Content feed Comments Feed
အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသော နည်းပညာစိတ်ဝင်စားသူအပေါင်းကိုမောင်ပညာမှ နွေးထွေးစွာကြိုဆိုလျှက် နည်းပညာနှင့် ပတ်သတ်သမျှကိုဖြန့်ဝေလိုသူများအတွက် လွတ်လပ်စွာအသုံးပြုနိုင်ပါသည်
CahayaBiru.com

Portable.Home.Plan.Pro.5.2.23.10

တင်ပြသူ Kyaw Htin Wednesday, 22 September 2010





















ဒီဆော့လ်ဝဲလေးက ညီတစ်ယောက်ကရှာခိုင်းလို့ စမ်းကြည့်မိတဲ့ဆော့လ်ဝဲလေးပါ
အသုံးတည့်မဲ့သူတွေအထူးသဖြင့် ပိသုကာ အင်ဂျင်နီယာပိုင်းဆိုင်ရာအတွက်တော်တော်အသုံးဝင်ပါလိမ့်မယ်
Software ကိုညွှန်းထားတာကတော့ အင်ဂျင်နီယာသမားတွေဟာ Design project တစ်ခုကိုတည်ဆောက်ဖို့
အတွက် Auto CAD အစရှိတဲ့ CAD ဆော့လ်ဝဲတွေကို ဈေးကြီးပေးပြီး ခက်ခက်ခဲခဲဖန်တီးနေရပါတယ်တဲ့။
ဒီဆော့လ်ဝဲကတော့ ပေါ့ပေါ့ပါးပါးရှိတဲ့အပြင် ဖန်တီးရတာလည်း လွယ်ကူသက်သာစေပါတယ်.။ကောင်းမွန်တဲ့ဒီဇိုင်းများကိုလည်း ဖန်တီးနိုင်ပါတယ်တဲ့.။
သူ့ရဲ့ Features နှင့် Easy Plan Pro includes the home design tools you need ကိုအောက်မှာဖော်ပြပေးပါမယ်..။

Features:
- The integrated on-line help assures quick answers to any questions that arise.
- You can download this software at here .And updates are FREE.
- You can use the built-in fax driver to fax your plans anywhere in the world.
- Attach plans to email messages and send them with the built-in email server.
- Export plans to DXF or bitmap files.

Easy Plan Pro includes the home design tools you need:
- Easily draw arcs, rectangles, circles, lines, and so forth.
- Use the mouse, keyboard, or a combination of both.
- Add scaled dimensions with two clicks.
- Insert doors and windows with equal ease.
- Zoom in or out with a click to work on detailed parts of the plan or to see the whole of it.
- Create Layers that you can make invisible or visible at a click
- Draw a plot plan using metes & bounds. Calculate the area and acreage.


Thank u ! see u
refer: Nokia Software


VB 6.0 Portable and Ebook

တင်ပြသူ Kyaw Htin Tuesday, 21 September 2010


















ဒီနေ့တော့ programming စာအုပ်ဖြစ်တဲ့ Vistual Basic portable လေးကို
အလွယ်တကူအသုံးပြုလေလ့လာနိုင်အောင်လို့ရယ် စာအုပ်နဲ့တကွ ပို့စ်တစ်ခုအနေနဲ့
တင်ပြပေးလိုပါတယ်.။ VB ကိုစတင်လေ့လာလိုသူတွေအတွက်တော့အဆင်ပြေမှာပါ.။
ကိုယ်တိုင်လည်း ဒီအကြောင်းကို တင်မယ် တင်မယ်နဲ့ မတင်ဖြစ်ခဲ့ဘူး ဒီနေ့တော့အချိန်လေးရတုန်း
ကောက်တင်ပေးလိုက်ပါတယ်။ ကျွန်တော်လည်းရှာဖွေထားသမျှလေး တင်ပေးတာပါ။။
ခုနောက်ပိုင်း နည်းပညာစာအုပ်တွေရှာရတာ ပိုခဲယဉ်းလာသလိုရှိနေပါတယ် အထူးသဖြင့်မြန်မာလိုပေါ့
မရှိလို့လား ဆိုတော့မဟုတ်ဘူး ရှိတယ် ဒါပေမဲ့ Upload တင်တဲ့ ဆိုက်က Out of date ဖြစ်ကုန်တော့ uploading ဖိုင်ကို မတွေ့ရတော့ဘူး အထူးသဖြင့် သာမန်ဘလော့ဂ်တွေထက်စာရင် ဖိုရမ်ကြီးတွေမှာ ပြန်လည်ပြီးတော့ Upload လုပ်ပေးစေချင်ပါတယ်.။ ခေတ်တွေ စနစ်တွေ ဘယ်လိုပြောင်းလဲ တိုးတက်တက် နောက်ကနေလိုက်နေရတဲ့သူတွေ ရှိတုန်းပါ။ အချိန်ရတုန်းမှာ သိသမျှ တွေ့သမျှလေးကို ဝေမျှပေးချင်ပါတယ်။
အဖိုးတန် နည်းပညာတွေကိုဝေမျှပေးနေတဲ့ သူငယ်ချင်းများ ဘော်ဒါများ ညီငယ် အကို အမ များကိုလေးစားလျှက်ပါ။
စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာပို့စ်လေးဖြစ်ဖို့ သာမန်လေ့လာမှုမျိုးနဲ့ မရနိုင်ပါဘူး။
စေတနာ့နည်းပညာဘလောံဂ်ဂါ များကို အမြဲတမ်းအားပေးနေလျှက်ပါ။ စကားကြောရှည်သွားပြီ
စာအုပ်နဲ့ ဆော့လ်ဝဲက အောက်မှာပါဗျာ။ ကျွန်တော့်ဆီမှာတော့ VB စာအုပ်လေးတွေတော့ရှိတယ်ဗျ
တောင်းရင်တော့ မပေးနိုင်သေးဘူး လူရှိန်အောင် စင်ပေါ်တော့တင်ထားလိုက်အုံးမယ်..ဟီး။

စာအုပ် ( Download )
Software ( Download)

နောက်ဆက်လက်ပြီး VBA အကြောင်းကိုသိသလောက်တင်ပြပေးချင်ပါတယ်..။အားလုံးဘဲ ကောင်းကျိုးလိုရာ ဆန္ဒပြည့်စုံနိုင်ကြပါစေ ။




notesbrowser and scanner driver

တင်ပြသူ Kyaw Htin Wednesday, 15 September 2010

























notesbrowser ဆိုတဲ့ဆော့လ်ဝဲအကြောင်းကိုတော့
Gtalk ကညီလေးတစ်ယောက်က ဘာလုပ်လို့ရလဲဆိုတာကိုမေးလို့
ပြန်လည်ပြီးစုံစမ်းလေ့လာကြည့်လို့ သိရတာလေးပါ။
ဒီဆိုက် မှာလည်း ဒေါင်းလွတ်ချပြီးလေ့လာစမ်းသပ်ကြည့်လို့ရပါတယ်။
မိမိသုံးကြည့်သလောက်တော့ Notebook အနေနဲ့ မှတ်စုတစ်ခုအဖြစ်
browser ပုံစံပြုလုပ်ထားခြင်းမှာ Futrue plan ချပြီးအလုပ်လုပ်လိုသူများအတွက်အသုံးဝင်ပါလိမ့်မယ်
ကိုညီနေမင်း ဘလော့ဂ်က ဒီပို့စ် ထဲက calender ထည့်ပြီးမှတ်သားနိုင်တဲ့ပုံစံနဲ့လည်းခပ်ဆင်ဆင်တူပါတယ
ရက် (၆၀) free ပေးထားပါတယ် စမ်းကြည့်ကြပေါ့ဗျာ..။
နောက်တစ်ခုကတော့ scan driver လေးတွေတင်ထားတဲ့ဆိုက်ကို
ဖော်ပြပေးချင်တာပါ အထူးသဖြင့် scannner တစ်လုံးဝယ်ပြီး driver မရှိတာတို့ ဖျက်မိတာတို့ဖြစ်ရင်
ပြန်ရှာပြီးသုံးနိုင်အောင်ရယ်ပါ..။
ကျွန်တော့်အမျိုးအစားက CanonScan LIDE 25 အမျိုးအစားပါ
လင့်တွေက ဒီမှာတွေပါ..
DriverFile.net
http://software.canon-europe.com/
Toggle.com
အသုံးတည့်နိုင်ကြပါစေ။



