြည့်ရင်ကို သဘောပေါက်မှာပါ..မည့်သည့် flash ဖိုင်ကိုမဆို ဒေါင်းချင်ရင် လင့်ကို Right click လုပ်
Save link as ပေးလိုက်တာနဲ့ Flash ဖိုင်ကို ဒေါင်းလို့ရပီးသားဖြစ်မှာပါ..။
Excel မှာ flash ဖိုင်လေးကို ဒီလိုပုံစံလေးတွေလုပ်ပြီး ပို့တာကိုတွေ့ဖူးကြမှာပါ.
ဒီလိုမျိုးလေး လုပ်ချင်ရင်တော့ အောက်ပါအတိုင်းအဆင့်ဆင့်သွားပေးပါ..။
မိမိရဲ့ MS Excel 2003 ကို ဖွင့်လိုက်ပါ .. ။ ထို့နောက် Menu Bar မှ View ==> Toolbars ==> Control ToolBox ဆိုတာလေးကို ရွေးလိုက်ပါ... ။ဒီပုံလေးအတိုင်း Control Toolbox လေးပေါ်လာမှာပါ..
(၂) ပြီးရင် အောက်ဆုံး ညာဘက်က တူ(ဂွ) icon လေးဖြစ်တဲ့ More control ကို click ပေးပါ
အပေါ်ပုံမှာ select ပေးထားသလိုမျိုးပါ အဲဒီအထဲကမှ Shock wave flash object ကိုရွှေးပေးပါ
ပုံပါအတိုင်းပေါ့..။
(၃) အဲလို ရွေးပြီးသွားရင် cell A2 မှ J 25 ထိ Drap ကို ပုံအတိုင်း Box ပုံလေးရအောင်ဆွဲချပေးပါ.။(၄) ပေါ်လာတဲ့ Box ကိုRight click ပေးပါ ။ Right click ကနေProperties ကိုသွားပေးပါပုံအတိုင်း
(၅) အဲဒီ Properties ကိုပုံပါအတိုင်း အောက်ပါနေရာများကိုပြင်ပေးပါ..။
Autoload => True
EmbedMovie => True
Base => D:\flash.swf
Movie => D:\flash.swf
Base နဲ့ Movie မှာထည့်ပေးရမှာက မိမိ .swf flash ထားတဲ့နေရာကိုညွှန်ပြပေးဖို့ပါ.။
အကုန်ဖြည့်ပြီးရင်တော့ Excel ကို Filename တစ်ခုခုနဲ့သိမ်းပြီး ပြန်ဖွင့်ကြည့်ပါ့..။
မိမိမြင်ချင်တဲ့ flash ဖိုင်လေး Excel မှာအလုပ်လုပ်နေတာကိုတွေ့မြင်ရပါလိမ့်မယ်...။
(မှတ်ချက် မိမိစက်မှာလုပ်မယ်ဆိုရင် Flash file excel ကိုဖွင့်ပြီးရင် save မလုပ်ပါနဲ့ not save ဘဲလုပ်ပါ..
save လုပ်ပြီးပြန်ဖွင့် ရင် အရင်ထည့်ထားတဲ့ flash ဖိုင်ကပေါ်ရုံပေါ်ပြီး အလုပ်ဆက်မလုပ်နိုင်တော့ပါဘူး )
ဒီသင်ခန်းစာက ထပ်ဖြည့်ရေးထားခြင်းရယ် NEW YEAR လက်ဆောင် Excel flash လေးပေးချင်လို့ပါ
ပျော်ရွှင်ပါစေ ။
Reference : http://www.manawthar.com/
: http://mmflashsongs.multiply.com/
: http://www.youtube.com/watch?v=0-PHxZg-yVo
: http://my.opera.comm2m99albumsshowpic.dmlalbum
=600729&picture=82406252
မောင်ပညာ
မိမိစက်ထဲမှာ စုထားတဲ့
ွှLearning Web design Ebook စာအုပ်လေးတွေပါ
Blog လုပ်ချင် Web လုပ်ချင်သူ ကိုကို မမ များအတွက်
သိထား ရှိထားသင့်တဲ့ စာအုပ်တွေပါ.။
ွှLearning Web design
ွှLearning CSS
Flash သီချင်းက သူများကိုဒေါင်းပေးဖို့တင်ထားတာ....လုပ်တဲ့နည်းတွေတော့ရှိတယ်နောက်မှပေါ့ :)
download
အမ တစ်ယောက်ကအကူအညီတောင်းတဲ့ ကွန်ပျူတာ problem လေးတစ်ခုကို ဖြေရှင်းဖို့
စဉ်းစားမိတဲ့ ဆော့လ်ဝဲပါ ရှင်းပြနေတာကြာလို့ သူ့အထဲသွားပြင်ပေးလိုက်တယ်…
နောက်လိုရင် အလွယ်တကူမှတ်နိုင်အောင်လို့ တင်လိုက်ပါတယ်….