Return from myanmar

တင်ပြသူ Kyaw Htin Friday, 10 September 2010

ဒီရက်ပိုင်းတွင်းပို့မရေးဖြစ်တာကအမိမြေကို ၂လလောက် ခွင့်ပြန်နေလို့ပါ။
အဝေးမှာ (၃)နှစ်နီးပါးလောက်နေပြီးအမိမြေကိုပြန်ရတော့ တော်တော်လေးကိုပျော်ရွှင်မိတယ်။
ိ(၂)လကျော်ကျော်လောက်နေခွင့်ရပေမဲ့ အမှတ်တရတွေတော့အများကြီးကျန်ခဲ့တယ်။
အင်တာနက်လည်းသိပ်မ၀င်ဖြစ်တာရယ်ကြောင့် နည်းပညာရပ်ပိုင်းဆိုင်ရာတွေနဲ့ကင်းကွာခဲ့ရပါတယ်။
ဝင်ဖြစ်လည်းချက်လောက်ဘဲ သုံးဖြစ်တာမို့ရယ် မိမိဘလော့လ်တွေ တိုက်ရိုက်ကြည့်ဖို့ခက်တာရယ်ကြောင့်
ဆိုက်ကိုမလာဖြစ်တာပါ စီဘောက်မှာအားပေးထားတဲ့ သူငယ်ချင်းတွေကိုကျေးဇူးတင်ပါတယ်။
အင်တာနက်ဆိုင်ဝင်လိုက်ရင် လူငယ်တော်တော်များများတော့ နည်းပညာဆိုက်တွေလေ့လာတာနည်းတာကို
တွေ့မိပါတယ်။ Galk နဲ့အနုပညာ ၀က်ဆိုက်လောက်ဘဲ
ကြည့်တာကို မြင်ရတယ်။ အင်တာနက်အမြန်နှုန်းကလည်းတော်တော်လေးကိုနှေးလို့လည်းဖြစ်မယ်ထင်တယ်။
အမိမြေကနေ ဘလော့ဂ်ပုံမှန်ရေးနေတဲ့သူကို လေးစားမိပါတယ်။ ကျွန်တော်ဒီတစ်ခေါက်ပြန်လာတာ
ဒီမှာ ၃နှစ်ကျော်လောက်နေဖြစ်မှာက ရည်ရွှယ်ချက်ကတော့ ယနေ့မြန်မာ့လူငယ်ပညာတက်ကြားမှာ
ရေပန်းစားတဲ့ Ph D (ဒေါက်တို :) ဘွဲ့ကိုဆက်ယူနိုင်အောင်လို့ လာဖြစ်ခဲ့တာပါ။ အချိန်အားရင် ရသလောက်လေးနည်းပညာရပ်ဆိုင်ရာတွေကို ပို့စ်တင်ပေးပါမယ်။ခုလောလောဆယ်တော့
အမိမြေမှာလည်မိမိလည်ပတ်ခဲ့တဲ့နေရာလေးကို အမှတ်တရ တင်ပြလိုက်ပါရစေ။။


































Diary (1)

တင်ပြသူ Kyaw Htin Wednesday, 19 May 2010

ဒီနေ့တော့ အမှတ်တရလေးတစ်ခုကို မှတ်တမ်းတင်လိုက်ပါတယ်..။
ခုတလော ပို့စ်အသစ်တွေမတင်တာက နောက်ဆုံးပညာတော်သင်ရဲ့
စာတမ်းဖတ်ပွဲအတွက်ပြင်ဆင်နေရလို့ဖြစ်ပါတယ်.။
ဒီနေ့တော့ နောက်ဆုံး target လည်းပြီးသွားပါပြီ
လိုချင်တဲ့ Excellent မှတ်လည်းရခဲ့ပါတယ်.။
MACS ရခဲ့တဲ့နေ့လည်းဖြစ် စာတမ်းအတွက်အမှတ်ပြည့်ရတဲ့အတွက်
အမှတ်တရဖြစ်နေမိမှာတော့အမှန်ပါ..။
နောက်တလဆိုရင် မြန်မာပြည်ကိုပြန်ရပါတော့မယ်
မပြန်ခင်ကာလမှာ လေ့လာမိသလောက်ဆော့လ်ဝဲနဲ့ နည်းပညာလေးတွေကို
ဖော်ပြပေးပါမယ်။ဘာဘဲဖြစ်ဖြစ် ကျွန်တော့်ကိုအားပေးတဲ့ မိတ်ဆွေတွေရယ်
ဒီဘလော့ဂ်ကနေ ခင်မင်ခဲ့ရတဲ့ ညီအကိုအပေါင်းကို ကျေးဇူးတင် လေးစားမိပါတယ်..။
ကံမကုန်ခင်တော့ ပြန်ဆုံကြမယ်လို့ မျှော်လင့်မိပါတယ်..။
နောက်ဆုံးအမှတ်တရအနေနဲ့ ဒီနေ့ရိုက်လာတဲ့ ရူခင်းပုံနဲ့ အမှတ်တရပုံလေးတွေကို
တင်ပြလိုက်မိပါတော့တယ်...။




နွေအစမှာ မြို့တော်အလှအတွက် စိုက်ထားတဲ့ပန်းလေးတွေပါ အမည်တော့မသိဘူး :)






Babylon Pro 8.0.0 r36 for my fri

တင်ပြသူ Kyaw Htin Wednesday, 5 May 2010

စာမရေးပို့စ်မတင်တာလည်း တော်တော်ကြာသွားပါပြီ ဒီနေ့တော့ စာမေးပွဲတွေရမှတ်ကောင်းကောင်းနဲ့ပြီးသွားတဲ့အတွက်ရယ်
စာတမ်းအတွက်လည်းအကုန်လုံး ပြီးနေတာရယ်ဆိုတော့ ပို့စ်တစ်ခုတင်ဖို့လုပ်လိုက်ပါတယ်။
အကိုတစ်ယောက် နဲ့ အမတစ်ယောက် တောင်းဆိုထားတဲ့ဆော့လ်ဝဲပါ အရင်တုန်းကလည်းတင်ပေးဖူးတဲ့
ဆော့လ်ဝဲမျိုးပါ ဘာလည်းဆိုတော့ Babylon ဆော့လ်ဝဲ
အရင်ကပေးထားတဲ့ဆော့လ်ဝဲတွေက Crack ထားတဲ့ key တွေကိုဖြတ်ဖြတ်ပစ်တော့
Update တွေပြန်ပြန်ရှာရပါတယ်..ခုလက်ရှိအသုံးတည့်နေတဲ့
Update ကျန်သေးတဲ့ Babylone အသစ်လေးShare ပေးပါရစေ
အထူးသဖြင့် ကျွန်တော်တို့လို ဖရီးသမားတွေအတွက်ပါ..
အသုံးပြုပုံကတော့..
ဒီဟာကို ( Download) ဒေါင်းပြီးရင် အောက်ပါအတိုင်းအဆင့်ဆင့်လုပ်ပေးလိုက်ပါ..။
1- setup Babylon Pro 8.0.0 r36.exe Complete ok (Babylone ကိုအရင် install လုပ် ပြီးရင် ok ပေး)

2- exit Babylon See photo number one 1.JPG (ပုံထဲကအတိုင်း Runပြီးရင် အောက်က Tool bar မှာ
ပုံအတိုင်း Right click ပေး Exit သွားပေး)



3- copy crack paste here C:\Program Files\Babylon\Babylon-Pro replace ok
(ပြီးရင်တော့ free သုံးနိုင်ဖို့ Crack လုပ်ရမယ်.. Copy to C_program file___crack file ဖိုင်folder ထဲကနေ Crack ဖိုင် babylone လေးကိုcopy ကူးပြီး C ထဲက programfile ထဲက Babylon အဲဒီကမှ
Babylone-pro ဆိုတဲ့ folder ထဲမှာထည့်ပေးပါ အရင်ရှိပြီးသားရှိလို့ Copy to replace ထားပေးပါ)


4- run Babylon.exe
(ပြီးရင်တော့ ပြန်ဖွင့်ကြည့်လိုက်ပါ babylone ကို ဈေးခြင်းတောင်းလိုနေရာမှာ Add dictionary ပေါ်လာရင်တော့
အောင်မြင်သွားပါပြီ၊ သူတို့တွေမဖြတ်မချင်းတော့ဆက်လက်သုံးစွဲနိုင်မှာပါ အဆင်ပြေကြပါစေ..။
အထဲမှာ Padoma English Myanmar ပါထည့်ပေးထားတယ် မြန်မာလိုသိနိုင်ဖို့အတွက် run ပေးပါအဆင်ပြေကြပါစေ)

Math Type software for Microsoft office

တင်ပြသူ Kyaw Htin Wednesday, 24 March 2010











မရေးဖြစ်တာလည်း ကြာပြီ စာတမ်းအတွက် လုံးပမ်းနေရလို့မတင်ဖြစ်တာတွေပါ
ဒီနေ့တော့ အချိန်လေးရတုန်းအထူးသဖြင့် အီလက်ထရောနစ်၊ သင်္ချာအထူးပြုသမားတွေအတွက်
မိမိတို့စာတမ်းများကို ပြုလုပ်တဲ့အခါ Formula တွေကို miscrosoft office ထဲလွယ်လင့်တကူနဲ့ရေးထည့်နိုင်ဖို့အတွက်
အသုံးလိုတဲ့ plug in programm လေးတခုကို ဝေမျှချင်ပါတယ် အထူးသဖြင့် စာသင်သမားများအတွက် အသုံးတဲ့မယ်လို့ထင်ပါတယ်..
အကြမ်းမျဉ်းအားဖြင့် ပြောရမယ်ဆိုရင် Math Type ဆိုတာ
Miscroft word, Powerpoint အစရှိသော Office file များထဲကို
Formula များ၊ Office file ထဲမှာမပါတဲ့ အက္ခရာများကို ဒီဆော့လ်ဝဲအကူအညီနဲ့ ရိုက်ထည့်နိုင်အောင်
အသုံးပြုလို့ ရတဲ့ programm လို့သတ်မှတ်နိုင်ပါတယ်...
အောက်မှာ ပုံနှင့်တကွ တစ်ခုချင်းစီ ရှင်းပြပါမယ်..
Math Type ဆော့လ်ဝဲကို run ပြီးတာနဲ့ Office file တွေရဲ့ tool bar မှာ Math type ဆိုပြီးပေါ်နေမှာဖြစ်ပါတယ်




အဲဒီနေရာကို Click လိုက်တာနဲ့ အောက်ကပုံအတိုင်းထွက်မှာဖြစ်ပါတယ်
မိမိ formula ထည့်လိုတဲ့နေရာကို ရွှေးချယ်ပြီး Click ပေးပြီးထည့်လိုက်ယုံပါဘဲ
ရိုက်ပြီးသားဖော်မြူလာကိုလည်း ကလစ် နှစ်ချက်ထောက်ပြီး လွယ်လင့်တကူ
ပြင်နိုင် အသုံးပြုနိုင်ပါတယ် ။
Microsoft office 2007 နဲ့ဆိုပိုအဆင်ပြေမယ်ထင်ပါတယ်..

အောက်မှာ ဒီဆော့လ်သဲလေးကိုပေးထားပါတယ်
Window XP နဲ့ Vista အတွက် နှစ်မျိုးလုံးကို တဖိုင်တည်းနဲ့ထည့်ပေးထားပါတယ်
Crack ဖိုင်ပါတစ်ပါတည်းပေးလိုက်ပါတယ်
ကျေးဇူးတင်ပါတယ်ခင်ဗျ လိုအင်ဆန္ဒတွေ ပြည့်ဝနိုင်ကြပါစေ


Download link


ခင်မင်လျှက် မောင်ပညာ




Type the rest of your post here.

About Bluebeam PDF Revu software

တင်ပြသူ Kyaw Htin Thursday, 25 February 2010








ဒီတစ်နေ့တော့ Bluebeam PDF Revu ဆော့လ်ဝဲအကြောင်းလေးကို
တွေ့မိလေ့လာမိတာလေး တင်ပြလိုပါတယ်..
အင်တာနက်မှာ AutoCAD ဖိုင် format တစ်ခုကို PDF ဖိုင်ပြောင်းချင်လို့
Tutorial ရှာရင်းနဲ့တွေ့မိတာလေးပါ..
ဒီဆော့လ်ဝဲလေးကတော့ ၈၆.၅၇ MB လောက်ဘဲရှိတာပါ
ပေါ့လည်းပေါ့ပါတယ်..သုံးရတာလည်း အဆင်ပြေပါတယ်
PDF ဖိုင်ပြုလုပ်ချင်သူများ ၊ ရှိပြီးသား PDF ဖိုင်ကို Edit လုပ်ချင်သူများ
အထူးသဖြင့် (သင်ကြားရေးပိုင်း၊ Confrence တွေအတွက် )အဆင်ပြေမယ်လို့ထင်ပါတယ်
CAD ၊ Office ၊image ဖိုင်များကို PDF အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်
အထူးသဖြင့် ဆော့လ်ဝဲထဲမှာ သုံစွဲနည်းကို Tutorial အနေနဲ့ထည့်ပေးထားတော့
စသုံးတဲ့သူတွေအနေနဲ့လည်း အဆင်ပြေပါတယ်..
အထဲမှာပါတဲ့ Function တွေတော့အများကြီးပါဘဲ
အသေးစိတ်သိချင်ရင်တော့ http://www.bluebeam.com/
အဲဒီဆိုက်မှာ ရေးထားတာရှိပါတယ်
ဆိုက်ကနေ Free trial virsion ပေးထားပါတယ်
Register လုပ်ပြီးရယူနိုင်ပါတယ်..
အဆင်ပြေါပါစေဗျာ အသုံးလိုသူတွေအတွက်
ဆော့လ်ဝဲကိုနောက်မှပေးပါမယ် PDF ဖိုင်တစ်ခုကို မြန်မြန်နဲ့လွယ်လွယ်ဆောက်ချင်ရင်တော့
ဒီဆော့လ်ဝဲလေးက အကူအညီပေးပါလိမ့်မယ်..
အောက်မှာတော့ ကျွန်တော်ကိုယ်တိုင် ချက်ချင်းေ၇းထားပြီးလုပ်ထားတဲ့
PDF ဖိုင်လေးကို Share ပေးလိုက်ပါတယ်
မောင်ပညာကို အားပေးတဲ့ အကိုအမအားလုံးကျန်းမာကြပါစေ
ဆော့လ်ဝဲကိုတော့ Uplaoding တင်လိုက်အုံးမယ်
ခုတော့ မနက်မိုးလင်းတော့မယ် အိပ်လိုက်အုံးမှဖြစ်မယ် :)
အရာရာအဆင်ပြေနိုင်ပါစေဗျာ..


ဒီပို့စ်ကို Download ရယူရန် (PDF file)

မောင်ပညာ

Type your summary here.

Type the rest of your post here.

MATLAB E book collection

တင်ပြသူ Kyaw Htin Tuesday, 16 February 2010






MATLAB - The Language Of Technical Computing

MATLAB® is a high-level language and interactive environment that enables you to perform computationally intensive tasks faster than with traditional programming languages such as C, C++, and Fortran. And then use for
Computer modeling and analysis. I want to share by all of
my member, whose need to researching and want to know
about this language .I uploaded not only Myanmar Mallab Ebook and English Matlab E book ,all of book I collected from another persond and internet. Will hope it is useful for my friends. Thank for all..At down u can download E book with medirafire .

Introduction Matlab
Basic Matlab Tutorial
Matlab myanmar Ebook

Type the rest of your post here.