ပထမဆုံး ဒီမှာ သွားပြီး start full Version download ကိုနှိပ်ကိုTeam Viewer ကို Download
ဆွဲလိုက်ပါ ပြီးရင်တော့ Install လုပ်လိုက်ပါ
install လုပ်ရင်အောက်ပါအတိုင်းတိုင်းအဆင့်ဆင့်သွားပေးပါ
ဒီအဆင့်မှာတော့ ပုံထဲက ဝိုင်းပြထားတဲ့နေရာမှာ ကလစ်ပေးပါ ပြီးရင်တော့ Next ကလစ်ပေးပါ....။
(Personal / non -commercial use) ဖြင့် install လုပ်မှသာ Free trial ရမှာပါ...။
နှစ်ခုလုံး select ပေးပါ။
ဒီအဆင့်မှာတော့ password ပေးထားရင်လည်းရပါ မပေးရင်လည်း ဘာမှမဖြစ်ပါဘူး
တကယ်လို့ကိုယ်က တစ်ဘက်က Control လုပ်တာခံရမှာဆိုရင် မှင်နီဝိုင်းပြထားတဲ့ Wait for session အောက်က ID နဲ့password တစ်ဘက် လူကိုပေးရပါ့မယ် ....။
အဲလိုမဟုတ်ပဲ ကိုယ်က တစ်ဘက်က စက်ကို Control လုပ်ပေးမှာဆိုရင်တော့ အထက်ကအတိုင်း သူ့ဘက်မှာ ရှိနေမည့် ID နဲ့password ကိုတောင်းရပါ့မယ် ....။
ID နဲ့ password ရလာပြီဆိုရင်တော့ မှင်အစိမ်းဝိုင်းပြထားတဲ့ Create session အောက်က ID ဆိုတဲ့ အကွက်ထဲမှာ စောစောကရလာတဲ့ ID ကိုရိုက်ထည့်ပေးပါ ပြီးရင်တော့ Connect to partner ကိုကလစ်ပေးပါ......။
နောက်တစ်ဆင့်ဆက်ကြည့်လိုက်နော်......။
ဒီမှာတော့ password ရိုက်ထည့်ပေးရပါ့မယ် ပြီးရင်တော့ Log On ကလစ်ပေါ့ဗျာ...
ပြီးရင်တော့ ကိုယ် Control လုပ်ပေးရမည့်တစ်ဘက်က ကွန်ပျုတာရဲ့ Screen ကို အောက်ကပုံထဲကအတိုင်း Window တစ်ခုနဲ့ပေါ်လာတာကိုတွေ့ရပါလိမ့်မယ် .....။
အဆင်ပြေနိုင်ကြပါစေ။ပြီးတော့ TeamViewer portable လေးတင်ပေးလိုက်ပါတယ်
လိုရမယ်ရပေါ့
Download ရယူရန်
ပြီးတော့ TeamViwer အသုံးပြုနည်း အင်္ဂလိပ်လို Manual Guide book လေးပါတင်ပေးလိုက်ပါတယ်
Download ရယူရန်ပါ
အဆင်ပြေပါကြပါစေ
ွကိုးကား ။ ။http://futuredream.ning.com/group/Computer/forum/topics
။ ။www/portabledownload.com
။ ။www.teamviewer.com
မောင်ပညာ (MIET)
Cool Editor pro 2.0 နဲ့ Adobe audition ဆော့လ်ဝဲ နှစ်ခုကို သိကြမှာပါ
နှစ်ခုလုံးက Song Edit လုပ်တဲ့ဆော့လ်ဝဲတွေပါ။ အထူးသဖြင့် musician တွေနဲ့
အနော်တို့လို့ အသံကို Analysis လုပ်ဖို့ အသုံးလိုတဲ့သူတွေအတွက် ဒီဆော့လ်ဝဲက မရှိမဖြစ်ပါ။
Cool Editor ရဲ့အစကတော့ ၉၆ မှာကတည်းနဲ့ စပြီးပေါ်ထွက်လာတာပါ..။
Cool Edit Pro 2.1 ဆော့လ်ဝဲရောင်းတဲ့ဆိုက်ကကြေငြာချက်လေးက စိတ်ဝင်စားစရာပါ..