Holiday and circus

တင်ပြသူ Kyaw Htin Sunday, 31 January 2010

စာမေးပွဲတွင်းမို့ ပို့စ်မရေးဖြစ်တာလည်းတော်တော်ကြာသွားပါပြီ
ဒီနေ့တော့ စာမေးပွဲပြီးလို့ ကျောင်းအားရက်လေးအတွင်းမှာ circus သွားကြည့်ဖြစ်တာလေးကိုဗဟုသုတအဖြစ်ကော
သတင်းရယူတဲ့အနေနဲ့ကော ရေးဖြစ်လိုက်တာလေးပါ.။
circus ကြည့်ဖြစ်တာတော့ ကံဘဲထူးလို့လားတော့မသိဘူး
အစကသွားဖို့အစီအစဉ်မရှိဘူး အဲဒီပွဲကြည့်ဖို့က လက်မှတ်ကကြိုမှာရတာ
အမှန်တကယ်က ပိုက်ပိုက်မရှိတာလေ :)
ဖြစ်ချင်တော့ အဲဒီနေ့မှာက ကျောင်းက ညီငယ်တွေကို Excursion အနေနဲ့ ဆပ်ကပ်ပွဲကြည့်ဖို့ကျောင်းကလုပ်ပေးပါတယ်
အဲဒီမှာ ညီငယ်အဖွဲ့ထဲမှာပါတဲ့ သူငယ်ချင်းတစ်ယောက်က ခရီးသွားရမှာပျင်းတယ် ကိုယ်စားလိုက်သွားပါဆိုတော့
မှုတ်ဆိတ်ပျားစွဲတယ် ဆိုမလားဘဲ ..သဘောတူလိုက်တယ် (နဂိုကတည်းကသွားချင်နေတာကို :) )
ဆပ်ကပ်ရုံကတော့ Moscow မှာရှိတဲ့ မော်စကိုမြို့တော်တက္ကသိုလ် နားလေးမှာပါ..
ကျွန်တော်တို့မြို့နဲ့ကျတော့ အလှမ်းဝေးတော့ အဲဒီပွဲတွေသွားချင်ရင်တောင်တကူးတက ကားတလှည့် မီးရထားတလှည့်နဲ့ဒိုးရတာ
အဲဒီနေ့က Excursion ဆိုတော့ ကျောင်းကားနဲ့တန်းပို့ပေးတယ် ဆပ်ကပ်ရုံနေ/ရာကို ဒီတာ့ခရီးသွားရတာမပူ၇တော့ဘူးပေါ့
ညနေကိုဒိကနေ ၅နာရီလောက်ထွက်ပါတယ် ဟိုကိုရောက်တော့ ၆း၃၀လောက်ရောက်တယ်..ပွဲက ရး၀၀နာရီမှာစပြမှာဆိုတော့
ဆပ်ကပ်ရုံထဲဝင်ပြီး ဟိုလိုက်ငေးဒီလိုက်ငေးလုပ်နေလိုက်တယ်..ရုံတွင်းထဲမို့လားမသိဘူး
ဈေးဝယ်တော့လည်းအပြင်ထက် နှစ်ဆပိုဈေးကြီးတယ်..
အဲဒီမှာတွေးမိလိုက်တာက လူစည်တဲ့နေရာတိုင်း ကုန်ဈေးနှုန်းကလည်းတက်ပါလားလို့ :)
ကျွန်တော်တို့နိုင်ငံက လေဆီပ်မှာကုန်ဈေးနှုန်းတွေမြင့်တာ မပြောနဲ့ ကျန်တဲ့တိုင်းပြည်တွေဆိုလည်း လေဆိပ်ရောက်ရင်နှစ်ဆတောင်ပိုတက်သေး ..သိပ်မပြောရဲဘူး တော်ကြာမြန်မာလေဆိပ်က ဈေးသည်တွေကုန်ဈေးနှုန်းလိုက်တက်ကုန်မှ :)
ပွဲစခါနီး၁၀မိနစ်လောက်မှာ လက်မှတ်ပြပြီးခုံနေရာကိုရှာပြီးဖြစ်နေပါပြီ
ထိုင်ရတဲ့ခုံကလည်း ဈေးနှုန်းကြီးကြီးပေးပြီးဝယ်ထားရလို့ထင်ပါတယ် ကိုယ်ရဲ့နောက်မှာ နံရံဘဲရှိတော့တယ် :)
၇း၀၀ နီာထိုးတော့ ဆပ်ကပ်စပါပြီ...
ဆပ်ကပ်စင်ကတော့ ပေ၅၀ ၆၀စာအ၀ိုင်းလေးပါဘဲ..
အဲဒီနေရာပွဲကြည့်စင်ကို စက်ဝိုင်းပုံဝိုင်းပြီးဆောက်ထားတာ ကျွန်တော်တို့အတန်းအထိအောင်ဘဲ
ပြောစရာတော့ကျန်တာပေါ့ အဆင့်မြင့်ဆုံး( အမြင့်ဆုံး) အတန်းမှာထိုင်လာတာဆိုပြီးလေ...။
ဆပ်ကပ်ကိုတော့ Happy New Year အထိမ်းအမှတ် ဇာတ်လမ်းလေးနဲ့တွဲဖက်
တခန်းပြီးတခန်းပြသွားပါတယ်..အကောင်တွေလည်းပေါင်းစုံပါဘဲ ကိုမမြင်ဘူးတဲ့ ကုလားအုတ်တွေ
ဖျံတွေ မြင်းကျား စတဲ့လိမ္မာတဲ့ တိရိဆာန်တွေနဲ့ တခန်းပြီးတခန်းတစ်လှည့်စီတင်ဆက်ပေးတာပါ..။
ဆပ်ကပ်ပွဲကြည့်ပြီးတွေးမိတာလေးကတော့ ဒီနိုင်ငံက လုပ်သွားတဲ့ ဆပ်ကပ်တွေမှာနည်းပညာအသုံးချမှုအပိုင်းအရမ်းကောင်းတယ်လို့
သုံးသပ်မိတယ်..။ကပြတဲ့သူကလည်းကပြတဲ့အလျောက်..ကြိုးဆွဲမှုကလည်းကောင်း ဆလိုက်ကလည်းမျိုးစုံနဲ့လိုက်ဖက်တောင်မီးထိုးနိုင်မှု ဂီတကလည်း လိုက်ဖက်တဲ့တီးလုံးအတိုင်းကွက်တိဘဲလုပ်ဆောင်တော့
ကျွန်တော်တို့ခဗျာတော့ ပါးစပ်အဟောင်းသား လက်ခုပ်တီးမပြတ်တောင်ဖြစ်မိပါတယ်..။
ဒီလိုတင်ဆက်မှုတွေကောင်းလို့လည်း နေ့တိုင်းနီးပါးပြနေတဲ့ဆပ်ကပ်ရုံကြီး ပွဲတိုင်းမှာလူပြည့်တာလည်းမဆန်းပါဘူး
ဆပ်ကပ်ပြပွဲမတိုင်မီနဲ့ ဆပ်ကပ်နားနေစဉ်ခဏမှာ ရုံအတွင်းမှာလည်း တိရစ္ဆာန်လိမ္မာတွေနဲ့ ဓာတ်ပုံရိုက်လို့ရတယ်..။စတဲ့ဝန်ဆောင်မှုတွေပေူထားတော့ ကလေးတွေလည်းကြိုက် ဆယ်ကျော်သက်တွေလည်းအကြိုက်ပေါ့
ကဲပါ ပြေတာလည်းများသွားပြီထင်ပါတယ်..
နောက်ဆုံးနေနဲ့ ဒီပို့စ်လေးကိုဖတ်ရကျိုးလည်းနပ်အောင် ကျွန်တော်တို့ရိုက်လာတဲ့ Movie လေးတစ်ခုကို
ကိုယ်တိုင် youtube ပေါ်တင်ပြီးတင်ဆက်ပေးလိုက်ပါတယ်..
ဖျံလိမ္မာလေးရဲ့ပြကွက်တစ်ခုပါ ..ကြည့်လို့ရတဲ့နိုင်ငံတွေရှုစားအားပေးသွားပါအုံး
အားအပေးအခံရဆုံးပြကွက်တစ်ခုလည်းဖြစ်ပါတယ်..





အားလုံးကိုလေးစားလျှက် .....
မောင်ပညာ

Type the rest of your post here.

Photo Comander 7 and Easy photo recovery

တင်ပြသူ Kyaw Htin Wednesday, 13 January 2010

ဒီနေ့တော့ Photo Comander 7 and Easy photo recovery ဆိုတဲ့
Photo Deign ပြင်ဖို့ရာနဲ့ ပျောက်နေတဲ့ ဖြတ်မိတဲ့ ဓာတ်ပုံတွေကိုပြန်လည်ရယူနိုင်တဲ့ဆော့လ်ဝဲလေးတွေပါ..
စာမေးပွဲကာလထဲရောက်နေလို့ ပို့စ်အသစ်တွေမတင်ဖြစ်တာကို ခွင့်လွတ်ပေးစေလိုပါတယ်..
ဒီလကုန်လောက်မှာမှ ပို့စ်အသစ်တွေကို တင်ပြပေးသွားပါမယ်..
ကဲလောလောဆယ်တော့..





ပထမဦးဆုံး Photo comander 7 ဆော့ဝဲလ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..
ဒီဆော့လ်ဝဲကတော့ Portable အမိုးအစား Photo software လေးပါ..
ဓာတ်ပုံကို Photoshopအတိုင်း အလွယ်တကူပြုပြင်နိုင်တဲ့ဆော့လ်ဝဲလေးဖြစ်ပါတယ်..
active key ကို ရက် ၃၀ Free ရဖို့ဆော့လ်ဝဲ run ပြီး
obtain your free code 30 day trial period ကနေသွားပြီး gmail အကောင့်ဖြည့်ပြီး
ရက် ၃၀ free account ရယူနိုင်ပါတယ် စမ်းသပ်ကြည့်ပါလို့တိုက်တွန်းလိုပါတယ်
ဆော့လ်ဝဲလေးကတော့ ဒီမှာပါ..
DOWNLOAD











နောက်ထပ်ဆော့လ်ဝဲလေးကတော့ ပျောက်နေတဲ့ Photo တွေကိုအလွယ်တကူ Recover လုပ်နိုင်တဲ့
ဆော့လ်ဝဲလေးဖြစ်ပါတယ်..သူကတော့ KEY မလိုပါဘူး
အဆင်ပြေပါစေဗျာ ဆော့လ်ဝဲလေးကတော့အောက်မှာပါ...
DOWNLOAD
see u next month :(

Type the rest of your post here.

VGA Graphics Problem (2)

တင်ပြသူ Kyaw Htin Saturday, 2 January 2010










ဒီနေ့ပို့စ်လေးကတော့ အရင်နေ့က ရေးခဲ့တာရဲ့အဆက်ပေါ့
ကျွန်တော့်ရဲ့ ကွန်ပျူတာလေး Window 7 ရဲ့ကောင်းမှုကြောင့် VGA လစ်သွားတယ်
Window အသစ်တင်လေ မရလေနဲ့ပေါ့...
ဘာကြောင့်ဖြစ်နေတယ်ဆိုတာကို သိပြီးနောက် VGA ကိုဖြုတ်ပြီးသုံးနေမိတယ်..
ဖြစ်ချင်တော့ ကျွန်တော့်ရဲ့ Motherboard driver ဆော့လ်ဝဲမှာ
Graphic အတွက် driver ဆော့လ်ဝဲကပါမလာဘူး
ဒီတိုင်းဘဲ ဂရပ်ဖစ်မပါဘဲ သုန်သုန်မှုန်မှုန်ပေပေတေတေနဲ့ ဆက်သုံးနေလိုက်တယ်..
ကိုကထင်ထားတာက အော် ကို့ Motherboardက Graphic ကိုထည့်မထားလို့နဲ့တူပါတယ်လို့ :)
တော်တော်များများ board တွေကျတော့ ဒီတိုင်း Graphic Card VGA စိုက်စရာမလိုဘဲနဲ့ကို
CD ခွေထဲမှာကို Driver auto run ပေးထားတော့
အသုံးပြုလို့ကောင်း ဂီမ်းတိုက်လို့ကောင်းနေတာကို တွေ့ရတာကို .:(
ခုသုံးနေတဲ့ Board မှာက Processor ကCore 2Dudo E4600 ဆိုတော့
core2 quad လောက်ဆင်နိုင်တဲ့ Board ကိုအကြွေးတင်ခံပြီးဝယ်ရကောင်းမလားတောင်စိတ်ကူးမိသေးတယ်
Graphic ကောင်းကောင်းလေးသုံးလို့လည်းရအောင်လို့လေ..
လခစား ပညာတော်သင်လည်းဖြစ်နေတော့ Electronics ပစ္စည်းဝယ်မယ်ဆို ကြိုစုထားပြီးဝယ်မှဖြစ်မှာ တော်ကြာဖြုန်းစားကြီးကောက်ဝယ်ထားလိုက်လို့တော့
ဒီမောင်ခဗျာ အဲဒီတလတော့ ခေါက်ဆွဲနဲ့နှပါးသွားရပြီသာမှတ် :)
ပြောတာတွေများသွားပြီထင်တယ်
အဲဒီပြဿနာဖြေရှင်းနိုင်ဖို့ကို သူငယ်ချင်းတစ်ယောက်ဆီကအကူအညီနဲ့အကြံဥာဏ်ရလိုက်တာပါ
သူအကြံပေးတာတော့ အင်တာနက်မှာရှာပြီး Graphics အတွက်ပြဿနာကိုဖြေဂှင်းကြည့်ပါလားတဲ့
ကျွန်တော်လည်းအကြံရပြီး သူငယ်ချင်းပြောတဲ့အတိုင်းရှာဖွေကြည်ပါတယ်
ကျွန်တော် Motherboard က ESC ELITEGROUP ကထုတ်တဲ့
Intel G33T-M2 အမျိုးအစား ဖြစ်ပါတယ်..ဆော့်လ်ဝဲတစ်ခုတော့တွေ့ပါတယ်..
ဆော့လ်ဝဲကိုတော့ အောက်ကလင့်မှာရှာပြီး
ချလိုက်ပါတယ်…
အဲဒီအမျိုးအစားအတွက် Intel(r) Graphics Media Accelerator driver ဆိုတဲ့ XP အတွက်သုံးနိုင်တဲ့
ဆော့လ်ဝဲ Driver လေးပါ.. ကျွန်တော်ရဲ့ Motherboard အမျိုးအစားချင်းတူတဲ့သူများ
အောက်ကလင့်ကနေချလိုက်ပေါ့ အဆင်ပြေသွားတာပေါ့..:)


http://www.intel.com/support/graphics/intelg33/#anchor4

အဓိကပြောချင်တာကတော့ ကျွန်တော့်လိုမျိုး Graphics Card စိုက်ပြီးသုံးရင်းနဲ့ VGA ပျက်သွားသူများနဲ့
Motherboard CD မှာ Graphics driver ထည့်မပေးထားရင် အထက်ပါအတိုင်း
ASUS ဆိုရင် ASUS , Intel ဆို Intel Board အမျိုးအစားအလိုက် သူတို့ရဲ့ ဆိုက်များမှာ
သွားရှာပြီးဒေါင်းလွတ်ချပြီး အသုံးပြုစေလိုပါတယ်.
အဲဒီဖြေရှင်းပြီး Download ချ Run ပြီးတဲ့နောက် Graphics speed လည်းကောင်းလာပါတယ်
Card စိုက်ထားတဲ့နီးနီးပြန်ကောင်းလာတာပါ ဆိုက်တွေမှာလည်းအဲဒီ ဆော့လ်ဝဲတွေဆို
Free ပေးပါတယ် ကျွန်တော်တို့လိုလူတွေအတွက်တော့ အဆင်ပြေတာပေါ့နော် :)
Notebook သမားတွေဆိုလည်း ထိုနည်းတူ Driver မှမဟုတ်ပါဘူးအမျိုးအစားလိုက်ရှိထားသင့်တဲ့
ဆော့ဝဲလ်တွေ လိုအပ်တဲ့ဆော့လ်ဝဲတွေကို Produce လုပ်တဲ့ကုမ္မဏီတွေရဲ့ဆိုက်တွေမှာ သွားပြီးရှာဖွေသင့်
စုဆောင်းသင့် ရီက္ခာအပြည့်ဖြည်းတင်းပြီး Driver ပြည့်စုံစွာနဲ့အလုပ်လုပ်နိုင်စေရန်
ရည်သန်လျှက် ကျွန်တော့်ရဲ့ နောက်ဆက်တွဲပို့စ်ကို
အဆုံးသတ်လိုက်ပါတယ်...