သင်ဟာ Audio engineer တစ်ယောက် ဒါမှမဟုတ် web developer လား multimedia creator လား နောက်ဆုံး musician တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တဲ့
Cool Edit PRO ကို ကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်တဲ့။
Cool Edit Pro is a powerful audio editor that will take your modification levels to the highest level. The big number of tools that it incorporates can convert any music file into a real work of art.
Cool Editor ဆော့လ်ဝဲက Trial Version ဘဲရှိပါတယ်.. (ဒီမှာ) ယူပါ
Full ver လိုချင်ရင်တော့ ကိုညီနေမင်းဆိုက် မှာတင်ထားတာတွေ့ပါတယ်
ကျွန်တော်တောင် သူ့ဆီက ဆော့လ်ဝဲသုံးနေရတယ် ကျေးဇူးပါလို့ပြောချင်ပါတယ်..
ခု User Guide (E book) လေးရှာပြီး ပေးချင်ပါတယ်.. အင်္ဂလိပ်လိုပါ
Download
1. Cool Editor pro
2.Adobe audition
လိုအပ်သူတို့အတွက်ပါ.အားလုံးအဆင်ပြေကြပါစေ
မောင်ပညာ (၄.၁၂.၂၀၁၀)
ကမ္ဘာအမြန်ဆုံးရထား တရုတ်တည်ဆောက်
အလင်းကဲ့သို့ လျှင်မြန်တဲ့ အရှိန်နဲ့ ဘေဂျင်းက နေ ရှန်ဟိုင်း သို့ပြေးဆွဲမည့် ရထားဖြစ်ပါတယ်။ အသံထက်မြန်တဲ့အင်ဂျင်နဲ့ "Harmony" ရထားအသစ် ဟာ
ကမ္ဘာ့အမြန်ဆုံး ရထားအဖြစ် မှတ်တမ်းဝင် ရထားတစ်စီးဖြစ်လာပါတယ်.။
(၃)ကြိမ်တိုင်တိုင် ဘေဂျင်း နဲ့ ရှန်ဟိုင်း သွားမဲ့ ရထားလမ်းကြောင်းမှာ စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး
ရထားဟာ တစ်နာရီကို ကီလို ၄၀၀ ကျော်နီးပါး ခရီးပေါက်မှာဖြစ်ပါတယ်.။
မီးရထား တည်ဆောက်မှုသမိုင်းမှာ တန်ဖိုးအကြီးမားဆုံး ကုန်ကျခဲ့တဲ့ ရထားတစ်စင်းဖြစ်ပြီး
တန်ဖိုးငွေ ဒေါ်လာ ၁၆ မီလီယံ လောက်ကုန်ကျခဲ့ပါတယ်.။ ဘေဂျင်းမှာ အိုလံပစ် ပြိုင်ပွဲကျင်းပစဉ် ကတည်းက ဒီအထူးအမြန် (superexpress) ရထားစီမံကိန်းကို အကောင်ထည်ဖော်ခဲ့တာပါ။
ဓာတ်ပုံ မှတ်တမ်းတွေက ဒီမှာပါ ..
အချိန်ပိုနေတုန်းလေး ဘာသာပြန်လေး လုပ်မိခြင်းပါ...။
ဒီလင့် မှာလည်းလေ့လာနိုင်ပါတယ်..
တောင်ကိုရီးယားနိုင်ငံ Gretech Corporation ကနေ တီထွင်ထုတ်လုပ်ထားတဲ့ 32 bit Ms Windows တွေအတွက် Media Player တစ်မျိုဖြစ်ပါတယ်.။
အကိုတစ်ယောက်က ဘယ်Player အမျိုးအစားကောင်းလဲလို့မေးလာတော့ မိမိလက်ရှိသုံးနေတဲ့ Gom Player ကိုတင်ပေးလိုက်ပါတယ်.။
External codes run စရာမလိုဘဲနဲ့ Player ကဘယ် fiormat တွေကို support လုပ်သလဲဆိုရင်...
Video formats
MPEG-1, MPEG-4 Part 2, MS MPEG4 V1/2/3, MJPEG, H.263(+), H.264 (MPEG-4 AVC), FLV1, MSVIDC
Audio formats
WAV, MP3, AAC, Vorbis, AMR, QCELP, EVRC တို့ဖြစ်ပါတယ်.။
မိမိ Downlload လုပ်ထားတဲ့ file လေးပေးလိုက်ပါတယ်..။
Programm ဖိုင် ၂ခုထည့်ပေးထားပါတယ်..တစ်ခုက Set up ဖိုင်
တစ်ခုက FLV ဖိုင်ဖွင့်မရရင် Code programm လေးပါ စမ်းသုံးကြည့်ပေါ့
အဆင်ပြေကြပါစေ.