(ချွင်းချက် ။ ။ အထက်ပါပို့စ်နှစ်ခုသည် ကျွန်တော့်ဖြစ်ခဲ့သော ပြဿနာကို ကျွန်တော့်အနေနဲ့ဖြေရှင်းခြင်း
တွေးထင်ခြင်း နှင့် အကြံပေးခြင်းသက်သက်သာ ဖြစ်ပါတယ် လိုအပ်တာတို့ အမှားအယွင်းများရှိရင် ထောက်ပြပြောဆိုနိုင်ပါတယ်ခင်ဗျ။ )
လေးစားစွာဖြင့်
မောင်ပညာ (MIET)



Type the rest of your post here.

VGA Graphics Problem

တင်ပြသူ Kyaw Htin Wednesday, 30 December 2009






အားလုံးဘဲ မင်္ဂလာနှစ်သစ်မှာ ပျော်ရွှင်ကြည်နှုးနိုင်ကြပါစေလို့ဆုတောင်း ပနာမ ခွန်းဆက်ပါရစေ..။
ကဲဒီနေ့တော့ ကိုယ်တိုင်ကြုံတွေဖြေရှင်းခဲ့ရတဲ့ Graphics VGA ပြဿနာလေးကို
အမှတ်တရအဖြစ်တင်ပြပေးချင်ပါတယ်..
ပထမဦးဆုံးအနေနဲ့ .ကြွားတယ်လို့မထင်စေလိုပါ..
ကျွန်တော့်ဆီမှာ လက်ရှိကွန်ပျူတာစက်နှစ်လုံးဆင်ထားပါတယ်
တစ်လုံးကချက်တက်ဖို့ လက်တော့ တစ်လုံးကလျှောက်ကလိဖို့ Desktop ပေါ့ ကြော်ငြာဝင်တာတော့ဟုတ်ဖူးနော်..:)
ပြဿနာဖြစ်တာတော့ကြာပါပြီ ဘယ်စက်လဲဆိုတော့ Deskstop စက်မှာဖြစ်နေတာ
ကွန်ပျူတာ CPU ကအားလုံးအလုပ်လုပ်ရဲ့သားနဲ့ Flash screen မှာ အပျောက်ပျောက်တွေဖြစ်သွားတယ်
Window အသစ်တင်ကြည့်ပြန်ကောင်းမလားလို့စမ်းကြည့်တယ်မရဘူး
စာမေးပွဲတွင်းဆိုတော့ စက်ကိုပစ်ထားပြီးလက်တော့နဲ့သုံးနေမိတယ်
ကိုကလည်းကလိချင်နေတဲ့သူဆိုတော့ Deskstop မကောင်းရင်မနေနိုင်ပြန်ဘူးအမျိုးမျိုးစမ်းကြည့်တယ်
ကျွန်တော့်အနေနဲ့ကောက်ချကြည့်တာတော့ VGA လစ်သွားတယ်ဆိုတာဘဲ
VGA အသစ်မတင်ခင်မှာ ဘာWindow စမ်းသုံးထားလဲဆိုတော့ ခုခေတ်ကာလပြောနေကြလို့ပေါ့
ခေတ်မှီသူတိုင်း Window 7 သုံးကြသည်တယ်လေ...ကျွန်တော်လည်းအားကျမခံ သူများ 7 ကိုလည်း 7ပေါ့
စတင်တုန်းကတော့ ဘာမှပြဿနာမဖြစ်ပါဘူး ၂လသုံးလလောက်နေတော့ အော်တို Shutdows တွေစဖြစ်နေပြီ
အဲဒါတော့သတိထားမိတယ် Window 7 ရဲ့စွမ်းပကားလို့ဘဲသဘောထားနေမိတယ် နောက်ပိုင်းတော့
VGA လစ်ပြီး Screen ပါတက်မလာတော့ဘူး..ဟီး
ကောက်ချက်တစ်ခုအနေနဲ့ကော သတိပေးတဲ့အနေနဲ့ကောပါ
Window 7 ကြောင့်မို့ဒီပြဿနာဖြစ်သွားတယ်လို့ထင်ပါတယ်..ဒါကကျွန်တော့်စက်အနေနဲ့ပါ
ကျွန်တော့်စက် က Ram ၁ဂစ်ဘဲစိုက်ထားတော့ Windows 7 ကနိုင်ပေမဲ့တစ်ခြား Application တွေ Run တော့
Ran ကမနိုင်တော့ဘူး VGA ရဲ့ support ကိုယူရပြန်ရော အဲဒီမှာ VGA ကလည်း 256 ဘဲရှိတော့လစ်တာပေါ့
VGA လစ်သွားတာ ကျန်တာတွေမလစ်လို့တော်သေး စိတ်ထဲမှာဆုတောင်းနေမိတာက ဒီရုရှားရောက်တုန်းစုထားတဲ့
Hard disk က DATA တွေမဆုံးပါစေနဲ့လို့ဆုတောင်းနေမိတယ်...
ကဲအဓိကပြောချင်တာကတော့ မိတ်ဆွေတို့လည်း Window7 တင်ချင်ရင်အနည်းဆုံး Memory ၂ဂစ်လောက်ရှိမှတင်စေချင်
စမ်းစေချင်တယ် ကျွန်တော့်လို VGA Graphic Card ပျက်မှာစိုးလို့ပါ...
Motherboard မှာ VGA စိုက်ထားရင် အဲဒီ VGA ကထွက်တဲ့ Monitor Port အပေါက်နဲ့ဘဲ Monitor ကို
တွဲဖက်အသုံးပြုလို့ရပါတယ် Motherboard ကအပေါက်နဲ့တွဲချင်ရင်တော့ VGA ကိုဖြုတ်မှဘဲရမယ်
ဒါပေမဲ့ ကြာကြာသုံးရင်တော့ မျက်လုံးထိမယ်ထင်တယ်.. Graphic မပါတော့
ကာလာကမကြည်ဘူးလေ...
ကျွန်တော့် ဂရစ်ဖစ်ကညံ့လို့ပျက်သွားတာလားဆိုတော့ မဟုတ်ပြန်ဘူး
တော်တော်ကောင်းတဲ့ ဈေးကြီးပေးရတဲ့ ဂ၇စ်ဖစ်မျိုးမှာ
Designer တွေ ဂရစ်ဖစ်တည်ဆောက်သူတွေသုံးတဲ့ Apple Notebook တွေမှာသုံးတဲ့ MSI ကထုတ်တဲ့ NVidia GeForce အမျိုးအစား Graphics Card ဖြစ်ပါတယ်..
ကဲဒီပို့စ်ရဲ့ လိုရင်းကတော့ မိတ်ဆွေတို့အနေနဲ့ Window 7 သုံးမယ်ဆိုရင်တောင်
Memory နိုင်မှသုံးကြဖို့နဲ့ VGA ဂရစ်ဖစ်အကြောင်းဗဟုသုတအနေနဲ့တင်ပြရင်းကော
Hardware သမားများအတွက် ဗဟုသုတဖြစ်စေလိုခြင်း
ကျွန်တော်ဖြစ်ခဲ့တဲ့ အမှတ်တရအဖြစ်အပျက်လေးကို တင်ပြရင်းအနေနဲ့ပါ..
နောက်နေ့မှာတော့ ဘယ်လိုဖြေရှင်းလိုက်သလဲဆိုတာကိုစောင့်ဖတ်ကြည့်ရှုပေးကြပါလို့..
ပြောကြားရင်း ကျွန်တော့်အတွက် ဒီနေ့ပို့စ်ကိုအဆုံးသတ်ပါရစေ..။
မောင်ပညာကို အားပေးတဲ့ မိတ်ဆွေသူငယ်ချင်းအပေါင်းကို ချစ်ခင်လေးစားလျှက် အမှားပါရင်ခွင့်လွတ်ပေးပါလို့ပန်ကြားရင်း

နည်းပညာချစ်သူများရဲ့
မောင်ပညာ (MIET)



Type the rest of your post here.