မှုရင်းဆိုက်သို့
မှုရင်းဆိုက်ကနေ သွားယူလည်းရပါတယ်.....
Mediratire နဲ့တင်ပေးလိုက်ပါတယ်
DOWNLOAD
The first GOLD prize of Myanmar at sepaktakaw in Asian Game
ဒီနေ့ မနက်စောစောမအိပ်ခင် Sop Cast ကနေ TV ကြည့်ဖြစ်တယ်
Guangzhou မှာကျင်းပတဲ့ အာရှအားကစားပွဲတော်လည်းကြည့်ရင်းပေါ့
ကြည့်တာတော့ကြာပါပြီ ၂ ရက် ၃ ရက်လောက်ရှိပြီ
ဒီနေ့တော့ ပိုက်ကျော်ခြင်း ဖိုင်နယ် Regu Permiliry (နှစ်ယောက်တွဲ) Myanmar နဲ့ Korea နဲ့ရှိတော့ မအိပ်သေးဘဲစောင့်ကြည့်နေလိုက်တယ်
ဘောလုံးပွဲတွေ ကြည့်ရသလိုနီးပါး ပိုက်ကျော်ခြင်းပွဲကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်
စိတ်လှုပ်ရှားစရာလည်း တော်တော်ကောင်းပါ.အထူးသဖြင့်မြန်မာချစ်စိတ်ကြောင့်လားမသိ
ကို့မြန်မာကိုဘဲ နိုင်စေချင်တယ်..ထူးထူးခြားခြား ဖိုင်နယ်ပွဲ မြန်မာပါတာလေးကိုလွင့်ပေးတဲ့ တီဗီလိုင်းလေးကိုလည်းကျေးဇူးတင်ပါတယ်
ဓာတ်ပုံ PrtSc ရိုက်ထားတဲ့ပုံတွေကိုလည်းတင်ပြပေးပါမယ်
ပွဲကတော့ ပထမပိုင်းမှာ တစ်ဖက်နဲ့တဖက် အမှတ်က သိပ်မပြတ်ဘူး မြန်မာဘက်က ဆာဗင်ရလိုက်
ကိုရီးယားက ရလိုက်နဲ့ဘဲ မြန်မာက ပွဲအစမှာ အမှတ်ပိုယူထားတော့ ပထမပွဲမှာ ၂၁ -၁၈ နဲ့နိုင်လိုက်ပါတယ်..။
ဒုတိယပွဲမှာ ကိုရီးယားက အမှတ်အရင်စီးထားပေမဲ့ အဓိကထားတဲ့ Fighter သမားက ၁၆မှတ်လောက်ရောက်ခါနီးမှာနာသွားတယ်
မြန်မာကလည်းအခွင့်ကောင်းကိုအသုံးချပြီး အမှတ်ဖြတ်နိုင်တဲ့အတွက် ၂၁-၁၈ နဲ့ဘဲထပ်နိုင်ခဲ့ပါတယ်..။
ကိုရီးယားရှုံးရတဲ့ အကျိုးဆက်ကတော့ သန်မာမှုမရှိတာရယ် အဓိကထားတဲ့ကစားသမား မရှိတော့တဲ့အခါမှာ စိတ်ဓာတ်ကျတာရယ်ကြောင့်ဖြစ်မယ်ထင်တယ်
ဘာဘဲ ဖြစ်ဖြစ် ကို့မြန်မာ ရွှေရတော့ အတိုင်းထက်အလွန်ပါဘဲ......
နေ့လယ်တော့ မြန်မာ အမျိုးသမီးနဲ့ တရုတ်မတွေရဲ့ ဖိုင်နယ်ပွဲ ပိုက်ကျော်ခြင်းတော့ ရှိသေးတယ် မြန်မာနိုင်ပါစေ..............
နောက်ဆုံးဗိုလ်လုပွဲယှဉ်ပြိုင်ပုံပါ......။ မြန်မာဘက်မှ အမှတ်ရစဉ်
နောက်ဆုံးရလဒ်ဖြစ်ပါတယ်....
Myanmar 2 21 21 0 42
KOR Korea 0 18 18 0 36
အောင်ပွဲခံဆင်
မြန်မာ့ ဂုဏ်ဆောင် ပိုက်ကျော်ခြင်းအားကစားအဖွဲ့ကို ဂုဏ်ပြုလျှက်......