Picture for Letter and postcard

တင်ပြသူ Kyaw Htin Sunday, 27 December 2009

ဒီနေ့တော့ ပျင်းပျင်းရှိတုန်း စိတ်ကူတည့်ရာလေးတွေ ရေးရင်းနဲ့ ဓာတ်ပုံလေးတွေလည်းပေးရင်းပေါ့..။
အခုတလော စာမေးပွဲတွေကလည်းနီးလာပြီဆိုတော့ စိတ်ကလည်းနည်းနည်းလေချင်နေမိတယ်
ဘာဆို ဘာမှမလုပ်ဖြစ်ဘူးပို့စ်အသစ်မတင်ဖြစ်တာတောင် တစ်ပတ်လောက်ရှိရောပေါ့..။
အခုတစ်လော အချစ်ရေးအဆင်မပြေကြတဲ့သူတွေပေါနေလားမသိဘူး
ကျွန်တော်ဆီကို လာပြီးအကြံဥာဏ်လာတောင်းကြတယ်
ဒီတော့လည်း ကဗျာသံ စာသံနဲ့သိသလိုလို တက်သလိုလို ဂုရုကြီးပုံဖမ်းပြီး
အားပေးလိုက် အကြဥာဏ်တွေပေးလိုက်တာဘဲ :)
ဘယ်ရမလဲ မောင်ပညာတို့က ဒါမျိုးဆိုကျွမ်းပြီးသား :)
ကိုယ်ဖြစ်ကိုယ်ခံလောကဓံကြီးမှာ အကြောင်းမလှခဲ့သည်ရှိသော် ကံ ကံ၏အကျိုးလို့သာ မှတ်ပေတော့သူငယ်ချင်းတို့ရေ :)
ကဲဒီနေ့တော့ ဆန်းဆန်းလေးလုပ်မိတာလေး တစ်ခုပြမလို့ပါ..
ဘာလဲဆိုတော့ ပေးစာပုံစံရေးလို့ရတဲ့ Picture လေးတွေပါ
ကျွန်တော်လည်း တွေ့တုန်းစိတ်ကူးရလို့ပေးလိုက်ပါတယ်း
Writing bag လို့ခေါ်တဲ့ပေးစာဒီဇိုင်းပုံတွေပါ၊ စာအိတ်တွေလည်းပါတယ်
ဒါလေးတွေကို အဝေးရောက်နေတဲ့သူတွေအတွက်ပရင့်ထုတ်ပြီး စာပို့ကြရင်သက်သာလောက်မယ်ထင်တာဘဲ ချွေတာရေးတွေပြောပြနေတာ :)
ကဗျာမကျ စာမကျတစ်ပုဒ်လောက်တောင် ကောက်စပ်လိုက်တယ်
ဖိုတိုလျော့စမ်းရင်းနဲ့ ရေးစပ်မိတာလေးပါ...









ကဗျာရေးတာတော့ ငယ်ငယ်ကတည်းက ၀ါသနာပါတယ်.။အဖြစ်မရှိတာလား အဲဒီဘက်တွေမှာ ကဗျာ Sense
မရှိတာလားမသိဘူး အားပေးခံရတော်တော်နည်းတယ်..တော်တာများပြောပါတယ်. :P
ကဲ အပြောလေးတွေရပ်ပြီး လိုချင်တဲ့သူများအတွက် ပုံတွေကို Rar ဖိုင်နဲ့ပေးလိုက်မယ်..
ချစ်ရေးအဆင်မပြေသူများ ဒီစာရွှက်တွေပေါ်မှာ ချစ်ကြောင်းတွေသိဖွဲ့ပြီး
မဟေသီတွေဆီ အရောက်ပို့ပေအုံးတော့...
"အဆင်ပြေသွားရင်တော့ ကျေးဇူးဆပ်ဖို့ မမေ့ကျေးနော် " :P

DOWNLOAD


(အားလုံးကို ခင်မင်လေးစားလျှက်
မောင်ပညာ )

Type the rest of your post here.

Saytime Alarm

တင်ပြသူ Kyaw Htin Friday, 18 December 2009









Saytime Alarm ဆော့လ်ဝဲလေးဖြစ်ပါတယ်
ကွန်ပျူတာကနေ ဘယ်နာရီရှိပါပြီလို့ ပြောပေးပါလိမ့်မယ်
Alarm လိုမျိုးလည်းထားလို့ရပါတယ်
ဆော့လ်ဝဲလေးကတော့ အောက်မှာပါ
အဆင်ပြေပါစေ
Download

Type the rest of your post here.

Teracopy 1.22

တင်ပြသူ Kyaw Htin Sunday, 13 December 2009





Teracopy 1.22 ဆိုတဲ့ဆော့လ်ဝဲလေးဖြစ်ပါတယ်..။
မိမိစက်မှာဘဲဖြစ်ဖြစ် Local Network မှာဘဲဖြစ်ဖြစ် ဖိုင်တွေကိုတစ်နေရာနဲ့တစ်နေရာ
မြန်မြန်ဆန်ဆန်နဲ့ high max speed ဖြင့် Copy ကူးနိုင်ဖို့အတွက်
အသုံးပြုနိုင်တဲ့ဆော့လ်ဝဲအမျိုးအစားဖြစ်ပါတယ်
Portable ဆော့လ်ဝဲဖြစ်တဲ့အတွက် အသုံးပြုရတာလည်းလွယ်ကူပါတယ်
င်္File ကိုCopy လုပ်တဲ့အခါမှာ File ကို Select --> Right Click ပေးပြီး
tearcopy ပေးလိုက်ပါ ပြီးရင် Copy to ကိုကလစ်ပြီးရွှေ့လိုတဲ့နေရာကို
ရွှေးပြီး ok ပေးလိုက်ရင် အမြန်ဆုံးရွှေ့ပြောင်းပေးသွားမှာဖြစ်ပါတယ်
ကဲ စမ်းသပ်လိုသူများအတွက်
လင့် ပေးလိုက်ပါတယ်..

DOWNLOAD


Type the rest of your post here.

NOD32 Antivirus 3.0.642(with unlimited update fix)

တင်ပြသူ Kyaw Htin Friday, 11 December 2009






ပို့စ်အသစ်မတင်ဖြစ်တာတောင် တော်တော်ကြာနေပြီ ဒီနေ့တော့
အရင်ကဖော်ပြထားတဲ့ Laptop သမားများအတွက်ထားရှိသင့်တဲ့
Antivirous အမျိုးအစားဖြစ်တဲ့ NOD32 antivirous လေး
လက်ဆောင်ပေးလိုက်မယ် အောက်မှာဒါယူကြပေတော့ဗျာ
ခရစ်စမတ် လက်ဆောင်ပေါ့ :P

DOWNLOAD





Type the rest of your post here.

Should be use antivirous software for Window7

တင်ပြသူ Kyaw Htin Friday, 4 December 2009










Windows 7 တွင်လုံခြုံရေးဆိုင်ရာ feature အသစ်တွေပါဝင်လာပေမယ့် Antivirus ပရိုဂရမ် များကိုတော့တွဲဖက်အသုံးပြုဖို့လိုအပ်ပါတယ်။ အောက်ဖော်ပြပါ Antivirus ပရိုဂရမ် ၁၀ခု ကတော့ Windows 7 နဲ့တွဲဖက်အသုံးပြုသင့်တဲ့ Antivirus ပရိုဂရမ်များ ဖြစ်ပါတယ်။


1: AVG
AVG 9.0 ကိုအခမဲ့ဗားရှင်း AVG Antivirus Free ဖြင့်ရရှိ နိုင်သလို AVG Antivirus, AVG Internet Security, AVG Internet Security Business Edition စတဲ့ပုံမှန်နှစ်စဉ်ကြေး (Subscription edition) ဖြင့် လည်းရရှိနိုင်ပါတယ်။ Free edition မှာ antivirus နဲ့ anti-spyware တွေကိုအသုံးပြုနိုင်ပေ မယ့်အလိုအလျောက် update ပြု လုပ်ပေးနိုင်မယ့်စနစ်တော့ပါဝင် လာခြင်းမရှိပါဘူး။ Update ပြု လုပ်လိုတဲ့အခါမှာတော့ manual ဖြင့်ပြုလုပ်နိုင်ပါတယ်။ Subscription edition မှာတော့ Free edition မှာပါဝင်တဲ့ feature များကို အသုံးပြုနိုင်သလို phishing နဲ့ anti-rookit ကာကွယ်မှုစတဲ့ feature တွေကိုအသုံးပြုနိုင်မှာဖြစ်ပါ တယ်။

2: avast!
လက်ရှိ avast! ဗားရှင်းဟာ ၄.၈ ဖြစ်ပြီး ဗားရှင်း ၅.၀ ကိုတော့ မကြာခင်အသုံးပြုနိုင်တော့မှာဖြစ်ပါ တယ်။ အခမဲ့အသုံးပြုနိုင်တဲ့ Home Edition နဲ့ နှစ်စဉ်ကြေးပေးသွင်း ကာအသုံးပြုနိုင်တဲ့ Professional Edition ဆိုပြီးရရှိနိုင်ပါတယ်။ Home Edition မှာ antivirus, anti-spyware, anti-rookit, automatic update စတာတွေကို အသုံးပြုနိုင်ပြီး Professional Edition မှာတော့ Free Edition မှာပါဝင်တဲ့ feature အပြင်အခြား feature မြောက်များစွာဖြင့်အသုံး ပြုနိုင်မှာဖြစ်ပါတယ်။

3: McAfee
McAfee 2010 ကို Virus-Scan Plus, Internet Security, Total Protection စသည့် Home Edition သုံးမျိုးဖြင့်ရရှိနိုင်ပြီး Edition တစ်ခုစီတွင် antivirus, anti-spyware, anti-phishing နဲ့ firewall protection စတဲ့ feature တွေပါဝင်ပါတယ်။

4: Norton
Norton 2010 ကို Internet Security, AntiVirus စတဲ့ဗား ရှင်းနှစ်မျိုးဖြင့်ရရှိနိုင်ပါတယ်။ ၎င်းင်း ဗားရှင်းနှစ်မျိုးစလုံးတွင် virus, spyware, Trojan horse, worm, rookit တို့ဝင်ရောက်ခြင်း မှကာကွယ်ပေးနိုင်မယ့်အချက်တွေ ပါဝင်ပါတယ်။ Internet Security ဗားရှင်းမှာတော့ firewall အ တွက်နည်းလမ်းနှစ်မျိုးပါဝင်ပြီးအ ခြားလုံခြုံရေး feature များလည်း ပါဝင်လာပါတယ်။

5: Kaspersky
Kaspersky ရဲ့ Antivirus 2010 နဲ့ Internet Security 2010 တို့ကို download ပြုလုပ် ကာ ရက် ၃၀ စမ်းသပ်သုံးစွဲနိုင်ပါ တယ်။ ၎င်းင်းဗားရှင်းနှစ်ခုစလုံးတွင် virus, spyware, Trojan, worm, bot စသည်တို့ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်တဲ့အချက်တွေပါ ၀င်သည့်အပြင် phishing နဲ့ identity theft ကာကွယ်မှုစနစ်တွေ လည်းပါဝင်လာပါတယ်။ Internet Security ဗားရှင်းမှာတော့ applicaton နဲ့ browser တို့ မှအချက်အလက်များကိုကာကွယ် ပေးနိုင်တဲ့ Safe Run လိုအဆင့် မြင့် feature တွေပါဝင်လာသည့် အပြင် application တွေရဲ့လုံခြုံ မှုကိုစစ်ဆေးပေးနိုင်တဲ့ Security Analyzer စတဲ့ feature တွေပါ ၀င်လာပါတယ်။


6: Trend Micro
Trend Micro ကထုတ်လုပ် တဲ့ Antivirus + Antispyware, Internet Security, Internet Security Pro တို့ကို အခမဲ့စမ်းသပ်အသုံးပြုနိုင်ပါတယ်။ ဗားရှင်းတစ်ခုစီမှာ antivirus နဲ့ anti-spyware ကာကွယ်မှုဖြင့် အသုံးပြုနိုင်ပြီး Internet Security ဗားရှင်းတွင် ၀က်ဘ်၊ အီးမေးလ်နဲ့ parental ကာကွယ်မှုစနစ်များကို အသုံးပြုနိုင်ပါတယ်။

7: Panda Security
Panda 2010 မှာတော့ Anti-virus Pro, Internet Security, Global Protection စတဲ့ဗားရှင်းများဖြင့်ရရှိနိုင်ပြီး antivirus, anti-spyware, anti-phishing, firewall protection တို့ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Internet Security ဗားရှင်းတွင် anti-spam, parental control, backup စသည့် feature များထပ်ပေါင်းပါဝင်ပြီး Global Protection ဗားရှင်းမှာတော့ backup နဲ့ PC Tuneup feature များပါဝင်လာပါတယ်။

8: PC Tools
Spyware Doctor ပါဝင်တဲ့ Antivirus 2010 ဟာ virus, spyware, Trojan, adware, worm, keylogger စသည်များကို ဖယ်ရှားပေးနိုင်ပါတယ်။

9: Sunbelt Software
Sunbelt Software ရဲ့ VIPRE (Virus Intrusion Protection Remendation Engine) ဟာ Windows 7 နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ Antivirus + Antispyware ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Windows 7 ရဲ့ XP Mode ဖြင့်လည်း အသုံးပြုနိုင်ပြီး အဲ့ဒီအတွက်လိုင်စင်ကြေးထပ်မံပေးသွင်းဖို့မလိုပါဘူး။

10: Microsoft Security Essentials
Microsoft Security Essentials ဟာအခမဲ့ download ပြုလုပ်ကာအသုံးပြုနိုင်တဲ့ Antivirus ပရိုဂရမ်ဖြစ်ပါတယ်။ Virus, spyware အပြင်အခြားအန္တရာယ်ရှိတဲ့ rookit, Trojan စတဲ့ ဆော့ဖ်ဝဲတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် သံသယဖြစ်ဖွယ်ဖိုင်များနဲ့ပရိုဂရမ်များလုပ်ရှားမှုကိုလည်း စောင့်ကြည့်စစ်ဆေးပေးနိုင်ပြီး download ဖိုင်များနဲ့ attach ဖိုင်များကိုလည်းစစ်ဆေးပေးနိုင်ပါတယ်။

(မှတ်ချက် :source by internetjournal
အရင်ကပေးခဲ့ Avast Attivirous သည် Lastest Virsion ဖြစ်ပါတယ်နောက်ထပ်လည်း
Ativirous ဆော့ဝဲလ်များတွေ့ရင်တင်ပေးသွားပါမယ်)

Adobe Audition v1.5

တင်ပြသူ Kyaw Htin Monday, 30 November 2009




















Adobe Audition v1.5 ဆော့လ်ဝဲဖြစ်ပါတယ်
Audio Edition လုပ်ချင်သူများအတွက်
အသုံးလိုတဲ့ဆော့လ်ဝဲဖြစ်ပါတယ် Key makerပါထည့်ပေးထားပါတယ်
အဆင်ပြေပါစေဗျာ..
ဆော့လ်ဝဲလ်ရယူရန်

DOWNLOAD

Type the rest of your post here.

antivirsus avast

တင်ပြသူ Kyaw Htin Thursday, 26 November 2009









antivirsus avast ဆော့လ်ဝဲလေးဖြစ်ပါတယ်
တွေ့မိ စုမိတုန်းလေး တင်ပေးလိုက်ပါတယ်
အောက်က Rar ဖိုင်ထဲမှာ Keygen လေးပါထည့်ပေးထားပါတယ်
Avast ကြိုက်တဲ့သူများနဲ့ စမ်းသုံးချင်တဲ့သူများအတွက်ပါ
အောက်မှာ Download ရယူပါ

DOWNLOAD


Type the rest of your post here.

ဆက်သွယ်ရန် လိပ်စာ

kyawhtinaung86@gmail.com

Advertisment

Kstar mobile

Kstar mobile
* 72/A, Min Street, San Chaung * Yangon, Burma Today 9:00 am - 8:00 pm Phone +95 9 430 93565

နည်းပညာ နေရာကောင်းများ

လာရောက်သောဒေသများ

ရေးဖြစ်သမျှ အကြောင်းအရာများ

Myanmar Calender

Technology Forum

 

အကြောင်းအရာ

resent



ပို့စ်အသစ်များ


အကြံပေးစာများ

About Us

My Photo
Kyaw Htin
Welcome to my homepage, be always happy and receive knowledge from my blog . myozawlin85@gmail.com Thanks for visited my blog
View my complete profile
mgpyinyar